ရခိုင္ျပည္နယ္ အစိုးရဖြဲ႕စည္းေရး ေျပလည္သြားႏိုင္

ကာခ်ဳပ္ႏွင့္ ေဒၚစုတို႔ ေတြ႔ဆံုခဲ့စဥ္ (ကခ်င္၊ ရွမ္း၊ ရန္ကုန္၊ ရခိုင္) ၏ ၀န္ၾကီးခ်ဳပ္ေနရာမ်ားကို စစ္တပ္မွ ယူလိုေၾကာင္း ကာခ်ဳပ္ဘက္မွ ေတာင္းဆိုထားသည္ဟု သိရသည္။ ဤကိစၥ ျဖစ္လာမည္ဆိုလ်င္ ရခိုင္ျပည္နယ္ ၀န္ၾကီးခ်ဳပ္ ေနရာအတြက္ ဦးေမာင္ေမာင္အုန္းမွာ ေသခ်ာသေလာက္ ျဖစ္ေနသည္။ ဦးေမာင္ေမာင္အုန္းသာ ၀န္ၾကီးခ်ဳပ္ ျဖစ္လာပါက ရခိုင္ျပည္နယ္တြင္ အမတ္ေနရာအမ်ားစု အႏိုင္ရထားသည့္ ANP ပါတီမွ ေခါင္းေဆာင္အတြက္ သည္းေျခၾကိဳက္ ျဖစ္ပါလိမ့္မည္။ ေရြးေကာက္ပြဲၿပီးခါစ ကတည္းက ANP ဥကၠဌ ေဒါက္တာေအးေမာင္ ႏွင့္ အတြင္းေရးမွဴး ဦးေက်ာ္ေဇာဦးတို႔ ဦးေမာင္ေမာင္အုန္းထံ သြားေရာက္ေတြ႕ဆံု၍ ေဆြးေႏြးထားၿပီးျဖစ္သည္ဟု သတင္းမ်ားက ဆိုပါသည္။

ဦးေမာင္ေမာင္အုန္းအေနျဖင့္လည္း ရခိုင္မ်ား၏ အထာကို ေက်ညက္ထားၿပီးျဖစ္သည္။ ဦးေမာင္ေမာင္အုန္းကို ရခိုင္ျပည္နယ္ ၀န္ၾကီးခ်ဳပ္အျဖစ္ ခန္႔အပ္ခဲ့စဥ္တုန္းက ဆန္႔က်င္ခဲ့ၾကသည့္ ANP ေၾကျငာခ်က္၊ ရခိုင္လူမႈေရးအဖြဲ႔အစည္းမ်ားမွာ (၁-လ) အတြင္း အသံတိတ္သြားေအာင္ ဦးေမာင္ေမာင္အုန္းက စြမ္းေဆာင္ႏိုင္ခဲ့သည္။ ဦးေမာင္ေမာင္အုန္းက လူထုႏွင့္ ေတြ႕ဆံုေဆြးေႏြးပြဲမ်ားတြင္ ရခိုင္စကားျဖင့္ ေျပာသည္။ ရခိုင္လံုခ်ည္၀တ္သည္။ ဘဂၤါလီမ်ားကို တင္းတင္းမာမာ ဆက္ဆံျပလိုက္သည္။ မီဒီယာမ်ားႏွင့္ ထိေတြ႕ေလ့ရွိေသာ CSO တစ္ခ်ိဳ႕ကို ႏိုင္ငံျခားေစလႊတ္ျခင္း၊ ေပးကမ္းျခင္းမ်ား လုပ္လိုက္သည္။

ရခိုင္ျပည္နယ္ လႊတ္ေတာ္အမတ္မ်ားကုိ ကန္ထရိုက္လုပ္ငန္းမ်ားကို ခြဲတမ္းျဖင့္ ခ်ေပးလိုက္သည္။ ရခိုင္ျပည္နယ္မွ ျပည္ေထာင္စုလႊတ္ေတာ္အမတ္တစ္ခ်ိဳ႕လည္း လုပ္ငန္းတခ်ိဳ႕ ရရွိသြားသည္။ လႊတ္ေတာ္ အမတ္မ်ားလည္း သိန္း ေထာင္ဂဏန္း ရရွိသြားၾကသည္။ ျပည္နယ္၀န္ၾကီးမ်ားမွာ သိန္း (၁-ေသာင္း) ၀န္းက်င္ခန္႔ကို (၅) ႏွစ္တာကာလအတြင္း စုေဆာင္းသြားႏိုင္ခဲ့ၾကသည္ ဟု ၾကားသိရသည္။

ျပည္နယ္လႊတ္ေတာ္ဥကၠဌ၊ ၀န္ၾကီးခ်ဳပ္တို႕ဆို မည္မွ်အထိ ရရွိသြားၾကမည္ကို စဥ္းစားၾကည့္ႏိုင္သည္။ ႏိုင္ငံေရးအာဏာရွိသူမ်ား အလြန္ခ်မ္းသာသြားၾကေသာ္လည္း ရခိုင္ျပည္သူမ်ား၏ ဘ၀မွာ ဒံုရင္းက ဒံုရင္းပင္။ ဤသို႔ျဖင့္ ဦးေမာင္ေမာင္အုန္းမွာ ရခိုင္ျပည္နယ္ကို တည္ျငိမ္ေအာင္ ထားႏိုင္ခဲ့သည္။ ယခုလႊတ္ေတာ္ အသစ္တက္လာစဥ္ ေခါင္းေပါင္းကို ဘယ္ခ်ၿပၿပီး ရခိုင္မ်ားကို ဆြဲေဆာင္ႏိုင္ခဲ့သည္။

ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ကို NLD က ဦးေဆာင္ဖြဲ႔စည္းမည့္ကိစၥကို ANP ေခါင္းေဆာင္တခ်ိဳ႕က ျပင္းျပင္းထန္ထန္ ဆန္႔က်င္ကန္႔ကြက္ ေနျခင္းမွာ NLD ၏မူအရ ၎တို႔စားေပါက္ပိတ္သြားမည္ကို စိုးရိမ္ျခင္းသာျဖစ္လိမ့္မည္။ သတင္းဌာန တစ္ခုႏွင့္ အင္တာဗ်ဴးတြင္ ဦးေအးသာေအာင္စကားတစ္ခြန္း မွားသြာသည္။ ဦးေအးသာေအာင္က “အခုတက္လာမယ့္ ရခိုင္ျပည္နယ္ ၀န္ၾကီးခ်ဳပ္၊ ၀န္ၾကီးေတြဟာ အရင္ကလို စားေစ ၀ါးေစ လုပ္လို႔မရေတာ့ဘူး” ဟု ေျပာခ်လိုက္သည္။ အမတ္ျဖစ္ၿပီးခါမွ ေဆာက္လုပ္ေရး ကုမၸဏီမ်ား တည္ေထာင္ကာ စီးပြားရွာလိုသူမ်ား ၾကီးစိုးေနသည့္ ANP ပါတီမွ ေခါင္းေဆာင္ တစ္ခ်ိဳ႕အတြက္ ဤစကားမွာ အရႈိက္ကို ထိုးနက္သကဲ့သို႔ ျဖစ္သြားသည္ဟု သိရသည္။

ထို႔ေၾကာင့္ ဦးေအးသာေအာင္ အုပ္စုကို ANP ပါတီတြင္းမွ အျပီးတိုင္ဖယ္ရွားႏိုင္မည့္ မဟာဗ်ဴဟာကို ခ်မွတ္လိုက္သည္။ ၂၀၁၇ တြင္ ANP ညီလာခံလုပ္ကာ ထိုအုပ္စုကို ညီလာခံ၌ အၿပီးရွင္းထုတ္မည္ဟု သိရသည္။

ရခိုင္လူမ်ိဳးမ်ားတြင္ မ်က္ကန္းမ်ိဳးခ်စ္မ်ားစြာ ရွိေနသည္။ အမ်ိဳးသားေရးဟု ဟစ္ေၾကြးေနသူမ်ားကို ၎တို႔က မ်ိဳးခ်စ္သူရဲေကာင္းမ်ားဟု ထင္သည္။ အမ်ိဳးသားေရးဘန္းျပၿပီး ႏိုင္ငံေရး လုပ္စားလိုသူမ်ားအတြက္ အကြက္ေကာင္းျဖစ္သည္။ လူမ်ိဳးေရးမုန္းတီးမႈမ်ား လုပ္လိုက္လွ်င္ ၎တို႔ ေထာက္ခံမႈက ခ်က္ခ်င္း ရႏိုင္သည္။

ဤအကြက္ကို ANP ေခါင္းေဆာင္မ်ားက ေကာင္းစြာ အသံုးခ်ႏိုင္ၿပီး ဦးေမာင္ေမာင္အုန္းကလည္း ANP ေခါင္းေဆာင္မ်ား၏ ေဆာက္လုပ္ေရးကုမၸဏီမ်ားကို ကန္ထရိုက္မ်ား၊ လုပ္ကြက္မ်ား မ်ားမ်ားခ်ေပးလိုက္မည္ ဆိုပါက ရခိုင္ျပည္နယ္ အစိုးရဖြဲ႔စည္းေရးမွာ ေျပလည္သြားပါလိမ့္မည္။
Kaungmratnaing Maungdaw
................
ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းရေး ပြေလည်သွားနိုင်

ကာချုပ်နှင့် ဒေါ်စုတို့ တွေ့ဆုံခဲ့စဉ် (ကချင်၊ ရှမ်း၊ ရန်ကုန်၊ ရခိုင်) ၏ ၀န်ကြီးချုပ်နေရာများကို စစ်တပ်မှ ယူလိုကြောင်း ကာချုပ်ဘက်မှ တောင်းဆိုထားသည်ဟု သိရသည်။ ဤကိစ္စ ဖြစ်လာမည်ဆိုလျင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် နေရာအတွက် ဦးမောင်မောင်အုန်းမှာ သေချာသလောက် ဖြစ်နေသည်။ ဦးမောင်မောင်အုန်းသာ ၀န်ကြီးချုပ် ဖြစ်လာပါက ရခိုင်ပြည်နယ်တွင် အမတ်နေရာအများစု အနိုင်ရထားသည့် ANP ပါတီမှ ခေါင်းဆောင်အတွက် သည်းခြေကြိုက် ဖြစ်ပါလိမ့်မည်။ ရွေးကောက်ပွဲပြီးခါစ ကတည်းက ANP ဥက္ကဌ ဒေါက်တာအေးမောင် နှင့် အတွင်းရေးမှူး ဦးကျော်ဇောဦးတို့ ဦးမောင်မောင်အုန်းထံ သွားရောက်တွေ့ဆုံ၍ ဆွေးနွေးထားပြီးဖြစ်သည်ဟု သတင်းများက ဆိုပါသည်။

ဦးမောင်မောင်အုန်းအနေဖြင့်လည်း ရခိုင်များ၏ အထာကို ကျေညက်ထားပြီးဖြစ်သည်။ ဦးမောင်မောင်အုန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့စဉ်တုန်းက ဆန့်ကျင်ခဲ့ကြသည့် ANP ကြေငြာချက်၊ ရခိုင်လူမှုရေးအဖွဲ့အစည်းများမှာ (၁-လ) အတွင်း အသံတိတ်သွားအောင် ဦးမောင်မောင်အုန်းက စွမ်းဆောင်နိုင်ခဲ့သည်။ ဦးမောင်မောင်အုန်းက လူထုနှင့် တွေ့ဆုံဆွေးနွေးပွဲများတွင် ရခိုင်စကားဖြင့် ပြောသည်။ ရခိုင်လုံချည်ဝတ်သည်။ ဘင်္ဂါလီများကို တင်းတင်းမာမာ ဆက်ဆံပြလိုက်သည်။ မီဒီယာများနှင့် ထိတွေ့လေ့ရှိသော CSO တစ်ချို့ကို နိုင်ငံခြားစေလွှတ်ခြင်း၊ ပေးကမ်းခြင်းများ လုပ်လိုက်သည်။

ရခိုင်ပြည်နယ် လွှတ်တော်အမတ်များကို ကန်ထရိုက်လုပ်ငန်းများကို ခွဲတမ်းဖြင့် ချပေးလိုက်သည်။ ရခိုင်ပြည်နယ်မှ ပြည်ထောင်စုလွှတ်တော်အမတ်တစ်ချို့လည်း လုပ်ငန်းတချို့ ရရှိသွားသည်။ လွှတ်တော် အမတ်များလည်း သိန်း ထောင်ဂဏန်း ရရှိသွားကြသည်။ ပြည်နယ်ဝန်ကြီးများမှာ သိန်း (၁-သောင်း) ၀န်းကျင်ခန့်ကို (၅) နှစ်တာကာလအတွင်း စုဆောင်းသွားနိုင်ခဲ့ကြသည် ဟု ကြားသိရသည်။

ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ၀န်ကြီးချုပ်တို့ဆို မည်မျှအထိ ရရှိသွားကြမည်ကို စဉ်းစားကြည့်နိုင်သည်။ နိုင်ငံရေးအာဏာရှိသူများ အလွန်ချမ်းသာသွားကြသော်လည်း ရခိုင်ပြည်သူများ၏ ဘဝမှာ ဒုံရင်းက ဒုံရင်းပင်။ ဤသို့ဖြင့် ဦးမောင်မောင်အုန်းမှာ ရခိုင်ပြည်နယ်ကို တည်ငြိမ်အောင် ထားနိုင်ခဲ့သည်။ ယခုလွှတ်တော် အသစ်တက်လာစဉ် ခေါင်းပေါင်းကို ဘယ်ချပြပြီး ရခိုင်များကို ဆွဲဆောင်နိုင်ခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို NLD က ဦးဆောင်ဖွဲ့စည်းမည့်ကိစ္စကို ANP ခေါင်းဆောင်တချို့က ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက် နေခြင်းမှာ NLD ၏မူအရ ၎င်းတို့စားပေါက်ပိတ်သွားမည်ကို စိုးရိမ်ခြင်းသာဖြစ်လိမ့်မည်။ သတင်းဌာန တစ်ခုနှင့် အင်တာဗျူးတွင် ဦးအေးသာအောင်စကားတစ်ခွန်း မှားသွာသည်။ ဦးအေးသာအောင်က “အခုတက်လာမယ့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ ၀န်ကြီးတွေဟာ အရင်ကလို စားစေ ၀ါးစေ လုပ်လို့မရတော့ဘူး” ဟု ပြောချလိုက်သည်။ အမတ်ဖြစ်ပြီးခါမှ ဆောက်လုပ်ရေး ကုမ္ပဏီများ တည်ထောင်ကာ စီးပွားရှာလိုသူများ ကြီးစိုးနေသည့် ANP ပါတီမှ ခေါင်းဆောင် တစ်ချို့အတွက် ဤစကားမှာ အရှိုက်ကို ထိုးနက်သကဲ့သို့ ဖြစ်သွားသည်ဟု သိရသည်။

ထို့ကြောင့် ဦးအေးသာအောင် အုပ်စုကို ANP ပါတီတွင်းမှ အပြီးတိုင်ဖယ်ရှားနိုင်မည့် မဟာဗျူဟာကို ချမှတ်လိုက်သည်။ ၂၀၁၇ တွင် ANP ညီလာခံလုပ်ကာ ထိုအုပ်စုကို ညီလာခံ၌ အပြီးရှင်းထုတ်မည်ဟု သိရသည်။

ရခိုင်လူမျိုးများတွင် မျက်ကန်းမျိုးချစ်များစွာ ရှိနေသည်။ အမျိုးသားရေးဟု ဟစ်ကြွေးနေသူများကို ၎င်းတို့က မျိုးချစ်သူရဲကောင်းများဟု ထင်သည်။ အမျိုးသားရေးဘန်းပြပြီး နိုင်ငံရေး လုပ်စားလိုသူများအတွက် အကွက်ကောင်းဖြစ်သည်။ လူမျိုးရေးမုန်းတီးမှုများ လုပ်လိုက်လျှင် ၎င်းတို့ ထောက်ခံမှုက ချက်ချင်း ရနိုင်သည်။

ဤအကွက်ကို ANP ခေါင်းဆောင်များက ကောင်းစွာ အသုံးချနိုင်ပြီး ဦးမောင်မောင်အုန်းကလည်း ANP ခေါင်းဆောင်များ၏ ဆောက်လုပ်ရေးကုမ္ပဏီများကို ကန်ထရိုက်များ၊ လုပ်ကွက်များ များများချပေးလိုက်မည် ဆိုပါက ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းရေးမှာ ပြေလည်သွားပါလိမ့်မည်။
Kaungmratnaing Maungdaw
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)