အေသးဆံုး ေနရာမဲ့လႊတ္ေတာ္

 
7 day မွာပါလာတဲ့ ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္ထဲမွာ သတင္းေထာက္ေတြ သတင္းယူေနတဲ့ ဓာတ္ပံုနဲ႔ပာတ္သက္ၿပီး သတင္းေထာက္ေတြ ဘာျဖစ္တယ္ ညာျဖစ္တယ္ဆိုျပီး ဖ်င္နာနာနဲ့ ေရးေနတာေတြေတြ႕ရေတာ့ ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္ အေျကာင္း နဲနဲေလာက္ေတာ့ေျပာျကည့္မယ္။
ဧရာတိုင္းလႊတ္ေတာ္က ကိုယ္ပိုင္အေဆာက္အဦးရယ္လို႔မရွိဘူး တိုင္းအစိုးရအဖြဲ႕ရံုးကအေဆာက္အဦးတစ္ခုကို ငွားျပီးသံုးေနရတာ ေနရာကက်ဥ္းက်ဥ္းေလးရယ္ ေျပာရရင္ ေမာင္သိန္းေအာင္ရဲ႕ ရံုးခန္းေလာက္ေတာင္မက်ယ္ဘူး။ ပံုထဲမွာပါတဲ့အတိုင္း လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႕တင္ျပြတ္သိပ္ေနတာ။ ျပီးခဲ့တဲ့ ပထမအႀကိမ္ လႊတ္ေတာ္တံုးကေတာ့ အစိုးရအဖြဲ႕က လႊတ္ေတာ္အေဆာက္အဦးေဆာက္လုပ္ဖို့ လုပ္ေဆာင္ေနတာနဲ႕လႊတ္ေတာ္တင္ခဲ့ေပမယ့္ အခုအခ်ိန္အထိ ဘယ္ေနရာမွာ ေဆာက္လုပ္မယ္ဆိုတာေတာင္ အတည္တက်မသက္မွတ္ရေသးဘူး ။ ဒါကေတာ့ လက္ရွိလႊတ္ေတာ္ရဲ႕ ေနရာအေျကာင္းပဲ အဲ့မွာ သတင္းမီဒီယာေတြ သတင္းယူျကတယ္ အရင္ကေတာ့ ပံုမွန္လႊတ္ေတာ္က်င္းပေနျကပဲဆိုေတာ့ လာျကတဲ့တင္းေထာက္က လက္ငါးေခ်ာင္းေတာင္မျပည့္ဘူး အဲ့အခ်ိန္မွာ သတင္းယူရတာအဆင္ေျပပါတယ္။

တစ္ခါတစ္ေလ အေရးႀကီးတဲ့ အဆိုတင္မယ့္ လႊတ္ေတာ္အစည္းအေဝးေတြက်ရင္ သတင္းလာယူတဲ့ သတင္းေထာက္ေတြ ပိုမ်ားလာမယ္ ၁၀ ေယာက္ေလာက္ျဖစ္လာတယ္ အဲ့အခါက်ရင္ က်ပ္က်ပ္သဲသဲနဲ႔ သတင္းယူရတယ္ ဦးသိန္းေအာင္က လူသြားလမ္းနဲ႔ ကပ္လ်က္ ညာအစြန္မွာထိုင္ေတာ့ တစ္ခါတစ္ေလ သူ႕ေခါင္းေပၚက ေက်ာ္ၿပီးသတင္းဓာတ္ပံုတို႔ သတင္းဗီဒီယိုရိုက္ရတဲ့ အခါလည္းရွိတယ္ အဲ့လိုမ်ိဳး ရိုက္လည္းရိုက္ခဲ့တယ္ သူ့ေဘးကလႊတ္ေ တာ္အမတ္ေကာ္မတီဥကၠ႒တစ္ေယာက္ လႊတ္ေတာ္မွာရွင္းလင္းတဲ့အခါမ်ိဳးဆိုရင္ သူ႔ဘက္ကိုဖင္ေပးၿပီး ရွင္းလင္းတဲ့ဘက္ကိုရိုက္တဲ့ အခါ သူ႔ကိုဖင္နဲ့ေပါက္သလိုျဖစ္တာေတြလည္းရွိခဲ့ တယ္ နယ္လံုဝန္ႀကီး အသစ္ ကတိသစၥာျပဳတံုးကလည္း ေနရာမရွိလို႔ အခုလိုပဲ ကပ္သပ္ၿပီး မ်က္ႏွာကို ေတ့ရိုက္တာတို႔ဘာတို႔လုပ္ရတယ္ ဘယ္တက္ႏိုင္မလဲ ေနရာမွာမရွိတာ ဒီလိုပဲ အားနာနာနဲ့ကပ္သက္ၿပီးရိုက္ရတာေပါ့။ 
အခုလႊတ္ေတာ္အသစ္စေတာ့ သမိုင္းမွာထူးထူးျဖစ္ေလေတာ့ သတင္းဌာနအေတာ္မ်ားမ်ားက လႊတ္ေတာ္အမတ္သစ္ေတြ လႊတ္ေတာ္တက္တာကို သတင္းမွတ္တမ္းတင္ျကခ်င္ျကတယ္ အရင္က လႊတ္ေတာ္မွာသတင္းယူေလ့ယူထမရွိတဲ့သူေတြ ဧရာဝတီတိုင္းအေျခစိုက္မဟုတ္တဲ့ ရန္ကုန္က လာတဲ့သတင္းသမားေတြနဲ႔ စုစုေပါင္း သတင္းသမားဦးေရ သံုးဆယ္ေလာက္ သတင္းလာယူျကတယ္ အရင္က၁၀ ေယာက္ေလာက္ေတာင္ ကပ္သပ္ရိုက္ေနရတာ အခု အေယာက္သံုးဆယ္ဆိုေတာ့ ပိုဆုိးေပါ့ ဒါေပမယ့္ စုျပံုတိုးၿပီးေတာ့ မရိုက္ျကပါဘူး ရုပ္သံသမားေတြကလြဲရင္ က်န္ဓာတ္ပံုသမားေတြက အလွည့္က်ရိုက္ျကပါတယ္။ အျမန္ေျပးရိုက္လိုက္ ဖယ္လိုက္ အျခားတစ္ေယာက္က ေျပးရိုက္လိုက္ ဖယ္လိုက္ဆိုေတာ့ လႊတ္ေတာ္စင္ေပၚ ေရာက္တာေတြဘာေတြလည္းရွိမွာေပါ့ ဒါကလည္းအခုမွမဟုတ္ပါဘူး အရင္တံုးကလလည္းဒီလိုပဲရိုက္ျကတာပါပဲ ဒါေပမယ့္ အခုက်မွာ သတင္းသမားေတြဘာျဖစ္တယ္ ညာျဖစ္တယ္ သတင္းေထာက္ေတြေျကာင့္ လႊတ္ေတာ္ႀကီးပဲ ဂြ်မ္းထိုးေမွာက္ခံုျဖစ္ေတာ့မလိုလို ေသခ်ာမသိဘဲ ဖ်င္နာေနျကေလတယ္။

တကယ္တမ္းက လႊတ္ေတာ္ေတြမွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြလည္း အေနွာက္အယွက္မျဖစ္ သတင္းမီဒီယာေတြလည္း လြတ္လြတ္လပ္လပ္ နဲ သတင္းဓာတ္ပံု သတင္းရုပ္သံေကာင္းေကာင္းရိုက္လို႔ရတဲ့ေနရ ထားေပးရမွာ လႊတ္ေတာ္ကတာဝန္ရွိသူေတြတာဝန္ပဲ မီဒီယာေတြကေတာ့ ျပည္သူေတြအတြက္ သတင္းဓာတ္ပံု၊ သတင္းရုပ္သံအေကာင္းဆံုးႀကိဳးစားျကမွာပါပဲ။ ဘာပဲျဖစ္ျဖစ္ေနာက္ေတာ့ ဒီလိုမျဖစ္ေအာင္ ဆင္ျခင္ရမွာေပါ့ ။ လႊတ္ေတာ္အေနနဲ႔လည္း စည္းစနစ္က်ေအာင္ ေဆာင္ရြက္ေပးဖို႔လဲလိုတယ္။ ဒါေပမယ့္ ဒါကို အေျကာင္းျပၿပီး စည္းစနစ္က်ေအာင္ေဆာင္ရြက္တာမ်ိဳးမဟုတ္ဘဲ သတင္းရယူပိုင္ခြင့္ကို ကန့္သက္တာမ်ိဳးေဆာင္ရြက္လာမယ္ ဆိုရင္ ေတာ့…………………
Thaw Zin Myo
..........
အသေးဆုံး နေရာမဲ့လွှတ်တော်.

7 day မှာပါလာတဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ထဲမှာ သတင်းထောက်တွေ သတင်းယူနေတဲ့ ဓာတ်ပုံနဲ့ပာတ်သက်ပြီး သတင်းထောက်တွေ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ဖျင်နာနာနဲ့ ရေးနေတာတွေတွေ့ရတော့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အကြောင်း နဲနဲလောက်တော့ပြောကြည့်မယ်။
ဧရာတိုင်းလွှတ်တော်က ကိုယ်ပိုင်အဆောက်အဦးရယ်လို့မရှိဘူး တိုင်းအစိုးရအဖွဲ့ရုံးကအဆောက်အဦးတစ်ခုကို ငှားပြီးသုံးနေရတာ နေရာကကျဉ်းကျဉ်းလေးရယ် ပြောရရင် မောင်သိန်းအောင်ရဲ့ ရုံးခန်းလောက်တောင်မကျယ်ဘူး။ ပုံထဲမှာပါတဲ့အတိုင်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တင်ပြွတ်သိပ်နေတာ။ ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်တုံးကတော့ အစိုးရအဖွဲ့က လွှတ်တော်အဆောက်အဦးဆောက်လုပ်ဖို့ လုပ်ဆောင်နေတာနဲ့လွှတ်တော်တင်ခဲ့ပေမယ့် အခုအချိန်အထိ ဘယ်နေရာမှာ ဆောက်လုပ်မယ်ဆိုတာတောင် အတည်တကျမသက်မှတ်ရသေးဘူး ။ ဒါကတော့ လက်ရှိလွှတ်တော်ရဲ့ နေရာအကြောင်းပဲ အဲ့မှာ သတင်းမီဒီယာတွေ သတင်းယူကြတယ် အရင်ကတော့ ပုံမှန်လွှတ်တော်ကျင်းပနေကြပဲဆိုတော့ လာကြတဲ့တင်းထောက်က လက်ငါးချောင်းတောင်မပြည့်ဘူး အဲ့အချိန်မှာ သတင်းယူရတာအဆင်ပြေပါတယ်။
တစ်ခါတစ်လေ အရေးကြီးတဲ့ အဆိုတင်မယ့် လွှတ်တော်အစည်းအဝေးတွေကျရင် သတင်းလာယူတဲ့ သတင်းထောက်တွေ ပိုများလာမယ် ၁၀ ယောက်လောက်ဖြစ်လာတယ် အဲ့အခါကျရင် ကျပ်ကျပ်သဲသဲနဲ့ သတင်းယူရတယ် ဦးသိန်းအောင်က လူသွားလမ်းနဲ့ ကပ်လျက် ညာအစွန်မှာထိုင်တော့ တစ်ခါတစ်လေ သူ့ခေါင်းပေါ်က ကျော်ပြီးသတင်းဓာတ်ပုံတို့ သတင်းဗီဒီယိုရိုက်ရတဲ့ အခါလည်းရှိတယ် အဲ့လိုမျိုး ရိုက်လည်းရိုက်ခဲ့တယ် သူ့ဘေးကလွှတ်ေ တာ်အမတ်ကော်မတီဥက္ကဋ္ဌတစ်ယောက် လွှတ်တော်မှာရှင်းလင်းတဲ့အခါမျိုးဆိုရင် သူ့ဘက်ကိုဖင်ပေးပြီး ရှင်းလင်းတဲ့ဘက်ကိုရိုက်တဲ့ အခါ သူ့ကိုဖင်နဲ့ပေါက်သလိုဖြစ်တာတွေလည်းရှိခဲ့ တယ် နယ်လုံဝန်ကြီး အသစ် ကတိသစ္စာပြုတုံးကလည်း နေရာမရှိလို့ အခုလိုပဲ ကပ်သပ်ပြီး မျက်နှာကို တေ့ရိုက်တာတို့ဘာတို့လုပ်ရတယ် ဘယ်တက်နိုင်မလဲ နေရာမှာမရှိတာ ဒီလိုပဲ အားနာနာနဲ့ကပ်သက်ပြီးရိုက်ရတာပေါ့။
အခုလွှတ်တော်အသစ်စတော့ သမိုင်းမှာထူးထူးဖြစ်လေတော့ သတင်းဌာနအတော်များများက လွှတ်တော်အမတ်သစ်တွေ လွှတ်တော်တက်တာကို သတင်းမှတ်တမ်းတင်ကြချင်ကြတယ် အရင်က လွှတ်တော်မှာသတင်းယူလေ့ယူထမရှိတဲ့သူတွေ ဧရာဝတီတိုင်းအခြေစိုက်မဟုတ်တဲ့ ရန်ကုန်က လာတဲ့သတင်းသမားတွေနဲ့ စုစုပေါင်း သတင်းသမားဦးရေ သုံးဆယ်လောက် သတင်းလာယူကြတယ် အရင်က၁၀ ယောက်လောက်တောင် ကပ်သပ်ရိုက်နေရတာ အခု အယောက်သုံးဆယ်ဆိုတော့ ပိုဆိုးပေါ့ ဒါပေမယ့် စုပြုံတိုးပြီးတော့ မရိုက်ကြပါဘူး ရုပ်သံသမားတွေကလွဲရင် ကျန်ဓာတ်ပုံသမားတွေက အလှည့်ကျရိုက်ကြပါတယ်။ အမြန်ပြေးရိုက်လိုက် ဖယ်လိုက် အခြားတစ်ယောက်က ပြေးရိုက်လိုက် ဖယ်လိုက်ဆိုတော့ လွှတ်တော်စင်ပေါ် ရောက်တာတွေဘာတွေလည်းရှိမှာပေါ့ ဒါကလည်းအခုမှမဟုတ်ပါဘူး အရင်တုံးကလလည်းဒီလိုပဲရိုက်ကြတာပါပဲ ဒါပေမယ့် အခုကျမှာ သတင်းသမားတွေဘာဖြစ်တယ် ညာဖြစ်တယ် သတင်းထောက်တွေကြောင့် လွှတ်တော်ကြီးပဲ ဂျွမ်းထိုးမှောက်ခုံဖြစ်တော့မလိုလို သေချာမသိဘဲ ဖျင်နာနေကြလေတယ်။

တကယ်တမ်းက လွှတ်တော်တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေလည်း အနှောက်အယှက်မဖြစ် သတင်းမီဒီယာတွေလည်း လွတ်လွတ်လပ်လပ် နဲ သတင်းဓာတ်ပုံ သတင်းရုပ်သံကောင်းကောင်းရိုက်လို့ရတဲ့နေရ ထားပေးရမှာ လွှတ်တော်ကတာဝန်ရှိသူတွေတာဝန်ပဲ မီဒီယာတွေကတော့ ပြည်သူတွေအတွက် သတင်းဓာတ်ပုံ၊ သတင်းရုပ်သံအကောင်းဆုံးကြိုးစားကြမှာပါပဲ။ ဘာပဲဖြစ်ဖြစ်နောက်တော့ ဒီလိုမဖြစ်အောင် ဆင်ခြင်ရမှာပေါ့ ။ လွှတ်တော်အနေနဲ့လည်း စည်းစနစ်ကျအောင် ဆောင်ရွက်ပေးဖို့လဲလိုတယ်။ ဒါပေမယ့် ဒါကို အကြောင်းပြပြီး စည်းစနစ်ကျအောင်ဆောင်ရွက်တာမျိုးမဟုတ်ဘဲ သတင်းရယူပိုင်ခွင့်ကို ကန့်သက်တာမျိုးဆောင်ရွက်လာမယ် ဆိုရင် တော့…………………
Thaw Zin Myo


Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)