အသင့္ေဖ်ာ္ ေကာ္ဖီမစ္ စက္ရံုမ်ားသို႔ ဝင္ေရာက္ စစ္ေဆး၊ ရလဒ္မ်ားကို ႏွစ္ပတ္အတြင္း သတင္း ထုတ္ျပန္မည္

အသင့္ေဖ်ာ္ ေကာ္ဖီမစ္ စက္ရံုမ်ားသို႔ ဝင္ေရာက္ စစ္ေဆး၊ ရလဒ္မ်ားကို ႏွစ္ပတ္အတြင္း သတင္း ထုတ္ျပန္မည္ 
    ရန္ကုန္၊ ေဖေဖာ္ဝါရီ ၉ ရက္ (ဆင္ဟြာ)

    အသင့္ေဖ်ာ္ ေကာ္ဖီမစ္ ထုပ္မ်ား ထုတ္လုပ္ရာ၌ အုန္းမႈတ္ခံြႏွင့္ မန္က်ည္းေစ့မ်ား ႀကိတ္၍ ထည့္သြင္းသည္ ဟု သတင္းတခ်ဳိ႕ ထြက္ေပၚ ေနျခင္းေၾကာင့္ ရန္ကုန္တိုင္း ေဒသႀကီး အတြင္းရွိ ေကာ္ဖီ စက္႐ံု မ်ားသုိ႔ ဝင္ေရာက္ စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ၿပီး ရလဒ္မ်ားကို ႏွစ္ပတ္ အတြင္း သတင္း ထုတ္ျပန္ သြားမည္ ျဖစ္ေၾကာင္း အစား အေသာက္ ႏွင့္ ေဆးဝါး ကြပ္ကဲမႈ ဦးစီးဌာန (FDA) မွ တာဝန္ရွိသူ တစ္ဦးထံမွ သိရသည္။

စစ္ေဆးရာတြင္ ျပည္တြင္းမွ နာမည္ႀကီး ေကာ္ဖီ တံဆိပ္မ်ား အျပင္ တျခားေကာ္ဖီ ထုတ္လုပ္ေသာ စက္႐ံု ၁၂ ႐ံုကို ေဖေဖာ္ဝါရီလ ၆ ရက္က အစားအေသာက္ႏွင့္ ေဆးဝါး ကြပ္ကဲမႈ ဦးစီးဌာန FDA ႏွင့္ ရန္ကုန္ ၿမိဳ႕ေတာ္ စည္ပင္ သာယာေရး ေကာ္မတီတုိ႔ ပူးေပါင္းၿပီး ေရွာင္တခင္ စစ္ေဆးခဲ့ေၾကာင္း သိရသည္။

ျပည္တြင္း ေစ်းကြက္ အတြင္း ေရာင္းခ်ေနသည့္ အသင့္ေဖ်ာ္ ေကာ္ဖီမစ္ ထုပ္မ်ား အတြင္း အုန္းမႈတ္ခံြ အမႈန္႔၊ မန္က်ည္းေစ့ မ်ားကို ေရာေႏွာ ထုတ္လုပ္ ေနသျဖင့္ က်န္းမာေရး အတြက္ အႏၲရာယ္ ရွိသည္ဟု သံသယရွိ ေသာေၾကာင့္ ေကာ္ဖီ ထုတ္လုပ္ရာတြင္ အသံုးျပဳသည့္ ကုန္ၾကမ္းမ်ားကို စံခ်ိန္ စံၫႊန္း ႏွင့္ ညီ၊ မညီ၊ တျခား အေရာအေႏွာမ်ား ပါဝင္မႈ ရွိ၊ မရွိ စစ္ေဆးရန္ နမူနာ ပစၥည္း မ်ားကို ေကာက္ယူခဲ့ျခင္း ျဖစ္ေၾကာင္း ၎ တာဝန္ရွိသူက ဆိုသည္။

(Xinhua)
http://www.xinhuamyanmar.com
.............
 အသင့်ဖျော် ကော်ဖီမစ် စက်ရုံများသို့ ဝင်ရောက် စစ်ဆေး၊ ရလဒ်များကို နှစ်ပတ်အတွင်း သတင်း ထုတ်ပြန်မည်
    ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

    အသင့်ဖျော် ကော်ဖီမစ် ထုပ်များ ထုတ်လုပ်ရာ၌ အုန်းမှုတ်ခွံနှင့် မန်ကျည်းစေ့များ ကြိတ်၍ ထည့်သွင်းသည် ဟု သတင်းတချို့ ထွက်ပေါ် နေခြင်းကြောင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကော်ဖီ စက်ရုံ များသို့ ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ရလဒ်များကို နှစ်ပတ် အတွင်း သတင်း ထုတ်ပြန် သွားမည် ဖြစ်ကြောင်း အစား အသောက် နှင့် ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာန (FDA) မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

စစ်ဆေးရာတွင် ပြည်တွင်းမှ နာမည်ကြီး ကော်ဖီ တံဆိပ်များ အပြင် တခြားကော်ဖီ ထုတ်လုပ်သော စက်ရုံ ၁၂ ရုံကို ဖေဖော်ဝါရီလ ၆ ရက်က အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာန FDA နှင့် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီတို့ ပူးပေါင်းပြီး ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်တွင်း စျေးကွက် အတွင်း ရောင်းချနေသည့် အသင့်ဖျော် ကော်ဖီမစ် ထုပ်များ အတွင်း အုန်းမှုတ်ခွံ အမှုန့်၊ မန်ကျည်းစေ့ များကို ရောနှော ထုတ်လုပ် နေသဖြင့် ကျန်းမာရေး အတွက် အန္တရာယ် ရှိသည်ဟု သံသယရှိ သောကြောင့် ကော်ဖီ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းများကို စံချိန် စံညွှန်း နှင့် ညီ၊ မညီ၊ တခြား အရောအနှောများ ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးရန် နမူနာ ပစ္စည်း များကို ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း ၎င်း တာဝန်ရှိသူက ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)