အစုိးရသိကၡာက်ဆင္းေစတဲ့ ရည္ရြယ္ခ်က္ပါအဆုိေတြကုိ မရွင္းလင္းဘူးလုိ႔ ဦးရဲထြဋ္ ေျပာ( အစိုးရသိက္ခာကျဆင်းစေတဲ့ ရည်ရွယ်ချက်ပါအဆိုတွေကို မရှင်းလင်းဘူးလို့ ဦးရဲထွဋ် ပြော)

အစိုးရသစ္ထံ တာ၀န္မလႊဲေျပာင္းမီကာလအတြင္း လက္ရွိအစိုးရကို ဂုဏ္သိကၡာက်ဆင္းေစတဲ့ ရည္ရြယ္ခ်က္မ်ဳိးရွိ တယ္လို႔ ယူဆရတဲ့ လႊတ္ေတာ္မွာ တင္သြင္းတဲ့အဆုိေတြကို ျပည္ေထာင္စုအစိုးရအဖဲြ႔က သြားေရာက္ရွင္းျပမွာ မဟုတ္ဘူးလို႔ ျပန္ၾကားေရးဝန္ႀကီး ဦးရဲထြဋ္က ေျပာပါတယ္။

ဒီေန႔ ျပည္သူ႔လႊတ္ေတာ္မွာ ေဆြးေႏြးတဲ့ ႏုိင္ငံပုိင္ေျမ၊ စက္ရုံနဲ႔ စီမံကိန္းေတြကို ပုဂၢလိကထံ လဲႊေျပာင္းေနတာေတြ နဲ႔ပတ္သက္တဲ့ အေရးႀကီးအဆုိအေပၚ သက္ဆုိင္ရာ အစိုးရအဖြဲ႔ဝင္ ဝန္ႀကီးဌာနေတြက လႊတ္ေတာ္မွာ တက္ေရာက္ မရွင္းျပတဲ့အေပၚ ေမးျမန္းရာမွာ ၀န္္ႀကီးဦးရဲထြဋ္က ေျဖၾကားတာျဖစ္ပါတယ္။

"လက္ရွိအစိုးရကို သိကၡာက်ေစတဲ့ ရည္ရြယ္ခ်က္မ်ဳိးလို႔ ထင္ရတဲ့ကိစၥ ဒီလိုဟာမ်ဳိးမွာေတာ့ လာေရာက္ေျဖဆိုဖို႔ လုပ္မွာမဟုတ္ပါဘူး၊ ဒါေပမဲ့ တစ္ခုခ်င္းအလိုက္ အေရးႀကီးလို႔ရွိရင္ အမ်ဳိးသားေရးအတြက္ လာရွင္းျပဖို႔လို ရင္ေတာ့ က်ေနာ္တို႔ လာရွင္းျပဖို႔အသင့္ရွိတယ္၊ သူတို႔ေမးတဲ့ကိစၥေတြကို က်ေနာ္တို႔က လႊတ္ေတာ္မွာ သြားမရွင္းျပေပမယ့္လည္း ျပည္သူေတြ သိသင့္တယ္ဆိုရင္ေတာ့ မီဒီယာေတြကေနတဆင့္ ရွင္းျပသြားမွာပါ"

၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒအရ အစိုးရအသစ္နဲ႔ အစိုးရေဟာင္း၊ လႊတ္ေတာ္အသစ္နဲ႔ လႊတ္ေတာ္အေဟာင္းၾကား သာ တာ၀န္လႊဲေျပာင္းေရးအတြက္ ခ်ိတ္ဆက္ေဆာင္ရြက္ဖို႔ရွိၿပီး အစိုးရေဟာင္းနဲ႔ လႊတ္ေတာ္အသစ္ၾကား ေဆာင္ ရြက္ရမယ့္ ကိစၥမရွိဘူးလို႔လည္း ေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက လက္ရွိ လႊတ္ေတာ္မွာ တင္သြင္းခ့ဲတဲ့ အယ္လ္နီညိဳ ရာသီဥတုကိစၥ အေရးႀကီးအဆုိနဲ႔ ရွမ္းျပည္ေျမာက္ပိုင္းက တုိက္ပဲြေတြကိစၥ အေရးႀကီးအဆုိတုိ႔ဟာ အမ်ိဳးသားအက်ိဳးစီးပြားနဲ႔ သက္ဆိုင္တာေၾကာင့္ သက္ဆုိင္ရာ ျပည္ေထာင္စု၀န္ႀကီးဌာနက လႊတ္ေတာ္မွာ သြားေရာက္ရွင္းျပတာ ျဖစ္တယ္လို႔ သိရပါတယ္။

ဒီေန႔ထုတ္ အစိုးရသတင္းစာမွာ မာန္ေအာင္ၿမိဳ့နယ္ ေလယာဥ္ကြင္း တိုးခ်ဲ႔တည္ေဆာက္ေရး၊ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ့နယ္မွာ စက္မွဳလက္မွဳသိပၸံေက်ာင္းဖြင့္လွစ္ေရး၊ မြန္ျပည္နယ္ မုဒံုၿမိဳ့နယ္မွာ အေဝးေျပး ယာဥ္ရပ္နားစခန္း တည္ေဆာက္ေရး၊ တနသၤာရီျမစ္၀အနီးမွာ ေက်ာက္မီးေသြးသံုး ဓာတ္အားေပးစက္ရံု တည္ေဆာက္ေရး၊ စြမ္းအင္၀န္ၾကီးဌာနပိုင္ စက္သံုးဆီအေရာင္းဆုိင္ ေျမေနရာေတြကို လဲႊေျပာင္းေရာင္းခ်ေရး စတဲ့့ စီမံကိန္း ၆၈ ခုကို အစိုးရသစ္လက္ထက္မွာ စီမံေဆာင္ရြက္ဖို႔ ဆိုင္းင့ံထားေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

RFA Burmese
..............
 အစိုးရသိက္ခာကျဆင်းစေတဲ့ ရည်ရွယ်ချက်ပါအဆိုတွေကို မရှင်းလင်းဘူးလို့ ဦးရဲထွဋ် ပြော

အစိုးရသစ်ထံ တာဝန်မလွှဲပြောင်းမီကာလအတွင်း လက်ရှိအစိုးရကို ဂုဏ်သိက္ခာကျဆင်းစေတဲ့ ရည်ရွယ်ချက်မျိုးရှိ တယ်လို့ ယူဆရတဲ့ လွှတ်တော်မှာ တင်သွင်းတဲ့အဆိုတွေကို ပြည်ထောင်စုအစိုးရအဖွဲ့က သွားရောက်ရှင်းပြမှာ မဟုတ်ဘူးလို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးတဲ့ နိုင်ငံပိုင်မြေ၊ စက်ရုံနဲ့ စီမံကိန်းတွေကို ပုဂ္ဂလိကထံ လွှဲပြောင်းနေတာတွေ နဲ့ပတ်သက်တဲ့ အရေးကြီးအဆိုအပေါ် သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးဌာနတွေက လွှတ်တော်မှာ တက်ရောက် မရှင်းပြတဲ့အပေါ် မေးမြန်းရာမှာ ၀န််ကြီးဦးရဲထွဋ်က ဖြေကြားတာဖြစ်ပါတယ်။

"လက်ရှိအစိုးရကို သိက္ခာကျစေတဲ့ ရည်ရွယ်ချက်မျိုးလို့ ထင်ရတဲ့ကိစ္စ ဒီလိုဟာမျိုးမှာတော့ လာရောက်ဖြေဆိုဖို့ လုပ်မှာမဟုတ်ပါဘူး၊ ဒါပေမဲ့ တစ်ခုချင်းအလိုက် အရေးကြီးလို့ရှိရင် အမျိုးသားရေးအတွက် လာရှင်းပြဖို့လို ရင်တော့ ကျနော်တို့ လာရှင်းပြဖို့အသင့်ရှိတယ်၊ သူတို့မေးတဲ့ကိစ္စတွေကို ကျနော်တို့က လွှတ်တော်မှာ သွားမရှင်းပြပေမယ့်လည်း ပြည်သူတွေ သိသင့်တယ်ဆိုရင်တော့ မီဒီယာတွေကနေတဆင့် ရှင်းပြသွားမှာပါ"

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အစိုးရအသစ်နဲ့ အစိုးရဟောင်း၊ လွှတ်တော်အသစ်နဲ့ လွှတ်တော်အဟောင်းကြား သာ တာဝန်လွှဲပြောင်းရေးအတွက် ချိတ်ဆက်ဆောင်ရွက်ဖို့ရှိပြီး အစိုးရဟောင်းနဲ့ လွှတ်တော်အသစ်ကြား ဆောင် ရွက်ရမယ့် ကိစ္စမရှိဘူးလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက လက်ရှိ လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ အယ်လ်နီညို ရာသီဥတုကိစ္စ အရေးကြီးအဆိုနဲ့ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေကိစ္စ အရေးကြီးအဆိုတို့ဟာ အမျိုးသားအကျိုးစီးပွားနဲ့ သက်ဆိုင်တာကြောင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနက လွှတ်တော်မှာ သွားရောက်ရှင်းပြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ထုတ် အစိုးရသတင်းစာမှာ မာန်အောင်မြို့နယ် လေယာဉ်ကွင်း တိုးချဲ့တည်ဆောက်ရေး၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ စက်မှုလက်မှုသိပ္ပံကျောင်းဖွင့်လှစ်ရေး၊ မွန်ပြည်နယ် မုဒုံမြို့နယ်မှာ အဝေးပြေး ယာဉ်ရပ်နားစခန်း တည်ဆောက်ရေး၊ တနင်္သာရီမြစ်ဝအနီးမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး၊ စွမ်းအင်ဝန်ကြီးဌာနပိုင် စက်သုံးဆီအရောင်းဆိုင် မြေနေရာတွေကို လွှဲပြောင်းရောင်းချရေး စတဲ့့ စီမံကိန်း ၆၈ ခုကို အစိုးရသစ်လက်ထက်မှာ စီမံဆောင်ရွက်ဖို့ ဆိုင်းင့ံထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

RFA Burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)