ဘိန္းဖ်က္ဆီးသူေတြ ရိုက္ႏွက္လို႔ ရြာသား ၅ ဦး ေဆးရံုေရာက္ (ဘိန်းဖျက်ဆီးသူတွေ ရိုက်နှက်လို့ ရွာသား ၅ ဦး ဆေးရုံရောက် )


ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္ ဆဒံုးနဲ႔ ကန္ပိုက္တီေဒသဘက္က ဘိန္းစိုက္ခင္းေတြကို သြားေရာက္ဖ်က္ဆီးေနတဲ႔ Pat Jasan လို႔ေခၚတဲ့ ကခ်င္လူထုအေျချပဳ ဘိန္းစိုက္ခင္းဖ်က္ဆီးေရးအဖြဲ႔ဟာ ဘိန္းစိုက္ေတာင္သူလို႔ယူဆရသူ ရြာသား ၂၁ ေယာက္ကို ေဝမိုးရြာထဲမွာ ဒီကေန႔ ရိုက္ႏွက္ဖမ္းဆီးခဲ႔ရာ ဒဏ္ရာျပင္းထန္တဲ႔ ရြာသား ၅ ဦးကို ျမစ္ႀကီးနားေဆးရံုမွာကုသဖို႔ ပို႔ေဆာင္ထားရပါတယ္။

အဲ႔ဒီရြာသားေတြကို Pat Jasan အဖြဲ႔က ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔ ေန႔လည္ပိုင္းက ဖမ္းဆီးခဲ႔တာျဖစ္တယ္လို႔ ဝိုင္းေမာ္ၿမိဳ႕မ ရဲစခန္းမွဴးက RFA ကိုေျပာပါတယ္။

" Pat Jasan အဖြဲ႔က ဖမ္းမိတာ ၂၁ ေယာက္ က်ေနာ္တို႔ဆီကိုေရာက္လာတာ ရြာသားက က်ား ၁၉ ဦး မ ၂ ဦး ေပါင္း ၂၁ ဦးေပါ့၊ အဲ့မွာဒဏ္ရာရသူ ၅ ဦးက ျမစ္ႀကီးနားေဆးရံုမွာ တက္ေရာက္ကုသေနတယ္၊ ေလာေလာဆယ္ေတာ့ ဒဏ္ရာရသူေတြကို ေဆးကုသေပးေနတဲ့ အေနအထားပါ၊ ဒဏ္ရာရတဲ့လူေတြကို ဝိုင္းေမာ္ေဆးရံုကိုပို႔တယ္၊ ဝိုင္းေမာ္ေဆးရံုကလႊဲလို႔ ျမစ္ႀကီးနားေဆးရံုမွာပါ၊ က်န္တ့ဲလူကေတာ့ ရဲစခန္းမွာေခၚထားတဲ့သေဘာပါ"

ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔ ည ၁၁ နာရီအခ်ိန္အထိ ျမစ္ႀကီးနားေဆးရံုမွာ ဘိန္းခင္းဖ်က္ဆီးေရးအဖြဲ႔က ဒါဏ္ရာရသူ ၂၉ ဦးနဲ႔ ဘိန္းစိုက္ေတာင္သူလို႔ ယူဆရသူေတြထဲက ဒဏ္ရာရရြာသား ၅ ဦးတို႔ဟာ ေဆးကုသခံေနရၿပီး ဒါဏ္ရာရသူေတြထဲက လက္ရွိအခ်ိန္အထိ ေသဆံုးတာေတြမရွိေသးဘူးလို႔သိရပါတယ္။

ဒီအေတာအတြင္း ဘိန္းခင္းဖ်က္ဆီးလို႔ တိုက္ခိုက္ခံရတာကို မေက်နပ္တဲ႔ ကခ်င္တိုင္းရင္းသား လူငယ္ႏွစ္ေထာင္ေက်ာ္ဟာ ျမစ္ႀကီးနားၿမိဳ႕မွာ ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔ ညပိုင္း ၆ နာရီေက်ာ္ကေန ၉ နာရီေက်ာ္အထိ လွည့္လည္ဆႏၵျပခဲ႔ပါတယ္။

တုတ္လက္နက္တခ်ိဳ႕ ကိုင္ေဆာင္ထားတဲ႔ အဲ႔ဒီဆႏၵျပသူေတြဟာ ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္နဲ႔ ျပည္နယ္ရဲမွဴးႀကီး အိမ္ေရွ႕၊ ျမစ္ႀကီးနား အမွတ္ ၁ ရဲစခန္း၊ ျပည္နယ္ရဲတပ္ဖြဲ႕ရံုး၊ ဦးဇခုန္တိန္႔ယိန္းရဲ႕ အိမ္နဲ႔ ရံုးေရွ႕ေတြမွာ လွည္႔လည္ဆႏၵျပခဲ႔ၾကတာျဖစ္ပါတယ္။

ကခ်င္လူမႈအေျချပဳ ဘိန္းခင္းတိုက္ဖ်က္ေရးအဖြဲ႔ဟာ အစိုးရရဲ႕ လံုၿခံဳေရးစီမံေပးမႈနဲ႔အတူ ႒ာနဆိုင္ရာေတြနဲ႔ ပူးေပါင္းၿပီး ေဖေဖာ္ဝါရီ ၂၃ ရက္ေန႔ကစတင္ၿပီး အဖြဲ႔ႀကီး ၆ ဖြဲ႔ အဖြဲ႔ငယ္ ၂၆ဖြဲ႔ခြဲကာ ဘိန္းခင္းဖ်က္ဆီးေရးေတြကို ေဆာင္ရြက္ေနတာျဖစ္ပါတယ္။

ဒီႏွစ္ဇန္နဝါရီ လဆန္းပိုင္းကစၿပီး အခုအခ်ိန္အထိ ကခ်င္ျပည္နယ္မွာ ဘိန္းစိုက္ခင္းဧက သံုးေထာင္ေက်ာ္ဖ်က္ဆီးၿပီးျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese
................


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုက်တီဒေသဘက်က ဘိန်းစိုက်ခင်းတွေကို သွားရောက်ဖျက်ဆီးနေတဲ့ Pat Jasan လို့ခေါ်တဲ့ ကချင်လူထုအခြေပြု ဘိန်းစိုက်ခင်းဖျက်ဆီးရေးအဖွဲ့ဟာ ဘိန်းစိုက်တောင်သူလို့ယူဆရသူ ရွာသား ၂၁ ယောက်ကို ဝေမိုးရွာထဲမှာ ဒီကနေ့ ရိုက်နှက်ဖမ်းဆီးခဲ့ရာ ဒဏ်ရာပြင်းထန်တဲ့ ရွာသား ၅ ဦးကို မြစ်ကြီးနားဆေးရုံမှာကုသဖို့ ပို့ဆောင်ထားရပါတယ်။

အဲ့ဒီရွာသားတွေကို Pat Jasan အဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက်နေ့ နေ့လည်ပိုင်းက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဝိုင်းမော်မြို့မ ရဲစခန်းမှူးက RFA ကိုပြောပါတယ်။

" Pat Jasan အဖွဲ့က ဖမ်းမိတာ ၂၁ ယောက် ကျနော်တို့ဆီကိုရောက်လာတာ ရွာသားက ကျား ၁၉ ဦး မ ၂ ဦး ပေါင်း ၂၁ ဦးပေါ့၊ အဲ့မှာဒဏ်ရာရသူ ၅ ဦးက မြစ်ကြီးနားဆေးရုံမှာ တက်ရောက်ကုသနေတယ်၊ လောလောဆယ်တော့ ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတဲ့ အနေအထားပါ၊ ဒဏ်ရာရတဲ့လူတွေကို ဝိုင်းမော်ဆေးရုံကိုပို့တယ်၊ ဝိုင်းမော်ဆေးရုံကလွှဲလို့ မြစ်ကြီးနားဆေးရုံမှာပါ၊ ကျန်တဲ့လူကတော့ ရဲစခန်းမှာခေါ်ထားတဲ့သဘောပါ"

ဖေဖော်ဝါရီ ၂၅ ရက်နေ့ ည ၁၁ နာရီအချိန်အထိ မြစ်ကြီးနားဆေးရုံမှာ ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့က ဒါဏ်ရာရသူ ၂၉ ဦးနဲ့ ဘိန်းစိုက်တောင်သူလို့ ယူဆရသူတွေထဲက ဒဏ်ရာရရွာသား ၅ ဦးတို့ဟာ ဆေးကုသခံနေရပြီး ဒါဏ်ရာရသူတွေထဲက လက်ရှိအချိန်အထိ သေဆုံးတာတွေမရှိသေးဘူးလို့သိရပါတယ်။

ဒီအတောအတွင်း ဘိန်းခင်းဖျက်ဆီးလို့ တိုက်ခိုက်ခံရတာကို မကျေနပ်တဲ့ ကချင်တိုင်းရင်းသား လူငယ်နှစ်ထောင်ကျော်ဟာ မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညပိုင်း ၆ နာရီကျော်ကနေ ၉ နာရီကျော်အထိ လှည့်လည်ဆန္ဒပြခဲ့ပါတယ်။

တုတ်လက်နက်တချို့ ကိုင်ဆောင်ထားတဲ့ အဲ့ဒီဆန္ဒပြသူတွေဟာ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်ရဲမှူးကြီး အိမ်ရှေ့၊ မြစ်ကြီးနား အမှတ် ၁ ရဲစခန်း၊ ပြည်နယ်ရဲတပ်ဖွဲ့ရုံး၊ ဦးဇခုန်တိန့်ယိန်းရဲ့ အိမ်နဲ့ ရုံးရှေ့တွေမှာ လှည့်လည်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ကချင်လူမှုအခြေပြု ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ဟာ အစိုးရရဲ့ လုံခြုံရေးစီမံပေးမှုနဲ့အတူ ဋ္ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂၃ ရက်နေ့ကစတင်ပြီး အဖွဲ့ကြီး ၆ ဖွဲ့ အဖွဲ့ငယ် ၂၆ဖွဲ့ခွဲကာ ဘိန်းခင်းဖျက်ဆီးရေးတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဒီနှစ်ဇန်နဝါရီ လဆန်းပိုင်းကစပြီး အခုအချိန်အထိ ကချင်ပြည်နယ်မှာ ဘိန်းစိုက်ခင်းဧက သုံးထောင်ကျော်ဖျက်ဆီးပြီးဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)