ပတ္ဂ်ာဆန္အဖြဲ႔ တုိက္ခုိက္ခံရမႈ ျမစ္ႀကီးနားမွာ လူငါးေထာင္ေက်ာ္ ဆႏၵျပ


Pat Jasan ပတ္ဂ်ာဆန္အဖြဲ႔ တုိက္ခုိက္ခံရတာကို မေက်နပ္တဲ့အတြက္ ျမစ္ႀကီးနားၿမိဳ႕မွာ ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔က ဆႏၵျပၾကစဥ္။ Photo: Kyaw Myo Min/RFA
ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္ ဆဒံုးနဲ႔ ကန္ပိုက္တီေဒသက ဘိန္းစိုက္ခင္းေတြကို သြားေရာက္ဖ်က္ဆီးတဲ့ ပတ္ဂ်ာဆန္ ကခ်င္လူထုအေျချပဳ မူးယစ္ေဆး၀ါး တုိက္ဖ်က္ေရးအဖဲြ႔ တိုက္ခိုက္ခံရတာကို မေက်နပ္တဲ့ ကခ်င္တုိင္းရင္းသား ၅ေထာင္ေက်ာ္က ျမစ္ႀကီးနားၿမိဳ႕မွာ ဒီကေန႔ ဆႏၵျပခဲ့ၾကပါတယ္။

ပတ္ဂ်ာဆန္ (Pat Jasan) လို႔ေခၚတဲ့ ကခ်င္လူမႈအေျချပဳ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးအဖြဲ႔ ရဲ႕ ေခါင္းေဆာင္တစ္ဦးျဖစ္သူ ဦးလံုဂ်ံဳတူးေရာ္က ဆႏၵျပသူေတြနဲ႔ပတ္သက္ၿပီး အခုလို ေျပာပါတယ္။

"Pat Jasan အဖြဲ႕က ျပည္နယ္အစိုးရနဲ႔ တိုင္ပင္ေနဆဲမွာ ျပည္နယ္လူထုက လူနာေတြကိုၾကည့္ၿပီးေတာ့မွ သူတို႔စိတ္လႈပ္ရွားၿပီး ဆႏၵျပေနတဲ့အပိုင္းျဖစ္ပါတယ္၊ အဲ့ဒါေၾကာင့္မို႔ က်ေနာ္တို႔က မျဖစ္သင့္တာေတြ မျဖစ္ေအာင္ဆိုၿပီး အခုလာၿပီးေတာ့ သူတို႔ကို ျမန္ျမန္ဆန္ဆန္ရုပ္သိမ္းဖို႔ က်ေနာ္တို႔ လာၿပီးတိုက္တြန္းေန တာျဖစ္ပါတယ္"

ဆႏၵျပသူေတြဟာ ကခ်င္ျပည္နယ္အစိုးရ အဖြဲ႔ရံုးေရွ႕ကျဖတ္ၿပီး ျပည္သူ႔ေဆးရံုႀကီးဘက္ကိုအသြားမွာ ရဲတပ္ဖြဲ႔ေတြရဲ႕ ပိတ္ဆို႔တားဆီးျခင္းကို ခံခဲ့ရပါတယ္။  ကခ်င္ျပည္နယ္အစိုးရအဖြဲ႔ရဲ႕ ညႊန္ၾကားခ်က္နဲ႔ တားဆီးတာျဖစ္ၿပီး ခြင့္ျပဳထား တဲ့ သတ္မွတ္လမ္းေၾကာင္းအတိုင္း သတိေပးခဲ့တယ္လို႔ သိရပါတယ္။

မေန႔က တိုက္ခိုက္ခံရတဲ့ ဘိန္းခင္းဖ်က္ဆီးေရးအဖြဲ႔က ထိခိုက္ဒဏ္ရာရရွိသူေတြနဲ႔ ၀ိုင္းေမာ္ၿမိဳ႕နယ္ ေဝမိုးေက်းရြာက ဘိန္းစိုက္ေတာင္သူလို႔ ယူဆရတဲ႔ ရြာသား ၂၁ ေယာက္ကို ရိုက္ႏွက္ဖမ္းဆီးခဲ႔တာေၾကာင့္ ဒဏ္ရာရရွိသူေတြ ဟာ ျမစ္ႀကီးနားေဆးရံုမွာ ေဆးကုသေနၿပီး လူနာ ၃၇ ေယာက္ ရွိတယ္လို႔ သိရပါတယ္။

လတ္တေလာ တိုက္ခိုက္ခံထားရအတြက္ လက္ရွိအခ်ိန္မွာ ဘိန္းဖ်က္ဆီးေရးလုပ္ငန္းေတြကို ရပ္နားထားၿပီး အဖြဲ႔အားလံုးဟာ ဆဒံုးၿမိဳ႕မွာ စခန္းခ်ေနၾကပါတယ္။

ဒီကေန႔ညေနပိုင္းမွာ ဘိန္းခင္းတိုက္ဖ်က္ေရး အဖြဲ႔ေခါင္းေဆာင္ေတြဟာ ျပည္နယ္အစိုးရအဖြဲ႔ လံုၿခံဳေရးတာဝန္ရွိသူေတြနဲ႔ ဘိန္းခင္းေတြ ဆက္လက္ဖ်က္ဆီးႏိုင္ေရးအတြက္ ေဆြးေႏြးေနၾကပါတယ္။

ကခ်င္လူမႈအေျချပဳ ဘိန္းခင္းတိုက္ဖ်က္ေရးအဖြဲ႔ဟာ အစိုးရရဲ႕ လံုၿခံဳေရးစီမံေပးမႈနဲ႔ ဌာနဆိုင္ရာေတြနဲ႔ ပူးေပါင္းၿပီး ေဖေဖာ္ဝါရီ ၂၃ ရက္ေန႔ကစၿပီး အဖြဲ႔ႀကီး ၆ ဖြဲ႔၊ အဖြဲ႔ငယ္ ၂၆ဖြဲ႔ခြဲကာ ဘိန္းခင္းဖ်က္ဆီးေရးေတြ ကို ေဆာင္ရြက္ေနခ်ိန္မွာ မေန႔က တိုက္ခိုက္ခံရတာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
............

Pat Jasan ပတ်ဂျာဆန်အဖွဲ့ တိုက်ခိုက်ခံရတာကို မကျေနပ်တဲ့အတွက် မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဆန္ဒပြကြစဉ်။ Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုက်တီဒေသက ဘိန်းစိုက်ခင်းတွေကို သွားရောက်ဖျက်ဆီးတဲ့ ပတ်ဂျာဆန် ကချင်လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ တိုက်ခိုက်ခံရတာကို မကျေနပ်တဲ့ ကချင်တိုင်းရင်းသား ၅ထောင်ကျော်က မြစ်ကြီးနားမြို့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ပတ်ဂျာဆန် (Pat Jasan) လို့ခေါ်တဲ့ ကချင်လူမှုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလုံဂျုံတူးရော်က ဆန္ဒပြသူတွေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

"Pat Jasan အဖွဲ့က ပြည်နယ်အစိုးရနဲ့ တိုင်ပင်နေဆဲမှာ ပြည်နယ်လူထုက လူနာတွေကိုကြည့်ပြီးတော့မှ သူတို့စိတ်လှုပ်ရှားပြီး ဆန္ဒပြနေတဲ့အပိုင်းဖြစ်ပါတယ်၊ အဲ့ဒါကြောင့်မို့ ကျနော်တို့က မဖြစ်သင့်တာတွေ မဖြစ်အောင်ဆိုပြီး အခုလာပြီးတော့ သူတို့ကို မြန်မြန်ဆန်ဆန်ရုပ်သိမ်းဖို့ ကျနော်တို့ လာပြီးတိုက်တွန်းနေ တာဖြစ်ပါတယ်"

ဆန္ဒပြသူတွေဟာ ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံးရှေ့ကဖြတ်ပြီး ပြည်သူ့ဆေးရုံကြီးဘက်ကိုအသွားမှာ ရဲတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တားဆီးခြင်းကို ခံခဲ့ရပါတယ်။  ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ တားဆီးတာဖြစ်ပြီး ခွင့်ပြုထား တဲ့ သတ်မှတ်လမ်းကြောင်းအတိုင်း သတိပေးခဲ့တယ်လို့ သိရပါတယ်။

မနေ့က တိုက်ခိုက်ခံရတဲ့ ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့က ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ ၀ိုင်းမော်မြို့နယ် ဝေမိုးကျေးရွာက ဘိန်းစိုက်တောင်သူလို့ ယူဆရတဲ့ ရွာသား ၂၁ ယောက်ကို ရိုက်နှက်ဖမ်းဆီးခဲ့တာကြောင့် ဒဏ်ရာရရှိသူတွေ ဟာ မြစ်ကြီးနားဆေးရုံမှာ ဆေးကုသနေပြီး လူနာ ၃၇ ယောက် ရှိတယ်လို့ သိရပါတယ်။

လတ်တလော တိုက်ခိုက်ခံထားရအတွက် လက်ရှိအချိန်မှာ ဘိန်းဖျက်ဆီးရေးလုပ်ငန်းတွေကို ရပ်နားထားပြီး အဖွဲ့အားလုံးဟာ ဆဒုံးမြို့မှာ စခန်းချနေကြပါတယ်။

ဒီကနေ့ညနေပိုင်းမှာ ဘိန်းခင်းတိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင်တွေဟာ ပြည်နယ်အစိုးရအဖွဲ့ လုံခြံုရေးတာဝန်ရှိသူတွေနဲ့ ဘိန်းခင်းတွေ ဆက်လက်ဖျက်ဆီးနိုင်ရေးအတွက် ဆွေးနွေးနေကြပါတယ်။

ကချင်လူမှုအခြေပြု ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ဟာ အစိုးရရဲ့ လုံခြံုရေးစီမံပေးမှုနဲ့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂၃ ရက်နေ့ကစပြီး အဖွဲ့ကြီး ၆ ဖွဲ့၊ အဖွဲ့ငယ် ၂၆ဖွဲ့ခွဲကာ ဘိန်းခင်းဖျက်ဆီးရေးတွေ ကို ဆောင်ရွက်နေချိန်မှာ မနေ့က တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)