ျပည္သူမ်ားလူေနမႈဘဝျမင့္တင္ေရးသည္ ပထမဦးစားေပးလုပ္ငန္းျဖစ္သည္ဟု ဧရာဝတီတိုင္းလႊတ္ေတာ္ဥကၠဌေျပာ

သတင္း  ျပည္တြင္း
စည္သူေမာင္ေမာင္

ပုသိမ္၊ေဖေဖာ္ဝါရီ ၈ ။           ။ ျပည္သူမ်ားလူေနမႈဘဝျမင့္တင္ေရးဟာ ပထမဦးစားေပး လုပ္ငန္းျဖစ္သည္ဟု ဧရာဝတီတိုင္းေဒသႀကီးဒုတိယအႀကိမ္ လႊတ္ေတာ္ဥကၠဌသစ္ဦးေအာင္ေက်ာ္ခိုင္က လႊတ္ေတာ္အဖြင့္အမွာစကားတြင္ ထည့္သြင္းေျပာၾကားသည္။

"လႊတ္ေတာ္ သည့္ျပည္သူေတြ အက်ိဳးျပဳမယ္ ဥပေဒမ်ား ျပင္ဆင္ျခင္း၊ဖ်က္သိမ္းျခင္း၊ အသစ္ေရးဆြဲျခင္းမ်ားျပဳလုပ္သြား ရမွာျဖစ္ပါတယ္။လႊတ္ေတာ္ကိုယ္စားလွယ္မ်ား လႊတ္ေတာ္ ဥပေဒမ်ား လုပ္ထုံး လုပ္နည္းမ်ားကို ေလ့လာဖို႔အထူးလိုအပ္ေၾကာင္း" ဧရာ၀တီတိုင္းဥကၠ႒ဦးေအာင္ေက်ာ္ခိုင္က လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို တိုက္တြန္းေျပာၾကား သည္။

ဧရာဝတီတိုင္းေဒသႀကီးအတြင္းတြင္ ေျမယာအျငင္းပြားလယ္ေျမဧက၃သိန္းေက်ာ္ရွိၿပီး ဘက္စုံဖြံၿဖိဳးတိုးတက္ေရးအတြက္ ျပည္ေထာင္စုအဆင့္က ဥပေဒ ႏွင့္ အညီခြင့္ျပဳထားသည့္ ဥပေဒမ်ားျပင္ဆင္ျခင္း အသစ္ေရးဆြဲျခင္း မ်ားျပဳလုပ္ မွာျဖစ္ေၾကာင္း ၎ကေျပာသည္။

ဧရာ၀တီတိုင္းေဒသႀကီး ဒုတိယအႀကိမ္လႊတ္ေတာ္တြင္ အဂၤပူၿမိဳ႕ အမွတ္ ၁ တိုင္းေဒသႀကီး ကိုယ္စားလွယ္ဦးေအာင္ေက်ာ္ခိုင္ ကိုလႊတ္ေတာ္ ဥကၠဌအျဖစ္လည္းေကာင္း၊ဒုဥကၠ႒အျဖစ္ ဘိုကေလးၿမိဳ႕ အမွတ္ ၂ တိုင္းေဒသႀကီးကိုယ္စားလွယ္ဦးစံမင္းေအာင္အား လည္းေကာင္း တိုင္းလႊတ္ေတာ္က ေရြးခ်ယ္ခဲ့သည္။

လႊတ္ေတာ္ဥကၠ႒ ဦးေအာင္ေက်ာ္ခိုင္မွာ လက္ရွိဝန္ႀကီးခ်ဳပ္ဦးသိန္းေအာင္ႏွင့္ယွဥ္ၿပိဳင္ၿပီး အႏိုင္ရလာသည့္ ကိုယ္စားလွယ္ျဖစ္သည္။

" လႊတ္ေတာ္ ကိုယ္စားလွယ္ႀကီးမ်ားကို ေပးအပ္တဲ့တာဝန္ကိုေက်ပြန္စြာ ေလ့လာဆည္းပူးအားထုတ္သြားမယ္လို ကတိေပးပါတယ္"ဟု လႊတ္ေတာ္သုိ႔ ဥကၠ႒မွ ကတိျပဳေျပာၾကားခဲ့သည္။

ဧရာ၀တီတိုင္းေဒသႀကီးလႊတ္ေတာ္ ဒုတိယအႀကိမ္ပုံမွန္အစည္းအေဝးအားေဖေဖာ္ဝါရီ ၁၁ရက္ေန႔တြင္ျပန္လည္က်င္းပမည္ျဖစ္သည္။

ပထမအႀကိမ္ဧရာ၀တီတိုင္းေဒသႀကီး လႊတ္ေတာ္တြင္ လႊတ္ေတာ္ဥကၠ႒ ဦးဆန္းဆင့္မွ၂၀၁၀မွ၂၀၁၃ ေဖေဖာ္ဝါရီ အထိ၊လႊတ္ေတာ္ဥကၠ႒ဦးတင္စုိးမွ ၂၀၁၃ေဖေဖာ္ဝါရီလမွ ၂၀၁၆ဇန္နဝါရီလ အထိ တာဝန္ယူခဲ့ၿပီးဒုဥကၠ႒ျဖစ္ ေဒါက္တာထိန္း၀င္းမွ တာဝန္ယူခဲ့သည္။

၂၀၁၅ အေထြေထြေရြးေကာက္ပြဲတြင္ ဧရာဝတီတိုင္းေဒသႀကီး၊ၿမိဳ႕နယ္ ၂၆ၿမိဳ႕နယ္တြင္၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ မွ၄၉ေယာက္အႏိုင္ရၿပီး၊ျပည္ေထာင္စုၾကံခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီမွ ၃ေယာက္အႏိုင္ ရခဲ့သည္။

- See more at: http://mizzimaburmese.com/article/10915#sthash.h2yiAghC.VAHmMHKK.dpuf
..........................................
ပြည်သူများလူနေမှုဘဝမြင့်တင်ရေးသည် ပထမဦးစားပေးလုပ်ငန်းဖြစ်သည်ဟု ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌပြော
သတင်း  ပြည်တွင်း
စည်သူမောင်မောင်


ပုသိမ်၊ဖေဖော်ဝါရီ ၈ ။           ။ ပြည်သူများလူနေမှုဘဝမြင့်တင်ရေးဟာ ပထမဦးစားပေး လုပ်ငန်းဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီးဒုတိယအကြိမ် လွှတ်တော်ဥက္ကဌသစ်ဦးအောင်ကျော်ခိုင်က လွှတ်တော်အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

"လွှတ်တော် သည့်ပြည်သူတွေ အကျိုးပြုမယ် ဥပဒေများ ပြင်ဆင်ခြင်း၊ဖျက်သိမ်းခြင်း၊ အသစ်ရေးဆွဲခြင်းများပြုလုပ်သွား ရမှာဖြစ်ပါတယ်။လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် ဥပဒေများ လုပ်ထုံး လုပ်နည်းများကို လေ့လာဖို့အထူးလိုအပ်ကြောင်း" ဧရာဝတီတိုင်းဥက္ကဋ္ဌဦးအောင်ကျော်ခိုင်က လွှတ်တော်ကိုယ်စားလှယ်များကို တိုက်တွန်းပြောကြား သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် မြေယာအငြင်းပွားလယ်မြေဧက၃သိန်းကျော်ရှိပြီး ဘက်စုံဖွံဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအဆင့်က ဥပဒေ နှင့် အညီခွင့်ပြုထားသည့် ဥပဒေများပြင်ဆင်ခြင်း အသစ်ရေးဆွဲခြင်း များပြုလုပ် မှာဖြစ်ကြောင်း ၎င်းကပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ဒုတိယအကြိမ်လွှတ်တော်တွင် အင်္ဂပူမြို့ အမှတ် ၁ တိုင်းဒေသကြီး ကိုယ်စားလှယ်ဦးအောင်ကျော်ခိုင် ကိုလွှတ်တော် ဥက္ကဌအဖြစ်လည်းကောင်း၊ဒုဥက္ကဋ္ဌအဖြစ် ဘိုကလေးမြို့ အမှတ် ၂ တိုင်းဒေသကြီးကိုယ်စားလှယ်ဦးစံမင်းအောင်အား လည်းကောင်း တိုင်းလွှတ်တော်က ရွေးချယ်ခဲ့သည်။

လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်မှာ လက်ရှိဝန်ကြီးချုပ်ဦးသိန်းအောင်နှင့်ယှဉ်ပြိုင်ပြီး အနိုင်ရလာသည့် ကိုယ်စားလှယ်ဖြစ်သည်။

" လွှတ်တော် ကိုယ်စားလှယ်ကြီးများကို ပေးအပ်တဲ့တာဝန်ကိုကျေပွန်စွာ လေ့လာဆည်းပူးအားထုတ်သွားမယ်လို ကတိပေးပါတယ်"ဟု လွှတ်တော်သို့ ဥက္ကဋ္ဌမှ ကတိပြုပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးအားဖေဖော်ဝါရီ ၁၁ရက်နေ့တွင်ပြန်လည်ကျင်းပမည်ဖြစ်သည်။

ပထမအကြိမ်ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်မှ၂၀၁၀မှ၂၀၁၃ ဖေဖော်ဝါရီ အထိ၊လွှတ်တော်ဥက္ကဋ္ဌဦးတင်စိုးမှ ၂၀၁၃ဖေဖော်ဝါရီလမှ ၂၀၁၆ဇန်နဝါရီလ အထိ တာဝန်ယူခဲ့ပြီးဒုဥက္ကဋ္ဌဖြစ် ဒေါက်တာထိန်းဝင်းမှ တာဝန်ယူခဲ့သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊မြို့နယ် ၂၆မြို့နယ်တွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ၄၉ယောက်အနိုင်ရပြီး၊ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ၃ယောက်အနိုင် ရခဲ့သည်။

- See more at: http://mizzimaburmese.com/article/10915#sthash.h2yiAghC.VAHmMHKK.dpuf
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)