ၾကိဳပို႕ဘတ္စ္စီးတဲ့ လႊတ္ေတာ္ဥကၠ႒

ဆလိုင္းသန္႔စင္
February 24, 2016

[ႀကံခင္းၿမိဳ႕တြင္ က်င္းပသည့္ ၆၈ ႏွစ္ေျမာက္ ခ်င္းအမ်ဳိးသားေန႔ အခမ္းအနား တက္ေရာက္လာသည့္ ဧရာဝတီတိုင္း လႊတ္ေတာ္ဥကၠ႒ ဦးေအာင္ေက်ာ္ခိုင္
(ဓာတ္ပံု – ဆလိုင္းသန္႕စင္/ဧရာဝတီ)]

ပုသိမ္ – မံုရြာလမ္းမႀကီးေပၚတြင္ ၾကိဳပို႕ ဘတ္စ္ကားတစီး ပုသိမ္မွ ႀကံခင္းၿမိဳ႕ဆီသို႔ ဦးတည္ ေမာင္းႏွင္ေနသည္။ ၆၈ ႏွစ္ေျမာက္ ခ်င္းအမ်ဳိးသားေန႔ အခမ္းအနားက်င္းပမည့္ ဧရာ၀တီတိုင္းေဒသႀကီး ႀကံခင္းၿမိဳ႕သို႔ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ခရီးႏွင္ေနျခင္း ျဖစ္သည္။

အဆိုပါ မီနီဘတ္စ္ကားေပၚတြင္ V.I.P (အေရးႀကီးပုဂိၢဳလ္) တဦးလည္း လိုက္ပါလာသည္။ ထိုသူကေတာ့ ဧရာ၀တီတိုင္းလႊတ္ေတာ္၏ တတိယေျမာက္ လႊတ္ေတာ္ဥကၠ႒ ဦးေအာင္ေက်ာ္ခိုင္ ျဖစ္သည္။ ခ်င္းအမ်ဳိးသားေန႔ အခမ္းအနား တက္ေရာက္ရန္အတြက္ လႊတ္ေတာ္ ဒုဥကၠ႒ ဦးစံမင္းေအာင္ အပါအ၀င္ တျခားေသာ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား ႏွင့္အတူ ဘတ္စ္ကားစီး၍ ခရီးႏွင္လာျခင္း ျဖစ္သည္။

လြန္ခဲ့သည့္ ႏွစ္ေပါင္း ၅၀ ေက်ာ္ကာလ အာဏာရွင္ ဦးေန၀င္း၏ ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္ ပါတီေခတ္၊ အာဏာသိမ္း စစ္အစိုးရမ်ား ျဖစ္သည့္ ဗိုလ္ခ်ဳပ္ႀကီးေစာေမာင္၏ ႏိုင္ငံေတာ္ ၿငိမ္၀ပ္ပိျပားမႈ တည္ေဆာက္ေရးအဖဲြ႔ ေခတ္၊ ဗိုလ္ခ်ဳပ္မွဴးႀကီးသန္းေရႊ၏ ႏိုင္ငံေတာ္ ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႔ၿဖိဳးေရးေကာင္စီ ေခတ္မ်ားသာမက သမၼတဦးသိန္းစိန္ အစိုးရ၏ မ်က္ေမွာက္ေခတ္ ကာလ၌ပင္ လူႀကီး (V.I.P) လမ္းေၾကာင္းေဟ့ ဟု ဆိုလွ်င္ေရွ႕ဆံုး၌ တ၀ီ၀ီေအာ္ကာ တဟုန္ထိုး ေမာင္းႏွင္ေနသည့္ လံုၿခံဳေရး ပြိဳင့္ကားေနာက္တြင္ လိုက္ပါလာသည့္ အေကာင္းစား ကားတန္းႀကီးမ်ား၊ လမ္းေဘး၀ဲယာ၌ ဆင္းရဲပင္ပန္းစြာ လုံၿခံဳေရး ယူေပးေနသည့္ ရဲမ်ားႏွင့္ မီးသတ္တပ္ဖဲြ႔၀င္မ်ား၊ ပ်ာယာခတ္ အလုပ္မ်ားေနၾကသည့္ ဌာနဆိုင္ရာမ်ားကိုသာ ျမင္ေတြ႔ရမည္ျဖစ္သည္။ သည္ ျမင္ကြင္းေတြက ျမန္မာျပည္သူမ်ား အဖို႔ ႏွစ္ေပါင္းမ်ားစြာ ျမင္ေတြ႔ခဲ့ရသည့္ မထူးဆန္းေသာ ျမင္ကြင္းမ်ားလည္း ျဖစ္သည္။

၂၀၁၅ ေရြးေကာက္ပဲြတြင္ အမ်ဳိးသားဒီမိုကေရစီ အဖဲြ႔ခ်ဳပ္ NLD ပါတီကိုယ္စားျပဳ အႏိုင္ရရွိၿပီး လႊတ္ေတာ္ဥကၠ႒ ျဖစ္လာသည့္ ဦးေအာင္ေက်ာ္ခိုင္၏ ႀကံခင္းခရီးစဥ္ (V.I.P) လူႀကီးလမ္းေၾကာင္းမွာေတာ့ လမ္းေဘး၀ဲယာတြင္ လုံၿခံဳေရးယူသည့္ ရဲမ်ားလည္း မေတြ႔ရ၊ ေရွ႕မွ ဦးေဆာင္၍ လမ္းရွင္းေပးသည့္ လံုၿခံဳေရး ပြိဳင့္ကားလည္း မေတြ႔ရ၊ အလုပ္႐ႈပ္ ပ်ာယာခတ္ေနသည့္ ဌာနဆိုင္ရာမ်ားလည္း မေတြ႔ခဲ့ရပါ။ ႏွစ္ေပါင္းမ်ားစြာ ျမန္မာျပည္သူတို႔ ျမင္ေတြ႔ခဲ့ရသည့္ လူႀကီးလမ္းေၾကာင္း ပံုသ႑ာန္ႏွင့္ ကဲြျပားျခားနားစြာ သာမာန္ ဘတ္စ္ကား တစီးလိုပင္ ခရီးႏွင္ခဲ့သည္။ ထို႔ေၾကာင့္ ရိုးရိုးခရီးသည္တင္ ဘတ္စ္ကားထင္၍ လမ္းေၾကး၊ ၿမိဳ႕၀င္ေၾကး ေတာင္းသည့္ ဂိတ္မ်ားကိုလည္း ေတြ႔ခဲ့ရသည္။

“က်ေနာ္က တမင္စတန္႔ထြင္ၿပီး လုပ္တာေတာ့ မဟုတ္ပါဘူး။ တျခား လႊတ္ေတာ္ ကိုယ္စားလွယ္ေတြနဲ႔ အတူ စည္းစည္းလံုးလံုး သြားခ်င္လို႔ အခုလို စီစဥ္တာပါ”ဟု ဦးေအာင္ေက်ာ္ခုိင္က ဧရာ၀တီကို ေျပာသည္။

ဦးေအာင္ေက်ာ္ခုိင္မွာ အဂၤပူၿမိဳ႕နယ္၊ မဲဇလီကုန္းၿမိဳ႕ ဇာတိျဖစ္ၿပီး ေက်ာင္းသား ေခါင္းေဆာင္ ဗိုလ္ေအာင္ေက်ာ္၏ ျမစ္တဦးလည္း ျဖစ္သည္။ ဥပေဒဘဲြ႔ကို ၁၉၈၆ ခုႏွစ္က ရရွိခဲ့ၿပီး ၁၉၉၀ ခုႏွစ္ ေရြးေကာက္ပဲြတြင္ အဂၤပူၿမိဳ႕နယ္၌ NLD ပါတီ ေအာင္ႏို္င္ေရး အတြက္ ဝိုင္းရံ လုပ္ေဆာင္ေပးခဲ့သူ ျဖစ္သည္။ ၂၀၁၂ ခုႏွစ္တြင္ ပါတီသို႔ ၀င္ေရာက္ခဲ့ၿပီး ဧရာ၀တီတိုင္း NLD ပါတီ၏ ဥပေဒ အေထာက္အကူျပဳ အဖဲြ႔၀င္ႏွင့္ တုိင္းစည္းကမ္း ထိမ္းသိမ္းေရး အဖဲြ႔၀င္အျဖစ္ တာ၀န္ထမ္းေဆာင္ ခဲ့သူတဦး ျဖစ္သည္။

၂၀၁၅ အေထြေထြ ေရြးေကာက္ပဲြတြင္ အဂၤပူၿမိဳ႕နယ္၊ တိုင္းေဒသႀကီး လႊတ္ေတာ္ အမွတ္ ၁ မဲဆႏၵနယ္၌ ျပည္ေထာင္စု ႀကံ့ခုိင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ ဗဟို အလုပ္အမႈေဆာင္ အဖဲြ႔၀င္၊ ဧရာ၀တီတိုင္း ႀကံ့ခိုင္ေရးပါတီ ဥကၠ႒ ဗိုလ္မွဴးခ်ဳပ္ေဟာင္း သီရိပ်ံခ်ီဘဲြ႔ရ ဧရာ၀တီတိုင္း ၀န္ႀကီးခ်ဳပ္ ဦးသိန္းေအာင္ကို အႏိုင္ရရွိခဲ့ၿပီး လႊတ္ေတာ္ဥကၠ႒အျဖစ္ ေရြးခ်ယ္ တင္ေျမွာက္ျခင္း ခံခဲ့ရသူ ျဖစ္သည္။

ဦးေအာင္ေက်ာ္ခိုင္ ဘတ္စ္ကားစီးသည့္ ကိစၥတြင္ ေနာက္ထပ္ ထူးျခားသည့္ အခ်က္တခ်က္ ရွိေနေသးသည္။ ၎မွာ ဦးေအာင္ေက်ာ္ခိုင္ မတိုင္မီ ဧရာ၀တီတိုင္းတြင္ လႊတ္ေတာ္ ဥကၠ႒ တာ၀န္ယူခဲ့ၾကသည့္ ဒု ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးဆန္းဆင့္ႏွင့္ ဗိုလ္ခ်ဳပ္ေဟာင္း ဦးတင္စိုးတို႔ ပင္လွ်င္ တျခားေသာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ တန္းတူ တႀကိမ္တခါမွ ဘတ္စ္ကားမစီးခဲ့ျခင္း ျဖစ္သည္။

အခမ္းအနားမ်ား၊ အထိမ္းအမွတ္ေန႔မ်ား သြားစရာရွိလွ်င္ လႊတ္ေတာ္ဥကၠ႒ အတြက္ သီးသန္႔ ေပးအပ္ထားသည့္ ဆလြန္းကားမ်ားျဖင့္သာ သြားၾကသည္။ ကိုယ္ပိုင္ကားရွိသည့္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား ကေတာ့ သူတို႔ကားႏွင့္ လႊတ္ေတာ္ဥကၠ႒ ေနာက္ကို လုိက္ၾကၿပီး ကိုယ္ပိုင္ကားမရွိသူ ကိုယ္စားလွယ္မ်ားကေတာ့ ဘတ္စ္ကားျဖင့္သာ သြားၾကသည္။

ႏိုင္ငံေရး တက္ၾကြ လႈပ္ရွားသူ ဘ၀မွ လႊတ္ေတာ္ဥကၠ႒ ျဖစ္လာခဲ့သည့္ ဦးေအာင္ေက်ာ္ခိုင္ ကေတာ့ သူသံုးဖို႔ ႏိုင္ငံေတာ္က ေပးထားသည့္ ဇိမ္ခံကား ၃ စီးကို အိမ္မွာထားခဲ့ၿပီး ဘတ္စ္ကားျဖင့္ တျခားေသာ ကိုယ္စားလွယ္မ်ားႏွင့္ အတူ ႀကံခင္းၿမိဳ႕ကို အသြားအျပန္ ခရီးႏွင္ခဲ့သည္။

ေဖေဖာ္၀ါရီလ ၁၉ ရက္ေန႔ ညေနပိုင္းတြင္ ႀကံခင္းၿမိဳ႕သို႔ လႊတ္ေတာ္ဥကၠ႒ ဦးေအာင္ေက်ာ္ခိုင္ ေရာက္ရွိခ်ိန္၌ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ၿမိဳ႕နယ္ရဲမွဴးတို႔က လာႀကိဳၾကသည္။ အခ်ိန္အနည္းငယ္ စကားေျပာဆိုၿပီးေနာက္ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ရဲမွဴးကို လႊတ္ေတာ္ ဥကၠ႒က ျပန္လႊတ္လိုက္သည္။ ၿမိဳ႕နယ္ရဲမွဴး ျဖစ္သူကေတာ့ လႊတ္ေတာ္ဥကၠ႒ တည္းခိုသည့္ ေနအိမ္ေရွ႕တြင္ ရဲ ၂ ေယာက္ လံုၿခံဳေရး ခ်ထားေပးခဲ့သည္။ လူႀကီးလမ္းေၾကာင္း ျဖစ္ေသာ္လည္း ဌာနဆိုင္ရာ တာ၀န္ရွိသူတို႔အတြက္ ၀န္ထုပ္၀န္ပိုး မျဖစ္သည္ကို ေတြ႔ခဲ့ရသည္။

“လပြတၱာကို မီးေဘးသင့္ျပည္သူေတြ အေျခအေန သြားၾကည့္တုန္း ကလည္း ဥကၠ႒ႀကီး ထမင္းစားဖို႔ က်ေနာ္ေထြ/အုပ္ရံုးကို စီစဥ္ခုိင္းလိုက္ရမလား ဆိုေတာ့ တာ၀န္ေတြႀကီးလို႔ မလုပ္ပါနဲ႔လို႔ ေျပာတယ္။ အျပန္က်ေတာ့မွ လပြတၱာက ထမင္းဆိုင္တခုမွာ သူ႔ေငြနဲ႔ ထမင္း၀င္စား သြားတယ္။ ဒါမ်ဳိး အရင္က မရွိခဲ့ဘူးေတာ့ က်ေနာ္လည္း အံ့ၾသသြားတယ္”ဟု လႊတ္ေတာ္ရံုးမွ ၀န္ထမ္းတဦးက ေျပာျပသည္။

ေဖေဖာ္၀ါရီ ၁၉ ရက္ ညပိုင္းမွာေတာ့ ႀကံခင္းၿမိဳ႕နယ္၊ ေပါက္ႏြယ္စမ္း အုပ္စု၊ သရက္ေတာရြာတြင္ ျပဳလုပ္သည့္ ခ်င္းအမ်ဳိးသားေန႔ အႀကိဳ ပေဒသာကပဲြ က်င္းပသည္ကို လႊတ္ေတာ္ဥကၠ႒ႏွင့္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား သြားေရာက္ ၾကည့္ရွဳ အားေပးၾကသည္။ ပဲြၾကည့္ရန္ ေနရာ ခ်ထားေပးသည့္ ခံုမ်ား အားလံုး အရြယ္တူ၊ ပံုစံတူ ျဖစ္သည္။ ထိုခံုမ်ားမွာပင္ လႊတ္ေတာ္ ဥကၠ႒ႏွင့္ ကိုယ္စားလွယ္မ်ား ၀င္ထိုင္ၾကၿပီး ခ်င္းရိုရာအကမ်ားကို အားေပးၾကသည္။

ဒီျမင္ကြင္းကလည္း ထူးဆန္းေနသည္။ အာဏာရွင္ ဗိုလ္ေန၀င္းေခတ္၊ အာဏာသိမ္း စစ္ေကာင္စီေခတ္ႏွင့္ ဦးသိန္းစိန္ အစိုးရေခတ္ တေလွ်ာက္လံုးတြင္ လူႀကီးမ်ား ပဲြလမ္းသဘင္ ၾကည့္ခဲ့ၾကရာ၌ ၎တို႔ ထိုင္သည့္ခံုမ်ားက တျခားခံုမ်ားႏွင့္ တန္းတူ မရွိခဲ့။ တျခားခံုမ်ားထက္ ပိုေကာင္းသည္။ ပိုႀကီး၍ ပိုမို က်ယ္၀န္းသည္။ ခံုအရြယ္အစားကို ၾကည့္လုိက္သည္ႏွင့္ အႀကီးဆံုးခံု၌ ထိုင္ေနသူသည္ ရာထူးအႀကီးဆံုး၊ အာဏာအရွိဆံုးသူ ဆိုတာ အလိုလို ထင္ရွားေနခဲ့သည္။

ယခုေတာ့ ဧရာ၀တီတိုင္း၏ ထိပ္တန္း ေခါင္းေဆာင္ တဦးျဖစ္သည့္ လႊတ္ေတာ္ ဥကၠ႒က အမ်ားနည္းတူ ခ်ထားေပးသည့္ ခံုမ်ားမွာပင္ ၀င္ထုိင္၍ ပဲြၾကည့္ေနခဲ့သည္။ မသိသူ တေယာက္အတြက္ ဘယ္သူက လႊတ္ေတာ္ ဥကၠ႒ မွန္းပင္ မခဲြျခားႏိုင္သည့္ အေနအထား ျဖစ္သည္။

ေဖေဖာ္၀ါရီ ၂၀ ရက္ေန႔ မနက္ပိုင္း၌ ၆၈ ႏွစ္ေျမာက္ ခ်င္းအမ်ဳိးသားေန႔ အခမ္းအနား တက္ေရာက္ၿပီးခ်ိန္တြင္ လႊတ္ေတာ္ဥကၠ႒ ဦးေအာင္ေက်ာ္ခုိင္ႏွင့္အဖဲြ႔ ႀကံခင္းၿမိဳ႕မွ ဘတ္စ္ကားျဖင့္ ျပန္လာခဲ့ၿပီး လမ္းခုလတ္တြင္ ရွိသည့္ အဂၤပူၿမိဳ႕ေဟာင္းကို ၀င္ေရာက္ ေလ့လာၾကသည္။ အဂၤပူၿမိဳ႕ေဟာင္းကို ေလ့လာၿပီးေနာက္ ျပန္အထြက္တြင္ လမ္းေပၚ၌ ကားတစီး သဲ၀ပ္ၿပီး ေမာင္းမထြက္ႏိုင္ ျဖစ္ေနရာ လႊတ္ေတာ္ဥကၠ႒ ဦးေအာင္ေက်ာ္ခုိင္မွာ ကားေပၚကဆင္း၍ တျခားေသာ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားႏွင့္ အတူ သဲနစ္ေနေသာ ကားကို ၀ိုင္းတြန္းေပးခဲ့ေသးသည္။

၂၀၁၅ ေရြးေကာက္ပဲြကာလက NLD ပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာင္းလဲခ်ိန္ တန္ၿပီဟူသည့္ မဲဆြယ္စကားျဖင့္ NLD ကို မဲေပးၾကရန္ တိုက္တြန္းခဲ့သည္။ ေရြးေကာက္ပဲြ ၿပီးစီး၍ ရက္ေပါင္း ၁၀၀ ေက်ာ္အၾကာ ကာလ၌ အာဏာသိမ္း စစ္အစိုးရေခတ္ႏွင့္ အာဏာရွင္ကို အေမြဆက္ခံခဲ့သည့္ သမၼတဦးသိန္းစိန္ အစိုးရေခတ္တို႔ႏွင့္ မတူညီသည့္ အေျပာင္းအလဲ ပံုရိပ္တခ်ဳိ႕ စတင္ျမင္ေတြ႔လာရၿပီ ျဖစ္သည္ဟုဆိုလွ်င္ မမွားေပ။

The Irrawaddy
............
ကြိုပို့ဘတ်စ်စီးတဲ့ လွှတ်တော်ဥက္ကဋ္ဌ
■■■■■■■■■■■■■■■■■■■
ဆလိုင်းသန့်စင်
February 24, 2016

[ကြံခင်းမြို့တွင် ကျင်းပသည့် ၆၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား တက်ရောက်လာသည့် ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်
(ဓာတ်ပုံ – ဆလိုင်းသန့်စင်/ဧရာဝတီ)]

ပုသိမ် – မုံရွာလမ်းမကြီးပေါ်တွင် ကြိုပို့ ဘတ်စ်ကားတစီး ပုသိမ်မှ ကြံခင်းမြို့ဆီသို့ ဦးတည် မောင်းနှင်နေသည်။ ၆၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့သို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ခရီးနှင်နေခြင်း ဖြစ်သည်။

အဆိုပါ မီနီဘတ်စ်ကားပေါ်တွင် V.I.P (အရေးကြီးပုဂ္ဂိုလ်) တဦးလည်း လိုက်ပါလာသည်။ ထိုသူကတော့ ဧရာဝတီတိုင်းလွှတ်တော်၏ တတိယမြောက် လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် ဖြစ်သည်။ ချင်းအမျိုးသားနေ့ အခမ်းအနား တက်ရောက်ရန်အတွက် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင် အပါအဝင် တခြားသော တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ နှင့်အတူ ဘတ်စ်ကားစီး၍ ခရီးနှင်လာခြင်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်ကာလ အာဏာရှင် ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်၊ အာဏာသိမ်း စစ်အစိုးရများ ဖြစ်သည့် ဗိုလ်ချုပ်ကြီးစောမောင်၏ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ခေတ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ခေတ်များသာမက သမ္မတဦးသိန်းစိန် အစိုးရ၏ မျက်မှောက်ခေတ် ကာလ၌ပင် လူကြီး (V.I.P) လမ်းကြောင်းဟေ့ ဟု ဆိုလျှင်ရှေ့ဆုံး၌ တဝီဝီအော်ကာ တဟုန်ထိုး မောင်းနှင်နေသည့် လုံခြုံရေး ပွိုင့်ကားနောက်တွင် လိုက်ပါလာသည့် အကောင်းစား ကားတန်းကြီးများ၊ လမ်းဘေးဝဲယာ၌ ဆင်းရဲပင်ပန်းစွာ လုံခြံုရေး ယူပေးနေသည့် ရဲများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပျာယာခတ် အလုပ်များနေကြသည့် ဌာနဆိုင်ရာများကိုသာ မြင်တွေ့ရမည်ဖြစ်သည်။ သည် မြင်ကွင်းတွေက မြန်မာပြည်သူများ အဖို့ နှစ်ပေါင်းများစွာ မြင်တွေ့ခဲ့ရသည့် မထူးဆန်းသော မြင်ကွင်းများလည်း ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကိုယ်စားပြု အနိုင်ရရှိပြီး လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသည့် ဦးအောင်ကျော်ခိုင်၏ ကြံခင်းခရီးစဉ် (V.I.P) လူကြီးလမ်းကြောင်းမှာတော့ လမ်းဘေးဝဲယာတွင် လုံခြံုရေးယူသည့် ရဲများလည်း မတွေ့ရ၊ ရှေ့မှ ဦးဆောင်၍ လမ်းရှင်းပေးသည့် လုံခြံုရေး ပွိုင့်ကားလည်း မတွေ့ရ၊ အလုပ်ရှုပ် ပျာယာခတ်နေသည့် ဌာနဆိုင်ရာများလည်း မတွေ့ခဲ့ရပါ။ နှစ်ပေါင်းများစွာ မြန်မာပြည်သူတို့ မြင်တွေ့ခဲ့ရသည့် လူကြီးလမ်းကြောင်း ပုံသဏ္ဍာန်နှင့် ကွဲပြားခြားနားစွာ သာမာန် ဘတ်စ်ကား တစီးလိုပင် ခရီးနှင်ခဲ့သည်။ ထို့ကြောင့် ရိုးရိုးခရီးသည်တင် ဘတ်စ်ကားထင်၍ လမ်းကြေး၊ မြို့ဝင်ကြေး တောင်းသည့် ဂိတ်များကိုလည်း တွေ့ခဲ့ရသည်။

“ကျနော်က တမင်စတန့်ထွင်ပြီး လုပ်တာတော့ မဟုတ်ပါဘူး။ တခြား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အတူ စည်းစည်းလုံးလုံး သွားချင်လို့ အခုလို စီစဉ်တာပါ”ဟု ဦးအောင်ကျော်ခိုင်က ဧရာဝတီကို ပြောသည်။

ဦးအောင်ကျော်ခိုင်မှာ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ ဇာတိဖြစ်ပြီး ကျောင်းသား ခေါင်းဆောင် ဗိုလ်အောင်ကျော်၏ မြစ်တဦးလည်း ဖြစ်သည်။ ဥပဒေဘွဲ့ကို ၁၉၈၆ ခုနှစ်က ရရှိခဲ့ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အင်္ဂပူမြို့နယ်၌ NLD ပါတီ အောင်နို်င်ရေး အတွက် ဝိုင်းရံ လုပ်ဆောင်ပေးခဲ့သူ ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ပါတီသို့ ၀င်ရောက်ခဲ့ပြီး ဧရာဝတီတိုင်း NLD ပါတီ၏ ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်နှင့် တိုင်းစည်းကမ်း ထိမ်းသိမ်းရေး အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူတဦး ဖြစ်သည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အင်္ဂပူမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ဧရာဝတီတိုင်း ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်း သီရိပျံချီဘွဲ့ရ ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်ကို အနိုင်ရရှိခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသူ ဖြစ်သည်။

ဦးအောင်ကျော်ခိုင် ဘတ်စ်ကားစီးသည့် ကိစ္စတွင် နောက်ထပ် ထူးခြားသည့် အချက်တချက် ရှိနေသေးသည်။ ၎င်းမှာ ဦးအောင်ကျော်ခိုင် မတိုင်မီ ဧရာဝတီတိုင်းတွင် လွှတ်တော် ဥက္ကဋ္ဌ တာဝန်ယူခဲ့ကြသည့် ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးဆန်းဆင့်နှင့် ဗိုလ်ချုပ်ဟောင်း ဦးတင်စိုးတို့ ပင်လျှင် တခြားသော လွှတ်တော်ကိုယ်စားလှယ်များနှင့် တန်းတူ တကြိမ်တခါမှ ဘတ်စ်ကားမစီးခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားများ၊ အထိမ်းအမှတ်နေ့များ သွားစရာရှိလျှင် လွှတ်တော်ဥက္ကဋ္ဌ အတွက် သီးသန့် ပေးအပ်ထားသည့် ဆလွန်းကားများဖြင့်သာ သွားကြသည်။ ကိုယ်ပိုင်ကားရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ ကတော့ သူတို့ကားနှင့် လွှတ်တော်ဥက္ကဋ္ဌ နောက်ကို လိုက်ကြပြီး ကိုယ်ပိုင်ကားမရှိသူ ကိုယ်စားလှယ်များကတော့ ဘတ်စ်ကားဖြင့်သာ သွားကြသည်။

နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ဘဝမှ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာခဲ့သည့် ဦးအောင်ကျော်ခိုင် ကတော့ သူသုံးဖို့ နိုင်ငံတော်က ပေးထားသည့် ဇိမ်ခံကား ၃ စီးကို အိမ်မှာထားခဲ့ပြီး ဘတ်စ်ကားဖြင့် တခြားသော ကိုယ်စားလှယ်များနှင့် အတူ ကြံခင်းမြို့ကို အသွားအပြန် ခရီးနှင်ခဲ့သည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ကြံခင်းမြို့သို့ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် ရောက်ရှိချိန်၌ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲမှူးတို့က လာကြိုကြသည်။ အချိန်အနည်းငယ် စကားပြောဆိုပြီးနောက် အုပ်ချုပ်ရေးမှူးနှင့် ရဲမှူးကို လွှတ်တော် ဥက္ကဋ္ဌက ပြန်လွှတ်လိုက်သည်။ မြို့နယ်ရဲမှူး ဖြစ်သူကတော့ လွှတ်တော်ဥက္ကဋ္ဌ တည်းခိုသည့် နေအိမ်ရှေ့တွင် ရဲ ၂ ယောက် လုံခြံုရေး ချထားပေးခဲ့သည်။ လူကြီးလမ်းကြောင်း ဖြစ်သော်လည်း ဌာနဆိုင်ရာ တာဝန်ရှိသူတို့အတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်သည်ကို တွေ့ခဲ့ရသည်။

“လပွတ္တာကို မီးဘေးသင့်ပြည်သူတွေ အခြေအနေ သွားကြည့်တုန်း ကလည်း ဥက္ကဋ္ဌကြီး ထမင်းစားဖို့ ကျနော်ထွေ/အုပ်ရုံးကို စီစဉ်ခိုင်းလိုက်ရမလား ဆိုတော့ တာဝန်တွေကြီးလို့ မလုပ်ပါနဲ့လို့ ပြောတယ်။ အပြန်ကျတော့မှ လပွတ္တာက ထမင်းဆိုင်တခုမှာ သူ့ငွေနဲ့ ထမင်းဝင်စား သွားတယ်။ ဒါမျိုး အရင်က မရှိခဲ့ဘူးတော့ ကျနော်လည်း အံ့သြသွားတယ်”ဟု လွှတ်တော်ရုံးမှ ၀န်ထမ်းတဦးက ပြောပြသည်။

ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းမှာတော့ ကြံခင်းမြို့နယ်၊ ပေါက်နွယ်စမ်း အုပ်စု၊ သရက်တောရွာတွင် ပြုလုပ်သည့် ချင်းအမျိုးသားနေ့ အကြို ပဒေသာကပွဲ ကျင်းပသည်ကို လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ သွားရောက် ကြည့်ရှု အားပေးကြသည်။ ပွဲကြည့်ရန် နေရာ ချထားပေးသည့် ခုံများ အားလုံး အရွယ်တူ၊ ပုံစံတူ ဖြစ်သည်။ ထိုခုံများမှာပင် လွှတ်တော် ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ ၀င်ထိုင်ကြပြီး ချင်းရိုရာအကများကို အားပေးကြသည်။

ဒီမြင်ကွင်းကလည်း ထူးဆန်းနေသည်။ အာဏာရှင် ဗိုလ်နေဝင်းခေတ်၊ အာဏာသိမ်း စစ်ကောင်စီခေတ်နှင့် ဦးသိန်းစိန် အစိုးရခေတ် တလျှောက်လုံးတွင် လူကြီးများ ပွဲလမ်းသဘင် ကြည့်ခဲ့ကြရာ၌ ၎င်းတို့ ထိုင်သည့်ခုံများက တခြားခုံများနှင့် တန်းတူ မရှိခဲ့။ တခြားခုံများထက် ပိုကောင်းသည်။ ပိုကြီး၍ ပိုမို ကျယ်ဝန်းသည်။ ခုံအရွယ်အစားကို ကြည့်လိုက်သည်နှင့် အကြီးဆုံးခုံ၌ ထိုင်နေသူသည် ရာထူးအကြီးဆုံး၊ အာဏာအရှိဆုံးသူ ဆိုတာ အလိုလို ထင်ရှားနေခဲ့သည်။

ယခုတော့ ဧရာဝတီတိုင်း၏ ထိပ်တန်း ခေါင်းဆောင် တဦးဖြစ်သည့် လွှတ်တော် ဥက္ကဋ္ဌက အများနည်းတူ ချထားပေးသည့် ခုံများမှာပင် ၀င်ထိုင်၍ ပွဲကြည့်နေခဲ့သည်။ မသိသူ တယောက်အတွက် ဘယ်သူက လွှတ်တော် ဥက္ကဋ္ဌ မှန်းပင် မခွဲခြားနိုင်သည့် အနေအထား ဖြစ်သည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက်ပိုင်း၌ ၆၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား တက်ရောက်ပြီးချိန်တွင် လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့်အဖွဲ့ ကြံခင်းမြို့မှ ဘတ်စ်ကားဖြင့် ပြန်လာခဲ့ပြီး လမ်းခုလတ်တွင် ရှိသည့် အင်္ဂပူမြို့ဟောင်းကို ၀င်ရောက် လေ့လာကြသည်။ အင်္ဂပူမြို့ဟောင်းကို လေ့လာပြီးနောက် ပြန်အထွက်တွင် လမ်းပေါ်၌ ကားတစီး သဲဝပ်ပြီး မောင်းမထွက်နိုင် ဖြစ်နေရာ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်မှာ ကားပေါ်ကဆင်း၍ တခြားသော လွှတ်တော် ကိုယ်စားလှယ်များနှင့် အတူ သဲနစ်နေသော ကားကို ၀ိုင်းတွန်းပေးခဲ့သေးသည်။

၂၀၁၅ ရွေးကောက်ပွဲကာလက NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောင်းလဲချိန် တန်ပြီဟူသည့် မဲဆွယ်စကားဖြင့် NLD ကို မဲပေးကြရန် တိုက်တွန်းခဲ့သည်။ ရွေးကောက်ပွဲ ပြီးစီး၍ ရက်ပေါင်း ၁၀၀ ကျော်အကြာ ကာလ၌ အာဏာသိမ်း စစ်အစိုးရခေတ်နှင့် အာဏာရှင်ကို အမွေဆက်ခံခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရခေတ်တို့နှင့် မတူညီသည့် အပြောင်းအလဲ ပုံရိပ်တချို့ စတင်မြင်တွေ့လာရပြီ ဖြစ်သည်ဟုဆိုလျှင် မမှားပေ။

The Irrawaddy
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)