ကန္-ေတာင္ကိုရီးယား အႀကီးဆံုး စစ္ေရးေလ့က်င့္မႈ ျပဳလုပ္မည္

အေမရိကန္နဲ႔ ေတာင္ကိုရီးယား စစ္တပ္ပူးတြဲ စစ္ေရးေလ့က်င့္မႈ (မတ္ ၃၀၊ ၂၀၁၅)
လာမယ့္ အေမရိကန္နဲ႔ ေတာင္ကိုရီးယားစစ္တပ္ ပူးတြဲ စစ္ေရးေလ့က်င့္မႈဟာ အႀကီးမားဆံုးျဖစ္လိမ့္မယ္လို႔ ေတာင္ကိုရီးယားကာကြယ္ေရး အရာရွိေတြက ေျပာပါတယ္။ ဒါဟာ ေျမာက္ကိုရီးယားႏိုင္ငံဘက္ က  ႏ်ဴးကလီးယားေဖါက္ခြဲမႈ နဲ႔ ပဲ့ထိန္းတပ္ ဒံုးက်ည္ စမ္းသပ္ပစ္လႊတ္ၿပီးတဲ့ေနာက္ ၂ နိုင္ငံၾကား ဆက္ဆံေရး အရွိန္ျမင့္ တင္းမာလာတဲ့ လကၡဏာလည္း ျဖစ္ပါတယ္။

အေမရိကန္တပ္ဖြဲ႔၀င္ ၁ ေသာင္းခြဲေလာက္ဟာ ေနာက္လထဲမွာ Key Resolve နဲ႔ Foal Eagle ႏွစ္စဥ္ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြမွာ ပါ၀င္လိမ့္မယ္ လို႔ ေတာင္ကုိရီးယား ကာကြယ္ေရး၀န္ႀကီး Han Min-koo က ဒီကေန႔မွာ ေျပာလိုက္တာပါ။ ဒီအေရအတြက္ဟာ လြန္ခဲ့တဲ့ႏွစ္ကထက္ ၂ ဆ တိုးလာတာလည္းျဖစ္ပါတယ္။

ဒီလိုစစ္ေရးေလ့က်င့္ရာမွာ ႏ်ဴကလီးယားစြမ္းအင္သံုး ေလယာဥ္တင္သေဘၤာ John C. Stennis ပါ၀င္မယ္လို႔ ေတာင္ကိုရီးယား ယံုဟပ္သတင္းဌာနက ေၾကညာပါတယ္။ ဒီစစ္ေရးေလ့က်င့္မႈဟာ သူတို႔ႏိုင္ငံကို က်ဴးေက်ာ္ဖို႔ ျပင္ဆင္ေနတာ လို႔ ေျမာက္ကိုရီးယားဘက္ က စြပ္စြဲေျပာဆိုေလ့ ရွိပါတယ္။ ေျမာက္ ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအြန္းဟာ ေတာင္ကိုရီးယားကို တိုက္ခိုက္ဖို႔ ျပင္ဆင္ဖို႔ အမိန္႔ေပးထားေၾကာင္း ေတာင္ကိုရီးယား အစိုးရကို ေထာက္လွမ္းေရး ဘက္က ေျပာဆိုထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

..........................................



အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု (မတ် ၃၀၊ ၂၀၁၅)
လာမယ့် အမေရိကန်နဲ့ တောင်ကိုရီးယားစစ်တပ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ အကြီးမားဆုံးဖြစ်လိမ့်မယ်လို့ တောင်ကိုရီးယားကာကွယ်ရေး အရာရှိတွေက ပြောပါတယ်။ ဒါဟာ မြောက်ကိုရီးယားနိုင်ငံဘက် က  နျူးကလီးယားဖေါက်ခွဲမှု နဲ့ ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်ပြီးတဲ့နောက် ၂ နိုင်ငံကြား ဆက်ဆံရေး အရှိန်မြင့် တင်းမာလာတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။

အမေရိကန်တပ်ဖွဲ့ဝင် ၁ သောင်းခွဲလောက်ဟာ နောက်လထဲမှာ Key Resolve နဲ့ Foal Eagle နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေမှာ ပါ၀င်လိမ့်မယ် လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Han Min-koo က ဒီကနေ့မှာ ပြောလိုက်တာပါ။ ဒီအရေအတွက်ဟာ လွန်ခဲ့တဲ့နှစ်ကထက် ၂ ဆ တိုးလာတာလည်းဖြစ်ပါတယ်။

ဒီလိုစစ်ရေးလေ့ကျင့်ရာမှာ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော John C. Stennis ပါ၀င်မယ်လို့ တောင်ကိုရီးယား ယုံဟပ်သတင်းဌာနက ကြေညာပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုဟာ သူတို့နိုင်ငံကို ကျူးကျော်ဖို့ ပြင်ဆင်နေတာ လို့ မြောက်ကိုရီးယားဘက် က စွပ်စွဲပြောဆိုလေ့ ရှိပါတယ်။ မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ တောင်ကိုရီးယားကို တိုက်ခိုက်ဖို့ ပြင်ဆင်ဖို့ အမိန့်ပေးထားကြောင်း တောင်ကိုရီးယား အစိုးရကို ထောက်လှမ်းရေး ဘက်က ပြောဆိုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)