ေမာ္လၿမိဳင္တြင္ ဆိုင္ကယ္စီးနင္းသူအား လူငယ္ငါးဦးမွ႐ိုက္ႏွက္၍ ပစၥည္းလုယူ

မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕ နယ္ မုေယာင္းေက်းရြာ ပြတၱလူး ကုန္းရပ္ေန ရာဂ်ဴးအသက္(၄ဝ) (ဘ)ဦးမူႏုဆာမိ (တမီလ္/ဗုဒၶ) သည္ ဇန္နဝါရီ ၃၁ရက္ ညေန ၄နာရီခန္႕က ေမာ္လၿမိဳင္ၿမိဳ႕မ ရဲစခန္း သို႔လာေရာက္၍ ၄င္း၏ညီျဖစ္သူ အာရမြန္အား ဝိုင္းဝန္း႐ိုက္ႏွက္ထိုး ႀကိတ္၍ ပစၥည္းမ်ားလုယူသြားသူ သီဟေဇာ္(ခ)ေဇာ္ေဇာ္ပါ ငါးဦးအား ဥပေဒႏွင့္အညီ အေရးယူေပးပါရန္ တိုင္တန္းခဲ့သျဖင့္ ေမာ္လၿမိဳင္ၿမိဳ႕မ ရဲစခန္းမွ ယင္းေန႔ ညေန ၄နာရီခြဲ တြင္သီဟေဇာ္(ခ)ေဇာ္ေဇာ္ပါငါးဦး တို႔အား (ပ)၁ဝ/၂ဝ၁၆၊ ျပစ္မႈပုဒ္မ ၃၉၇ အရအမႈဖြင့္အေရးယူေဆာင္ ရြက္လ်က္ရွိေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဇန္န ဝါရီ ၃ဝ ရက္ ည ၉ နာရီခြဲက ေမာ္လၿမိဳင္ၿမိဳ႕နယ္ မုေယာင္းေက်း ရြာ ပြတၱလူးကုန္းေန အာရမြန္ (၂၂ႏွစ္)(ဘ)ဦးမူႏုဆာမိ(တမီလ္/ ဗုဒၶ)သည္ ေမာ္လၿမိဳင္ၿမိဳ႕ ျပည္ သူ႕ေဆး႐ံုႀကီးတြင္ ေဆးကုသမႈ ခံယူေနသည့္ ဖခင္ျဖစ္သူထံ ဆိုင္ ကယ္ျဖင့္ သြားေရာက္စဥ္ ေမာ္လ ၿမိဳင္ၿမိဳ႕ ဘုိကုန္းရပ္ကြက္ သိပၸံ ေက်ာင္းလမ္း သဲအင္းဂူရိပ္သာ ဘုန္းႀကီးေက်ာင္းေရွ႕ အေရာက္ တြင္ ဆိုင္ကယ္သံုးစီးျဖင့္ အမည္ မသိ လူငယ္ငါးဦးခန္႔က ဝိုင္းဝန္း ထိုးႀကိတ္႐ိုက္ႏွက္၍ အာရမြန္ စီးနင္းလာသည့္ ဟြန္ဒါဒရင္း-၁၂၅ အမ်ဳိးအစားအျပာေရာင္ဆိုင္ ကယ္အမွတ္ ယာယီ/---- ဆိုင္ ကယ္(ခန္႔မွန္းတန္ဖိုး ၁၇ဝဝဝဝဝ) ႏွင့္အေလးခ်ိန္တစ္က်ပ္သား ေက်ာ္ ရွိ ေရႊဟန္းခ်ိန္းတစ္ကံုး (ခန္႔မွန္း တန္ဖိုး က်ပ္ရွစ္သိန္း)၊ အေလးခ်ိန္ ငါးမူးသားရွိ ေရႊလက္စြပ္တစ္ကြင္း (ခန္႔မွန္းတန္ဖိုး က်ပ္ေလးသိန္း)၊ နားကြင္းႏွစ္ခု (ခန္႔မွန္းတန္ဖိုး က်ပ္ တစ္သိန္း) စုစုေပါင္းခန္႔မွန္းတန္ဖိုး (က်ပ္သိန္း၃ဝ)ကုိ လုယက္ယူေဆာင္ ကာ မုတၱမဘက္သို႔ ထြက္ေျပး ေမာင္းႏွင္သြားခဲ့သည္။
လူငယ္ငါးဦးက ဝိုင္းဝန္း႐ိုက္ ႏွက္ထိုးႀကိတ္မႈေၾကာင့္ အာရမြန္ တြင္ ဦးေခါင္းငယ္ထိပ္ ႏွစ္လက္မ ခန္႔ ေပါက္ျပဲဒဏ္ရာ၊ယာပါးေပါက္ ျပဲဒဏ္ရာ၊ မ်က္ႏွာဖူးေရာင္ဒဏ္ရာ မ်ား(မစိုးရိမ္ရ)ရရွိခဲ့သျဖင့္ ေမာ္လ ၿမိဳင္ၿမိဳ႕ ျပည္သူ႔ေဆး႐ံုႀကီးတြင္ အတြင္းလူနာအျဖစ္ ေဆးကုသမႈ ခံယူလ်က္ရွိေၾကာင္း သိရသည္။

အဆိုပါသတင္းရရွိသည္ႏွင့္ ေမာ္လၿမိဳင္ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴး ေအာင္သန္းျမင့္ႏွင့္တပ္ဖြဲ႕ဝင္မ်ား၊ မုတၱမနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္ မ်ား ပါဝင္ေသာပူးေပါင္းအဖြဲ႕သည္ မုတၱမၿမိဳ႕အတြင္း ခ်က္ခ်င္းလုိက္လံ စံုစမ္းရွာေဖြခဲ့ရာ ဇန္နဝါရီ ၃၁ရက္ ည ၁၂နာရီ ၄၅မိနစ္တြင္ မုတၱမၿမိဳ႕ ေကာ့စိုင္ရပ္ကြက္ ေခမာသီဝံ ေက်ာင္းတိုက္ေရွ႕ကားလမ္းမေဘး ေစ်းတန္း၌ ဆိုင္ကယ္တစ္စီးအား ေငြက်ပ္ငါးသိန္းျဖင့္ လုိက္လံ ေရာင္းခ်ေနေသာ အမည္မသိ လူငယ္ငါးဦးအား ဆိုင္ကယ္သံုး စီးျဖင့္ေတြ႕ရွိရ၍ စစ္ေဆးေမးျမန္း စဥ္ လူငယ္သံုးဦးမွာ ဆိုင္ကယ္ႏွစ္ စီးျဖင့္ ထြက္ေျပးတိမ္းေရွာင္သြား ခဲ့သည္။ ထို႔ေနာက္ ေမာ္လၿမိဳင္ၿမိဳ႕ လိႈင္ရပ္ကြက္ ေရႊျပည္ေအးရပ္ ျခံကုန္းရပ္ေန ေရခ်မ္း(၁၉ႏွစ္) (ဘ)ဦးဆန္းဦးႏွင့္ တစ္ရပ္ကြက္ တည္းေနျမင့္ျမတ္ေအာင္(ခ) ပါက်ဲ (၂၃ႏွစ္)(ဘ)ဦးၾကည္လိႈင္တို႔ ႏွစ္ ဦးအား နံပါတ္မပါ ဟြန္ဒါဒရင္း-၁၂၅ အမ်ဳိးအစားအျပာေရာင္ဆိုင္ ကယ္တစ္စီးႏွင့္အတူဖမ္းဆီးရမိခဲ့ ေၾကာင္း သိရသည္။

၄င္းတို႔ႏွစ္ဦးအား စစ္ေဆးေမး ျမန္းခ်က္အရသီဟေဇာ္(ခ)ေဇာ္ေဇာ္၊ သန္းဝင္းေအာင္၊ ေက်ာ္စိုးလိႈင္တို႔ သံုးဦးႏွင့္အတူ ဝိုင္းဝန္း႐ိုက္ႏွက္ ထိုးႀကိတ္ကာ ေမာ္ေတာ္ဆိုင္ကယ္ ႏွင့္ ပစၥည္းမ်ားအားလုယူ၍ မုတၱမ ေက်းရြာဘက္သို႔ ေမာင္းႏွင္ထြက္ ေျပးခဲ့ေၾကာင္း၊ ထြက္ေျပးတိမ္း ေရွာင္ေနသည့္ သီဟေဇာ္(ခ)ေဇာ္ ေဇာ္ပါသံုးဦးအနက္သီဟေဇာ္အား ထပ္မံဖမ္းဆီးရမိခဲ့ၿပီး သန္းဝင္း ေအာင္ႏွင့္ ေက်ာ္စိုးလိႈင္ႏွစ္ဦးအား ဖမ္းဆီးရမိေရးအတြက္ ဆက္လက္ စံုစမ္းေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

ႏိုင္ႏိုင္(မြန္)
The Union Daily
http://uniondaily.net/
..................


မွန်ပြည်နယ် မော်လမြိုင်မြို့ နယ် မုယောင်းကျေးရွာ ပွတ္တလူး ကုန်းရပ်နေ ရာဂျူးအသက်(၄ဝ) (ဘ)ဦးမူနုဆာမိ (တမီလ်/ဗုဒ္ဓ) သည် ဇန်နဝါရီ ၃၁ရက် ညနေ ၄နာရီခန့်က မော်လမြိုင်မြို့မ ရဲစခန်း သို့လာရောက်၍ ၄င်း၏ညီဖြစ်သူ အာရမွန်အား ဝိုင်းဝန်းရိုက်နှက်ထိုး ကြိတ်၍ ပစ္စည်းများလုယူသွားသူ သီဟဇော်(ခ)ဇော်ဇော်ပါ ငါးဦးအား ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်တန်းခဲ့သဖြင့် မော်လမြိုင်မြို့မ ရဲစခန်းမှ ယင်းနေ့ ညနေ ၄နာရီခွဲ တွင်သီဟဇော်(ခ)ဇော်ဇော်ပါငါးဦး တို့အား (ပ)၁ဝ/၂ဝ၁၆၊ ပြစ်မှုပုဒ်မ ၃၉၇ အရအမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဇန်န ဝါရီ ၃ဝ ရက် ည ၉ နာရီခွဲက မော်လမြိုင်မြို့နယ် မုယောင်းကျေး ရွာ ပွတ္တလူးကုန်းနေ အာရမွန် (၂၂နှစ်)(ဘ)ဦးမူနုဆာမိ(တမီလ်/ ဗုဒ္ဓ)သည် မော်လမြိုင်မြို့ ပြည် သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် ဖခင်ဖြစ်သူထံ ဆိုင် ကယ်ဖြင့် သွားရောက်စဉ် မော်လ မြိုင်မြို့ ဘိုကုန်းရပ်ကွက် သိပ္ပံ ကျောင်းလမ်း သဲအင်းဂူရိပ်သာ ဘုန်းကြီးကျောင်းရှေ့ အရောက် တွင် ဆိုင်ကယ်သုံးစီးဖြင့် အမည် မသိ လူငယ်ငါးဦးခန့်က ဝိုင်းဝန်း ထိုးကြိတ်ရိုက်နှက်၍ အာရမွန် စီးနင်းလာသည့် ဟွန်ဒါဒရင်း-၁၂၅ အမျိုးအစားအပြာရောင်ဆိုင် ကယ်အမှတ် ယာယီ/---- ဆိုင် ကယ်(ခန့်မှန်းတန်ဖိုး ၁၇ဝဝဝဝဝ) နှင့်အလေးချိန်တစ်ကျပ်သား ကျော် ရှိ ရွှေဟန်းချိန်းတစ်ကုံး (ခန့်မှန်း တန်ဖိုး ကျပ်ရှစ်သိန်း)၊ အလေးချိန် ငါးမူးသားရှိ ရွှေလက်စွပ်တစ်ကွင်း (ခန့်မှန်းတန်ဖိုး ကျပ်လေးသိန်း)၊ နားကွင်းနှစ်ခု (ခန့်မှန်းတန်ဖိုး ကျပ် တစ်သိန်း) စုစုပေါင်းခန့်မှန်းတန်ဖိုး (ကျပ်သိန်း၃ဝ)ကို လုယက်ယူဆောင် ကာ မုတ္တမဘက်သို့ ထွက်ပြေး မောင်းနှင်သွားခဲ့သည်။
လူငယ်ငါးဦးက ဝိုင်းဝန်းရိုက် နှက်ထိုးကြိတ်မှုကြောင့် အာရမွန် တွင် ဦးခေါင်းငယ်ထိပ် နှစ်လက်မ ခန့် ပေါက်ပြဲဒဏ်ရာ၊ယာပါးပေါက် ပြဲဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာ များ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မော်လ မြိုင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါသတင်းရရှိသည်နှင့် မော်လမြိုင်မြို့မရဲစခန်းမှူး ဒုရဲမှူး အောင်သန်းမြင့်နှင့်တပ်ဖွဲ့ဝင်များ၊ မုတ္တမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မုတ္တမမြို့အတွင်း ချက်ချင်းလိုက်လံ စုံစမ်းရှာဖွေခဲ့ရာ ဇန်နဝါရီ ၃၁ရက် ည ၁၂နာရီ ၄၅မိနစ်တွင် မုတ္တမမြို့ ကော့စိုင်ရပ်ကွက် ခေမာသီဝံ ကျောင်းတိုက်ရှေ့ကားလမ်းမဘေး စျေးတန်း၌ ဆိုင်ကယ်တစ်စီးအား ငွေကျပ်ငါးသိန်းဖြင့် လိုက်လံ ရောင်းချနေသော အမည်မသိ လူငယ်ငါးဦးအား ဆိုင်ကယ်သုံး စီးဖြင့်တွေ့ရှိရ၍ စစ်ဆေးမေးမြန်း စဉ် လူငယ်သုံးဦးမှာ ဆိုင်ကယ်နှစ် စီးဖြင့် ထွက်ပြေးတိမ်းရှောင်သွား ခဲ့သည်။ ထို့နောက် မော်လမြိုင်မြို့ လှိုင်ရပ်ကွက် ရွှေပြည်အေးရပ် ခြံကုန်းရပ်နေ ရေချမ်း(၁၉နှစ်) (ဘ)ဦးဆန်းဦးနှင့် တစ်ရပ်ကွက် တည်းနေမြင့်မြတ်အောင်(ခ) ပါကျဲ (၂၃နှစ်)(ဘ)ဦးကြည်လှိုင်တို့ နှစ် ဦးအား နံပါတ်မပါ ဟွန်ဒါဒရင်း-၁၂၅ အမျိုးအစားအပြာရောင်ဆိုင် ကယ်တစ်စီးနှင့်အတူဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

၄င်းတို့နှစ်ဦးအား စစ်ဆေးမေး မြန်းချက်အရသီဟဇော်(ခ)ဇော်ဇော်၊ သန်းဝင်းအောင်၊ ကျော်စိုးလှိုင်တို့ သုံးဦးနှင့်အတူ ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်ကာ မော်တော်ဆိုင်ကယ် နှင့် ပစ္စည်းများအားလုယူ၍ မုတ္တမ ကျေးရွာဘက်သို့ မောင်းနှင်ထွက် ပြေးခဲ့ကြောင်း၊ ထွက်ပြေးတိမ်း ရှောင်နေသည့် သီဟဇော်(ခ)ဇော် ဇော်ပါသုံးဦးအနက်သီဟဇော်အား ထပ်မံဖမ်းဆီးရမိခဲ့ပြီး သန်းဝင်း အောင်နှင့် ကျော်စိုးလှိုင်နှစ်ဦးအား ဖမ်းဆီးရမိရေးအတွက် ဆက်လက် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်နိုင်(မွန်)
The Union Daily
http://uniondaily.net/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)