လူသတ္မႈအတြက္ လူတစ္ဦးအားဖမ္းဆီး

ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕နယ္ နမၼားေက်းရြာနံေဘးမွ ျဖတ္သန္း စီးဆင္းေနေသာ နန္႔ရင္ေခ်ာင္းထဲတြင္ ပီနံအိတ္ႏွစ္အိတ္ျဖင့္ ဦးေခါင္းဘက္ႏွင့္ ေျခေထာက္ဘက္တို႔မွ စြပ္ထားေသာလူေသအေလာင္းတစ္ေလာင္း အား ေတြ႕ရွိရ၍ လူသတ္မႈျဖင့္အမႈဖြင့္ထားခဲ့ေသာ မႈခင္းအတြက္ မသကၤာ ဖြယ္လူတစ္ဦးအား ဖမ္းဆီးစစ္ ေဆးလ်က္ရွိသည္။

ျဖစ္ပြားပုံမွာ ယခုလ ၅ ရက္ ညေန ၅ နာရီတြင္ ေတြ႕ရွိရေသာ လူေသအေလာင္းတြင္ ဦးေခါင္းေနာက္ ေစ့တည့္တည့္တြင္ သုံးလက္မခြဲခန္႔ ကြဲအက္ဒဏ္ရာတစ္ခ်က္၊ လည္ပင္းတြင္ ေသြးခဲထားေသာ လကၡဏာႏွင့္ ခႏၶာကိုယ္အေရျပားလန္ကာ အသားမ်ားေဆြးျမည့္ေနသည္ကို ေတြ႕ရွိရသည္။

 နမၼားေက်းရြာ တိုက္နယ္ ေဆး႐ုံဆရာဝန္၏ စစ္ေဆးခ်က္အရ ေသဆုံးသူသည္ ဦးေခါင္းအား မာေက်ာေသာအရာျဖင့္ အ႐ိုက္ခံရ၍ ေသဆုံးေၾကာင္း ထင္ျမင္ခ်က္ေပးခဲ့သျဖင့္ နမၼားနယ္ေျမေဒသ ရဲစခန္းက ဥပေဒပုဒ္မ ၃ဝ၂ျဖင့္ အမႈ ဖြင့္ထား သည္။

 ေသဆုံးသူမွာ မိုးညႇင္းၿမိဳ႕နယ္ နမၼားေဒသ နန္ေဝၚ ေလာ္ေက်းရြာေနထိုင္သူ ေနေဇာ္ (၂၅ႏွစ္) ျဖစ္ေၾကာင္း၊ တင္ႏိုင္စိုး (ခ)ဖိုးျပား၏ အစစ္ခံခ်က္အရ အခင္းျဖစ္ေနရာအနီး ေတာင္ကုန္း ေပၚတြင္ ၄င္းႏွင့္အတူ ေသဆုံးသူေနေဇာ္ႏွင့္ အမည္မသိလူငယ္တစ္ဦးတို႔ ေရာက္ရွိလာခဲ့ၿပီး မူးယစ္ေဆးဝါးသုံးစြဲရာမွ ေနေဇာ္မွာ ေသဆုံးသြားေၾကာင္း၊ ၄င္းတို႔က အေလာင္းအားေခ်ာင္းအတြင္း ပစ္ခ် ခဲ့ၾကေၾကာင္း အစစ္ခံခဲ့သျဖင့္ တင္ႏိုင္စိုး(ခ)ဖိုးျပားအသက္(၃ဝ) ေညာင္ပင္သာေက်းရြာ မိုးညႇင္းၿမိဳ႕နယ္ေနထိုင္သူအား အမႈဖြင့္ဖမ္းဆီး ခဲ့ေၾကာင္း သိရသည္။

ကခ်င္ေျမနဂါး
The Union Daily
http://uniondaily.net
............


ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားကျေးရွာနံဘေးမှ ဖြတ်သန်း စီးဆင်းနေသော နန့်ရင်ချောင်းထဲတွင် ပီနံအိတ်နှစ်အိတ်ဖြင့် ဦးခေါင်းဘက်နှင့် ခြေထောက်ဘက်တို့မှ စွပ်ထားသောလူသေအလောင်းတစ်လောင်း အား တွေ့ရှိရ၍ လူသတ်မှုဖြင့်အမှုဖွင့်ထားခဲ့သော မှုခင်းအတွက် မသင်္ကာ ဖွယ်လူတစ်ဦးအား ဖမ်းဆီးစစ် ဆေးလျက်ရှိသည်။

ဖြစ်ပွားပုံမှာ ယခုလ ၅ ရက် ညနေ ၅ နာရီတွင် တွေ့ရှိရသော လူသေအလောင်းတွင် ဦးခေါင်းနောက် စေ့တည့်တည့်တွင် သုံးလက်မခွဲခန့် ကွဲအက်ဒဏ်ရာတစ်ချက်၊ လည်ပင်းတွင် သွေးခဲထားသော လက္ခဏာနှင့် ခန္ဓာကိုယ်အရေပြားလန်ကာ အသားများဆွေးမြည့်နေသည်ကို တွေ့ရှိရသည်။

 နမ္မားကျေးရွာ တိုက်နယ် ဆေးရုံဆရာဝန်၏ စစ်ဆေးချက်အရ သေဆုံးသူသည် ဦးခေါင်းအား မာကျောသောအရာဖြင့် အရိုက်ခံရ၍ သေဆုံးကြောင်း ထင်မြင်ချက်ပေးခဲ့သဖြင့် နမ္မားနယ်မြေဒေသ ရဲစခန်းက ဥပဒေပုဒ်မ ၃ဝ၂ဖြင့် အမှု ဖွင့်ထား သည်။

 သေဆုံးသူမှာ မိုးညှင်းမြို့နယ် နမ္မားဒေသ နန်ဝေါ် လော်ကျေးရွာနေထိုင်သူ နေဇော် (၂၅နှစ်) ဖြစ်ကြောင်း၊ တင်နိုင်စိုး (ခ)ဖိုးပြား၏ အစစ်ခံချက်အရ အခင်းဖြစ်နေရာအနီး တောင်ကုန်း ပေါ်တွင် ၄င်းနှင့်အတူ သေဆုံးသူနေဇော်နှင့် အမည်မသိလူငယ်တစ်ဦးတို့ ရောက်ရှိလာခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲရာမှ နေဇော်မှာ သေဆုံးသွားကြောင်း၊ ၄င်းတို့က အလောင်းအားချောင်းအတွင်း ပစ်ချ ခဲ့ကြကြောင်း အစစ်ခံခဲ့သဖြင့် တင်နိုင်စိုး(ခ)ဖိုးပြားအသက်(၃ဝ) ညောင်ပင်သာကျေးရွာ မိုးညှင်းမြို့နယ်နေထိုင်သူအား အမှုဖွင့်ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

ကချင်မြေနဂါး
The Union Daily
http://uniondaily.net
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)