မုိးညႇင္းတြင္ ငါးတန္းေက်ာင္းသူတစ္ဦး အဓမၼက်င္႕ခံရ

ကခ်င္ျပည္နယ္ မုိးညႇင္းၿမိဳ႕ ေအာင္သေျပ(၃)ရပ္ကြက္ေနအသက္ ၁၂ႏွစ္အရြယ္ ငါးတန္းေက်ာင္းသူ တစ္ဦးကုိ ခဲအုိျဖစ္သူက ငါးဖမ္း အတူသြားစဥ္ လူျပတ္ေသာေတာ စပ္တြင္ အလုိမတူဘဲသားမယား အျဖစ္ ျပဳက်င့္မႈျဖစ္ပြားခဲ့သျဖင့္ ဥပေဒအရ အေရးယူထားသည္။

ျဖစ္ပြားပံုမွာ ယခုလ ၂ဝရက္ မြန္းလြဲ၂နာရီက မုိးညႇင္းၿမိဳ႕ေအာင္ သေျပ(၃)ရပ္ကြက္ေနမ---သည္ ခဲအုိျဖစ္သူေအာင္စည္ႏွင့္အတူ နန္႔စေကာက္ေခ်ာင္းသုိ႔ အတူတကြ သြားေရာက္ ငါးဖမ္းခဲ့ၾကသည္။

နန္႔စေကာက္ေခ်ာင္းမေရာက္ မီေတာစပ္အေရာက္ လူျပတ္ေသာ ေနရာတြင္ ေအာင္စည္က မ--- ၏ ပါးစပ္အားပိတ္၍ ခ်ဳံပုတ္တစ္ ခုအတြင္းေခၚေဆာင္ၿပီး သားမယား အျဖစ္ျပဳက်င့္ခဲ့သည္။

 ျပစ္မႈက်ဴး လြန္သူေအာင္စည္ကုိ မုိးညႇင္းၿမိဳ႕မ စခန္းမွဴး ဒုတိယရဲမွဴးလွေထြးႏွင့္ နယ္ထိန္းတပ္ဖြဲ႕ဝင္မ်ား၊ ေအာင္ သေျပရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးေနာ္လာတို႔ႏွင့္အတူသြားေရာက္ ဖမ္းဆီးခဲ့သည္။

ထုိ႔ေၾကာင့္အသက္ မျပည့္ေသးေသာ ေက်ာင္းသူတစ္ ဦးအားအလုိမတူဘဲသားမယားျပဳ က်င့္သူ ေအာင္စည္(၂၇ႏွစ္)(ဘ) ဦးေမာင္ေအာင္ သေျပ(၃)ရပ္ကြက္ မုိးညႇင္းၿမိဳ႕ေနသူအား မုိးညႇင္းၿမိဳ႕မ ရဲစခန္းက (ပ)၂၉/၂ဝ၁၆ ျပစ္မႈ ဆုိင္ရာ ဥပေဒပုဒ္မ ၃၇၆ ျဖင့္ တရားစြဲဆုိထားသည္။

ကခ်င္ေျမနဂါး
The Union Daily
http://uniondaily.net
..........................
 မိုးညှင်းတွင် ငါးတန်းကျောင်းသူတစ်ဦး အဓမ္မကျင့်ခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့ အောင်သပြေ(၃)ရပ်ကွက်နေအသက် ၁၂နှစ်အရွယ် ငါးတန်းကျောင်းသူ တစ်ဦးကို ခဲအိုဖြစ်သူက ငါးဖမ်း အတူသွားစဉ် လူပြတ်သောတော စပ်တွင် အလိုမတူဘဲသားမယား အဖြစ် ပြုကျင့်မှုဖြစ်ပွားခဲ့သဖြင့် ဥပဒေအရ အရေးယူထားသည်။

ဖြစ်ပွားပုံမှာ ယခုလ ၂ဝရက် မွန်းလွဲ၂နာရီက မိုးညှင်းမြို့အောင် သပြေ(၃)ရပ်ကွက်နေမ---သည် ခဲအိုဖြစ်သူအောင်စည်နှင့်အတူ နန့်စကောက်ချောင်းသို့ အတူတကွ သွားရောက် ငါးဖမ်းခဲ့ကြသည်။

နန့်စကောက်ချောင်းမရောက် မီတောစပ်အရောက် လူပြတ်သော နေရာတွင် အောင်စည်က မ--- ၏ ပါးစပ်အားပိတ်၍ ချုံပုတ်တစ် ခုအတွင်းခေါ်ဆောင်ပြီး သားမယား အဖြစ်ပြုကျင့်ခဲ့သည်။

 ပြစ်မှုကျူး လွန်သူအောင်စည်ကို မိုးညှင်းမြို့မ စခန်းမှူး ဒုတိယရဲမှူးလှထွေးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ အောင် သပြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနော်လာတို့နှင့်အတူသွားရောက် ဖမ်းဆီးခဲ့သည်။

ထို့ကြောင့်အသက် မပြည့်သေးသော ကျောင်းသူတစ် ဦးအားအလိုမတူဘဲသားမယားပြု ကျင့်သူ အောင်စည်(၂၇နှစ်)(ဘ) ဦးမောင်အောင် သပြေ(၃)ရပ်ကွက် မိုးညှင်းမြို့နေသူအား မိုးညှင်းမြို့မ ရဲစခန်းက (ပ)၂၉/၂ဝ၁၆ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် တရားစွဲဆိုထားသည်။

ကချင်မြေနဂါး
The Union Daily
http://uniondaily.net
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)