ထားဝယ္ ရွင္ကိုးရွင္မွ ဓာတ္ေတာ္မ်ား ဝဲပ်ံခဲ့ေသာ ရွင္ဓာတ္ဝဲ ေစတီ









ရွင္ဓာတ္ဝဲ ေစတီသည္ ထားဝယ္ၿမိဳ႕ ေျမာက္ဘက္ကေန ေရးၿမိဳ႕သို႔သြားတဲ့ ကားလမ္းအတိုင္း သြားရတဲ့ ေမာင္မယ္ေရွာင္ ေက်းရြာအနီးတြင္ တည္ရွိသည္။ ရွင္ဓာတ္ဝဲေစတီ၏ အတၳဳပၸတၱိကား ဒ႑ာရီဆန္လွပါသည္။ ျဖစ္နိုင္သည္ မျဖစ္နိုင္သည္ထက္ ခရီသြားေဆာင္ပါး ရာဇဝင္ အတၳဳပၸတိ အျဖစ္သာ ဖတ္ေစခ်င္မိပါသည္။
မုဆိုးေမာင္ႏြားသည္ ဂိရိပစၥယရေသ့ႀကီး၏ တရားဓမၼမ်ား နာၾကားၿပီးေသာအခါ စိတ္ႏွလုံးမ်ား ႏူးညံ့လာၿပီး မုဆိုးအလုပ္ကို စြန႔္ပါယ္၍ ရေသ့ျပဳေလသည္။ ဘြဲ႕ေတာ္မွာ ေဂါဝိႏၵ တြင္ေလသည္။ ေဂါဝိႏၵရေသ့သည္ ဆရာရေသ့ဆီမွ တရားက်င့္စဥ္မ်ားကို ကာလအတန္ၾကာ သင္ယူၿပီးေနာက္ ဖိုးသူေတာ္ကြာစိႏွင့္အတူ ဣသိျႏၵေတာင္တြင္ အမွီျပဳ သတင္းသုံးေလသည္။ ေဂါဝိႏၵရေသ့ အမွီျပဳေနထိုင္ေသာေတာင္ျဖစ္၍ ေနာက္ပိုင္းတြင္ မွီအုံးေတာင္ ဟု ေျပာင္းလဲေခၚေဝၚလာၾကသည္မွာ ယေန႔တိုင္ျဖစ္သည္။
ေဂါဝိႏၵရေသ့သည္ မွီအုံးေတာင္ ပတ္ဝန္းက်င္ရွိ ရြာမ်ားတြင္ ဆြမ္းခံၿပီးလၽွင္ ေဝႆဝဏၰ ကုန္းစပ္ရွိ ေရကန္တြင္ ဆြမ္းဘုဥ္းေပးေလ့ရွိၿပီး ထိုကန္တြင္ပင္ ေရခ်ိဳးသုံးသပ္သည္။ စတုမဟာရာဇ္နတ္ျပည္မွ နတ္သမီးတစ္ပါးသည္ ကုသိုလ္ကံ ကုန္၍ အကုသိုလ္ကံ အက်ိဳးေပးသျဖင့္ နတ္သက္ေႂကြကာ ထိုေရကန္တြင္ ငါးခုံးမ ျဖစ္ရသည္။ တစ္ေန႔ေသာ္ ရေသ့ႀကီး ေရသုံးသပ္စဥ္ ခႏၶာကိုယ္မွ ထြက္ေသာ အညစ္အေၾကး အခ်ိဳ႕ကို ငါးခုံးမႀကီး စားမိသြားၿပီး ပဋိသေႏၶတည္ေလသည္။ လေစ့ေသာ္ ညဉ့္တစ္ညဉ့္တြင္ လူသား သားႏွင့္သမီး အမႊာ ေမြးဖြားၿပီးေနာက္ ေသဆုံးေလသည္။ ငါးခုံးမႀကီးသည္ သား၊ သမီး အစြဲျဖင့္ မကၽြတ္နိုင္ဘဲ ညတြင္းခ်င္းပင္ ေဂါဝိႏၵရေသ့အား အိမ္မက္ေပးသည္။
ရေသ့လည္း အိမ္ရာမွ နိုးၿပီး တပည့္ကြာစိကို အေဖာ္ျပဳ၍ ေဝႆဝဏၰကုန္းစပ္ အနီးရွိ ေရကန္သို႔ သြားၾကည့္ရာ ကေလးအမႊာ ႏွင့္တကြ ေသဆုံးေနေသာ ငါးခုံးမႀကီး တစ္ေကာင္ကို ေတြ႕ရ၏။ ရေသ့ႏွင့္ ဖိုးသူေတာ္တို႔လည္း ေမြးကင္းစ ကေလးအမႊာႏွင့္ ငါးခုံးမေသကို ေဆာင္ယူလ်က္ ေက်ာင္းသခၤမ္းသို႔ ျပန္လာခဲ့ၾကသည္။ ကေလးမ်ားအား ေမာင္ဇံ ႏွင့္ မယ္ေဇာ (ရွင္ဇံ ႏွင့္ ရွင္ေဇာ) ဟု အမည္ ကင္းပြန္းမွည့္ေခၚသည္။ ရေသ့ႀကီးသည္ အဓိဌာန္၍ လက္ညႇိုးမွ နို႔ရည္ထြက္ေစၿပီး ကေလးငယ္မ်ားအား ေမြးျမဴခဲ့ရသည္။ ငါးခုံးမ အေသေကာင္အား တခ်ိန္တြင္ သက္ေသျပဳနိုင္ရန္အတြက္ အေျခာက္လွမ္းၿပီး သားရိုး၊ သစ္ေစးတို႔ျဖင့္ မံကာ ေရႊခ်လ်က္ အသမၻိႏၷဓာတ္ ရိုက္၍ ေက်ာက္ဂူအတြင္း လုံျခဳံစြာ ထားရွိေလသည္။ (မွတ္ခ်က္။ ။ ထိုငါးခုံးမ ႐ုပ္ဓာတ္ကို အစဥ္အဆက္ ထိန္းသိမ္း ေစာင့္ေရွာက္ခဲ့ၾကၿပီး တပို႔တြဲလျပည့္ေန႔တြင္ က်င္းပသည့္ ေရႊသာေလ်ာင္းပြဲေတာ္ရက္၌ လူအမ်ား ၾကည့္ရွုနိုင္ရန္ ျပသသည္။)
အေနာ္ရထာမင္းႀကီး လက္ထက္၌ ရွင္အရဟံမေထရ္သည္ ပုဂံျပည္ႀကီးကို ေထရဝါဒ ဗုဒၶသာသနာ လႊမ္းမိုးေစခဲ့သည္။ သာသနာ ထြန္းလင္းနိုင္မည့္ တိုင္းနိုင္ငံမ်ား ႏွင့္ ဘုရားဒကာျဖစ္နိုင္သူမ်ားကို ဉာဏ္ေတာ္ျဖင့္ ၾကည့္ရွုရာ မွီအုံးေတာင္ရွိ ေမာင္ဇံ ႏွင့္ မယ္ေဇာ တို႔ ေမာင္ႏွမအား ျမင္ေလသည္။ ရွင္အရဟံမေထရ္သည္ ထားဝယ္တိုင္း ၾကက္ဥေတာင္တြင္ သီတင္းသုံးကာ ေမာင္ဇံႏွင့္မယ္ေဇာ ထံႂကြၿပီး သုံးပါးေသာသရဏဂုံႏွင့္ ငါးပါးသီလကို ခံယူေစသည္။ ၿပီးေနာက္ ျမတ္စြာဘုရား၏ စြယ္ေတာ္ (ရာဇဝင္ စာေစာင္တို႔၌ ဆံေတာ္) တစ္ဆူကို ေရရွည္ ကိုးကြယ္နိုင္ရန္ အလို႔ငွာ ေပးအပ္ၿပီး ျပန္ႂကြသြားေလသည္။
အမႊာ ေမာင္ႏွမလည္း ဓာတ္ေတာ္ကို သူရသင့္ ငါရသင့္ အျငင္းပြားရာမွ ေဂါဝိႏၵရေသ့လည္း ရွင္အရဟံ ရဟႏၲာ ႂကြလာေၾကာင္း သိရေတာ့သည္။ ရေသ့သည္ ဓာတ္ေတာ္ကို ယူေဆာင္လ်က္ ရဟႏၲာေနာက္သို႔ မွန္းဆၿပီးလိုက္ေလရာ ထိုအေၾကာင္းျခင္းရာကို ရွင္အရဟံမွ သိသျဖင့္ ေက်ာင္ေတာင္ထိပ္တစ္ခုမွ ရပ္တန႔္ ေစာင့္ေနေလသည္။ ထိုေတာင္တြင္ ရွင္အရဟံ ရပ္တန႔္ခဲ့သျဖင့္ ရပ္ခံေတာင္ဟု ေခၚလာၾကၿပီး ယခုတြင္ ခံေတာင္ျမင့္ဟု ေျပာင္းလဲ ေခၚေဝၚလာၾကသည္။ ရေသ့လည္း ရွင္အရဟံအား ဖူးေတြ႕ရလ်င္ ဓာတ္ေတာ္တစ္ဆူေၾကာင့္ ေမာင္ႏွမ ႏွစ္ေယာက္ အျငင္းပြားေနရေၾကာင္း ေလၽွာက္တင္ရာ ရွင္အရဟံမေထရ္မွ အဓိဌာန္၍ ဓာတ္ေတာ္ တစ္ဆူမွ ႏွစ္ဆူအျဖစ္ ပြားေစၿပီး ရေသ့လက္သို႔ ျပန္အပ္ေလသည္။ ရေသ့လည္း ဝမ္းသာ ၾကည္ႏူးစြာျဖင့္ နဖူးေျမထိ ရွိခိုး ကန္ေတာ့ေလသည္။ ရွင္အရဟံမေထရ္လည္း လာရင္း ကိစၥၿပီးေျမာက္သျဖင့္ ပုဂံသို႔ စ်ာဥ္ျဖင့္ ျပန္ႂကြေလသည္။ ရေသ့လည္း ဓာတ္ေတာ္ ႏွစ္ဆူကို ေမာင္ႏွမ ႏွစ္ေယာက္အား တစ္ဆူဆီ ခြဲေဝေပးလိုက္သည္။
ေမာင္ဇံသည္ မိမိရရွိေသာ ဓာတ္ေတာ္တစ္ဆူကို ေစတီတည္ရမည့္ ေနရာ ျပေတာ္မူရန္ အဓိဌာန္ျပဳ၍ ေကာင္းကင္သို႔ ပစ္ေျမႇာက္ေလသည္။ ဓာတ္ေတာ္သည္ ေဝႆဝဏၰကုန္းစပ္ရွိ ေရကန္ အထက္၌ ဝဲပ်ံေလသည္။ ဓာတ္ေတာ္ ဝဲပ်ံခဲ့သည့္ ေနရာတြင္ပင္ ေစတီ တည္ခဲ့ၿပီး ရွင္ဓာတ္ဝဲဟု ဘြဲ႕ေတာ္ ဆက္ကပ္ေလသည္။ တခ်ိဳ႕က ရွင္ဓားဝဲ ဘုရား ဟုလည္း ေခၚၾကပါေသးသည္။ ရွင္ဓာတ္ဝဲ ေစတီကို ႏွစ္စဥ္ တပို႔တြဲ လျပည့္ေန႔၌ ဘုရားပြဲကို ႀကီးက်ယ္ ခမ္းနားစြာ က်င္းပေလ့ရွိၾကသည္။
Ref: ထားဝယ္ရာဇဝင္ (ဆရာႀကီးေရႊဝယ္ဧ)
Content & Photos: Stacy Chan
Stacy Chan (ရိုးရာေလး)
www.yoyarlay.com
‪#‎stacy_yyl‬
‪#‎tourism_yyl‬
(unicode version)
ထားဝယ် ရှင်ကိုးရှင်မှ ဓာတ်တော်များ ဝဲပျံခဲ့သော ရှင်ဓာတ်ဝဲ စေတီ
ရှင်ဓာတ်ဝဲ စေတီသည် ထားဝယ်မြို့ မြောက်ဘက်ကနေ ရေးမြို့သို့သွားတဲ့ ကားလမ်းအတိုင်း သွားရတဲ့ မောင်မယ်ရှောင် ကျေးရွာအနီးတွင် တည်ရှိသည်။ ရှင်ဓာတ်ဝဲစေတီ၏ အတ္ထုပ္ပတ္တိကား ဒဏ္ဍာရီဆန်လှပါသည်။ ဖြစ်နိုင်သည် မဖြစ်နိုင်သည်ထက် ခရီသွားဆောင်ပါး ရာဇဝင် အတ္ထုပ္ပတိ အဖြစ်သာ ဖတ်စေချင်မိပါသည်။
မုဆိုးမောင်နွားသည် ဂိရိပစ္စယရသေ့ကြီး၏ တရားဓမ္မများ နာကြားပြီးသောအခါ စိတ်နှလုံးများ နူးညံ့လာပြီး မုဆိုးအလုပ်ကို စွန့်ပါယ်၍ ရသေ့ပြုလေသည်။ ဘွဲ့တော်မှာ ဂေါဝိန္ဒ တွင်လေသည်။ ဂေါဝိန္ဒရသေ့သည် ဆရာရသေ့ဆီမှ တရားကျင့်စဉ်များကို ကာလအတန်ကြာ သင်ယူပြီးနောက် ဖိုးသူတော်ကွာစိနှင့်အတူ ဣသိန္ဒြတောင်တွင် အမှီပြု သတင်းသုံးလေသည်။ ဂေါဝိန္ဒရသေ့ အမှီပြုနေထိုင်သောတောင်ဖြစ်၍ နောက်ပိုင်းတွင် မှီအုံးတောင် ဟု ပြောင်းလဲခေါ်ဝေါ်လာကြသည်မှာ ယနေ့တိုင်ဖြစ်သည်။
ဂေါဝိန္ဒရသေ့သည် မှီအုံးတောင် ပတ်ဝန်းကျင်ရှိ ရွာများတွင် ဆွမ်းခံပြီးလျှင် ဝေဿဝဏ္ဏ ကုန်းစပ်ရှိ ရေကန်တွင် ဆွမ်းဘုဉ်းပေးလေ့ရှိပြီး ထိုကန်တွင်ပင် ရေချိုးသုံးသပ်သည်။ စတုမဟာရာဇ်နတ်ပြည်မှ နတ်သမီးတစ်ပါးသည် ကုသိုလ်ကံ ကုန်၍ အကုသိုလ်ကံ အကျိုးပေးသဖြင့် နတ်သက်ကြွေကာ ထိုရေကန်တွင် ငါးခုံးမ ဖြစ်ရသည်။ တစ်နေ့သော် ရသေ့ကြီး ရေသုံးသပ်စဉ် ခန္ဓာကိုယ်မှ ထွက်သော အညစ်အကြေး အချို့ကို ငါးခုံးမကြီး စားမိသွားပြီး ပဋိသန္ဓေတည်လေသည်။ လစေ့သော် ညဉ့်တစ်ညဉ့်တွင် လူသား သားနှင့်သမီး အမွှာ မွေးဖွားပြီးနောက် သေဆုံးလေသည်။ ငါးခုံးမကြီးသည် သား၊ သမီး အစွဲဖြင့် မကျွတ်နိုင်ဘဲ ညတွင်းချင်းပင် ဂေါဝိန္ဒရသေ့အား အိမ်မက်ပေးသည်။
ရသေ့လည်း အိမ်ရာမှ နိုးပြီး တပည့်ကွာစိကို အဖော်ပြု၍ ဝေဿဝဏ္ဏကုန်းစပ် အနီးရှိ ရေကန်သို့ သွားကြည့်ရာ ကလေးအမွှာ နှင့်တကွ သေဆုံးနေသော ငါးခုံးမကြီး တစ်ကောင်ကို တွေ့ရ၏။ ရသေ့နှင့် ဖိုးသူတော်တို့လည်း မွေးကင်းစ ကလေးအမွှာနှင့် ငါးခုံးမသေကို ဆောင်ယူလျက် ကျောင်းသင်္ခမ်းသို့ ပြန်လာခဲ့ကြသည်။ ကလေးများအား မောင်ဇံ နှင့် မယ်ဇော (ရှင်ဇံ နှင့် ရှင်ဇော) ဟု အမည် ကင်းပွန်းမှည့်ခေါ်သည်။ ရသေ့ကြီးသည် အဓိဌာန်၍ လက်ညှိုးမှ နို့ရည်ထွက်စေပြီး ကလေးငယ်များအား မွေးမြူခဲ့ရသည်။ ငါးခုံးမ အသေကောင်အား တချိန်တွင် သက်သေပြုနိုင်ရန်အတွက် အခြောက်လှမ်းပြီး သားရိုး၊ သစ်စေးတို့ဖြင့် မံကာ ရွှေချလျက် အသမ္ဘိန္နဓာတ် ရိုက်၍ ကျောက်ဂူအတွင်း လုံခြုံစွာ ထားရှိလေသည်။ (မှတ်ချက်။ ။ ထိုငါးခုံးမ ရုပ်ဓာတ်ကို အစဉ်အဆက် ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပြီး တပို့တွဲလပြည့်နေ့တွင် ကျင်းပသည့် ရွှေသာလျောင်းပွဲတော်ရက်၌ လူအများ ကြည့်ရှုနိုင်ရန် ပြသသည်။)
အနော်ရထာမင်းကြီး လက်ထက်၌ ရှင်အရဟံမထေရ်သည် ပုဂံပြည်ကြီးကို ထေရဝါဒ ဗုဒ္ဓသာသနာ လွှမ်းမိုးစေခဲ့သည်။ သာသနာ ထွန်းလင်းနိုင်မည့် တိုင်းနိုင်ငံများ နှင့် ဘုရားဒကာဖြစ်နိုင်သူများကို ဉာဏ်တော်ဖြင့် ကြည့်ရှုရာ မှီအုံးတောင်ရှိ မောင်ဇံ နှင့် မယ်ဇော တို့ မောင်နှမအား မြင်လေသည်။ ရှင်အရဟံမထေရ်သည် ထားဝယ်တိုင်း ကြက်ဥတောင်တွင် သီတင်းသုံးကာ မောင်ဇံနှင့်မယ်ဇော ထံကြွပြီး သုံးပါးသောသရဏဂုံနှင့် ငါးပါးသီလကို ခံယူစေသည်။ ပြီးနောက် မြတ်စွာဘုရား၏ စွယ်တော် (ရာဇဝင် စာစောင်တို့၌ ဆံတော်) တစ်ဆူကို ရေရှည် ကိုးကွယ်နိုင်ရန် အလို့ငှာ ပေးအပ်ပြီး ပြန်ကြွသွားလေသည်။
အမွှာ မောင်နှမလည်း ဓာတ်တော်ကို သူရသင့် ငါရသင့် အငြင်းပွားရာမှ ဂေါဝိန္ဒရသေ့လည်း ရှင်အရဟံ ရဟန္တာ ကြွလာကြောင်း သိရတော့သည်။ ရသေ့သည် ဓာတ်တော်ကို ယူဆောင်လျက် ရဟန္တာနောက်သို့ မှန်းဆပြီးလိုက်လေရာ ထိုအကြောင်းခြင်းရာကို ရှင်အရဟံမှ သိသဖြင့် ကျောင်တောင်ထိပ်တစ်ခုမှ ရပ်တန့် စောင့်နေလေသည်။ ထိုတောင်တွင် ရှင်အရဟံ ရပ်တန့်ခဲ့သဖြင့် ရပ်ခံတောင်ဟု ခေါ်လာကြပြီး ယခုတွင် ခံတောင်မြင့်ဟု ပြောင်းလဲ ခေါ်ဝေါ်လာကြသည်။ ရသေ့လည်း ရှင်အရဟံအား ဖူးတွေ့ရလျင် ဓာတ်တော်တစ်ဆူကြောင့် မောင်နှမ နှစ်ယောက် အငြင်းပွားနေရကြောင်း လျှောက်တင်ရာ ရှင်အရဟံမထေရ်မှ အဓိဌာန်၍ ဓာတ်တော် တစ်ဆူမှ နှစ်ဆူအဖြစ် ပွားစေပြီး ရသေ့လက်သို့ ပြန်အပ်လေသည်။ ရသေ့လည်း ဝမ်းသာ ကြည်နူးစွာဖြင့် နဖူးမြေထိ ရှိခိုး ကန်တော့လေသည်။ ရှင်အရဟံမထေရ်လည်း လာရင်း ကိစ္စပြီးမြောက်သဖြင့် ပုဂံသို့ စျာဉ်ဖြင့် ပြန်ကြွလေသည်။ ရသေ့လည်း ဓာတ်တော် နှစ်ဆူကို မောင်နှမ နှစ်ယောက်အား တစ်ဆူဆီ ခွဲဝေပေးလိုက်သည်။
မောင်ဇံသည် မိမိရရှိသော ဓာတ်တော်တစ်ဆူကို စေတီတည်ရမည့် နေရာ ပြတော်မူရန် အဓိဌာန်ပြု၍ ကောင်းကင်သို့ ပစ်မြှောက်လေသည်။ ဓာတ်တော်သည် ဝေဿဝဏ္ဏကုန်းစပ်ရှိ ရေကန် အထက်၌ ဝဲပျံလေသည်။ ဓာတ်တော် ဝဲပျံခဲ့သည့် နေရာတွင်ပင် စေတီ တည်ခဲ့ပြီး ရှင်ဓာတ်ဝဲဟု ဘွဲ့တော် ဆက်ကပ်လေသည်။ တချို့က ရှင်ဓားဝဲ ဘုရား ဟုလည်း ခေါ်ကြပါသေးသည်။ ရှင်ဓာတ်ဝဲ စေတီကို နှစ်စဉ် တပို့တွဲ လပြည့်နေ့၌ ဘုရားပွဲကို ကြီးကျယ် ခမ်းနားစွာ ကျင်းပလေ့ရှိကြသည်။
Ref: ထားဝယ်ရာဇဝင် (ဆရာကြီးရွှေဝယ်ဧ)
Content & Photos: Stacy Chan
Stacy Chan (ရိုးရာလေး)
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)