စစ္တပ္က ဖမ္းဆီးစဥ္အတြင္း လူငါးဦး ရိုက္ႏွက္ထိုးၾကိတ္ခံခဲ့ရဟုဆို


(မင္ေၾကာင္း(ေခ်ာင္း) တံတားအနီး ပုဇြန္ႏွင့္ ကဏန္းေမြးျမဴရာ ဒီေရေရာက္ေတာမ်ား)
ရမ္းျဗဲ၊ ေဖေဖာ္၀ါရီ ၂၁

ရခိုင္ျပည္နယ္ ေက်ာက္ျဖဴႏွင့္ ရမ္းျဗဲျမိဳ႕နယ္မွ လူငါးဦးကို စစ္တပ္မွ ဖမ္းဆီး ထိန္းသိမ္းထားစဥ္အတြင္း ရိုက္ႏွက္ ထိုးၾကိတ္မႈမ်ား ျပဳလုပ္ခဲ့သည္ဟု ကိုယ္တိုင္ ထိုးၾကိတ္ ရိုက္ႏွက္ ခံခဲ့ရသူ ေက်ာက္ကေလ ေက်းရြာမွ ဦးသိန္းလိူင္ (၄၂) ႏွစ္က နိရဥၥရာ သတင္းဌာနသို႕ ေျပာဆိုသည္။

“ ကၽြန္ေတာ္တို႕ ေက်ာက္ျဖဴျမိဳ႕နယ္ ေက်ာက္ကေလရြာက သံုးဦးနဲ႕ ေနာက္လူငယ္ ႏွစ္ဦးက ရမ္းျဗဲျမိဳ႕နယ္ ရမ္းသစ္ၾကီးရြာက ျဖစ္ပါတယ္။ ျဖစ္တာက ဒီလ ၁၇ ရက္ေန႕ ညဥ့္ ၂ နာရီေက်ာ္ ၃ နာရီခန္႕မွာ မင္းေၾကာင္း(ေခ်ာင္း) တံတားအနီးမွာ ကာရီ (တာတမံ) ဆည္ဖို႕တဲ့ ေနရာမွာ အလုပ္ လုပ္ကိုင္ေနတဲ့ သူေတြနဲ႕ ရမ္းသစ္ၾကီးက ေခတၱ လာလည္တဲ့ လူငယ္ တစ္ဦးတို႕ကုိ စစ္တပ္က ၀င္ဖမ္းပါတယ္။ ဖမ္းျပီးတာနဲ႕ လက္ထိပ္ခတ္ျပီး လက္သီးေတြနဲ႕ ထိုးၾကိတ္ပါတယ္။ ေသနတ္ေတြနဲ႕ ရင္ဘတ္ေတြနဲ႕ ထိုးပါတယ္။ ကၽြန္ေတာ္ကေတာ့ သံုးခ်က္ အရိုက္ခံရပါတယ္။ အဲသလို ထိုးၾကိတ္ ခံရတဲ့ အတြက္ ရမ္းသစ္ၾကီးက လူငယ္ႏွစ္ဦးမွာ ေတာ္ေတာ္ကို အနာတရ ျဖစ္သြားပါတယ္” ဟု ဦးသိန္းလိူင္က ေျပာဆိုသည္။

စစ္သား ၁၃ဦး၊ ၁၄ ဦးခန္႕ပါ၀င္ေသာ တပ္စု တစ္စုသည္ ယခုလ ၁၇ ရက္ေန႕ ညဥ့္ ၂ နာရီေက်ာ္ ၃ နာရီခန္႕တြင္ အဆိုပါ ပုဇြန္နဲ႕ ကဏန္းမ်ား ေမြးရန္ အတြက္ တာတမံ ဆည္ဖို႕ရာေနရာသို႕ ေရာက္ရွိ လာျပီး တာတမံ ဆည္ဖို႕သူ ပိုင္ရွင္မ်ားကို လုိက္ရွာေၾကာင္း၊ တာတမံဆည္ဖို႕သူ ပိုင္ရွင္မ်ား ထြက္ေျပး သြားသျဖင့္ အလုပ္ခြင္တြင္ က်န္ေနခဲ့သူ ဦးသိန္းလိႈင္ (၄၂) ႏွစ္ အပါအ၀င္ လူငါးဦးအား ဖမ္းဆီး လက္ထိတ္ ခတ္ကာ ရိုက္ႏွက္ ထိုးၾကိတ္မႈမ်ား ျပဳလုပ္ခဲ့သည္ဟု ဆိုသည္။

“ ကၽြန္ေတာ္တို႕ ၅ ဦးကို ဖမ္းတဲ့ တပ္က နပခ မွလို႕ သိရပါတယ္။ တာတမံ ပိုင္ရွင္ေတြက မူးယစ္ ေဆး၀ါးနဲ႕ ပတ္သက္တဲ့ အတြက္ လိုက္ရွာတယ္လို႕ သိရပါတယ္။ သူတို႕ ထြက္ေျပးသြားေတာ့ က်န္ေနတဲ့ အလုပ္သမားေတြ အဖမ္းခံရျပီး ထိုးၾကိတ္ ခံရတာ ျဖစ္ပါတယ္။ ကၽြန္ေတာ္ကို ရိုက္တာက နည္းနည္းပါးပါးလို႕ ေျပာလို႕ရေပမယ့္ လူငယ္ ႏွစ္ဦးကေတာ့ ေက်ာကုန္းေတြ ဘာေတြ ေအာင့္တယ္။ ေအာ့အန္တယ္လို႕ သိရပါတယ္။ ေဆးထိုးရတယ္လို႕ သိရပါတယ္ ” ဟု သူက ဆက္ဆိုသည္။

ဖမ္းဆီးခံရသူမ်ားထဲတြင္ ဦးေမာင္သိန္းလိႈင္ (၄၂) ႏွစ္၊ ညီညီႏိုင္ (၁၈) ႏွစ္၊ ေအာင္မင္းႏိုင္ (ေခၚ) ငမဲဦး (၁၈) ႏွစ္တို႕ ပါ၀င္ျပီး က်န္ လူငယ္ႏွစ္ဦးမွာ ရမ္းသစ္ၾကီးရြာမွ ျဖစ္သျဖင့္ နာမည္ မမွတ္မိေၾကာင္း၊ သူတို႕ ငါးဦးစလံုးကို ဖမ္းဆီးျပီး ၁၃ နာရီ အၾကာ ေဖေဖာ္၀ါရီလ ၁၈ ရက္ ညေန ၄ နာရီမွ လႊတ္ေပး လိုက္ေၾကာင္း ေက်ာက္ကေလ ေက်းရြာမွ လူၾကီး တစ္ဦးျဖစ္သူ ဦးေမာင္တင္ေအးက ေျပာဆိုသည္။

ယင္းသို႕ ဖမ္းဆီးခံရျပီးေနာက္ ရမ္းျဗဲျမိဳ႕နယ္ ရဲစခန္းသို႕ တိုင္ၾကား ခဲ့ေၾကာင္း၊ တာတမံ ပိုင္ရွင္မ်ားမွာ မူးယစ္ေဆး၀ါးႏွင့္ ပတ္သက္၍ အလိုရွိေနသူမ်ား ျဖစ္ေၾကာင္း ရဲက ေျပာၾကားသည္ဟု သိရသည္။

အဆိုပါ ကိစၥႏွင့္ပတ္သက္ျပီး စစ္တပ္ဘက္သို႕ ေမးျမန္းႏိုင္ျခင္း မရွိသျဖင့္ စစ္တပ္ဘက္မွ တုန္႕ျပန္မႈကို တင္ျပႏိုင္ျခင္း မရွိပါ။

Arakan State
https://www.facebook.com/NarinjaraNews
...........

(မင်ကြောင်း(ချောင်း) တံတားအနီး ပုဇွန်နှင့် ကဏန်းမွေးမြူရာ ဒီရေရောက်တောများ)
ရမ်းဗြဲ၊ ဖေဖော်ဝါရီ ၂၁

ရခိုင်ပြည်နယ် ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်မှ လူငါးဦးကို စစ်တပ်မှ ဖမ်းဆီး ထိန်းသိမ်းထားစဉ်အတွင်း ရိုက်နှက် ထိုးကြိတ်မှုများ ပြုလုပ်ခဲ့သည်ဟု ကိုယ်တိုင် ထိုးကြိတ် ရိုက်နှက် ခံခဲ့ရသူ ကျောက်ကလေ ကျေးရွာမှ ဦးသိန်းလိူင် (၄၂) နှစ်က နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

“ ကျွန်တော်တို့ ကျောက်ဖြူမြို့နယ် ကျောက်ကလေရွာက သုံးဦးနဲ့ နောက်လူငယ် နှစ်ဦးက ရမ်းဗြဲမြို့နယ် ရမ်းသစ်ကြီးရွာက ဖြစ်ပါတယ်။ ဖြစ်တာက ဒီလ ၁၇ ရက်နေ့ ညဉ့် ၂ နာရီကျော် ၃ နာရီခန့်မှာ မင်းကြောင်း(ချောင်း) တံတားအနီးမှာ ကာရီ (တာတမံ) ဆည်ဖို့တဲ့ နေရာမှာ အလုပ် လုပ်ကိုင်နေတဲ့ သူတွေနဲ့ ရမ်းသစ်ကြီးက ခေတ္တ လာလည်တဲ့ လူငယ် တစ်ဦးတို့ကို စစ်တပ်က ၀င်ဖမ်းပါတယ်။ ဖမ်းပြီးတာနဲ့ လက်ထိပ်ခတ်ပြီး လက်သီးတွေနဲ့ ထိုးကြိတ်ပါတယ်။ သေနတ်တွေနဲ့ ရင်ဘတ်တွေနဲ့ ထိုးပါတယ်။ ကျွန်တော်ကတော့ သုံးချက် အရိုက်ခံရပါတယ်။ အဲသလို ထိုးကြိတ် ခံရတဲ့ အတွက် ရမ်းသစ်ကြီးက လူငယ်နှစ်ဦးမှာ တော်တော်ကို အနာတရ ဖြစ်သွားပါတယ်” ဟု ဦးသိန်းလိူင်က ပြောဆိုသည်။

စစ်သား ၁၃ဦး၊ ၁၄ ဦးခန့်ပါ၀င်သော တပ်စု တစ်စုသည် ယခုလ ၁၇ ရက်နေ့ ညဉ့် ၂ နာရီကျော် ၃ နာရီခန့်တွင် အဆိုပါ ပုဇွန်နဲ့ ကဏန်းများ မွေးရန် အတွက် တာတမံ ဆည်ဖို့ရာနေရာသို့ ရောက်ရှိ လာပြီး တာတမံ ဆည်ဖို့သူ ပိုင်ရှင်များကို လိုက်ရှာကြောင်း၊ တာတမံဆည်ဖို့သူ ပိုင်ရှင်များ ထွက်ပြေး သွားသဖြင့် အလုပ်ခွင်တွင် ကျန်နေခဲ့သူ ဦးသိန်းလှိုင် (၄၂) နှစ် အပါအဝင် လူငါးဦးအား ဖမ်းဆီး လက်ထိတ် ခတ်ကာ ရိုက်နှက် ထိုးကြိတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“ ကျွန်တော်တို့ ၅ ဦးကို ဖမ်းတဲ့ တပ်က နပခ မှလို့ သိရပါတယ်။ တာတမံ ပိုင်ရှင်တွေက မူးယစ် ဆေးဝါးနဲ့ ပတ်သက်တဲ့ အတွက် လိုက်ရှာတယ်လို့ သိရပါတယ်။ သူတို့ ထွက်ပြေးသွားတော့ ကျန်နေတဲ့ အလုပ်သမားတွေ အဖမ်းခံရပြီး ထိုးကြိတ် ခံရတာ ဖြစ်ပါတယ်။ ကျွန်တော်ကို ရိုက်တာက နည်းနည်းပါးပါးလို့ ပြောလို့ရပေမယ့် လူငယ် နှစ်ဦးကတော့ ကျောကုန်းတွေ ဘာတွေ အောင့်တယ်။ အော့အန်တယ်လို့ သိရပါတယ်။ ဆေးထိုးရတယ်လို့ သိရပါတယ် ” ဟု သူက ဆက်ဆိုသည်။

ဖမ်းဆီးခံရသူများထဲတွင် ဦးမောင်သိန်းလှိုင် (၄၂) နှစ်၊ ညီညီနိုင် (၁၈) နှစ်၊ အောင်မင်းနိုင် (ခေါ်) ငမဲဦး (၁၈) နှစ်တို့ ပါ၀င်ပြီး ကျန် လူငယ်နှစ်ဦးမှာ ရမ်းသစ်ကြီးရွာမှ ဖြစ်သဖြင့် နာမည် မမှတ်မိကြောင်း၊ သူတို့ ငါးဦးစလုံးကို ဖမ်းဆီးပြီး ၁၃ နာရီ အကြာ ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၄ နာရီမှ လွှတ်ပေး လိုက်ကြောင်း ကျောက်ကလေ ကျေးရွာမှ လူကြီး တစ်ဦးဖြစ်သူ ဦးမောင်တင်အေးက ပြောဆိုသည်။

ယင်းသို့ ဖမ်းဆီးခံရပြီးနောက် ရမ်းဗြဲမြို့နယ် ရဲစခန်းသို့ တိုင်ကြား ခဲ့ကြောင်း၊ တာတမံ ပိုင်ရှင်များမှာ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အလိုရှိနေသူများ ဖြစ်ကြောင်း ရဲက ပြောကြားသည်ဟု သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး စစ်တပ်ဘက်သို့ မေးမြန်းနိုင်ခြင်း မရှိသဖြင့် စစ်တပ်ဘက်မှ တုန့်ပြန်မှုကို တင်ပြနိုင်ခြင်း မရှိပါ။

Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)