မဂၤလာဒုံ စံသမာဓိရပ္ကြက္အိမ္ဖ်က္ခံျပည္သူမ်ားနဲ႔ ခရိုင္အုပ္ခ်ဳပ္ေရးမႉးေဆြးေႏြးပြဲေရွ႕မတိုး ေနာက္မဆုတ္ရလဒ္



ယေန႔(7.2.16) (11:00)amမွာမဂၤလာဒုံၿမိဳနယ္က စံသမာဓိရပ္ကြက္ကအိုးအိမ္အတင္းအဓမၼဖ်က္စီးခံရၿပီး အတိဒုကၡေရာက္ေနတဲ့ ဒုကၡသယ္မိသားစုေတြထဲကတစ္ခ်ဳိအမ်ိဳးသမီးႀကီးမ်ားနဲ႔ ေျမာက္ပိုင္းခရိုင္ကအုပ္ခ်ဳပ္ေရးမူးတို႔မဂၤလာဒုံအုပ္ခ်ဳပ္ေရးမႉးရုံးမွာေတြဆုံေဆြးေႏြးၾကတယ္။
အိမ္ဖ်က္ခံရသူေတြဘက္ကေတာ့သူတို႔ဟာက်ဴးေက်ာ္သူေတြလုံးဝမဟုတ္ေၾကာင္းနဲ႔ သူတို႔ေနလာတာ အႏွစ္(20)ေနခဲ့ တဲ့သူအထိရွိေၾကာင္း မိမိတိုေနထိုင္ခဲ့စဥ္တေလွ်ာက္ အစိုးရသက္ဆိုင္ရာဌာနေတြကိုအခြန္ေျပစာေပးေနခဲ့တာျဖစ္ေၾကာင္း မူလစားက်က္ေျမသာျဖစ္ေၾကာင္း ဦးပိုင္နဲ႔တပ္ၿမိဳ႕စည္ပင္ပိုင္လုံးဝမဟုတ္ေၾကာင္းေျပာဆိုရွင္းျပခဲ့ပါတယ္။ကၽြန္မတို႔ဆီမွာလြတ္ေတာ္စုံစမ္းစစ္ေဆးေရးေကာ္မရွင္စစ္ေဆးခ်က္မ်ားအျပည့္အစုံရွိပါေၾကာင္း။ကၽြန္မတို႔မတိုင္ခင္ကဘာဦးပိုင္ဘာတပ္ၿမိဳ႕စည္ပင္ပိုင္မွမရွိေၾကာင္း။ကၽြန္မတို႔ကို ကၽြန္မတို႔ပိုင္ဆိုင္ေၾကာင္းယုံၾကည္၍ဒီေနရာမွာေနျခင္းျဖစ္ေၾကာင္း။
ခရိုင္အုပ္ခ်ဳပ္ေရးမႉးဘက္ကေတာ့ စာရြက္စာတမ္းဘာအေထာက္အထားဘာမွမျပႏိုင္ပါဘူး ဒီေနရာမွာေနခြင့္မရွိဘူးတစ္ခုဘဲေျပာေနတာပါ။
အိမ္ဖ်က္ခံရတဲ့ျပည္သူေတြကေတာ့ဒီေနရာမွာဘဲေအးေအးေဆးေဆးေနခြင့္ျပဳဘို႔ေမတၱာရပ္ခံခဲ့ပါတယ္။ အိမ္ဖ်က္ခံရသူေတြဖက္ကဆက္လက္တင္ျပရာမွာ ကၽြန္မတို႔အိမ္ေတြကိုဖ်က္တဲ့အျပင္ ေန႔တိုင္းဒုကၡေပးေႏွာက္ယွက္လ်က္ရွိေၾကာင္း မိခင္မ်ားလည္းကိုယ္ဝန္ပ်က္က်ေၾကာင္း ေသြးမ်ားလည္းသြန္ဆင္းလ်က္ရွိေၾကာင္း ေဆးရုံမ်ာတြင္ကုသရလ်က္ရွိေၾကာင္း မိန္းေလးမ်ားအတြက္လုံျခဳံမႈမရွိေၾကာင္း ခေလးမ်ားလည္းေက်ာင္မတက္ရေၾကာင္း လူႀကီးမင္းတို႔မွအကူညီေပးေစလိုေၾကာင္းတင္ျပခဲ့ပါသည္။
အုပ္ခ်ဳပ္ေရးမႉးကေတာ့လာဖ်က္တဲ့သူေတြသူမသိေၾကာင္းအမ်ားေရွ႕မွာေျပာတာေတြ႕ရတယ္။စိတ္ပ်က္စရာပါဘဲ။
**********************
လက္မွတ္ထိုးခိုင္းတာလဲ အသုံးခ်မွာစိုးလို႔မထိုးခဲ့ၾကပါဘူး။အုပ္ခ်ဳပ္ေရးမႉကေတာ့ အထက္အဆင့္ဆင့္ကိုတင္ျပပါ့မယ္ေျပာၿပီး အစည္းေဝးၿပီးသြားပါတယ္။
09254023097
စံသမာဓိအိမ္ဖ်က္ခံျပည္သူမ်ား
မဂၤလာဒုံ
.................
မင်္ဂလာဒုံ စံသမာဓိရပ်ကွက်အိမ်ဖျက်ခံပြည်သူများနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးဆွေးနွေးပွဲရှေ့မတိုး နောက်မဆုတ်ရလဒ်

ယနေ့(7.2.16) (11:00)amမှာမင်္ဂလာဒုံမြိုနယ်က စံသမာဓိရပ်ကွက်ကအိုးအိမ်အတင်းအဓမ္မဖျက်စီးခံရပြီး အတိဒုက္ခရောက်နေတဲ့ ဒုက္ခသယ်မိသားစုတွေထဲကတစ်ချိုအမျိုးသမီးကြီးများနဲ့ မြောက်ပိုင်းခရိုင်ကအုပ်ချုပ်ရေးမူးတို့မင်္ဂလာဒုံအုပ်ချုပ်ရေးမှူးရုံးမှာတွေဆုံဆွေးနွေးကြတယ်။
အိမ်ဖျက်ခံရသူတွေဘက်ကတော့သူတို့ဟာကျူးကျော်သူတွေလုံးဝမဟုတ်ကြောင်းနဲ့ သူတို့နေလာတာ အနှစ်(20)နေခဲ့ တဲ့သူအထိရှိကြောင်း မိမိတိုနေထိုင်ခဲ့စဉ်တလျှောက် အစိုးရသက်ဆိုင်ရာဌာနတွေကိုအခွန်ပြေစာပေးနေခဲ့တာဖြစ်ကြောင်း မူလစားကျက်မြေသာဖြစ်ကြောင်း ဦးပိုင်နဲ့တပ်မြို့စည်ပင်ပိုင်လုံးဝမဟုတ်ကြောင်းပြောဆိုရှင်းပြခဲ့ပါတယ်။ကျွန်မတို့ဆီမှာလွတ်တော်စုံစမ်းစစ်ဆေးရေးကော်မရှင်စစ်ဆေးချက်များအပြည့်အစုံရှိပါကြောင်း။ကျွန်မတို့မတိုင်ခင်ကဘာဦးပိုင်ဘာတပ်မြို့စည်ပင်ပိုင်မှမရှိကြောင်း။ကျွန်မတို့ကို ကျွန်မတို့ပိုင်ဆိုင်ကြောင်းယုံကြည်၍ဒီနေရာမှာနေခြင်းဖြစ်ကြောင်း။
ခရိုင်အုပ်ချုပ်ရေးမှူးဘက်ကတော့ စာရွက်စာတမ်းဘာအထောက်အထားဘာမှမပြနိုင်ပါဘူး ဒီနေရာမှာနေခွင့်မရှိဘူးတစ်ခုဘဲပြောနေတာပါ။
အိမ်ဖျက်ခံရတဲ့ပြည်သူတွေကတော့ဒီနေရာမှာဘဲအေးအေးဆေးဆေးနေခွင့်ပြုဘို့မေတ္တာရပ်ခံခဲ့ပါတယ်။ အိမ်ဖျက်ခံရသူတွေဖက်ကဆက်လက်တင်ပြရာမှာ ကျွန်မတို့အိမ်တွေကိုဖျက်တဲ့အပြင် နေ့တိုင်းဒုက္ခပေးနှောက်ယှက်လျက်ရှိကြောင်း မိခင်များလည်းကိုယ်ဝန်ပျက်ကျကြောင်း သွေးများလည်းသွန်ဆင်းလျက်ရှိကြောင်း ဆေးရုံမျာတွင်ကုသရလျက်ရှိကြောင်း မိန်းလေးများအတွက်လုံခြုံမှုမရှိကြောင်း ခလေးများလည်းကျောင်မတက်ရကြောင်း လူကြီးမင်းတို့မှအကူညီပေးစေလိုကြောင်းတင်ပြခဲ့ပါသည်။
အုပ်ချုပ်ရေးမှူးကတော့လာဖျက်တဲ့သူတွေသူမသိကြောင်းအများရှေ့မှာပြောတာတွေ့ရတယ်။စိတ်ပျက်စရာပါဘဲ။
**********************
လက်မှတ်ထိုးခိုင်းတာလဲ အသုံးချမှာစိုးလို့မထိုးခဲ့ကြပါဘူး။အုပ်ချုပ်ရေးမှူကတော့ အထက်အဆင့်ဆင့်ကိုတင်ပြပါ့မယ်ပြောပြီး အစည်းဝေးပြီးသွားပါတယ်။
09254023097
စံသမာဓိအိမ်ဖျက်ခံပြည်သူများ
မင်္ဂလာဒုံ





Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)