ေျမာက္ဦးတြင္ သစ္ပင္အကိုင္းခုတ္ရာမွ ဓာတ္မီးတိုင္ၾကိဳးရိုက္မိ၍ သီလရွင္ တစ္ပါး ေသဆံုး


ရခိုင္ျပည္နယ္ ေျမာက္ဦးတြင္ သစ္ပင္ခုတ္ရာမွ ဓာတ္မီးတိုင္က်ိဳးျပီး ျပတ္က်သြားေသာ ၾကိဳးရိုက္မိ၍ သီလရွင္ တစ္ပါး ကြယ္လြန္သြားေၾကာင္း သတင္း ရရွိသည္။

“ ျဖစ္တာက ဒီကေန႕ မြန္းလြဲ ၂ နာရီခြဲက ျဖစ္ပြားတာပါ။ ကားလမ္းေပၚမွ မလြတ္ဘဲ ျဖစ္ေနတဲ့ သစ္ကိုင္းကို ခုတ္ရာမွာ သစ္ကိုင္းက ဓာတ္တိုင္ေပၚ ပိက်ျပီး ဓာတ္တိုင္က်ိဳးတယ္။ မီးၾကိဳးက သီလရွင္ရဲ႕ ေခါင္းကို လာရိုက္မိျပီး ေသဆံုး သြားတာ ျဖစ္ပါတယ္” ဟု ေျမာက္ဦးျမိဳ႕နယ္ နယ္ထိန္းရဲ တာ၀န္ရွိသူ တစ္ဦးက နိရဥၥရာသို႕ ေျပာသည္။

သီလရွင္၏ ေျမာက္ဦး ဗႏၶဳလ ေက်ာင္းမွ ျဖစ္ျပီး လူအမည္မွာ မလွေအးျဖစ္ေၾကာင္း၊ လက္ေထာက္ ျမိဳ႕နယ္ ပညာေရးမွဴး (ျငိမ္း) ဦးေက်ာ္လွဦး၏ ညီမျဖစ္ေၾကာင္း သိရသည္။

အခင္းျဖစ္ပြားမႈမွာ ေျမာက္ဦး ေက်ာက္ရစ္ေက ရပ္ကြက္တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ျပီး သီလရွင္မွာ ဓာတ္တိုင္က်ိဳးျပီး မီးၾကိဳးျပတ္က်စဥ္ လမ္းသြားေနရာမွ ယခုကဲ့သို႕ ၀မ္းနည္းေၾကကြဲဖြယ္ရာ ျဖစ္ရပ္ႏွင့္ ၾကံဳခဲ့ရေၾကာင္း ေျမာက္ဦး ေဒသခံ ဦးဘညႊန္႕က ေျပာသည္။

သစ္ပင္ခုတ္သူမွာ ဦးမုန္တိုင္း ျဖစ္သည္။ သီလရွင္၏ ဦးေခါင္းမွာ ဓာတ္ၾကိဳးထိမွန္သျဖင့္ ႏွစ္ျခမ္းကြဲအက္သြားသည္ဟု သိရသည္။

သူငါ (ေျမာက္ဦး)
Arakan State
https://www.facebook.com/NarinjaraNews
.......


ရခိုင်ပြည်နယ် မြောက်ဦးတွင် သစ်ပင်ခုတ်ရာမှ ဓာတ်မီးတိုင်ကျိုးပြီး ပြတ်ကျသွားသော ကြိုးရိုက်မိ၍ သီလရှင် တစ်ပါး ကွယ်လွန်သွားကြောင်း သတင်း ရရှိသည်။

“ ဖြစ်တာက ဒီကနေ့ မွန်းလွဲ ၂ နာရီခွဲက ဖြစ်ပွားတာပါ။ ကားလမ်းပေါ်မှ မလွတ်ဘဲ ဖြစ်နေတဲ့ သစ်ကိုင်းကို ခုတ်ရာမှာ သစ်ကိုင်းက ဓာတ်တိုင်ပေါ် ပိကျပြီး ဓာတ်တိုင်ကျိုးတယ်။ မီးကြိုးက သီလရှင်ရဲ့ ခေါင်းကို လာရိုက်မိပြီး သေဆုံး သွားတာ ဖြစ်ပါတယ်” ဟု မြောက်ဦးမြို့နယ် နယ်ထိန်းရဲ တာဝန်ရှိသူ တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

သီလရှင်၏ မြောက်ဦး ဗန္ဓုလ ကျောင်းမှ ဖြစ်ပြီး လူအမည်မှာ မလှအေးဖြစ်ကြောင်း၊ လက်ထောက် မြို့နယ် ပညာရေးမှူး (ငြိမ်း) ဦးကျော်လှဦး၏ ညီမဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားမှုမှာ မြောက်ဦး ကျောက်ရစ်ကေ ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သီလရှင်မှာ ဓာတ်တိုင်ကျိုးပြီး မီးကြိုးပြတ်ကျစဉ် လမ်းသွားနေရာမှ ယခုကဲ့သို့ ၀မ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်နှင့် ကြုံခဲ့ရကြောင်း မြောက်ဦး ဒေသခံ ဦးဘညွှန့်က ပြောသည်။

သစ်ပင်ခုတ်သူမှာ ဦးမုန်တိုင်း ဖြစ်သည်။ သီလရှင်၏ ဦးခေါင်းမှာ ဓာတ်ကြိုးထိမှန်သဖြင့် နှစ်ခြမ်းကွဲအက်သွားသည်ဟု သိရသည်။

သူငါ (မြောက်ဦး)
Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)