လႊတ္ေတာ္အမတ္မ်ား စြမ္းရည္ျမွင့္ သင္တန္း ကုလပို႔ခ်မည္

လႊတ္ေတာ္အစည္းအေဝး တက္ေရာက္လာတဲ့ ကိုယ္စားလွယ္အသစ္ေတြကို ေတြ႔ရစဥ္။ Photo: Myo Thant Khaing/RFA
ကုလသမဂၢဖြံ႔ၿဖိဳးေရးအစီအစဥ္ UNDP နဲ႔ ႏိုင္ငံတကာလႊတ္ေတာ္သမဂၢ IPU တို႔က ပူးေပါင္းၿပီး ျပည္ေထာင္စု အဆင့္လႊတ္ေတာ္ကိုယ္စားလွယ္ေတြအတြက္ မနက္ျဖန္ ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔ ကစၿပီး စြမ္းရည္ျမွင့္ သင္တန္းပို႔ခ်ေပးသြားမွာျဖစ္ပါတယ္။

လႊတ္ေတာ္ကိုယ္စားလွယ္အားလံုးကို သင္တန္းပို႔ခ်တာဟာ အခုတႀကိမ္ ပထမဆံုးျဖစ္တယ္လို႔ ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္ေစာေဝ က ေျပာပါတယ္။

"အရင္တုန္းက ဒီလိုလႊတ္ေတာ္ကုိယ္စားလွယ္အကုန္လံုးကိုမေပးဘူး၊ ဥပေဒေရးရာနဲ႔ ပတ္သက္လို႔ရွိရင္ အေယာက္ ၂ဝ တို႔၊ အေယာက္ ၂၅ တို႔ေလာက္ပဲေပးပါတယ္၊ အန္တီတို႔လည္း တက္ဘူးပါတယ္၊ ဒါေပမယ့္ ဒီလိုမ်ိဳးလႊတ္ေတာ္ကုိယ္စားလွယ္ အကုန္လံုးကိုေတာ့ တစ္ခါမွမေပးဘူးပါဘူး၊ ဒါပထမဆံုးပါပဲ"

ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔ကေန ၁၉ ရက္ေန႔အထိျဖစ္ၿပီး သင္တန္းကာလ ၅ ရက္ အတြင္း လႊတ္ေတာ္ ႏွစ္ရပ္လံုးကို ရပ္နားထားမွာျဖစ္ပါတယ္။

လာမယ့္ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔မွာ အမ်ိဳးသားလႊတ္ေတာ္နဲ႔ ျပည္သူ႔လႊတ္ေတာ္ေတြ ကို ျပန္လည္ေခၚယူမွာျဖစ္ပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္အတြင္းက သဘင္ေဆာင္မွာ သင္တန္းပို႔ခ်မွာျဖစ္ၿပီး ၿဗိတိန္၊ တီေမာနဲ႔ အင္ဒိုနီးရွား ႏိုင္ငံေတြက လႊတ္ေတာ္ကိုယ္စားလွယ္ အေဟာင္းေတြက လာေရာက္ပို႔ခ်ေပးမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

RFA Burmese
http://www.rfa.org/burmese

...............................................



လွှတ်တော်အစည်းအဝေး တက်ရောက်လာတဲ့ ကိုယ်စားလှယ်အသစ်တွေကို တွေ့ရစဉ်။ Photo: Myo Thant Khaing/RFA
ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP နဲ့ နိုင်ငံတကာလွှတ်တော်သမဂ္ဂ IPU တို့က ပူးပေါင်းပြီး ပြည်ထောင်စု အဆင့်လွှတ်တော်ကိုယ်စားလှယ်တွေအတွက် မနက်ဖြန် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ကစပြီး စွမ်းရည်မြှင့် သင်တန်းပို့ချပေးသွားမှာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်အားလုံးကို သင်တန်းပို့ချတာဟာ အခုတကြိမ် ပထမဆုံးဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောပါတယ်။

"အရင်တုန်းက ဒီလိုလွှတ်တော်ကိုယ်စားလှယ်အကုန်လုံးကိုမပေးဘူး၊ ဥပဒေရေးရာနဲ့ ပတ်သက်လို့ရှိရင် အယောက် ၂ဝ တို့၊ အယောက် ၂၅ တို့လောက်ပဲပေးပါတယ်၊ အန်တီတို့လည်း တက်ဘူးပါတယ်၊ ဒါပေမယ့် ဒီလိုမျိုးလွှတ်တော်ကိုယ်စားလှယ် အကုန်လုံးကိုတော့ တစ်ခါမှမပေးဘူးပါဘူး၊ ဒါပထမဆုံးပါပဲ"

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိဖြစ်ပြီး သင်တန်းကာလ ၅ ရက် အတွင်း လွှတ်တော် နှစ်ရပ်လုံးကို ရပ်နားထားမှာဖြစ်ပါတယ်။

လာမယ့်ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေ ကို ပြန်လည်ခေါ်ယူမှာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်အတွင်းက သဘင်ဆောင်မှာ သင်တန်းပို့ချမှာဖြစ်ပြီး ဗြိတိန်၊ တီမောနဲ့ အင်ဒိုနီးရှား နိုင်ငံတွေက လွှတ်တော်ကိုယ်စားလှယ် အဟောင်းတွေက လာရောက်ပို့ချပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)