ေရျဖဴၿမိဳ႕နယ္ အခ်ိဳ႕ေက်းရြာဘုရားပြဲတြင္ နားလည္မွုျဖင့္ ေလာင္းကစားဝိုင္းမ်ားဖြင့္လွစ္ေန


ကံေပါက္နယ္ ေက်းရြာတစ္ရြာမွ ေလာင္းကစားဝိုင္ (Mon Htaw)
တနသၤာရီတိုင္းေဒသႀကီး၊ ေရျဖဴၿမိဳ႕နယ္၊ ကံေပါက္ေဒသရွိ အခ်ိဳ႕ေက်းရြာမ်ား၏ ယခုလပိုင္းအတြင္း ဘုရားပြဲႏွင့္ ပြဲလမ္းသဘင္မ်ားတြင္ သက္ဆိုင္ရာ ေဒသအာဏာပိုင္မ်ားႏွင့္ နားလည္မွုယူကာ ေလာင္းကစားဝိုင္မ်ား ဖြင့္လွစ္ရန္ပုံေငြရွာေနၾကေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

ထိုေလာင္းကစားဝိုင္းမ်ားတြင္ ဖဲဝိုင္း၊ အန္ဂလုံဝိုင္း၊ ၾကက္ဝိုင္း စသည့္ေလာင္းကစားဝိုင္းမ်ား ျပည့္ႏွက္ေနေၾကာင္း ဆိုသည္။

ေကာင္းမွုရြာသား နိုင္ေအာင္က “ဇာတ္သဘင္ပါမစ္အတြက္ ေရျဖဴၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွူး႐ုံးမွာ ခြင့္သြားေတာင္းရတယ္။ ေလာင္းကစားဝိုင္း အတြက္ေတာ့ ေရတပ္၊ ကံေပါက္ရွိ ရဲစခန္း၊ ေဒသခံ ရပ္ရြာအုပ္စု အုပ္ခ်ဳပ္ေရးမွူးတို႔ႏွင့္ ညႇိႏွိုင္းရတယ္” ဟု ဆိုသည္။

ကံေပါက္နယ္တြင္ ကျပေသာ ဇာတ္သဘင္မွာ မ်ားေသာအားျဖင့္ ထားဝယ္အသံ၊ ထားဝယ္ရိုးရာ အကမ်ားျဖင့္ ကျပေဖ်ာ္ေျဖေသာ ထားဝယ္ဇါတ္သဘင္မ်ားျဖစ္ၿပီး တစ္ညလၽွင္ အခေၾကးေငြ က်ပ္သုံးသိန္းခြဲမွ ေလးသိန္းခြဲအထိ ငွားရမ္းရသည္ဟု ေျပာသည္။

“ေဈးေကာက္ေငြေတြနဲ႔ပဲဆိုရင္ ပြဲငွားနိုင္ဖို႔အတြက္ မလုံေလာက္ဘူးေလ။ ဒါေၾကာင့္ ေလာင္းကစားဝိုင္းမ်ားဖြင့္မွပဲ ေငြပိုရပီး ပြဲငွားနိုင္တာေပါ့” ဟု ေဒသခံ မင္းလင္းနိုင္က ဆိုသည္။

ဇာတ္သဘင္ ငွားရန္ခေၾကးေငြကို ေလာင္းကစားဝိုင္း ကန္ထရိုက္က တာဝန္ယူရေပးရသည္ဟု မင္းလင္းနိုင္က ဆက္ေျပာသည္။

ကံေပါက္တိုက္နယ္ ေဖါင္ေတာ ေက်းရြာအုပ္စုသည္ ေမာ္ေတာ္ကားလမ္းႏွင့္ အလွမ္းေဝးသျဖင့္ ၿမိဳ႕ေပၚအာဏာပိုင္မ်ား အလြယ္တကူလာေရာက္ျခင္းမရွိဟု ေဒသခံမ်ားက ဆိုသည္။

အလားတူ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၂၅ ညပိုင္းတြင္ မြန္ျပည္နယ္ ေရးၿမိဳ႕နယ္၊ အစင္ေက်းရြာ ၿမိဳ႕ေဟာင္းကုန္း လာ့စ္ဗီးဂတ္ရပ္ကြက္ ေလာင္းကစားဝိုင္းမ်ားကို ေရးၿမိဳ႕က နယ္ေျမခံတပ္မေတာ္မွ ဝင္ေရာက္ဖမ္းဆီးရာ အံဂလုံခုံ ၃၉ ခုံ၊ အံစာတုံး ၅၇ လုံး ႏွင့္ ဒိုင္ခ်ဳပ္ႀကီးႏွစ္ဦးကို ဖမ္းဆီးမိခဲ့သည္ဟုလည္း ေရးေတာ္ဝင္သတင္းလႊာ တာဝန္ခံအယ္ဒီတာ ေအာင္နိုင္ဝင္း Facebook ေရးသားေဖာ္ျပခ်က္အရ သိရသည္။

ေရးသားသူ: မြန္ေထာ
မြန္သတင္းေအဂ်င္စီ
http://burmese.monnews.org
............

ကံပေါက်နယ် ကျေးရွာတစ်ရွာမှ လောင်းကစားဝိုင် (Mon Htaw)
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ အချို့ကျေးရွာများ၏ ယခုလပိုင်းအတွင်း ဘုရားပွဲနှင့် ပွဲလမ်းသဘင်များတွင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် နားလည်မှုယူကာ လောင်းကစားဝိုင်များ ဖွင့်လှစ်ရန်ပုံငွေရှာနေကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

ထိုလောင်းကစားဝိုင်းများတွင် ဖဲဝိုင်း၊ အန်ဂလုံဝိုင်း၊ ကြက်ဝိုင်း စသည့်လောင်းကစားဝိုင်းများ ပြည့်နှက်နေကြောင်း ဆိုသည်။

ကောင်းမှုရွာသား နိုင်အောင်က “ဇာတ်သဘင်ပါမစ်အတွက် ရေဖြူမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ခွင့်သွားတောင်းရတယ်။ လောင်းကစားဝိုင်း အတွက်တော့ ရေတပ်၊ ကံပေါက်ရှိ ရဲစခန်း၊ ဒေသခံ ရပ်ရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့နှင့် ညှိနှိုင်းရတယ်” ဟု ဆိုသည်။

ကံပေါက်နယ်တွင် ကပြသော ဇာတ်သဘင်မှာ များသောအားဖြင့် ထားဝယ်အသံ၊ ထားဝယ်ရိုးရာ အကများဖြင့် ကပြဖျော်ဖြေသော ထားဝယ်ဇါတ်သဘင်များဖြစ်ပြီး တစ်ညလျှင် အခကြေးငွေ ကျပ်သုံးသိန်းခွဲမှ လေးသိန်းခွဲအထိ ငှားရမ်းရသည်ဟု ပြောသည်။

“ဈေးကောက်ငွေတွေနဲ့ပဲဆိုရင် ပွဲငှားနိုင်ဖို့အတွက် မလုံလောက်ဘူးလေ။ ဒါကြောင့် လောင်းကစားဝိုင်းများဖွင့်မှပဲ ငွေပိုရပီး ပွဲငှားနိုင်တာပေါ့” ဟု ဒေသခံ မင်းလင်းနိုင်က ဆိုသည်။

ဇာတ်သဘင် ငှားရန်ခကြေးငွေကို လောင်းကစားဝိုင်း ကန်ထရိုက်က တာဝန်ယူရပေးရသည်ဟု မင်းလင်းနိုင်က ဆက်ပြောသည်။

ကံပေါက်တိုက်နယ် ဖေါင်တော ကျေးရွာအုပ်စုသည် မော်တော်ကားလမ်းနှင့် အလှမ်းဝေးသဖြင့် မြို့ပေါ်အာဏာပိုင်များ အလွယ်တကူလာရောက်ခြင်းမရှိဟု ဒေသခံများက ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ညပိုင်းတွင် မွန်ပြည်နယ် ရေးမြို့နယ်၊ အစင်ကျေးရွာ မြို့ဟောင်းကုန်း လာ့စ်ဗီးဂတ်ရပ်ကွက် လောင်းကစားဝိုင်းများကို ရေးမြို့က နယ်မြေခံတပ်မတော်မှ ဝင်ရောက်ဖမ်းဆီးရာ အံဂလုံခုံ ၃၉ ခုံ၊ အံစာတုံး ၅၇ လုံး နှင့် ဒိုင်ချုပ်ကြီးနှစ်ဦးကို ဖမ်းဆီးမိခဲ့သည်ဟုလည်း ရေးတော်ဝင်သတင်းလွှာ တာဝန်ခံအယ်ဒီတာ အောင်နိုင်ဝင်း Facebook ရေးသားဖော်ပြချက်အရ သိရသည်။

ရေးသားသူ: မွန်ထော
မွန်သတင်းအေဂျင်စီ
http://burmese.monnews.org
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)