ဘိန်းခင်းဖျက်မည့် ကချင်အဖွဲ့ တားဆီးခံရဆဲဖြစ်

ဇူးဇူး/ဧရာဝတီ

အစိုးရ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က တားဆီးထားသည့် ကချင်လူထု အခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့(Pat Jasan) သည် ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိ ခရီးမဆက်နိုင်သေးဘဲ ကချင်ပြည်နယ် ၀ိုင်းမော်မြို့အ၀င် ၀ါရှောင်တံတားအနီးတွင် လူပေါင်း ၃၇၅၀ ခန့် ပိတ်မိနေကြောင်း သတင်းရရှိသည်။

ယင်းအဖွဲ့ ၏ တာဝန်ခံတဦးဖြစ်သူ ဦးဒိုင်ဇောင်က“၀ါရှောင်ရွာအထက် ၁၃ ကီလိုမီတာတံတားမှာ အခုထိတော့ လူပေါင်း ၃၇၅၀ လောက် ရှိတယ်။ အဲမှာ စောင့်ဆိုင်းပြီးတော့ နေနေတာ။ မသွားရတဲ့အကြောင်းက တပ်ကနေ အထက်က အမိန့် သွားလို့ မရဘူး ဆိုပြီးတော့ တားထားလို့ပါ”ဟု ဧရာဝတီသို့ ပြောသည်။

ကချင်ပြည်နယ် ဆဒုံးနှင့် ကန်ပိုင်တီမြို့နယ်ခွဲအတွင်းရှိ ဘိန်းခင်းများ ဖျက်ဆီးရန် သွားရောက်မည့် Pat Jasan အဖွဲ့ကို ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ်ကတည်းက စတင်တားဆီးခံရခြင်းဖြစ်ပြီး ယနေ့အချိန်အထိ သွားခွင့်ရရန် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

အစိုးရတပ်မတော်ကမူ ဘိန်းခင်းတိုက်ဖျက်ရေးကို ပိတ်ပင်ခြင်းမဟုတ်ဘဲ ဘိန်းခင်းပိုင်ရှင်များနှင့် ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့တို့ အကြား ပဋိပက္ခဖြစ်လာနိုင်ဖွယ်ရှိသဖြင့် လုံခြုံရေးအရ တားဆီးရခြင်းဖြစ်သည်ဟု အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောဆိုထားသည်ဟု သိရသည်။

Credit - Mung San Awng Facebook
............
ဘိန်းခင်းဖ်က္မည့် ကခ်င်အဖြဲ့ တားဆီးခံရဆျဲဖစ်

ဇူးဇူး/ဧရာဝတီ

အစိုးရ တပ္မေတ်ာနွင့်ျမန္မာနိုင်ငံရဲတပ္ဖြဲ့တို့က တားဆီးထားသည့် ကခ်င္လူထု အျေချပု မူးယစ္တိုက္ဖ်က်ရေးအဖြဲ့(Pat Jasan) သည် ယေန့ ဖေဖ်ာဝါရီ ၁၉ ရက်နေ့အထိ ခရီးမဆက်နိုင်သေးဘဲ ကခ်င်ျပည္နယ် ၀ိုင်းမော်မြို့အ၀င် ၀ါရွောင္တံတားအနီးတြင် လူပေါင်း ၃၇၅၀ ခန့် ပိတ္မိနေကြာင်း သတင်းရရွိသည်။

ယင်းအဖြဲ့ ၏ တာဝန္ခံတဦျးဖစ်သူ ဦးဒိုင်ဇောင္က“၀ါရွောင်ြရာအထက် ၁၃ ကီလိုမီတာတံတားမွာ အခုထိတော့ လူပေါင်း ၃၇၅၀ လောက် ရွိတယ်။ အဲမွာ စောင့်ဆိုင်းပြီးတော့ နေနတာ။ မသြားရတဲ့အေကြာင်းက တပ္ကေန အထက္က အမိန့် သြားလို့ မရဘူး ဆိုပြီးတော့ တားထားလို့ပါ”ဟု ဧရာဝတီသို့ျေပာသည်။

ကခ်င်ျပည္နယ် ဆဒုံးနွင့် ကန္ပိုင္တီမြို့နယ္ခြဲအတြင်းရွိ ဘိန်းခင်းမ်ား ဖ်က္ဆီးရန် သြားရောက္မည့် Pat Jasan အဖြဲ့ကို ဖေဖ်ာဝါရီ ၁၆ ရက် နေ့လယ္ကတည်းက စတင္တားဆီးခံရျခင်ျးဖစ်ပြီး ယေန့အခိန်အထိ သြားခြင့်ရရန် စောင့်ဆိုင်းနေကျြခင်ျးဖစ်သည်။

အစိုးရတပ္မေတ္ကာမူ ဘိန်းခင်းတိုက္ဖ်က်ရေးကို ပိတ္ပင်ျခင်းမဟုတ္ဘဲ ဘိန်းခင်းပိုင်ရွင္မ်ားနွင့် ဘိန်းခင်းတိုက္ဖ်က်ရေးအဖြဲ့တို့ အကြား ပဋိပက္ချဖစ္လာနိုင္ဖြယ်ရွိသျဖင့် လုံခြုံရေးအရ တားဆီးရျခင်ျးဖစ်သည်ဟု အဖြဲ့ခေါင်းဆောင္မ်ားနွင့် တြေ့ဆုံဆြေးနြေးစဉ်ျေပာဆိုထားသည်ဟု သိရသည်။

Credit - Mung San Awng Facebook
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)