လႊတ္ေတာ္သစ္မွာ လက္ရိွဝန္ႀကီးမ်ား တက္ေရာက္မႈ ဆိုင္းငံ့ (လွှတ်တော်သစ်မှာ လက်ရှိဝန်ကြီးများ တက်ရောက်မှု ဆိုင်းငံ့ )

ျပန္ၾကားေရးဝန္ႀကီး ဦးရဲထြဋ္ ။ (ေဖေဖာ္ဝါရီ ၁၊ ၂၀၁၆)
ဒုတိယအၾကိမ္ လႊတ္ေတာ္ အစည္းအေဝးေတြမွာ လက္ရွိ အစိုးရတာ၀န္ရွိသူေတြ အေနနဲ႔ တက္ေရာက္ေဆြြးေႏြးျခင္းကို ဆိုင္းငံ့ထားဖို႔ အစိုးရအဖဲြ႔က တားျမစ္ထားတယ္ လို႔ ျပန္ၾကားေရးဝန္ၾကီး ဦးရဲထြဋ္က ေျပာဆိုလို္က္ပါတယ္။ ဒီအေပၚမွာ ေဝဖန္သံေတြ ထြက္ေပၚေနေပမဲ႔လည္း ဦးရဲထြဋ္ကေတာ့ ေဝဖန္မႈေတြကို ဂရုမျပဳပဲ တစံုတရာ မေက်နပ္ရင္ ဖဲြ႔စည္းပံုအေျခခံခံုရုံးမွာ ေျဖရွင္းႏိုင္တယ္လို႔ တံု႔ျပန္ေျပာဆိုလိုက္သလို လက္ရွိအစိုးရကို တမင္သက္သက္ ထိုးႏွက္ဖို႔ ရည္ရြယ္ျပီး လုပ္ေဆာင္လာတာေတြေၾကာင့္ အခုလိုမ်ိဳး ဆံုးျဖတ္ခ်က္ခ်ရတာျဖစ္တယ္ လို႔ ေျပာပါတယ္။ အျပည့္အစံုကိုေတာ့ ဆက္သြယ္ေမးျမန္းထားတဲ႔ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုထက္ေအာင္က ေျပာျပေပးမွာပါ။

ဒုတိယအၾကိမ္ လႊတ္ေတာ္အစည္းအေဝးေတြမွာ လက္ရွိအစိုးရတာဝန္ရွိသူေတြ တက္ေရာက္ေဆြးေႏြးျခင္းကို ဆိုင္းငံ့ထားဖို႔ အစိုးရ အဖဲြ႔က တားျမစ္ထားတယ္ လို႔ ျပန္ၾကားေရးဝန္ၾကီး ဦးရဲထြဋ္က ေျပာဆိုလိုက္တဲ့ အေပၚမွာ လက္ရွိ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြနဲ႔ ႏိုင္ငံေရး ေလ့လာသံုးသပ္သူေတြၾကား ေဝဖန္မႈေတြ ထြက္ေပၚခဲ႔ပါတယ္။

ဒါေပမဲ႔လည္း ဝန္ၾကီး ဦးရဲထြဋ္ကေတာ့ အခုေနာက္ပိုင္း လႊတ္ေတာ္တြင္းမွာ လက္ရွိ အစိုးရကို တမင္သပ္သပ္ ထိုးႏွက္ဖို႔ရည္ရြယ္ျပီး လုပ္ေဆာင္လာတယ္ လို႔ ျမင္တဲ့ အတြက္ေၾကာင့္ ေျဖၾကားျခင္းမျပဳဖို႔ ဆိုင္းငံ့လိုက္တာ ျဖစ္တယ္လို႔ ေျပာဆိုလိုက္ သလို ဒီအေပၚမွာ တစံုတရာ မေက်နပ္ခဲ႔ရင္ ဖဲြ႔စည္းပံုအေျခခံခံုရံုးမွာ လာေရာက္ေျဖရ်င္းႏိုင္တယ္လို႔ တံု႔ျပန္ေျပာဆိုလိုက္ပါတယ္။

" က်ေနာ္တို႔ နားလည္ထားတာကေတာ့ ပထမအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ က ေရြးခ်ယ္တင္ေျမႇာက္လိုက္တဲ့ အစိုးရျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ ပထမအႀကိမ္ ျပည္ေထာင္စု လႊတ္ေတာ္ကိုပဲ တာဝန္ခံရမယ္လို႔ က်ေနာ္တို႔ နားလည္တယ္။ အခုအခ်ိန္မွာ အမ်ိဳးသားအက်ိဳးစီးပြား ကိစၥေတြ သြားေျဖခဲ့တာေတြ ရွိေပမဲ့လည္း ေနာက္ပိုင္းမွာ တမင္သပ္သပ္ အစိုးရကို ထိုးႏွက္ဖို႔အတြက္ ရည္ရြယ္ၿပီး လုပ္ေဆာင္လာတယ္လို႔ ျမင္တဲ့အတြက္ေၾကာင့္မို႔လို႔ က်ေနာ္တို႔ရဲ႕ သြားေရာက္ေျဖၾကားမႈေတြကို က်ေနာ္တို႔ ဆိုင္းင့ံထားတယ္။  ဒါေၾကာင့္မို႔လို႔ တစ္။ က်ေနာ္တို႔ရဲ႕ ဆံုးျဖတ္ခ်က္ကို မေက်နပ္ဘူးဆိုရင္ ဖြဲ႔စည္းပံု အေျခခံဥပေဒကို အဓိပၸါယ္ ဖြင့္ဆိုခြင့္ ရွိတဲ့ ဖြဲ႔စည္းပံု အေျခခံဥပေဒ ခံု႐ံုးမွာ အဆံုးအျဖတ္ ခံယူႏုိင္ပါတယ္။ ႏွစ္-ကေတာ့ သူတို႔ေမးတာကို သြားမေျဖေပမဲ့ သူတို႔ေမးတဲ့ ကိစၥေတြကို ျပည္သူေတြ သိသင့္တယ္လို႔ ထင္လို႔ရွိရင္ က်ေနာ္တို႔ မီဒီယာေတြကေန တဆင့္ အသိေပးသြားမွာျဖစ္ပါတယ္။ ဒီေန႔ သတင္းစာကေနစၿပီး က်ေနာ္တို႔ စ အသိေပးေနပါၿပီ။ အဲ့တာ က်ေနာ္တို႔ရဲ႕ သေဘာထားပါပဲ။

သူတို႔ရဲ႕ အၾကံျပဳခ်က္ေတြကို က်ေနာ္တို႔ စိတ္မဝင္စားပါဘူး။ က်ေနာ္တို႔က စိတ္မဝင္စားတာက တကယ္လို႔ မေက်နပ္တဲ့သူမ်ား ရွိလုိ႔ရွိရင္ ဖြဲ႔စည္းပံု အေျခခံဥပေဒနဲ႔ အညီ ဖြဲ႔စည္းပံုဆိုင္ရာ အေျခခံဥပေဒဆုိင္ရာ ခံု႐ံုးမွာ သြားၿပီး ေလွ်ာက္မယ္ဆိုရင္ ဖြဲ႔စည္းပံုဆုိင္ရာ အေျခခံဥပေဒဆိုင္ရာ ခံု႐ံုး ဆံုးျဖတ္ခ်က္ကို က်ေနာ္တို႔ စိတ္ဝင္စားပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဖြဲ႔စည္းပံု အေျခခံဥပေဒနဲ႔ပတ္သက္ရင္ ေနာက္ဆံုး အာဏာပိုင္က ဖြဲ႔စည္းပံု အေျခခံဥပေဒခံု႐ံုးပဲ ျဖစ္ပါတယ္။ "

ကိုထက္ေအာင္။    ။ တခ်ိဳ႕လူေတြ ေျပာတာက ဖြဲ႔စည္းပံု အေျခခံဥပေဒ ပုဒ္မ ၂၀၃ အရ သမၼတ က ျပည္ေထာင္စုလႊတ္ေတာ္မွာ ပါပါတယ္ခင္ဗ်။ အဲ့သလို ေျပာဆိုၾကတဲ့ အေပၚမွာ ဝန္ႀကီး ဘာေျပာခ်င္ပါလဲ။

ဝန္ႀကီးဦးရဲထြဋ္။   ။ ၂၀၃ မွာ ျပည္ေထာင္စုလႊတ္ေတာ္လို႔ ေျပာတဲ့အခါမွာ ပထမအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္လား၊ ဒုတိယအႀကိမ္ ျပည္ေထာင္စု လႊတ္ေတာ္လား၊ တတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္လား၊ စတုတၱအႀကိမ္ ျပည္ေထာင္စု လႊတ္ေတာ္လား ဆိုတာ မပါဘူး။ က်ေနာ္တို႔ နားလည္ထားမႈကေတာ့ အစိုးရတရပ္သည္ သူ႔ကို ေရြးခ်ယ္ တင္ေျမႇာက္လိုက္တဲ့ လႊတ္ေတာ္ကိုပဲ တာဝန္ခံရမယ္လို႔ က်ေနာ္ နားလည္တယ္။

ႏုိင္ငံတကာမွာ ၾကည့္မယ္ဆိုရင္လည္း ဒီသေဘာမ်ိဳးပဲ ေတြ႔မွာပဲ။ ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔က အဲ့သလို ယံုၾကည္တဲ့အတြက္ေၾကာင့္မို႔လို႔ က်ေနာ္တို႔ ဆုိင္းငံ့ထားတယ္။ လံုးဝ မေျဖဘူး ဆုိတာ မဟုတ္ဘူး။ အမ်ိဳးသားအက်ိဳးစီးပြားအတြက္ အယ္လ္နီညိဳ ကိစၥမ်ိဳးအတြက္ က်ေနာ္တုိ႔ ေျပာသင့္တဲ့အခ်ိန္ က််ေနာ္တုိ႔ သြားေျပာမယ္။ သို႔ေသာ္ ႏုိင္ငံေရးအက်ိဳးအျမတ္တခုအတြက္ ရည္ရြယ္ၿပီး လုပ္ေဆာင္တယ္ လို႔ ယူဆတဲ့ကိစၥ အတြက္ က်ေနာ္တို႔ သြားေရာက္ၿပီးေတာ့ ပူးေပါင္း ေျဖဆိုမွာ မဟုတ္ဘူး။ ဒါ က်ေနာ္တို႔ရဲ႕ ရပ္တည္ခ်က္ပဲ။ အဲ့တာကို သံသယ ရွိတယ္ထင္ရင္ ဖြဲ႔စည္းပံု အေျခခံဥပေဒဆိုင္ရာ ခံု႐ံုးမွာ သြားၿပီးေတာ့မွ အဆံုးအျဖတ္ ခံယူႏုိင္တယ္။ ဖြဲ႔စည္းပံု အေျခခံဥပေဒ ဆိုင္ရာ ခံု႐ံုးရဲ႕ ဆံုးျဖတ္ခ်က္ကို လိုက္နာဖို႔ က်ေနာ္တို႔ အသင့္ရွိတယ္။ "

ဒါ့အျပင္ ဖဲြ႔စည္းပံု အေျခခံဥပေဒအရ သမၼတ ဦးသိန္းစိန္နဲ႔ လက္ရွိျပည္ေထာင္စု အစိုးရက ပထမအၾကိမ္ ျပည္ေထာင္စု လႊတ္ေတာ္ကို တာ၀န္ခံရတာျဖစ္ျပီးေတာ့ အခု ဒုတိယအၾကိမ္ ျပည္ေထာင္စု လႊတ္ေတာ္ကို တာဝန္ခံျခင္း ရွိမရွိဆိုတာက ဖဲြ႔စညး္ပံု အေျခခံဥပေဒ အရ အေသအခ်ာ ျပန္လည္ သံုးသပ္ရမယ့္ ကိစၥျဖစ္တယ္လို႔ ဦးရဲထြဋ္က ေျပာဆိုလိုက္တာပါ။

ဦးရဲထြဋ္ရဲ႕ ေျပာဆိုမႈေတြနဲ႔ ပတ္သတ္လို႔ တရားလႊတ္ေတာ္ေရွ႕ေနတဦး ျဖစ္တဲ႔ ဦးေမာင္ေမာင္ဝင္းက ဖဲြ႔စည္းပံု အေျခခံဥပေဒကို ဆန္႔က်င့္တဲ့ သေဘာ သက္ေရာက္ တာျဖစ္တာေၾကာင့္ အခုလို ကန္႔ကြက္ေျပာဆိုလိုက္ပါတယ္။

" အဲ့ဒီ့အယူအဆကေတာ့ လံုးဝ လြဲမွားပါတယ္။ လက္ရွိ ဝန္ႀကီး လက္ရွိ တာဝန္ယူထားတဲ့ အစိုးရအဖြဲ႔ဟာ လာမယ့္ မတ္လ ၃၀ ရက္ေန႔အထိ သူတို႔က တာဝန္ရွိေနပါတယ္။ တာဝန္ရွိေနတဲ့ အစိုးရျဖစ္တဲ့အတြက္ ဒုတိယအႀကိမ္ ျပည္သူ႔ လႊတ္ေတာ္ သက္တမ္းကေနၿပီး ေခၚတာတုိ႔ ဘာတို႔ကို လာဖို႔ တာဝန္ရွိပါတယ္။"

ျပီးခဲ႔တဲ႔ အဂၤါနဲ႔ ဗုဒၶဟူးေန႔ေတြက ၀ိုင္းေမာ္မဲဆႏၵနယ္က လႊတ္ေတာ္ကိုယ္စားလွယ္ တင္သြင္းခဲ႔တဲ႔ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးႏွိမ္နွင္းေရး ကိစၥနဲ႔ ပုလဲမဲဆႏၵနယ္က လႊတ္ေတာ္ ကုိယ္စားလွယ္ တင္သြင္းတဲ႔ ေရြးေကာက္ပဲြအျပီးကာလေတြမွာ လက္ရွိအစိုုးရေဆာင္ရြက္ေနတဲ႔ ကိစၥရပ္ေတြနဲ႔ ပတ္သတ္လို႔ အေရးၾကီးအဆို တင္သြင္းခဲ႔ေပမယ့္ သက္ဆိုင္ရာ ဝန္ၾကီးဌာနေတြက လာေရာက္ေျဖရွင္းခဲ႔ျခင္း မရွိခဲ႔ပါဘူး။

ပထမၾကိမ္ လႊတ္ေတာ္သက္တမ္းေတြမွာ အစိုးရအဖဲြ႔ဘက္က လာေရာက္ေဆြးေႏြး ခဲ႔ေပမယ့္ ဒုတိယအၾကိမ္ လႊတ္ေတာ္သက္တမ္းက်မွ အခုလို တက္ေရာက္ေဆြးေႏြးဖို႔ ဆိုင္းငံ့လိုက္တဲ႔အေပၚမွာ လြတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ အစိုးရအဖဲြ႔ေတြၾကား တင္းမာမႈေတြ ရွိေနႏိုင္တယ္လို႔ ႏိုင္ငံေရးအကဲခတ္ပုဂၢိဳလ္ ဦးစည္သူေအာင္ျမင့္က သံုးသပ္ပါတယ္။

၂၀၀၈ ဖဲြ႔စည္းပံု အေျခခံဥပေဒ ပုဒ္မ ၂၀၃ အရဆိုရင္ ႏိုင္ငံေတာ္ သမၼတ ဟာ ျပည္ေထာင္စု လႊတ္ေတာ္အား တာ၀န္ခံရမယ္။ ဒုတိယသမၼတေတြဟာ နိုင္ငံေတာ္သမၼတအားလည္းေကာင္း ႏိုင္ငံေတာ္ သမၼတမွ တစ္ဆင့္ ျပည္ေထာင္စု လႊတ္ေတာ္အားလည္းေကာင္း တာ၀န္ခံရမယ္လို႔ ျပ႒ာန္းထားပါတယ္။

ဒါေပမဲ႔လည္း လက္ရွိအစိုးရအေနနဲ႔ လႊတ္ေတာ္တြင္း ကိစၥေတြလာေရာက္ မေျဖရွင္းတာဟာ ဒုတိယအၾကိမ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို အသိအမွတ္မျပဳရာက်တယ္လို႔ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖဲြ႔ခ်ဳပ္ရဲ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းသီဟေက်ာ္ က ေျပာပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စတင္ခဲ႔တဲ႔ ဒုတိယအၾကိမ္ ျပည္သူ႔လႊတ္ေတာ္မွာ အေရးၾကီး အဆို ၄ ခု တင္သြင္းခဲ႔ေပမဲ႔ ရွမ္းျပည္ေျမာက္ပိုင္းမွာျဖစ္ပြားေနတဲ႔ စစ္ပဲြကိစၥေတြနဲ႔ အယ္နီညိဳကိစၥေတြကိုပဲ သက္ဆိုင္ရာ ဝန္ၾကီးဌာနေတြက သြားရွင္းျပခဲ႔တာ့ပါ။ ဒါ့အျပင္မေန႔က ပုလဲမဲဆႏၵနယ္က ေဒၚခင္စန္းလိႈင္တင္သြင္းတဲ႔ အေရးၾကီးအဆိုကို NLD ကိုယ္စားလွယ္တစ္ဦးက လႊတ္ေတာ္တြင္း ဒီကေန႔ ေထာက္ခံေဆြးေႏြးေနစဥ္မွာပဲ တပ္မေတာ္သားကိုယ္စားလွယ္အားလံုးက မတ္တပ္ရပ္ျပီး ကန္႔ကြက္ခဲ႔ၾကပါတယ္။

ထက္ေအာင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
............
 ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ။ (ဖေဖော်ဝါရီ ၁၊ ၂၀၁၆)
ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးတွေမှာ လက်ရှိ အစိုးရတာဝန်ရှိသူတွေ အနေနဲ့ တက်ရောက်ဆွွေးနွေးခြင်းကို ဆိုင်းငံ့ထားဖို့ အစိုးရအဖွဲ့က တားမြစ်ထားတယ် လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောဆိုလို်က်ပါတယ်။ ဒီအပေါ်မှာ ဝေဖန်သံတွေ ထွက်ပေါ်နေပေမဲ့လည်း ဦးရဲထွဋ်ကတော့ ဝေဖန်မှုတွေကို ဂရုမပြုပဲ တစုံတရာ မကျေနပ်ရင် ဖွဲ့စည်းပုံအခြေခံခုံရုံးမှာ ဖြေရှင်းနိုင်တယ်လို့ တုံ့ပြန်ပြောဆိုလိုက်သလို လက်ရှိအစိုးရကို တမင်သက်သက် ထိုးနှက်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်လာတာတွေကြောင့် အခုလိုမျိုး ဆုံးဖြတ်ချက်ချရတာဖြစ်တယ် လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေမှာ လက်ရှိအစိုးရတာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခြင်းကို ဆိုင်းငံ့ထားဖို့ အစိုးရ အဖွဲ့က တားမြစ်ထားတယ် လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောဆိုလိုက်တဲ့ အပေါ်မှာ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေကြား ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဝန်ကြီး ဦးရဲထွဋ်ကတော့ အခုနောက်ပိုင်း လွှတ်တော်တွင်းမှာ လက်ရှိ အစိုးရကို တမင်သပ်သပ် ထိုးနှက်ဖို့ရည်ရွယ်ပြီး လုပ်ဆောင်လာတယ် လို့ မြင်တဲ့ အတွက်ကြောင့် ဖြေကြားခြင်းမပြုဖို့ ဆိုင်းငံ့လိုက်တာ ဖြစ်တယ်လို့ ပြောဆိုလိုက် သလို ဒီအပေါ်မှာ တစုံတရာ မကျေနပ်ခဲ့ရင် ဖွဲ့စည်းပုံအခြေခံခုံရုံးမှာ လာရောက်ဖြေရျင်းနိုင်တယ်လို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

" ကျနော်တို့ နားလည်ထားတာကတော့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် က ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်ကိုပဲ တာဝန်ခံရမယ်လို့ ကျနော်တို့ နားလည်တယ်။ အခုအချိန်မှာ အမျိုးသားအကျိုးစီးပွား ကိစ္စတွေ သွားဖြေခဲ့တာတွေ ရှိပေမဲ့လည်း နောက်ပိုင်းမှာ တမင်သပ်သပ် အစိုးရကို ထိုးနှက်ဖို့အတွက် ရည်ရွယ်ပြီး လုပ်ဆောင်လာတယ်လို့ မြင်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ရဲ့ သွားရောက်ဖြေကြားမှုတွေကို ကျနော်တို့ ဆိုင်းင့ံထားတယ်။  ဒါကြောင့်မို့လို့ တစ်။ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ဘူးဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိပ္ပါယ် ဖွင့်ဆိုခွင့် ရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးမှာ အဆုံးအဖြတ် ခံယူနိုင်ပါတယ်။ နှစ်-ကတော့ သူတို့မေးတာကို သွားမဖြေပေမဲ့ သူတို့မေးတဲ့ ကိစ္စတွေကို ပြည်သူတွေ သိသင့်တယ်လို့ ထင်လို့ရှိရင် ကျနော်တို့ မီဒီယာတွေကနေ တဆင့် အသိပေးသွားမှာဖြစ်ပါတယ်။ ဒီနေ့ သတင်းစာကနေစပြီး ကျနော်တို့ စ အသိပေးနေပါပြီ။ အဲ့တာ ကျနော်တို့ရဲ့ သဘောထားပါပဲ။

သူတို့ရဲ့ အကြံပြုချက်တွေကို ကျနော်တို့ စိတ်မဝင်စားပါဘူး။ ကျနော်တို့က စိတ်မဝင်စားတာက တကယ်လို့ မကျေနပ်တဲ့သူများ ရှိလို့ရှိရင် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ဖွဲ့စည်းပုံဆိုင်ရာ အခြေခံဥပဒေဆိုင်ရာ ခုံရုံးမှာ သွားပြီး လျှောက်မယ်ဆိုရင် ဖွဲ့စည်းပုံဆိုင်ရာ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဆုံးဖြတ်ချက်ကို ကျနော်တို့ စိတ်ဝင်စားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်ရင် နောက်ဆုံး အာဏာပိုင်က ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးပဲ ဖြစ်ပါတယ်။ "

ကိုထက်အောင်။    ။ တချို့လူတွေ ပြောတာက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၃ အရ သမ္မတ က ပြည်ထောင်စုလွှတ်တော်မှာ ပါပါတယ်ခင်ဗျ။ အဲ့သလို ပြောဆိုကြတဲ့ အပေါ်မှာ ဝန်ကြီး ဘာပြောချင်ပါလဲ။

ဝန်ကြီးဦးရဲထွဋ်။   ။ ၂၀၃ မှာ ပြည်ထောင်စုလွှတ်တော်လို့ ပြောတဲ့အခါမှာ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်လား၊ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်လား၊ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်လား၊ စတုတ္တအကြိမ် ပြည်ထောင်စု လွှတ်တော်လား ဆိုတာ မပါဘူး။ ကျနော်တို့ နားလည်ထားမှုကတော့ အစိုးရတရပ်သည် သူ့ကို ရွေးချယ် တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုပဲ တာဝန်ခံရမယ်လို့ ကျနော် နားလည်တယ်။

နိုင်ငံတကာမှာ ကြည့်မယ်ဆိုရင်လည်း ဒီသဘောမျိုးပဲ တွေ့မှာပဲ။ ဒါကြောင့်မို့လို့ ကျနော်တို့က အဲ့သလို ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ဆိုင်းငံ့ထားတယ်။ လုံးဝ မဖြေဘူး ဆိုတာ မဟုတ်ဘူး။ အမျိုးသားအကျိုးစီးပွားအတွက် အယ်လ်နီညို ကိစ္စမျိုးအတွက် ကျနော်တို့ ပြောသင့်တဲ့အချိန် ကျျနော်တို့ သွားပြောမယ်။ သို့သော် နိုင်ငံရေးအကျိုးအမြတ်တခုအတွက် ရည်ရွယ်ပြီး လုပ်ဆောင်တယ် လို့ ယူဆတဲ့ကိစ္စ အတွက် ကျနော်တို့ သွားရောက်ပြီးတော့ ပူးပေါင်း ဖြေဆိုမှာ မဟုတ်ဘူး။ ဒါ ကျနော်တို့ရဲ့ ရပ်တည်ချက်ပဲ။ အဲ့တာကို သံသယ ရှိတယ်ထင်ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးမှာ သွားပြီးတော့မှ အဆုံးအဖြတ် ခံယူနိုင်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ ကျနော်တို့ အသင့်ရှိတယ်။ "

ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတ ဦးသိန်းစိန်နဲ့ လက်ရှိပြည်ထောင်စု အစိုးရက ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရတာဖြစ်ပြီးတော့ အခု ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံခြင်း ရှိမရှိဆိုတာက ဖွဲ့စညး်ပုံ အခြေခံဥပဒေ အရ အသေအချာ ပြန်လည် သုံးသပ်ရမယ့် ကိစ္စဖြစ်တယ်လို့ ဦးရဲထွဋ်က ပြောဆိုလိုက်တာပါ။

ဦးရဲထွဋ်ရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သတ်လို့ တရားလွှတ်တော်ရှေ့နေတဦး ဖြစ်တဲ့ ဦးမောင်မောင်ဝင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင့်တဲ့ သဘော သက်ရောက် တာဖြစ်တာကြောင့် အခုလို ကန့်ကွက်ပြောဆိုလိုက်ပါတယ်။

" အဲ့ဒီ့အယူအဆကတော့ လုံးဝ လွဲမှားပါတယ်။ လက်ရှိ ဝန်ကြီး လက်ရှိ တာဝန်ယူထားတဲ့ အစိုးရအဖွဲ့ဟာ လာမယ့် မတ်လ ၃၀ ရက်နေ့အထိ သူတို့က တာဝန်ရှိနေပါတယ်။ တာဝန်ရှိနေတဲ့ အစိုးရဖြစ်တဲ့အတွက် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် သက်တမ်းကနေပြီး ခေါ်တာတို့ ဘာတို့ကို လာဖို့ တာဝန်ရှိပါတယ်။"

ပြီးခဲ့တဲ့ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေက ၀ိုင်းမော်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် တင်သွင်းခဲ့တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှိမ်နှင်းရေး ကိစ္စနဲ့ ပုလဲမဲဆန္ဒနယ်က လွှတ်တော် ကိုယ်စားလှယ် တင်သွင်းတဲ့ ရွေးကောက်ပွဲအပြီးကာလတွေမှာ လက်ရှိအစိုုးရဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သတ်လို့ အရေးကြီးအဆို တင်သွင်းခဲ့ပေမယ့် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက လာရောက်ဖြေရှင်းခဲ့ခြင်း မရှိခဲ့ပါဘူး။

ပထမကြိမ် လွှတ်တော်သက်တမ်းတွေမှာ အစိုးရအဖွဲ့ဘက်က လာရောက်ဆွေးနွေး ခဲ့ပေမယ့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကျမှ အခုလို တက်ရောက်ဆွေးနွေးဖို့ ဆိုင်းငံ့လိုက်တဲ့အပေါ်မှာ လွတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့တွေကြား တင်းမာမှုတွေ ရှိနေနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်ပုဂ္ဂိုလ် ဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၃ အရဆိုရင် နိုင်ငံတော် သမ္မတ ဟာ ပြည်ထောင်စု လွှတ်တော်အား တာဝန်ခံရမယ်။ ဒုတိယသမ္မတတွေဟာ နိုင်ငံတော်သမ္မတအားလည်းကောင်း နိုင်ငံတော် သမ္မတမှ တစ်ဆင့် ပြည်ထောင်စု လွှတ်တော်အားလည်းကောင်း တာဝန်ခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒါပေမဲ့လည်း လက်ရှိအစိုးရအနေနဲ့ လွှတ်တော်တွင်း ကိစ္စတွေလာရောက် မဖြေရှင်းတာဟာ ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်တွေကို အသိအမှတ်မပြုရာကျတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော် က ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှာ အရေးကြီး အဆို ၄ ခု တင်သွင်းခဲ့ပေမဲ့ ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ စစ်ပွဲကိစ္စတွေနဲ့ အယ်နီညိုကိစ္စတွေကိုပဲ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက သွားရှင်းပြခဲ့တာ့ပါ။ ဒါ့အပြင်မနေ့က ပုလဲမဲဆန္ဒနယ်က ဒေါ်ခင်စန်းလှိုင်တင်သွင်းတဲ့ အရေးကြီးအဆိုကို NLD ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်တွင်း ဒီကနေ့ ထောက်ခံဆွေးနွေးနေစဉ်မှာပဲ တပ်မတော်သားကိုယ်စားလှယ်အားလုံးက မတ်တပ်ရပ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။

ထက်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)