ေျမစာစြန္႔ပစ္ကားေတြ ျဖတ္သန္းခြင့္မျပဳဖုိ႔ လံုးခင္းေဒသခံေတြ ဆံုးျဖတ္

ကခ်င္ျပည္နယ္ ဖားကန္႔ေဒသ ေက်ာက္စိမ္းလုပ္ကြက္ေတြမွာ အသံုးျပဳေနတဲ့ စက္ယႏၱရားေတြကို ေတြ႕ရစဥ္။ Photo: Kyaw Myo Min/RFA
ကခ်င္ျပည္နယ္ ဖားကန္႔ေက်ာက္စိမ္းတြင္းေဒသမွာ လာမယ့္ေဖေဖာ္၀ါရီလ ၁၃ ရက္ေန႔ကစၿပီး ေက်ာက္စိမ္းကုမၸဏီေတြရဲ႕ ေျမစာစြန္႔ပစ္တဲ့ကားေတြကို ျဖတ္သန္းခြင့္မေပးဘဲ ေဒသခံေတြက လမ္းပိတ္ထားဖို႔အတြက္ လံုးခင္းၿမိဳ႕မွာ ဒီေန႔ ျပဳလုပ္တဲ့ လူထုအစည္းအေ၀းကေန ဆံုးျဖတ္လိုက္တယ္လို႔ သိရပါတယ္။

ေျမစာပုံေတြ မၾကာခဏၿပိဳက်ေနတာကို ဘယ္လိုေျဖရွင္းမလဲဆိုတာနဲ႔ ပတ္သက္ၿပီး ကုမၸဏီတာ၀န္ရွိသူေတြ၊ သက္ဆုိင္ရာအစိုးရ တာ၀န္ရွိသူေတြ လာေရာက္ေဆြးေႏြးညွိႏိႈင္းတဲ့အထိ လမ္းေတြကို ပိတ္ဆို႔သြားမွာျဖစ္တယ္လို႔ လံုးခင္းၿမိဳ႕ခံ ဦးေနာေလာက ေျပာပါတယ္။

လံုးခင္းၿမိဳ႕က လူထုအစည္းအေ၀းမွာ ဖားကန္႔နဲ႔ ဆုိင္းေတာင္ေက်းရြာက ေဒသခံ ၃၀၀ ေလာက္ တက္ေရာက္ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။

စြန္႔ပစ္ေျမစာသယ္တဲ့ကားေတြကို ေက်းရြာလမ္းေတြမွာ ျဖတ္သန္းသြားလာခြင့္မျပဳဖု႔ိ ေက်းရြာအသီးသီးကို မနက္ျဖန္ကစၿပီး လိုက္လံႏိႈးေဆာ္မွာျဖစ္တယ္လုိ႔ သိရပါတယ္။

ဖားကန္႔ေက်ာက္စိမ္းတြင္းေဒသမွာ ေက်ာက္စိမ္းတူးေဖာ္တဲ့ ကုမၸဏီေပါင္း ၈၀၀ ေက်ာ္ကို ဧက ၂ေသာင္းေက်ာ္မွာ လုပ္ပိုင္ခြင့္ခ်ထားေပးတယ္လို႔ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလက ျပည္ေထာင္စုလႊတ္ေတာ္မွာ သတၱဳတြင္း၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဦးသန္းေအာင္က ေျပာခဲ့ပါတယ္။

RFA Burmese
http://www.rfa.org/burmese
..............
 ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ စက်ယန္တရားတွေကို တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ လာမယ့်ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကစပြီး ကျောက်စိမ်းကုမ္ပဏီတွေရဲ့ မြေစာစွန့်ပစ်တဲ့ကားတွေကို ဖြတ်သန်းခွင့်မပေးဘဲ ဒေသခံတွေက လမ်းပိတ်ထားဖို့အတွက် လုံးခင်းမြို့မှာ ဒီနေ့ ပြုလုပ်တဲ့ လူထုအစည်းအဝေးကနေ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

မြေစာပုံတွေ မကြာခဏပြိုကျနေတာကို ဘယ်လိုဖြေရှင်းမလဲဆိုတာနဲ့ ပတ်သက်ပြီး ကုမ္ပဏီတာဝန်ရှိသူတွေ၊ သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူတွေ လာရောက်ဆွေးနွေးညှိနှိုင်းတဲ့အထိ လမ်းတွေကို ပိတ်ဆို့သွားမှာဖြစ်တယ်လို့ လုံးခင်းမြို့ခံ ဦးနောလောက ပြောပါတယ်။

လုံးခင်းမြို့က လူထုအစည်းအဝေးမှာ ဖားကန့်နဲ့ ဆိုင်းတောင်ကျေးရွာက ဒေသခံ ၃၀၀ လောက် တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

စွန့်ပစ်မြေစာသယ်တဲ့ကားတွေကို ကျေးရွာလမ်းတွေမှာ ဖြတ်သန်းသွားလာခွင့်မပြုဖို့ ကျေးရွာအသီးသီးကို မနက်ဖြန်ကစပြီး လိုက်လံနှိုးဆော်မှာဖြစ်တယ်လို့ သိရပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီပေါင်း ၈၀၀ ကျော်ကို ဧက ၂သောင်းကျော်မှာ လုပ်ပိုင်ခွင့်ချထားပေးတယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ပြည်ထောင်စုလွှတ်တော်မှာ သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်က ပြောခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)