ကခ်င္ မူးယစ္ႏွိမ္နင္းေရး လူမႈအဖဲြ႔ေတြကို စစ္တပ္ တားဆီး

ဘိန္းခင္းဖ်က္ဆီးဖို႔ ခ်ီတက္လာသူျပည္သူမ်ားအား စစ္တပ္က တားျမစ္ထားစဥ္။ သတင္းဓာတ္ပံု- (Photo Credit to Kachin News)
ဘိန္းခင္းေတြကို ဖ်က္ဆီးဖို႔ ခ်ီတက္လာၾကတဲ႔ လူဦးေရ ၂ ေထာင္ေက်ာ္ကို ကခ်င္ျပည္နယ္ ၀ိုင္းေမာ္ၿမိဳ႕နဲ႔ ၁၂ မိုင္အကြာ လမ္းမေပၚမွာ ျမန္မာ့ တပ္မေတာ္က ပိတ္ဆို႔ တားဆီးထားတာ ဒီကေန႔ ၃ ရက္ရွိသြားၿပီ ျဖစ္ပါတယ္။ ဘိန္းစိုက္ေတာင္ သူေတြနဲ႔ ဘိန္းခင္း ဖ်က္မယ့္ ေဒသခံေတြၾကား ပဋိပကၡေတြ ျဖစ္မယ့္ အေရးေၾကာင့္ အာဏာပိုင္ေတြက တားဆီးထားတာလို႔ အေၾကာင္းျပသလို ဘိန္းခင္း ဖ်က္ဖို႔ ခ်ီတက္လာတဲ႔ ကခ်င္ရပ္မိရပ္ဖေတြ ေဒသခံေတြနဲ႔ ဦးေဆာင္ဖြဲ႔စည္းထားတဲ႔ ကခ်င္ျပည္သူ႔ မူးယစ္ေဆး၀ါး တုိက္ဖ်က္ေရး အဖြဲ႔ကလည္း ခြင္႔ျပဳခ်က္ ရတဲ႔ အထိ ေစာင့္ဆိုင္းမယ္လို႔ ေျပာဆိုထားပါတယ္။

ကခ်င္ျပည္နယ္တြင္း လူငယ္ေတြ မူးယစ္ေဆး သံုးစြဲမႈ ျပႆနာ ႀကီးထြားလာတာနဲ႔ ဘိန္းခင္းေတြကို စီးပြားျဖစ္ စိုက္ပ်ိဳးလာၾကတယ္လို႔ ေဒသခံေတြက ယူဆတာေၾကာင့္ ဒီႏွစ္မွာ ပထမဆံုး အႀကိမ္အျဖစ္ အရပ္သားေတြ စုေပါင္းၿပီး ဘိန္းခင္းေတြ ဖ်က္ဆီးဖို႔ လႈပ္ရွားလာၾကတာ ျဖစ္ပါတယ္။ ကခ်င္ျပည္နယ္ ၀ိုင္းေမာ္ၿမိဳ႕ ျပည္နယ္လႊတ္ေတာ္ အမတ္ ဦးေနာ္လီ ေခၚ ဇေခါင္ခမ္းရယ္ ကို မသိဂၤ ီထိုက္ ဆက္သြယ္ေမးျမန္း တာမွာေတာ့ လက္ရွိ အေျခအေနကို အခုလို စၿပီး ေျပာဆိုခဲ႔ပါတယ္။

ဦးေနာ္လီ။ ။ တားထားတဲ႔ အေျခအေနေတာ့ ရွိေတာ့ ရွိေသးတယ္။ ၀ါေရွာင္ အထြက္ လမ္းခြဲနားမွာေပါ့ေနာ္။ က်ေနာ္တို႔ သိထားတာကေတာ့ တဘက္နဲ႔ တဘက္၊ တဘက္မွာက ဘိန္းပင္ေတြကို စိုက္တဲ႔ ေတာင္သူေတြလို႔ ေျပာရမလား၊ လုပ္ငန္းရွင္ေတြလို႔ ေျပာရမလား၊ ေဒသခံေတြက အႏၱရာယ္ ျပဳမယ္ဆိုတဲ႔ဟာကို ဒီက အစိုးရက က်ေတာ့ လံုျခံဳေရး အေနနဲ႔ သူတို႔ ေဆာင္ရြက္ မေပးႏုိင္တဲ႔ အေျခအေန ရွိလို႔ အဲသလို တားထားတယ္လို႔ ေလာေလာဆယ္ေတာ့ အဲလို သေဘာေပါက္ထားတယ္။

မသိဂၤ ီထိုက္။ ။ အဲဒီေတာ့ ဘိန္းခင္းေတြကို ဖ်က္ေနၿပီလား။ ဘယ္နား မွာ ေရာက္ေနၾကပါလဲ။

ဦးေနာ္လီ။ ။ ပထမ တသုတ္ လူ ၁၀၀၀ တက္သြား ခဲ႔ၿပီး ျပန္လာခဲ႔ၿပီ။ အခု လူအင္အား မေလာက္လို႔ ဘိန္းခင္းကလည္း မ်ားတဲ႔ အခါက်ေတာ့ လူအင္အား ၂၀၀၀ ေက်ာ္ေပါ့ေနာ္။ လူအင္အား ျပန္လာစုၿပီးေတာ့ ဒုတိယ အႀကိမ္ ျပန္တက္ဖိ႔ု လုပ္တဲ႔ အခ်ိန္မွာ အခုအခ်ိန္ထိ မထြက္ႏုိင္ေသးဘူးေပါ့။ အဲဒီ အေျခအေန ရွိေနပါတယ္။

မသိဂၤ ီထိုက္။ ။ ၀ိုင္းေမာ္ အထြက္မွာလားရွင္။

ဦးေနာ္လီ။ ။ ၀ိုင္းေမာ္အထြက္ေတာ့ မဟုတ္ဘူး။ ၀ိုင္းေမာ္ကေန ၁၂ မိုင္ေလာက္ ရွိမယ္ ထင္တယ္။ ၀ါေရွာင္ အထြက္ေပါ့။ ၀ိုင္းေမာ္ကေန အသြားမွာ ၀ါေရွာင္ဆည္ဆိုတာ ရွိတယ္။ အဲဒီ ရြာအထြက္ ခ်ီေဖြလမ္းခြဲ၊ ခ်ီေဖြကို သြားတဲ႔ လမ္းနဲ႔ ကန္ပိုက္တီကို သြားတဲ႔ လမ္းခြဲ ထိပ္မွာ ဟုတ္တယ္။

မသိဂၤ ီထိုက္။ ။ ပိတ္ဆို႔ခံထားရတာ စိုးရိမ္စရာမ်ား ရွိပါသလားရွင့္။

ဦးေနာ္လီ။ ။ အဲလိုမ်ိဳး တိုင္ပင္ညိႇႏိႈင္းေနတာေတာ့ ရွိပါတယ္။ ဒါကေတာ့ စိုးရိမ္စရာ အႏၱရာယ္ ရွိတာ အဲသလိုေတာ့ မရွိပါဘူး။ ဒါေပမယ့္ ေဒသခံေတြလည္း မသြားခိုင္းရင္လည္း သြားခြင့္ျပဳတဲ႔ အထိ ေစာင့္ေနမယ္ေပါ့ အဲဒီသေဘာ။ ဒီက အာဏာပိုင္ေတြကလည္း လံုျခံဳေရး အေျခအေန အရေပါ့ေနာ္ ဘယ္လို ျပန္ျဖစ္မလာမလဲ ဆိုတာကေတာ့ မသိေသးဘူးေပါ့ေနာ္။

မသိဂၤ ီထိုက္။ ။ အခု တားထားတာက စစ္တပ္က တားထားတာလား၊ ရဲက တား ထားတာလား။ ဘယ္သူေတြက တားထားတာလဲ။

ဦးေနာ္လီ။ ။ ဂိတ္ ကေတာ့ စစ္တပ္ ဂိတ္ ျဖစ္ပါတယ္။ ဒါေပမယ့္ လာေရာက္ ညိႇႏိႈင္းတာကေတာ့ ရဲ။ ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႔က လာေရာက္ ညိႇႏိႈင္း တိုင္ပင္ေနတာ ေတြ႔ရပါတယ္။

မသိဂၤ ီထိုက္။ ။ ဘိန္းခင္း ဖ်က္တာကိုေတာ့ ဒီႏွစ္မွ စလုပ္တာလား။ ရပ္မိ ရပ္ဖေတြ ရပ္ရြာက စုၿပီး လုပ္ၾကတယ္လို႔ က်မတို႔ ၾကာထားလို႔ပါ။ ဒီႏွစ္မွ စလုပ္တာလား။ ႏွစ္စဥ္ဘဲ လုပ္ေနၾကလားရွင့္။

ဦးေနာ္လီ။ ။ ခါတိုင္းႏွစ္ကေတာ့ သက္ဆုိင္ရာ ဌာန ဆိုင္ရာကေပါ့ေနာ္ လုပ္ေနတာ ေတြ႔ရတယ္။ ဒီႏွစ္ကေတာ့ ျပည္သူလူထု ပါ၀င္လာတဲ႔ အပိုင္း ေတြ႔ရတယ္။ ခါတိုင္းႏွစ္က ျပည္သူ လူထု အခုလို ပါ၀င္တာ မရွိဘူး ဒီႏွစ္မွ စတာ ျဖစ္ပါတယ္။

မသိဂၤ ီထိုက္။ ။ ဟုတ္ကဲ႔ရွင့္။ ျပည္သူလူထုကပါ ဒီမူးယစ္ေဆးကို ဘိန္းခင္းေပါ့ေနာ္။ ဘိန္းခင္းကို ဖ်က္မယ္ဆိုၿပီး အင္တိုက္ အားတိုက္ ျဖစ္လာရတဲ႔ အေၾကာင္းရင္းက ကခ်င္ျပည္နယ္တြင္းက မူးယစ္ေဆး၀ါး ျပႆနာက စိုးရိမ္ရတဲ႔ အေနအထား ရွိေနလို႔လား။ ဘာေၾကာင့္ ျပည္သူလူထုက ထြက္ၿပီး ဘိန္းခင္း ဖ်က္မယ္ဆုိတဲ႔ အဆင့္ ျဖစ္လာရတာပါလဲ။

ဦးေနာ္လီ။ ။ အဲဒါက က်ေနာ္႔ အျမင္က ၂ ခ်က္ ရွိပါတယ္။ ၁ ခ်က္က တကယ့္ကို ေဒသခံ ျပည္သူလူထုက ဆိုးဆိုးရြားရြားကိုေပါ့ေနာ္ မူးယစ္ေဆး၀ါး သံုးစြဲလာတာကို ေတြ႔ေနရတယ္။ အဲဒါက်ေတာ့ ဒီျပည္သူ လူထုကေန အသင္းေတာ္ေတြကေန ခရစ္ယာန္ အသင္းေတာ္ေတြကေန စုေပါင္းၿပီးေတာ့မွ ျပည္သူလူထုေတြ ဒီ မူးယစ္ေဆး၀ါးကို ဆိုးဆိုးရြားရြား အထူးသျဖင့္ လူငယ္ေတြေပါ့ေနာ္ ပ်က္ဆီးသြားတာေတြက ပိုၿပီးမွ ဆိုးရြားလာတာကို ေတြ႔တဲ႔ အခါက်ေတာ့ ဒီ အသင္းေတာ္က ဦးေဆာင္တာ ေတြ႔ရတယ္။

ေနာက္ ဒုတိယ တခ်က္ကေတာ့ ဒီဘိန္းခင္း စိုက္တယ္ဆိုတာ တကယ္တန္းက်ေတာ့ စပါးတို႔ ေျပာင္းတို႔ ဘာတို႔ စိုက္လုိ႔ မရတဲ႔ ေဒသမွာ ေနထိုင္တဲ႔ ေဒသခံေတြ အရင္တုန္းကေတာ့ ေရွးရိုးရာ အလုိက္ နည္းနညး္ပါးပါး ေဆးျဖစ္ ၀ါးျဖစ္ စိုက္ၾကတာ ရွိတယ္။ ဒါေပမယ့္ အခု ေနာက္ပိုင္းက်ေတာ့ တဘက္ ႏုိင္ငံကေန စီးပြားေရး လုပ္ငန္းရွင္ေတြ ပံုစံ လာေရာက္လုပ္ကိုင္တဲ႔ အခါက်ေတာ့ ကိုယ့္ႏုိင္ငံ အတြင္းမွာ လာေရာက္ လုပ္ကိုင္တဲ႔ အခါက်ေတာ့ အဲလိုမ်ိဳးေတြေပါ့။ တကယ္တမ္း က်ေတာ့ ေဒသခံေတြရဲ႕ နာမည္ယူၿပီးေတာ့ တဘက္ ကိုယ္က်ိဳးစီးပြားရွာတဲ႔ လူေတြက ပိုၿပီးမွ ျဖစ္ေနတယ္ေပါ့။ အဲဒီ အျမင္ ၂ ဘက္နဲ႔ ဒီဟာကို မလုပ္မျဖစ္ဘူး ဆိုၿပီး ျပည္သူလူထုက ၀ိုင္း၀န္း လုပ္ေဆာင္ ပါ၀င္လာၾကတဲ႔ သေဘာရွိတယ္။

ကခ်င္ျပည္နယ္ ၀ိုင္းေမာ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ အမတ္ ဦးေနာ္လီ ေခၚ ဇေခါင္ခမ္းရယ္ကို မသိဂၤ ီထုိက္ ဆက္သြယ္ေမးျမန္းတင္ျပခဲ႔တာျဖစ္ပါတယ္။

မသိဂႌထုိက္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

...........................................


ဘိန်းခင်းဖျက်ဆီးဖို့ ချီတက်လာသူပြည်သူများအား စစ်တပ်က တားမြစ်ထားစဉ်။ သတင်းဓာတ်ပုံ- (Photo Credit to Kachin News)
ဘိန်းခင်းတွေကို ဖျက်ဆီးဖို့ ချီတက်လာကြတဲ့ လူဦးရေ ၂ ထောင်ကျော်ကို ကချင်ပြည်နယ် ၀ိုင်းမော်မြို့နဲ့ ၁၂ မိုင်အကွာ လမ်းမပေါ်မှာ မြန်မာ့ တပ်မတော်က ပိတ်ဆို့ တားဆီးထားတာ ဒီကနေ့ ၃ ရက်ရှိသွားပြီ ဖြစ်ပါတယ်။ ဘိန်းစိုက်တောင် သူတွေနဲ့ ဘိန်းခင်း ဖျက်မယ့် ဒေသခံတွေကြား ပဋိပက္ခတွေ ဖြစ်မယ့် အရေးကြောင့် အာဏာပိုင်တွေက တားဆီးထားတာလို့ အကြောင်းပြသလို ဘိန်းခင်း ဖျက်ဖို့ ချီတက်လာတဲ့ ကချင်ရပ်မိရပ်ဖတွေ ဒေသခံတွေနဲ့ ဦးဆောင်ဖွဲ့စည်းထားတဲ့ ကချင်ပြည်သူ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ကလည်း ခွင့်ပြုချက် ရတဲ့ အထိ စောင့်ဆိုင်းမယ်လို့ ပြောဆိုထားပါတယ်။

ကချင်ပြည်နယ်တွင်း လူငယ်တွေ မူးယစ်ဆေး သုံးစွဲမှု ပြဿနာ ကြီးထွားလာတာနဲ့ ဘိန်းခင်းတွေကို စီးပွားဖြစ် စိုက်ပျိုးလာကြတယ်လို့ ဒေသခံတွေက ယူဆတာကြောင့် ဒီနှစ်မှာ ပထမဆုံး အကြိမ်အဖြစ် အရပ်သားတွေ စုပေါင်းပြီး ဘိန်းခင်းတွေ ဖျက်ဆီးဖို့ လှုပ်ရှားလာကြတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ် ၀ိုင်းမော်မြို့ ပြည်နယ်လွှတ်တော် အမတ် ဦးနော်လီ ခေါ် ဇခေါင်ခမ်းရယ် ကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်း တာမှာတော့ လက်ရှိ အခြေအနေကို အခုလို စပြီး ပြောဆိုခဲ့ပါတယ်။

ဦးနော်လီ။ ။ တားထားတဲ့ အခြေအနေတော့ ရှိတော့ ရှိသေးတယ်။ ၀ါရှောင် အထွက် လမ်းခွဲနားမှာပေါ့နော်။ ကျနော်တို့ သိထားတာကတော့ တဘက်နဲ့ တဘက်၊ တဘက်မှာက ဘိန်းပင်တွေကို စိုက်တဲ့ တောင်သူတွေလို့ ပြောရမလား၊ လုပ်ငန်းရှင်တွေလို့ ပြောရမလား၊ ဒေသခံတွေက အန္တရာယ် ပြုမယ်ဆိုတဲ့ဟာကို ဒီက အစိုးရက ကျတော့ လုံခြုံရေး အနေနဲ့ သူတို့ ဆောင်ရွက် မပေးနိုင်တဲ့ အခြေအနေ ရှိလို့ အဲသလို တားထားတယ်လို့ လောလောဆယ်တော့ အဲလို သဘောပေါက်ထားတယ်။

မသိင်္ဂ ီထိုက်။ ။ အဲဒီတော့ ဘိန်းခင်းတွေကို ဖျက်နေပြီလား။ ဘယ်နား မှာ ရောက်နေကြပါလဲ။

ဦးနော်လီ။ ။ ပထမ တသုတ် လူ ၁၀၀၀ တက်သွား ခဲ့ပြီး ပြန်လာခဲ့ပြီ။ အခု လူအင်အား မလောက်လို့ ဘိန်းခင်းကလည်း များတဲ့ အခါကျတော့ လူအင်အား ၂၀၀၀ ကျော်ပေါ့နော်။ လူအင်အား ပြန်လာစုပြီးတော့ ဒုတိယ အကြိမ် ပြန်တက်ဖို့ လုပ်တဲ့ အချိန်မှာ အခုအချိန်ထိ မထွက်နိုင်သေးဘူးပေါ့။ အဲဒီ အခြေအနေ ရှိနေပါတယ်။

မသိင်္ဂ ီထိုက်။ ။ ၀ိုင်းမော် အထွက်မှာလားရှင်။

ဦးနော်လီ။ ။ ၀ိုင်းမော်အထွက်တော့ မဟုတ်ဘူး။ ၀ိုင်းမော်ကနေ ၁၂ မိုင်လောက် ရှိမယ် ထင်တယ်။ ၀ါရှောင် အထွက်ပေါ့။ ၀ိုင်းမော်ကနေ အသွားမှာ ၀ါရှောင်ဆည်ဆိုတာ ရှိတယ်။ အဲဒီ ရွာအထွက် ချီဖွေလမ်းခွဲ၊ ချီဖွေကို သွားတဲ့ လမ်းနဲ့ ကန်ပိုက်တီကို သွားတဲ့ လမ်းခွဲ ထိပ်မှာ ဟုတ်တယ်။

မသိင်္ဂ ီထိုက်။ ။ ပိတ်ဆို့ခံထားရတာ စိုးရိမ်စရာများ ရှိပါသလားရှင့်။

ဦးနော်လီ။ ။ အဲလိုမျိုး တိုင်ပင်ညှိနှိုင်းနေတာတော့ ရှိပါတယ်။ ဒါကတော့ စိုးရိမ်စရာ အန္တရာယ် ရှိတာ အဲသလိုတော့ မရှိပါဘူး။ ဒါပေမယ့် ဒေသခံတွေလည်း မသွားခိုင်းရင်လည်း သွားခွင့်ပြုတဲ့ အထိ စောင့်နေမယ်ပေါ့ အဲဒီသဘော။ ဒီက အာဏာပိုင်တွေကလည်း လုံခြံုရေး အခြေအနေ အရပေါ့နော် ဘယ်လို ပြန်ဖြစ်မလာမလဲ ဆိုတာကတော့ မသိသေးဘူးပေါ့နော်။

မသိင်္ဂ ီထိုက်။ ။ အခု တားထားတာက စစ်တပ်က တားထားတာလား၊ ရဲက တား ထားတာလား။ ဘယ်သူတွေက တားထားတာလဲ။

ဦးနော်လီ။ ။ ဂိတ် ကတော့ စစ်တပ် ဂိတ် ဖြစ်ပါတယ်။ ဒါပေမယ့် လာရောက် ညှိနှိုင်းတာကတော့ ရဲ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လာရောက် ညှိနှိုင်း တိုင်ပင်နေတာ တွေ့ရပါတယ်။

မသိင်္ဂ ီထိုက်။ ။ ဘိန်းခင်း ဖျက်တာကိုတော့ ဒီနှစ်မှ စလုပ်တာလား။ ရပ်မိ ရပ်ဖတွေ ရပ်ရွာက စုပြီး လုပ်ကြတယ်လို့ ကျမတို့ ကြာထားလို့ပါ။ ဒီနှစ်မှ စလုပ်တာလား။ နှစ်စဉ်ဘဲ လုပ်နေကြလားရှင့်။

ဦးနော်လီ။ ။ ခါတိုင်းနှစ်ကတော့ သက်ဆိုင်ရာ ဌာန ဆိုင်ရာကပေါ့နော် လုပ်နေတာ တွေ့ရတယ်။ ဒီနှစ်ကတော့ ပြည်သူလူထု ပါ၀င်လာတဲ့ အပိုင်း တွေ့ရတယ်။ ခါတိုင်းနှစ်က ပြည်သူ လူထု အခုလို ပါ၀င်တာ မရှိဘူး ဒီနှစ်မှ စတာ ဖြစ်ပါတယ်။

မသိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ရှင့်။ ပြည်သူလူထုကပါ ဒီမူးယစ်ဆေးကို ဘိန်းခင်းပေါ့နော်။ ဘိန်းခင်းကို ဖျက်မယ်ဆိုပြီး အင်တိုက် အားတိုက် ဖြစ်လာရတဲ့ အကြောင်းရင်းက ကချင်ပြည်နယ်တွင်းက မူးယစ်ဆေးဝါး ပြဿနာက စိုးရိမ်ရတဲ့ အနေအထား ရှိနေလို့လား။ ဘာကြောင့် ပြည်သူလူထုက ထွက်ပြီး ဘိန်းခင်း ဖျက်မယ်ဆိုတဲ့ အဆင့် ဖြစ်လာရတာပါလဲ။

ဦးနော်လီ။ ။ အဲဒါက ကျနော့် အမြင်က ၂ ချက် ရှိပါတယ်။ ၁ ချက်က တကယ့်ကို ဒေသခံ ပြည်သူလူထုက ဆိုးဆိုးရွားရွားကိုပေါ့နော် မူးယစ်ဆေးဝါး သုံးစွဲလာတာကို တွေ့နေရတယ်။ အဲဒါကျတော့ ဒီပြည်သူ လူထုကနေ အသင်းတော်တွေကနေ ခရစ်ယာန် အသင်းတော်တွေကနေ စုပေါင်းပြီးတော့မှ ပြည်သူလူထုတွေ ဒီ မူးယစ်ဆေးဝါးကို ဆိုးဆိုးရွားရွား အထူးသဖြင့် လူငယ်တွေပေါ့နော် ပျက်ဆီးသွားတာတွေက ပိုပြီးမှ ဆိုးရွားလာတာကို တွေ့တဲ့ အခါကျတော့ ဒီ အသင်းတော်က ဦးဆောင်တာ တွေ့ရတယ်။

နောက် ဒုတိယ တချက်ကတော့ ဒီဘိန်းခင်း စိုက်တယ်ဆိုတာ တကယ်တန်းကျတော့ စပါးတို့ ပြောင်းတို့ ဘာတို့ စိုက်လို့ မရတဲ့ ဒေသမှာ နေထိုင်တဲ့ ဒေသခံတွေ အရင်တုန်းကတော့ ရှေးရိုးရာ အလိုက် နည်းနညး်ပါးပါး ဆေးဖြစ် ၀ါးဖြစ် စိုက်ကြတာ ရှိတယ်။ ဒါပေမယ့် အခု နောက်ပိုင်းကျတော့ တဘက် နိုင်ငံကနေ စီးပွားရေး လုပ်ငန်းရှင်တွေ ပုံစံ လာရောက်လုပ်ကိုင်တဲ့ အခါကျတော့ ကိုယ့်နိုင်ငံ အတွင်းမှာ လာရောက် လုပ်ကိုင်တဲ့ အခါကျတော့ အဲလိုမျိုးတွေပေါ့။ တကယ်တမ်း ကျတော့ ဒေသခံတွေရဲ့ နာမည်ယူပြီးတော့ တဘက် ကိုယ်ကျိုးစီးပွားရှာတဲ့ လူတွေက ပိုပြီးမှ ဖြစ်နေတယ်ပေါ့။ အဲဒီ အမြင် ၂ ဘက်နဲ့ ဒီဟာကို မလုပ်မဖြစ်ဘူး ဆိုပြီး ပြည်သူလူထုက ၀ိုင်းဝန်း လုပ်ဆောင် ပါ၀င်လာကြတဲ့ သဘောရှိတယ်။

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ပြည်နယ်လွှတ်တော် အမတ် ဦးနော်လီ ခေါ် ဇခေါင်ခမ်းရယ်ကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းတင်ပြခဲ့တာဖြစ်ပါတယ်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)