၅၉ (စ)ကို မျပင္ဖို႔ လူထုေထာက္ခံပဲြျပဳလုပ္ (၅၉ (စ)ကို မပြင်ဖို့ လူထုထောက်ခံပွဲပြုလုပ် )



ႏုိင္ငံေတာ္သမၼတျဖစ္ခြင့္ကို ကန္႔သတ္ထားတဲ့ အေျခခံဥပေဒ ပုဒ္မ ၅၉ (စ)ကို ျပင္မယ္ဆုိရင္ စစ္တပ္နဲ႔ ပူးေပါင္းသြားမယ္လုိ႔ ေၾကညာလိုက္ေၾကာင္း မတူကြဲျပားျခင္းနဲ႔ ၿငိမ္းခ်မ္းေရးပါတီ ဥကၠ႒ ကိုေနမ်ဳိးေဝ က ေျပာပါတယ္။

အေျခခံ ဥပေဒ ပုဒ္မ ၅၉ ဆက္လက္တည္ရွိေရး ေထာက္ခံေဟာေျပာပြဲကို ဒီေန႔ ရန္ကုန္ၿမိဳ႕၊ ဗဟန္းၿမိဳ႕နယ္ ဗုိလ္စိန္မွန္ အားကစားကြင္းမွာ က်င္းပစဥ္ ကိုေနမ်ဳိးေဝက လက္ရိွနုိင္ငံေရး အေျခအေနအေၾကာင္း ေဟာေျပာရင္းထည့္သြင္း ေျပာခဲ့တာျဖစ္ပါတယ္။

"ဦးေရႊမန္းက လႊတ္ေတာ္ဥကၠဌ လႊတ္ေတာ္နာယကေနနဲ႔ တာဝန္ထမ္းေဆာင္ခဲ့တယ္၊ ဦးေရႊမန္းနဲ႔ ဦးသိန္းစိန္ အစိုးရနဲ႔ ဖြဲ႔စည္းပံုအေျခခံဆိုင္ရာခံုရံုးနဲ႔ ပဋိပကၡေတြျဖစ္ၾကတယ္၊ စစ္သားေတြအခ်င္းခ်င္း စစ္သားလူထြက္ အခ်င္းခ်င္း ပါဝါေတြၿပိဳင္ၾကတယ္၊ အဲ့လိုပဲ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ လႊတ္ေတာ္ထဲမွာ သူ႔ရဲ႕ၾသဇာကိုခံမယ့္ သူ႔ကိုခ်စ္တဲ့၊ ျမတ္ႏိုးတဲ့ လႊတ္ေတာ္အမတ္ေတြ ရွိေနတဲ့အခ်ိန္မွာ လႊတ္ေတာ္နာယကလိုေနရာမ်ိဳးကို ဝင္ထိုင္ၿပီးသကာလ ဖြဲ႔စည္းပံုအေျခခံဥပေဒနဲ႔ ညီညြတ္တဲ့ သမၼတ တစ္ေယာက္ကိုတင္ၿပီးေတာ့ ပါဝါေပးလိုက္ လုပ္ပါရပါတယ္၊ ၅၉(စ)ကို ျပင္မယ္ဆိုရင္ က်ေနာ္တို႔က တပ္မေတာ္ထဲကို ေဘာ္လံဒီယာပဲ ဝင္ရဝင္ရ၊ ေပၚတာပဲ အဆြဲခံရခံရ၊ စစ္တပ္နဲ႔ေပါင္းမွာျဖစ္ေၾကာင္း ေၾကညာရင္း နိဂံုးခ်ဳပ္ပါတယ္ခင္ဗ်ား"

ဒီေန႔ ျပဳလုပ္တဲ့ပြဲကုိ ျမန္မာအမ်ဳိးသားေရးကြန္ရက္က ကုိဝင္းကုိကုိလတ္၊ ေရွ႕ေန ဦးေအးပုိင္၊ အမ်ဳိးသား ဒီမုိကေရစီ အင္အားစုပါတီက ေဒၚခင္ဝိုင္းၾကည္နဲ႔ မတူကြဲျပားျခင္းႏွင့္ ၿငိမ္းခ်မ္းေရးပါတီ ဥကၠ႒ ဦးေနမ်ဳိးေဝ တို႔က ပုဒ္မ ၅၉ ကို ေထာက္ခံတဲ့အေၾကာင္း ေဟာေျပာခဲ့ၾကပါတယ္။

ေဟာေျပာပြဲ တက္ေရာက္လာသူ ၃ဝဝ ေလာက္ဟာ “ျမန္မာ့ေနာင္ေရး စိတ္ခ်ဖို႔ ပုဒ္မ ၅၉ ေထာက္ခံစို႔၊ ပုဒ္မ ၅၉ ျပင္ဆင္သူ အမ်ိဳးသားေရး ဘုံရန္သူ၊ ပုဒ္မ ၅၉ ေထာက္ခံမွ တိုင္းရင္းသားတို႔ဘဝ စိတ္ခ်ရ၊ ဖြဲ႔စည္းပုံ အေျခခံ ဥပေဒ ပုဒ္မ ၅၉(စ) အား ဆိုင္းငံျခင္း၊ ျပင္ဆင္ျခင္း လုံးဝမျပဳလုပ္ရန္ အမ်ိဳးသားေရး အင္အားစုမ်ားက ေတာင္းဆိုပါသည္” စတဲ့ ဗီႏုိင္းေတြကို ကိုင္ေဆာင္ခဲ့ၾကပါတယ္။

ဒီကေန႔ ေဟာေျပာပြဲကုိ သံဃာေတာ္ေတြ၊ ႀကံ႕ခိုင္ဖံြ႔ၿဖိဳးေရးပါတီဝင္ေတြ၊ တုိင္းရင္းသား စည္းလုံးညီၫြတ္ေရး ပါတီ၊ အမ်ဳိးသား ဒီမုိကေရစီ အင္အားစုပါတီ စတဲ့ပါတီေတြလည္း တက္ေရာက္ခဲ့ၾကၿပီး ပုဒ္မ ၅၉ ကိုေထာက္ခံတဲ့ လက္မွတ္ေရးထိုးခဲ့ၾကတယ္လို႔ သိရပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese
..............


နိုင်ငံတော်သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားတဲ့ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ)ကို ပြင်မယ်ဆိုရင် စစ်တပ်နဲ့ ပူးပေါင်းသွားမယ်လို့ ကြေညာလိုက်ကြောင်း မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ကိုနေမျိုးဝေ က ပြောပါတယ်။

အခြေခံ ဥပဒေ ပုဒ်မ ၅၉ ဆက်လက်တည်ရှိရေး ထောက်ခံဟောပြောပွဲကို ဒီနေ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ကျင်းပစဉ် ကိုနေမျိုးဝေက လက်ရှိနိုင်ငံရေး အခြေအနေအကြောင်း ဟောပြောရင်းထည့်သွင်း ပြောခဲ့တာဖြစ်ပါတယ်။

"ဦးရွှေမန်းက လွှတ်တော်ဥက္ကဌ လွှတ်တော်နာယကနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်၊ ဦးရွှေမန်းနဲ့ ဦးသိန်းစိန် အစိုးရနဲ့ ဖွဲ့စည်းပုံအခြေခံဆိုင်ရာခုံရုံးနဲ့ ပဋိပက္ခတွေဖြစ်ကြတယ်၊ စစ်သားတွေအချင်းချင်း စစ်သားလူထွက် အချင်းချင်း ပါဝါတွေပြိုင်ကြတယ်၊ အဲ့လိုပဲ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ထဲမှာ သူ့ရဲ့သြဇာကိုခံမယ့် သူ့ကိုချစ်တဲ့၊ မြတ်နိုးတဲ့ လွှတ်တော်အမတ်တွေ ရှိနေတဲ့အချိန်မှာ လွှတ်တော်နာယကလိုနေရာမျိုးကို ဝင်ထိုင်ပြီးသကာလ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်တဲ့ သမ္မတ တစ်ယောက်ကိုတင်ပြီးတော့ ပါဝါပေးလိုက် လုပ်ပါရပါတယ်၊ ၅၉(စ)ကို ပြင်မယ်ဆိုရင် ကျနော်တို့က တပ်မတော်ထဲကို ဘော်လံဒီယာပဲ ဝင်ရဝင်ရ၊ ပေါ်တာပဲ အဆွဲခံရခံရ၊ စစ်တပ်နဲ့ပေါင်းမှာဖြစ်ကြောင်း ကြေညာရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား"

ဒီနေ့ ပြုလုပ်တဲ့ပွဲကို မြန်မာအမျိုးသားရေးကွန်ရက်က ကိုဝင်းကိုကိုလတ်၊ ရှေ့နေ ဦးအေးပိုင်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက ဒေါ်ခင်ဝိုင်းကြည်နဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ တို့က ပုဒ်မ ၅၉ ကို ထောက်ခံတဲ့အကြောင်း ဟောပြောခဲ့ကြပါတယ်။

ဟောပြောပွဲ တက်ရောက်လာသူ ၃ဝဝ လောက်ဟာ “မြန်မာ့နောင်ရေး စိတ်ချဖို့ ပုဒ်မ ၅၉ ထောက်ခံစို့၊ ပုဒ်မ ၅၉ ပြင်ဆင်သူ အမျိုးသားရေး ဘုံရန်သူ၊ ပုဒ်မ ၅၉ ထောက်ခံမှ တိုင်းရင်းသားတို့ဘဝ စိတ်ချရ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉(စ) အား ဆိုင်းငံခြင်း၊ ပြင်ဆင်ခြင်း လုံးဝမပြုလုပ်ရန် အမျိုးသားရေး အင်အားစုများက တောင်းဆိုပါသည်” စတဲ့ ဗီနိုင်းတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။

ဒီကနေ့ ဟောပြောပွဲကို သံဃာတော်တွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ စတဲ့ပါတီတွေလည်း တက်ရောက်ခဲ့ကြပြီး ပုဒ်မ ၅၉ ကိုထောက်ခံတဲ့ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)