တစ္နိုင္ငံလုံးကို ျပန္သိမ္းမယ္လို႔ အာဆတ္ ေျပာ

႐ုရွားရဲ့ အကူအညီနဲ႔ သမၼတ အာဆတ္ အင္အား ျပနိုင္စြမ္း ရွိေန။
ဆီးရီးယား သမၼတ ဘာရွာ အယ္လ္ အာဆတ္က ဆီးရီးယား တစ္နိုင္ငံလုံးကို ျပန္သိမ္းဖို႔ ရည္ရြယ္ ထားတယ္လို႔ ေျပာလိုက္ပါတယ္။

ေအအက္ဖ္ပီ သတင္းဌာနကို ေျပာရာမွာ သမၼတ အာဆတ္က ဆီးရီးယား အေရးမွာ တျခားနိုင္ငံေတြ ပါဝင္ ပတ္သက္ေနတဲ့ အတြက္ သူပုန္ေတြကို ႏွိမ္နင္းရာမွာ အခ်ိန္ ၾကာေစတယ္လို႔ သူက ေျပာပါတယ္။

ဆီးရီးယားမွာ တစ္ပတ္အတြင္း အပစ္ရပ္ေရး စတင္ လုပ္ေဆာင္ဖို႔ နိုင္ငံႀကီးေတြ သေဘာတူခဲ့ၿပီး မၾကာမီမွာပဲ ဒီသတင္း ထြက္ေပၚလာတာ ျဖစ္ပါတယ္။

အေစာပိုင္းက ကုလ သမဂၢက တိုက္ပြဲေတြၾကားမွာ ပိတ္မိေနတဲ့ ဆီးရီးယား ဒုကၡသည္ေတြ အတြက္ ေထာက္ပံ့ေရး အကူအညီေတြကို ၂၄ နာရီအတြင္း စတင္ ေပးပို႔နိုင္ေၿခ ရွိတယ္လို႔ ေျပာခဲ့ပါတယ္။

မစၥတာ အာဆတ္က သူ႔ရဲ့ အင္တာဗ်ဴးမွာ နိုင္ငံတကာက ၿငိမ္းခ်မ္းေရးအတြက္ ေဆာင္ရြက္ေနခ်ိန္ ကာလမွာလည္း အၾကမ္းဖက္ ဝါဒကို ဆက္တိုက္သြားမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

ဆီးရီးယား အပစ္ရပ္ေရး စတင္ဖို႔ ကမၻာ့ေခါင္းေဆာင္ေတြ သေဘာတူခဲ့တဲ့ ျမဴးနစ္ ေဆြးေႏြးပြဲ မတိုင္မီမွာ သမၼတ အာဆတ္က ေျပာခဲ့တာ ျဖစ္ပါတယ္။

ငါးႏွစ္ နီးပါး ၾကာျမင့္ခဲ့တဲ့ ဆီးရီးယား စစ္ပြဲေတြေၾကာင့္ လူေပါင္း ႏွစ္သိန္းခြဲေက်ာ္ ေသဆုံး ခဲ့ရၿပီး ၁၁ သန္းေလာက္ ေနရပ္စြန္႔ခြာ ခဲ့ၾကရၿပီး ျဖစ္ပါတယ္။

တိုက္ပြဲေတြေၾကာင့္ တခ်ိဳ႕ ဆီးရီးယား ၿမိဳ႕ေတြကို တစ္ႏွစ္ေက်ာ္ ေလာက္အထိ ကယ္ဆယ္ေရး ပစၥည္းေတြ မေရာက္ခဲ့ပါဘူး။ ဆီးရီးယားမွာ လူေပါင္း ၁၃ သန္းခြဲေလာက္က ေထာက္ပံ့ေရး အကူအညီေတြ လိုအပ္ေနတယ္လို႔ ကုလ သမဂၢက ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,


ရုရှားရဲ့ အကူအညီနဲ့ သမ္မတ အာဆတ် အင်အား ပြနိုင်စွမ်း ရှိနေ။
ဆီးရီးယား သမ္မတ ဘာရှာ အယ်လ် အာဆတ်က ဆီးရီးယား တစ်နိုင်ငံလုံးကို ပြန်သိမ်းဖို့ ရည်ရွယ် ထားတယ်လို့ ပြောလိုက်ပါတယ်။

အေအက်ဖ်ပီ သတင်းဌာနကို ပြောရာမှာ သမ္မတ အာဆတ်က ဆီးရီးယား အရေးမှာ တခြားနိုင်ငံတွေ ပါဝင် ပတ်သက်နေတဲ့ အတွက် သူပုန်တွေကို နှိမ်နင်းရာမှာ အချိန် ကြာစေတယ်လို့ သူက ပြောပါတယ်။

ဆီးရီးယားမှာ တစ်ပတ်အတွင်း အပစ်ရပ်ရေး စတင် လုပ်ဆောင်ဖို့ နိုင်ငံကြီးတွေ သဘောတူခဲ့ပြီး မကြာမီမှာပဲ ဒီသတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အစောပိုင်းက ကုလ သမဂ္ဂက တိုက်ပွဲတွေကြားမှာ ပိတ်မိနေတဲ့ ဆီးရီးယား ဒုက္ခသည်တွေ အတွက် ထောက်ပံ့ရေး အကူအညီတွေကို ၂၄ နာရီအတွင်း စတင် ပေးပို့နိုင်ခြေ ရှိတယ်လို့ ပြောခဲ့ပါတယ်။

မစ္စတာ အာဆတ်က သူ့ရဲ့ အင်တာဗျူးမှာ နိုင်ငံတကာက ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေချိန် ကာလမှာလည်း အကြမ်းဖက် ဝါဒကို ဆက်တိုက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဆီးရီးယား အပစ်ရပ်ရေး စတင်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ သဘောတူခဲ့တဲ့ မြူးနစ် ဆွေးနွေးပွဲ မတိုင်မီမှာ သမ္မတ အာဆတ်က ပြောခဲ့တာ ဖြစ်ပါတယ်။

ငါးနှစ် နီးပါး ကြာမြင့်ခဲ့တဲ့ ဆီးရီးယား စစ်ပွဲတွေကြောင့် လူပေါင်း နှစ်သိန်းခွဲကျော် သေဆုံး ခဲ့ရပြီး ၁၁ သန်းလောက် နေရပ်စွန့်ခွာ ခဲ့ကြရပြီး ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် တချို့ ဆီးရီးယား မြို့တွေကို တစ်နှစ်ကျော် လောက်အထိ ကယ်ဆယ်ရေး ပစ္စည်းတွေ မရောက်ခဲ့ပါဘူး။ ဆီးရီးယားမှာ လူပေါင်း ၁၃ သန်းခွဲလောက်က ထောက်ပံ့ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)