ရွမ္းေျမာက္ပိုင္းမွာ တေအာင္းတပ္ကို အစိုးရစစ္တပ္ ထိုးစစ္ဆင္(ရှမ်းမြောက်ပိုင်းမှာ တအောင်းတပ်ကို အစိုးရစစ်တပ် ထိုးစစ်ဆင်)


tnla and rcss conflit zone map (Photo- Myanmar Minister of defence office )
ရွမ္းျပည္ေျမာက္ပိုင္းဘက္မွာ ရွမ္းေတာင္ပိုင္းတပ္နဲ႔ တေအာင္းတပ္တို႔ၾကား တိုငး္ရင္းသား လက္နက္ကိုင္ တပ္ဖြဲ႔ခ်င္း တုိက္ပြဲေတြ ျပင္းျပင္းထန္ထန္ျဖစ္ပြားေနခ်ိန္မွာ အစိုးရတပ္ဘက္က နယ္ေျမတည္ၿငိမ္ေရး လက္နက္ကိုင္အဖြဲ႔အစည္းအားလံုးကို ရွင္းလင္းေနတယ္လို႔ သတင္းထုတ္ျပန္ၿပီးေနာက္ ဒီကေန႔မွာေတာ့ တေအာင္းတပ္ကို အင္အားသံုး ထိုးစစ္ဆင္ တိုက္ခုိက္လာေနပါတယ္။ ဒီလိုေဒသတြင္း စစ္ေရးတင္းမာမႈေတြေၾကာင့္ တုိက္ပြဲေတြေၾကာင့္ ေထာင္ခ်ီၿပီး စစ္ေျပးေရွာင္ေနရတဲ့ ဒုကၡသည္ေတြရဲ႕ အိမ္ျပန္ႏုိင္ေရးက အေတာ္ေလးကို မေရမရျဖစ္လာေနတာပါ။ အေျခအေနအေသးစိတ္ကို မဆုမြန္က ဆက္ေျပာျပေပးပါမယ္။

အပစ္ရပ္လက္မွတ္မထိုးထားတဲ့ တေအာင္း ပေလာင္တပ္ကို ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ဆန္ၿမိဳ႕နယ္ထဲ စစ္တပ္ဘက္က အင္အားသံုးၿပီး အျပင္းအထန္ ထိုးစစ္ဆင္တုိက္ခိုက္လာေနတယ္လို႔ တေအာင္းတပ္ TNLA က ေျပာပါတယ္။ ဒီကေန႔ ေဖေဖာ္ဝါရီလ ၂၈ရက္ေန႔မွာ မနက္ပိုင္းကတည္းကစလို႔ ေန႔လည္ပိုင္းအထိ ရွမ္းျပည္နယ္ ေျမာက္ပိုင္း နမ့္ဆန္ၿမိဳ႕နယ္ ေတာင္သံုးဆယ္ေက်းရြာ၊ ကြယ္ဟယ္ေက်းရြာ၊ ၿမိဳင္ေက်းရြာေတြမွာ အစိုးရတပ္မ(၇၇) နဲ႔ တေအာင္းတပ္တို႔ ရင္ဆုိင္တိုက္ပြဲေတြျဖစ္ပြားခဲ့တယ္လို႔ TNLA ေျပာခြင့္ရ ဗိုလ္မွဳးမိုင္အိုက္ေက်ာ္က ဗီြအိုေအျမန္မာပိုင္းကိုေျပာပါတယ္။

“ေရွ႕ေလွ်က္ ဒီ ထိုးစစ္အတိုင္းအတာနဲ႔ ဆိုရင္ေတာ့ တိုက္ပြဲ ပိုျပင္းထန္လာႏိုင္တဲ့ အေနအထားရွိတယ္။ တိုက္ပြဲက ယခင္ကထက္ ပိုၿပီးမ်ားျပားလာဖို႔ အေနအထားရွိတယ္။ အင္အားသံုးၿပီး နယ္ေျမ ရွင္းလင္းေရး လုပ္မယ္ဆိုရင္ေတာ့ အဲဒါေတာ့ အမွန္ကန္တဲ့ေျဖရွင္းနည္းေတာ့ မျဖစ္ႏိုင္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္တို႔ နဂိုတည္းက RCSS နဲ႔ တိုက္ပြဲျဖစ္ေနတဲ့ဟာကို RCSS ကိုျပန္ခိုင္းတယ္။ RCSS က မဆုတ္ဘူး။ ေရွ႕ေလ်ာက္လည္း က်ေနာ္တို႔နဲ႔ RCSSတို႔ တိုက္ပြဲ ထိေတြ႔မႈ မရွိဘူးလို႔လည္းမေျပာႏိုင္ဘူး။ အာမခံခ်က္ မေပးႏိုင္ဘူး။ အစိုးရဘက္လည္း ပိုၿပီးတုိက္ပြဲေတြ ျပင္းထန္လာလို႔ရွိရင္ေတာ့ ဒီလူထုေတြက နဂိုတည္းက စစ္ေဘးေရွာင္ေတြ ေတာ္ေတာ္ေလးမ်ားတယ္။ အဲဒီလိုမ်ိဳး ဆက္ ျဖစ္လို႔ရွိရင္ေတာ့ တိုက္ပြဲေတြ ပိုမိုၿပီးျပင္းထန္လာလို႔ရွိရင္ေတာ့ စစ္ေဘးေရွာင္ေတြ ပိုၿပီးမ်ားလာမယ့္အေနအထားရွိတယ္။ လူထုေတြ ပိုၿပီး ဒုကၡေရာက္လာႏိုင္တဲ့ အလားအလာေတာ့ရွိတယ္။ အင္အားသံုးၿပီးမွ ေျဖရွင္းတဲ့နည္းလမ္းက လံုး၀ မွားယြင္းတဲ့နည္းလမ္းလို႔ က်ေနာ္တို႔ကေတာ့ ျမင္တာေပါ့ေနာ္။”

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမ့္ဆန္၊ ေက်ာက္မဲၿမိဳ႕နယ္ေတြထဲ RCSS ရွမ္းျပည္ ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS SSA ေတာင္ပိုင္းတပ္နဲ႔ တေအာင္းတပ္TNLA ၾကား တုိက္ပြဲေတြက လနဲ႔ခ်ီျဖစ္ပြားလာေနတဲ့အတြက္ တိုက္ပြဲေတြေၾကာင့္ ေဒသခံျပည္သူေထာင္ခ်ီ ဒုကၡေရာက္ေနၾကရတာကို ေဖေဖာ္ဝါရီ (၁၇)ရက္က ျပည္သူ႔လႊတ္ေတာ္မွာ အေရးႀကီး အဆုိတင္သြင္းခဲ့သလို ရွမ္းျပည္နယ္အစိုးရဘက္ကလည္း စစ္ေရးေျဖရွင္းေပးဖို႔ ေဆြးေႏြးခဲ့ၾကၿပီးတဲ့ေနာက္ အပစ္ရပ္လက္မွတ္ထ ိုးထားတဲ့ RCSS ကို ျမန္မာစစ္တပ္က တိုက္ပြဲနယ္ေျမထဲကေန ျပန္ဆုတ္ခုိင္းခဲ့ပါတယ္။ ဒါေပမဲ့လည္း SSA အဖြဲ႔က ဆုတ္မေပးဘဲ အင္အားပိုျဖည့္လာတာေၾကာင့္ အဲဒီနယ္ေျမထဲကေန လက္နက္ကိုင္အဖြဲ႕အစည္း အားလံုးကို ရွင္းလင္းေနတယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးဘက္က သတင္းထုတ္ျပန္ထားပါတယ္။ ဒါေပမဲ့လည္း လက္ရွိအခ်ိန္ထိေတာ့ TNLA တပ္ဖြဲ႔ေတြကို အစိုးရစစ္တပ္က တိုက္ခိုက္ေနၿပီး RCSS နဲ႔ အစိုးရစစ္တပ္အၾကား တိုက္ပြဲျဖစ္တဲ့သတင္းေတြေတာ့ မၾကားရေသးပါဘူး။

အခုျဖစ္ေနတဲ့ စစ္ေရးျပႆနာေတြကို ၾကားဝင္ေစ့စပ္ေျဖရွင္းေပးဖို႔ ႏုိင္ဟံသာ၊ ဗုိလ္ခ်ဳပ္ဂြမ္ေမာ္နဲ႔ ဦးသိန္းေဇာ္ တို႔ပါဝင္တဲ့ ညိႇႏိႈင္းေျဖရွင္းေရး ေက္ာမတီတရပ္ကိုလည္း ထုိင္းႏုိင္ငံခ်င္းမုိင္မွာ UNFC ညီညြတ္ေသာ တုိင္းရင္းသားလူမ်ိဳးမ်ားဖက္ဒရယ္ေကာင္စီက အေရးေပၚအစည္းအေဝးလုပ္ၿပီး ဖြဲ႔စည္းခဲ့ၿပီး အခုအခ်ိန္မွာေတာ့ ႏွစ္ဘက္ေတြ႔ဆံုေဆြးေႏြးႏုိင္ဖို႔အေရး စီစဥ္ေနတယ္လို႔လည္း TNLA က ေျပာပါတယ္။

“UNFC က အစည္းအေ၀းၿပီးေတာ့ ဒီေျဖရွင္းေရးအဖြဲ႔ဆိုၿပီးမွ ဖြဲ႔စည္းလိုက္တယ္။ အဲ့ဒီမွာ က်ေနာ္တို႔ ေတြ႔ဆံုမယ့္ေနရာ၊ တက္ေရာက္မယ့္ အဖြဲ႔အစည္း အဲဒီမွာ ေရးေပးဖို႔ဆိုၿပီးေတာ့မွ က်ေနာ္တို႔ UNFC ကိုေျပာထားတယ္။ အခု UNFC လည္း အဲဒီကိစၥကို ညိႇေပးေနတယ္ခင္ဗ်။ ဘယ္ေန႔၊ ဘယ္အခ်ိန္ျဖစ္မလဲဆိုတာေတာ့ က်ေနာ္တို႔ မသိရေသးဘူးခင္ဗ်။”

တအာင္းတပ္အေနနဲ႔ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးနဲ႔ တုိက္ပြဲေတြ အဆံုးသတ္ႏုိင္ေရးကို လိုလားေၾကာင္းလည္း ေျပာပါတယ္။

“အဓိကေတာ့ ထုိးစစ္ဘက္က ရပ္ေပးဖို႔ ဆိုရင္ေတာ့ ဒီတိုက္ပြဲကေတာ့ ေလ်ာ့က်သြားမွာေပါ့ေနာ္။ ရင္ဆိုင္ တိုက္ပြဲျဖစ္ၿပီးမွ ေျဖရွင္းတဲ့ နည္းလမ္းကေတာ့လည္း က်ေနာ္တို႔လည္း မလုပ္ခ်င္ဘူး။ မွန္ကန္တဲ့နည္းလမ္း လည္း မဟုတ္ဘူး။ ေတြ႔ဆံုေဆြးေႏြးမႈကေတာ့ အဓိက ေျဖရွင္းတဲ့ နည္းလမ္းျဖစ္တယ္။ RCSS ဘက္ကိုလည္း က်ေနာ္တို႔က ေတြ႔ဆံုေဆြးေႏြးဖို႔ အဆင္သင့္ရွိတယ္။ ဒီအစိုးရဘက္မွာလည္း နဂိုကတည္းက NCA လက္မွတ္ထိုးဖို႔လည္း က်ေနာ္တို႔က ေတာက္ေလွ်ာက္လိုက္လာတယ္။ ဒါေပမယ့္ ေနာက္ဆံုးမွာေတာ့ မျဖစ္လာဘူးေပါ့ေနာ္။ လာမယ့္အစိုးရ တက္လာလို႔ရွိရင္ေတာ့ ၿငိမ္းခ်မ္းေရးကိစၥဆက္ၿပီးေဆြးေႏြးဖို႔ က်ေနာ္တို႔ေမ်ာ္လင့္တယ္။ က်ေနာ္တို႔ဆက္ၿပီးေဆြးေႏြးဖို႔ အဆင္သင့္ရွိတယ္။”

လတ္တေလာမွာေတာ့ ရွမ္းျပည္နယ္ေျမာက္ပိုင္းေက်ာက္မဲတုိက္ပြဲေတြေၾကာင့္ ေဒသခံေတြ စစ္ေဘးလြတ္ရာ ထြက္ေျပး တိမ္းေရွာင္ေနရဆဲျဖစ္သလို မထြက္ေျပးႏုိင္ပဲ ရြာေတြထဲ ပိတ္မိေနတဲ့ျပည္သူေတြလည္း ရွိေနတယ္လို႔ ကူညီ ကယ္ဆယ္ေပးေနသူေတြကေျပာပါတယ္။ စစ္ေရးျပႆနာကို ႏုိင္ငံေရးနည္းလမ္းနဲ႔ေတြ႔ဆံုေဆြးေႏြးၾကပါလို႔လည္း ဒုကၡသည္ေတြကို ကူညီေပးေနတဲ့ ရွမ္းလူငယ္ကြန္ရက္က စိုင္းေနာ္စိုင္းက အခုလိုေျပာပါတယ္။

“အတတ္ႏိုင္ဆံုးကေတာ့ ႏိုင္ငံေရးကို ႏိုင္ငံေရးနည္းနဲ႔ေျဖရွင္းေစခ်င္တယ္။ ၿငိမ္းခ်မ္းေရးကို ၿငိမ္းခ်မ္းတဲ့ နည္းလမ္းနဲ႔ေျဖရွင္းေစခ်င္တဲ့သေဘာထားရွိပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အားလံုးက ကိုယ့္တိုင္းရင္းသား ညီအကိုေမာင္ႏွမေတြပဲ ဆိုေတာ့ ဘယ္သူပဲ နာနာ ႏိုင္ငံေတာ္ကိုပဲ သြား နာ ပါတယ္။ တပ္က ပဲျဖစ္ျဖစ္၊ တိုင္းရင္းသားတပ္က ပဲျဖစ္ျဖစ္၊ အစိုးရတပ္ကပဲျဖစ္ျဖစ္ အဓိကေတာ့ ကိုယ့္ရဲ႕ ေအာက္လက္ငယ္သားေတြနာမယ္။ ၿပီးရင္ ျပည္သူလူထုကို ေနရပ္ျပန္လို႔မရတဲ့ အေနအထားမ်ိဳးမွာ ျပည္သူလူထုေတြက စား၀တ္ေနေရးက အစ ၊ ကေလးေတြ ပညာေရးကအစ နစ္နာ ဆံုးရံူးမႈေတြ အရမ္းမ်ားပါတယ္။”

ေထာင္ခ်ီတဲ့ ဒုကၡသည္ေတြအတြက္ စစ္ေဘးေရွာင္ဒုကၡသည္စခန္းေတြ ဖြင့္လွစ္ထားၿပီး အကူအညီေပးေနၾကေပမဲ့ ေဘးလြတ္ရာေျပးရတဲ့ ေဒသခံျပည္သူေတြမွာ စစ္ေဘးဒဏ္ေၾကာင့္ စိတ္ပိုင္းဆုိင္ရာ ရုပ္ပိုင္းဆုိင္ရာ ထိခိုက္မႈေတြ သိပ္ႀကီးမားေနၿပီျဖစ္လို႔ ေဒသတြင္းတည္ၿငိမ္ေရး ေနရပ္ရင္းျပန္ႏုိင္ေရး ေရရွည္ဘဝ ရပ္တည္ႏိုင္ေရး လူမႈစီးပြားေတြျပန္လည္ တည္ေဆာက္ႏုိင္ေရးနဲ႔ ေဒသတြင္းဖြံ႔ၿဖိဳးတုိးတက္မႈေတြ လုပ္ေဆာင္ေပးဖို႔ လိုလားေနၾကလို႔ စစ္ေရးတင္းမာမႈေတြကို ေျပလည္ေအာင္ ညိႇႏိႈင္းၾကပါလို႔ လည္း ေဒသခံျပည္သူေတြက ေတာင္းဆိုေနၾကတာပါ။

မဆုမြန္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..........................

tnla and rcss conflit zone map (Photo- Myanmar Minister of defence office )
ရှမ်းပြည်မြောက်ပိုင်းဘက်မှာ ရှမ်းတောင်ပိုင်းတပ်နဲ့ တအောင်းတပ်တို့ကြား တိုငး်ရင်းသား လက်နက်ကိုင် တပ်ဖွဲ့ချင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေချိန်မှာ အစိုးရတပ်ဘက်က နယ်မြေတည်ငြိမ်ရေး လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ရှင်းလင်းနေတယ်လို့ သတင်းထုတ်ပြန်ပြီးနောက် ဒီကနေ့မှာတော့ တအောင်းတပ်ကို အင်အားသုံး ထိုးစစ်ဆင် တိုက်ခိုက်လာနေပါတယ်။ ဒီလိုဒေသတွင်း စစ်ရေးတင်းမာမှုတွေကြောင့် တိုက်ပွဲတွေကြောင့် ထောင်ချီပြီး စစ်ပြေးရှောင်နေရတဲ့ ဒုက္ခသည်တွေရဲ့ အိမ်ပြန်နိုင်ရေးက အတော်လေးကို မရေမရဖြစ်လာနေတာပါ။ အခြေအနေအသေးစိတ်ကို မဆုမွန်က ဆက်ပြောပြပေးပါမယ်။

အပစ်ရပ်လက်မှတ်မထိုးထားတဲ့ တအောင်း ပလောင်တပ်ကို ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ထဲ စစ်တပ်ဘက်က အင်အားသုံးပြီး အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လာနေတယ်လို့ တအောင်းတပ် TNLA က ပြောပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာ မနက်ပိုင်းကတည်းကစလို့ နေ့လည်ပိုင်းအထိ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် တောင်သုံးဆယ်ကျေးရွာ၊ ကွယ်ဟယ်ကျေးရွာ၊ မြိုင်ကျေးရွာတွေမှာ အစိုးရတပ်မ(၇၇) နဲ့ တအောင်းတပ်တို့ ရင်ဆိုင်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ TNLA ပြောခွင့်ရ ဗိုလ်မှုးမိုင်အိုက်ကျော်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ရှေ့လျှေက် ဒီ ထိုးစစ်အတိုင်းအတာနဲ့ ဆိုရင်တော့ တိုက်ပွဲ ပိုပြင်းထန်လာနိုင်တဲ့ အနေအထားရှိတယ်။ တိုက်ပွဲက ယခင်ကထက် ပိုပြီးများပြားလာဖို့ အနေအထားရှိတယ်။ အင်အားသုံးပြီး နယ်မြေ ရှင်းလင်းရေး လုပ်မယ်ဆိုရင်တော့ အဲဒါတော့ အမှန်ကန်တဲ့ဖြေရှင်းနည်းတော့ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ နဂိုတည်းက RCSS နဲ့ တိုက်ပွဲဖြစ်နေတဲ့ဟာကို RCSS ကိုပြန်ခိုင်းတယ်။ RCSS က မဆုတ်ဘူး။ ရှေ့လျောက်လည်း ကျနော်တို့နဲ့ RCSSတို့ တိုက်ပွဲ ထိတွေ့မှု မရှိဘူးလို့လည်းမပြောနိုင်ဘူး။ အာမခံချက် မပေးနိုင်ဘူး။ အစိုးရဘက်လည်း ပိုပြီးတိုက်ပွဲတွေ ပြင်းထန်လာလို့ရှိရင်တော့ ဒီလူထုတွေက နဂိုတည်းက စစ်ဘေးရှောင်တွေ တော်တော်လေးများတယ်။ အဲဒီလိုမျိုး ဆက် ဖြစ်လို့ရှိရင်တော့ တိုက်ပွဲတွေ ပိုမိုပြီးပြင်းထန်လာလို့ရှိရင်တော့ စစ်ဘေးရှောင်တွေ ပိုပြီးများလာမယ့်အနေအထားရှိတယ်။ လူထုတွေ ပိုပြီး ဒုက္ခရောက်လာနိုင်တဲ့ အလားအလာတော့ရှိတယ်။ အင်အားသုံးပြီးမှ ဖြေရှင်းတဲ့နည်းလမ်းက လုံးဝ မှားယွင်းတဲ့နည်းလမ်းလို့ ကျနော်တို့ကတော့ မြင်တာပေါ့နော်။”

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ ကျောက်မဲမြို့နယ်တွေထဲ RCSS ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS SSA တောင်ပိုင်းတပ်နဲ့ တအောင်းတပ်TNLA ကြား တိုက်ပွဲတွေက လနဲ့ချီဖြစ်ပွားလာနေတဲ့အတွက် တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူထောင်ချီ ဒုက္ခရောက်နေကြရတာကို ဖေဖော်ဝါရီ (၁၇)ရက်က ပြည်သူ့လွှတ်တော်မှာ အရေးကြီး အဆိုတင်သွင်းခဲ့သလို ရှမ်းပြည်နယ်အစိုးရဘက်ကလည်း စစ်ရေးဖြေရှင်းပေးဖို့ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အပစ်ရပ်လက်မှတ်ထ ိုးထားတဲ့ RCSS ကို မြန်မာစစ်တပ်က တိုက်ပွဲနယ်မြေထဲကနေ ပြန်ဆုတ်ခိုင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း SSA အဖွဲ့က ဆုတ်မပေးဘဲ အင်အားပိုဖြည့်လာတာကြောင့် အဲဒီနယ်မြေထဲကနေ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို ရှင်းလင်းနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လည်း လက်ရှိအချိန်ထိတော့ TNLA တပ်ဖွဲ့တွေကို အစိုးရစစ်တပ်က တိုက်ခိုက်နေပြီး RCSS နဲ့ အစိုးရစစ်တပ်အကြား တိုက်ပွဲဖြစ်တဲ့သတင်းတွေတော့ မကြားရသေးပါဘူး။

အခုဖြစ်နေတဲ့ စစ်ရေးပြဿနာတွေကို ကြားဝင်စေ့စပ်ဖြေရှင်းပေးဖို့ နိုင်ဟံသာ၊ ဗိုလ်ချုပ်ဂွမ်မော်နဲ့ ဦးသိန်းဇော် တို့ပါဝင်တဲ့ ညှိနှိုင်းဖြေရှင်းရေး ကေ်ာမတီတရပ်ကိုလည်း ထိုင်းနိုင်ငံချင်းမိုင်မှာ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီက အရေးပေါ်အစည်းအဝေးလုပ်ပြီး ဖွဲ့စည်းခဲ့ပြီး အခုအချိန်မှာတော့ နှစ်ဘက်တွေ့ဆုံဆွေးနွေးနိုင်ဖို့အရေး စီစဉ်နေတယ်လို့လည်း TNLA က ပြောပါတယ်။

“UNFC က အစည်းအဝေးပြီးတော့ ဒီဖြေရှင်းရေးအဖွဲ့ဆိုပြီးမှ ဖွဲ့စည်းလိုက်တယ်။ အဲ့ဒီမှာ ကျနော်တို့ တွေ့ဆုံမယ့်နေရာ၊ တက်ရောက်မယ့် အဖွဲ့အစည်း အဲဒီမှာ ရေးပေးဖို့ဆိုပြီးတော့မှ ကျနော်တို့ UNFC ကိုပြောထားတယ်။ အခု UNFC လည်း အဲဒီကိစ္စကို ညှိပေးနေတယ်ခင်ဗျ။ ဘယ်နေ့၊ ဘယ်အချိန်ဖြစ်မလဲဆိုတာတော့ ကျနော်တို့ မသိရသေးဘူးခင်ဗျ။”

တအာင်းတပ်အနေနဲ့ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ တိုက်ပွဲတွေ အဆုံးသတ်နိုင်ရေးကို လိုလားကြောင်းလည်း ပြောပါတယ်။

“အဓိကတော့ ထိုးစစ်ဘက်က ရပ်ပေးဖို့ ဆိုရင်တော့ ဒီတိုက်ပွဲကတော့ လျော့ကျသွားမှာပေါ့နော်။ ရင်ဆိုင် တိုက်ပွဲဖြစ်ပြီးမှ ဖြေရှင်းတဲ့ နည်းလမ်းကတော့လည်း ကျနော်တို့လည်း မလုပ်ချင်ဘူး။ မှန်ကန်တဲ့နည်းလမ်း လည်း မဟုတ်ဘူး။ တွေ့ဆုံဆွေးနွေးမှုကတော့ အဓိက ဖြေရှင်းတဲ့ နည်းလမ်းဖြစ်တယ်။ RCSS ဘက်ကိုလည်း ကျနော်တို့က တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိတယ်။ ဒီအစိုးရဘက်မှာလည်း နဂိုကတည်းက NCA လက်မှတ်ထိုးဖို့လည်း ကျနော်တို့က တောက်လျှောက်လိုက်လာတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ မဖြစ်လာဘူးပေါ့နော်။ လာမယ့်အစိုးရ တက်လာလို့ရှိရင်တော့ ငြိမ်းချမ်းရေးကိစ္စဆက်ပြီးဆွေးနွေးဖို့ ကျနော်တို့မျော်လင့်တယ်။ ကျနော်တို့ဆက်ပြီးဆွေးနွေးဖို့ အဆင်သင့်ရှိတယ်။”

လတ်တလောမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲတိုက်ပွဲတွေကြောင့် ဒေသခံတွေ စစ်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရဆဲဖြစ်သလို မထွက်ပြေးနိုင်ပဲ ရွာတွေထဲ ပိတ်မိနေတဲ့ပြည်သူတွေလည်း ရှိနေတယ်လို့ ကူညီ ကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။ စစ်ရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့တွေ့ဆုံဆွေးနွေးကြပါလို့လည်း ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရှမ်းလူငယ်ကွန်ရက်က စိုင်းနော်စိုင်းက အခုလိုပြောပါတယ်။

“အတတ်နိုင်ဆုံးကတော့ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းစေချင်တယ်။ ငြိမ်းချမ်းရေးကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ဖြေရှင်းစေချင်တဲ့သဘောထားရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးက ကိုယ့်တိုင်းရင်းသား ညီအကိုမောင်နှမတွေပဲ ဆိုတော့ ဘယ်သူပဲ နာနာ နိုင်ငံတော်ကိုပဲ သွား နာ ပါတယ်။ တပ်က ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားတပ်က ပဲဖြစ်ဖြစ်၊ အစိုးရတပ်ကပဲဖြစ်ဖြစ် အဓိကတော့ ကိုယ့်ရဲ့ အောက်လက်ငယ်သားတွေနာမယ်။ ပြီးရင် ပြည်သူလူထုကို နေရပ်ပြန်လို့မရတဲ့ အနေအထားမျိုးမှာ ပြည်သူလူထုတွေက စားဝတ်နေရေးက အစ ၊ ကလေးတွေ ပညာရေးကအစ နစ်နာ ဆုံးရူံးမှုတွေ အရမ်းများပါတယ်။”

ထောင်ချီတဲ့ ဒုက္ခသည်တွေအတွက် စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ထားပြီး အကူအညီပေးနေကြပေမဲ့ ဘေးလွတ်ရာပြေးရတဲ့ ဒေသခံပြည်သူတွေမှာ စစ်ဘေးဒဏ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ သိပ်ကြီးမားနေပြီဖြစ်လို့ ဒေသတွင်းတည်ငြိမ်ရေး နေရပ်ရင်းပြန်နိုင်ရေး ရေရှည်ဘဝ ရပ်တည်နိုင်ရေး လူမှုစီးပွားတွေပြန်လည် တည်ဆောက်နိုင်ရေးနဲ့ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ဆောင်ပေးဖို့ လိုလားနေကြလို့ စစ်ရေးတင်းမာမှုတွေကို ပြေလည်အောင် ညှိနှိုင်းကြပါလို့ လည်း ဒေသခံပြည်သူတွေက တောင်းဆိုနေကြတာပါ။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)