ေရႊကူၿမိဳ႕နယ္ႏွင့္ ဘားအံၿမိဳ႕တို႔၌ မီးေလာင္မႈျဖစ္


ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၁၂

ကခ်င္ျပည္နယ္ ေရႊကူၿမိဳ႕ အမွတ္(၃) ဆိုင္းကုန္းရပ္ ေၾကးနန္းႏွင့္ စာတိုက္႐ုံးေနာက္ဘက္တြင္ ေဖေဖာ္ဝါရီ ၁၂ ရက္ ညေနပိုင္းက မီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈေၾကာင့္ ေနအိမ္သုံးလုံး၊ ဆိုင္ခန္းႏွစ္ခန္း ေလာင္ကြၽမ္းခဲ့ၿပီး ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ဝင္မ်ား ႏွင့္ ျပည္သူမ်ား ဝိုင္းဝန္းၿငႇိမ္းသတ္မႈေၾကာင့္ ည ၇နာရီတြင္ မီးၿငိမ္းခဲ့ေၾကာင္း သိရသည္။ မီးေလာင္မႈျဖစ္စဥ္ကိုမူ မသိရေသးေပ။

အလားတူ ဘားအံၿမိဳ႕ ဇရပ္ျဖဴေက်းရြာတြင္ တန္ ၄ဝဝဝ ဘိလပ္ေျမစက္႐ုံအဝင္လမ္း ေလးခန္းတြဲ ဆိုင္ခန္းတြင္ ယေန႔ ညေန ၄ နာရီ မိနစ္ ၄ဝ ခန္႔က တရားမဝင္ဆီဆိုင္မွ ပလတ္စတစ္ပုံးျဖင့္ ဆီထည့္ရာ တည္ၿငိမ္သဘာဝလွ်ပ္စစ္ျဖစ္ ေပၚ၍ မီးစတင္ေလာင္ကြၽမ္းခဲ့ၿပီး ေလးခန္းတြဲဆိုင္ခန္းႏွင့္ အနီးကပ္လ်က္ ကုန္စုံဆိုင္တစ္ဆိုင္ မီးေလာင္ဆုံး႐ႈံး ခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕၏ ကနဦးသတင္းမ်ားအရ သိရသည္။

ဇင္ဦး(ျမန္မာ့အလင္း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

နေပြည်တော် ဖေဖော်ဝါရီ ၁၂

ကချင်ပြည်နယ် ရွှေကူမြို့ အမှတ်(၃) ဆိုင်းကုန်းရပ် ကြေးနန်းနှင့် စာတိုက်ရုံးနောက်ဘက်တွင် ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် နေအိမ်သုံးလုံး၊ ဆိုင်ခန်းနှစ်ခန်း လောင်ကျွမ်းခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည ရနာရီတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။ မီးလောင်မှုဖြစ်စဉ်ကိုမူ မသိရသေးပေ။

အလားတူ ဘားအံမြို့ ဇရပ်ဖြူကျေးရွာတွင် တန် ၄ဝဝဝ ဘိလပ်မြေစက်ရုံအဝင်လမ်း လေးခန်းတွဲ ဆိုင်ခန်းတွင် ယနေ့ ညနေ ၄ နာရီ မိနစ် ၄ဝ ခန့်က တရားမဝင်ဆီဆိုင်မှ ပလတ်စတစ်ပုံးဖြင့် ဆီထည့်ရာ တည်ငြိမ်သဘာဝလျှပ်စစ်ဖြစ် ပေါ်၍ မီးစတင်လောင်ကျွမ်းခဲ့ပြီး လေးခန်းတွဲဆိုင်ခန်းနှင့် အနီးကပ်လျက် ကုန်စုံဆိုင်တစ်ဆိုင် မီးလောင်ဆုံးရှုံး ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ကနဦးသတင်းများအရ သိရသည်။

ဇင်ဦး(မြန်မာ့အလင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)