သီေပါဘူတာ ရထားလမ္း အနီး ခ်ိန္ကိုက္မိုင္းေတြ႔ရွိ


သီေပါ ေဖေဖာ္ဝါရီ ၂၉

ရွမ္းျပည္နယ္ေျမာက္ပိုင္း သီးေပါၿမိဳ႕ ၿမိဳ႕လယ္ရပ္ကြက္ နမ့္ခ်ာင္း ရထားသံလမ္း အမွတ္(၃၉၁) မႏၲေလးမွ လား႐ႈိးသို႔အဝင္ သီေပါ ဘူတာအနီး မိုင္တိုင္ အမွတ္ ၅၀၉/၁၃-၁၄ တြင္ ေဖေဖာ္ဝါရီ ၂၉ ရက္ နံနက္ ၈ နာရီေက်ာ္က ျမန္မာ့ မီးရထားဂိတ္ေစာင့္ ဝန္ထမ္း ဦးေအာင္ဝင္းႏွင့္ ဦးေဌး၀င္းတို႔သည္ ရထားလမ္းေဘးရွိ ခ်ဳံႏြယ္ႏွင့္ အမႈိက္မ်ား သန္႔ရွင္းေရးေဆာင္ရြက္ရာ မိုင္းဟုယူဆရေသာ အစိမ္း ေရာင္ဘူးကို ရထားသံလမ္းႏွင့္ ငါးေပအကြာ၌ ေတြ႕ရွိခဲ့သည္။

ထို႔ေၾကာင့္ အခင္းျဖစ္ေနရာသို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးမ်ိဳးတင့္ေဇာ္၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးျမင့္ေဆြ၊ ၿမိဳ႕နယ္မီးသတ္ဦးစီးမႉး ဦးေအာင္ၾကည္ထြန္း၊ ျမန္မာ့ မီးရထား(သီေပါ) ဘူတာ႐ုံပိုင္ႀကီး ဦးေမာင္ေမာင္ႏိုင္၊ ၿမိဳ႕လယ္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးဘိုနီႏွင့္ တာဝန္ရွိသူမ်ားက သြားေရာက္ ၾကည့္႐ႈစစ္ေဆးၿပီး သက္ဆိုင္ရာ နယ္ေျမခံတပ္ရင္းသို႔ အေၾကာင္းၾကားခဲ့သည္။

အဆိုပါမိုင္းမွာ PVC ပိုက္ ရွစ္လက္မ၊ အခ်င္း ရွစ္လက္မ၊ အျမင့္ ငါးလက္မခန္႔ရွိ ပိုက္အတြင္း သံတို သစံ မ်ားေရာေႏွာ၍ ေဒသနရၱ ယမ္း အမ်ိဳးအစားျဖင့္ ျပဳလုပ္ထားၿပီး 9 Volt ဘက္ထရီအိုးျဖင့္ ဝိုင္ယာ ႀကိဳး ဆက္ သြယ္ျပဳလုပ္ထားသည့္ ခ်ိန္ကိုက္မိုင္းျဖစ္ကာ လူႏွင့္သံလမ္းမွာ ထိခိုက္ပ်က္စီးျခင္းမရွိေၾကာင္း သိရသည္။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

.........................................


သီပေါ ဖေဖော်ဝါရီ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း သီးပေါမြို့ မြို့လယ်ရပ်ကွက် နမ့်ချာင်း ရထားသံလမ်း အမှတ်(၃၉၁) မန္တလေးမှ လားရှိုးသို့အဝင် သီပေါ ဘူတာအနီး မိုင်တိုင် အမှတ် ၅၀၉/၁၃-၁၄ တွင် ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၈ နာရီကျော်က မြန်မာ့ မီးရထားဂိတ်စောင့် ဝန်ထမ်း ဦးအောင်ဝင်းနှင့် ဦးဌေးဝင်းတို့သည် ရထားလမ်းဘေးရှိ ချုံနွယ်နှင့် အမှိုက်များ သန့်ရှင်းရေးဆောင်ရွက်ရာ မိုင်းဟုယူဆရသော အစိမ်း ရောင်ဘူးကို ရထားသံလမ်းနှင့် ငါးပေအကွာ၌ တွေ့ရှိခဲ့သည်။

ထို့ကြောင့် အခင်းဖြစ်နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဆွေ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကြည်ထွန်း၊ မြန်မာ့ မီးရထား(သီပေါ) ဘူတာရုံပိုင်ကြီး ဦးမောင်မောင်နိုင်၊ မြို့လယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဘိုနီနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ နယ်မြေခံတပ်ရင်းသို့ အကြောင်းကြားခဲ့သည်။

အဆိုပါမိုင်းမှာ PVC ပိုက် ရှစ်လက်မ၊ အချင်း ရှစ်လက်မ၊ အမြင့် ငါးလက်မခန့်ရှိ ပိုက်အတွင်း သံတို သစံ များရောနှော၍ ဒေသနရ္တ ယမ်း အမျိုးအစားဖြင့် ပြုလုပ်ထားပြီး 9 Volt ဘက်ထရီအိုးဖြင့် ဝိုင်ယာ ကြိုး ဆက် သွယ်ပြုလုပ်ထားသည့် ချိန်ကိုက်မိုင်းဖြစ်ကာ လူနှင့်သံလမ်းမှာ ထိခိုက်ပျက်စီးခြင်းမရှိကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)