တပ္သားသစ္ စုေဆာင္းမႈ ရပ္တန္႔ဖုိ႔ တအာင္းအဖြဲ႔ အစည္းေတြ ေတာင္းဆုိ


ရွမ္းျပည္ ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS/SSA တပ္ဖြဲ႔ဝင္တခ်ဳိ႕ကို ေတြ႔ရစဥ္။ Photo: RFA
ရွမ္းျပည္နယ္ မုိင္းကိုင္ၿမိဳ႕နယ္က ေက်းရြာ ၂၅ ရြာမွာ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ/ရွမ္းျပည္ တပ္မေတာ္ RCSS/SSA က တပ္သားသစ္စုေဆာင္းေနတာေတြ၊ ဖမ္းဆီးေနတာေတြကို ရပ္တန္႔ေပးဖို႔ တအာင္းလူမႈအဖြဲ႔အစည္းေတြက ဒီေန႔ ေၾကညာခ်က္ထုတ္ ေတာင္းဆုိလိုက္ပါတယ္။

လာမယ့္ ေဖေဖာ္ဝါရီလ ၂ဝ ရက္ေန႔မွာ မုိင္းကိုင္ၿမိဳ႕နယ္ထဲက တအာင္းေက်းရြာေတြက ရြာသား ၄ဝဝ ကို တပ္သားသစ္အျဖစ္ေခၚၿပီး စစ္သင္တန္းေပးမယ္လို႔ RCSS/SSA က အေၾကာင္းၾကားထားတယ္လို႔ တအာင္းေက်ာင္းသားနဲ႔ လူငယ္မ်ားအဖြဲ႔က ကိုမုိင္းမ်ိဳးေအာင္က ေျပာပါတယ္။

"၂ဝ ရက္ေန႔မတိုင္ခင္မွာ အကုန္လံုး အေရာက္သြားရမယ့္သေဘာ ရွိတာေပါ့ေလ၊ အဲ့ဒီ ၂ဝ ရက္ေန႔မွာ စစ္သင္တန္းစမယ္၊ စစ္သင္တန္းစတဲ့အခိ်န္မွာမွ မလာႏိုင္ဘူးဆိုရင္ေတာ့ အဲ့လိုသူတို႔က ၿခိမ္းေျခာက္တာေပါ့၊ က်ေနာ္တို႔ အိမ္ေတြ၊ ေျမေတြ သိမ္းမယ္စသျဖင့္ အဲ့လိုမ်ိဳးေတြ အဲ့လိုရွိတယ္၊ အခုလက္ရွိမွာက တခ်ိဳ႕လူေတြကလည္း ထြက္ေျပးတိမ္းေရွာင္ေနတဲ့ အပိုင္းေတြလည္းရွိတာေပါ့ေနာ္၊ ကိုယ့္ရဲ႕နီးစပ္ရာနီးစပ္ရာကို သြားလာတဲ့အပိုင္းရွိတယ္၊ ေယာက္က်ားေလးရွိတဲ့အိမ္ေတြကို က်ေတာ့ ေလာေလာဆယ္မွာက ခဏေလးတိမ္းေရွာင္ေနရတဲ့ အပိုင္းေတြရွိတယ္"

မုိင္းကိုင္ၿမိဳ႕နယ္ ေနာင္စံဖူး၊ ေခးအံုေအြ႕၊ စံုေလာ၊ ဖားေခါင္ စတဲ့ ေက်းရြာအုပ္စု ၄အုပ္စုထဲမွာ ေက်းရြာေပါင္း ၂၅ရြာရွိၿပီး၊ အဲဒီ၂၅ရြာကေန ေဒသခံ ၄၀၀ ေက်ာ္ကို တပ္သားအျဖစ္ေပးဖို႔ ၿပီးခဲ႔တဲ႔ ေဖေဖာ္၀ါရီ ၈ ရက္ေန႔က အေၾကာင္းၾကားထားတာျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ေဖေဖာ္ဝါရီ ၈ ရက္ေန႔က ဖမ္းဆီးထားတဲ့ ရွမ္းျပည္နယ္ နမ့္ခမ္းၿမိဳ႕နယ္ ေလာ့ေနာ္ေက်းရြာက ေဒသခံ တစ္ေယာက္ကို ျပန္လႊတ္ေပးဖို႔၊ မတရားဖမ္းဆီးတာေတြ၊ ပစၥည္းလုယူတာေတြ မလုပ္ဖို႔နဲ႔ လက္နက္ကိုင္ အဖဲ႔ြအခ်င္းခ်င္း ထိုးစစ္ဆင္တုိက္ခိုက္ေနတာေတြ ရပ္တန္႔ေပးဖို႔ တအာင္းေက်ာင္းသားနဲ႔ လူငယ္မ်ားအဖဲ႔ြနဲ႔ တအာင္းအမ်ဳိးသမီးအဖဲြ႔အစည္းတုိ႔က ေၾကညာခ်က္ထုတ္ ထားတာျဖစ္ပါတယ္။

အဲဒီေၾကညာခ်က္ေတြကို အေရွ႕ေျမာက္တုိင္း စစ္ဌာနခ်ဳပ္၊ ပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးဆုိင္ရာ ပူးတြဲေကာ္မတီနဲ႔ ရွမ္းလူမႈအဖြဲ႔အစည္းေတြထံ ေပးပို႔သြားမယ္လို႔ သိရပါတယ္။

ဒီအေတာအတြင္း ရွမ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ ့နယ္ ေတာ့ဆန္ေက်းရြာတဝိုက္မွာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၇ ရက္ေန႔ကစၿပီး RCSS/SSA နဲ႔ TNLA တပ္္ေတြအၾကား တုိက္ပဲြျဖစ္ပြားေနတာေၾကာင့္ ထြက္ေျပးေနတဲ့ ေဒသခံ ၃ဝဝ ေက်ာ္ဟာ မေန႔ညက ေက်ာက္မဲၿမိဳ႕ကို ေရာက္ရွိလာပါတယ္။

ဒုကၡသည္ေတြထဲမွာ ေတာ့ဆန္ေက်းရြာက ေက်ာင္းသား ေက်ာင္းသူေတြနဲ႔ ဆရာ၊ ဆရာမ တစ္ရာဝန္းက်င္ေလာက္ ပါဝင္တယ္လို႔ သိရပါတယ္။ ေတာ့ဆန္ ေက်းရြာအနီးမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက RCSS နဲ ့TNLA တပ္ေတြအၾကား တိုက္ပြဲျပင္းထန္ခဲ့သလို နမ့္ခမ္းၿမိဳ႕နယ္အတြင္းမွာလည္း RCSS နဲ႔ TNLA တပ္ေတြ တုိက္ပဲြျဖစ္ပြားေနတာေၾကာင့္  နမ့္ခမ္းၿမိဳ႕နယ္ ေလာ့ေနာ္ေက်းရြာက ေဒသခံ ၁၅ဝဝ ေက်ာ္ဟာ မိုင္းဝီးေက်းရြာက တအာင္းစာေပနဲ႔ ယဥ္ေက်းမႈ ရံုးမွာ ခိုလံႈေနရပါတယ္။

RFA Burmese
http://www.rfa.org/burmese

...............................................................



ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ Photo: RFA
ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်က ကျေးရွာ ၂၅ ရွာမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် RCSS/SSA က တပ်သားသစ်စုဆောင်းနေတာတွေ၊ ဖမ်းဆီးနေတာတွေကို ရပ်တန့်ပေးဖို့ တအာင်းလူမှုအဖွဲ့အစည်းတွေက ဒီနေ့ ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့မှာ မိုင်းကိုင်မြို့နယ်ထဲက တအာင်းကျေးရွာတွေက ရွာသား ၄ဝဝ ကို တပ်သားသစ်အဖြစ်ခေါ်ပြီး စစ်သင်တန်းပေးမယ်လို့ RCSS/SSA က အကြောင်းကြားထားတယ်လို့ တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့က ကိုမိုင်းမျိုးအောင်က ပြောပါတယ်။

"၂ဝ ရက်နေ့မတိုင်ခင်မှာ အကုန်လုံး အရောက်သွားရမယ့်သဘော ရှိတာပေါ့လေ၊ အဲ့ဒီ ၂ဝ ရက်နေ့မှာ စစ်သင်တန်းစမယ်၊ စစ်သင်တန်းစတဲ့အချိန်မှာမှ မလာနိုင်ဘူးဆိုရင်တော့ အဲ့လိုသူတို့က ခြိမ်းခြောက်တာပေါ့၊ ကျနော်တို့ အိမ်တွေ၊ မြေတွေ သိမ်းမယ်စသဖြင့် အဲ့လိုမျိုးတွေ အဲ့လိုရှိတယ်၊ အခုလက်ရှိမှာက တချို့လူတွေကလည်း ထွက်ပြေးတိမ်းရှောင်နေတဲ့ အပိုင်းတွေလည်းရှိတာပေါ့နော်၊ ကိုယ့်ရဲ့နီးစပ်ရာနီးစပ်ရာကို သွားလာတဲ့အပိုင်းရှိတယ်၊ ယောက်ကျားလေးရှိတဲ့အိမ်တွေကို ကျတော့ လောလောဆယ်မှာက ခဏလေးတိမ်းရှောင်နေရတဲ့ အပိုင်းတွေရှိတယ်"

မိုင်းကိုင်မြို့နယ် နောင်စံဖူး၊ ခေးအုံအွေ့၊ စုံလော၊ ဖားခေါင် စတဲ့ ကျေးရွာအုပ်စု ၄အုပ်စုထဲမှာ ကျေးရွာပေါင်း ၂၅ရွာရှိပြီး၊ အဲဒီ၂၅ရွာကနေ ဒေသခံ ၄၀၀ ကျော်ကို တပ်သားအဖြစ်ပေးဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့က အကြောင်းကြားထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၈ ရက်နေ့က ဖမ်းဆီးထားတဲ့ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ် လော့နော်ကျေးရွာက ဒေသခံ တစ်ယောက်ကို ပြန်လွှတ်ပေးဖို့၊ မတရားဖမ်းဆီးတာတွေ၊ ပစ္စည်းလုယူတာတွေ မလုပ်ဖို့နဲ့ လက်နက်ကိုင် အဖွဲ့အချင်းချင်း ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေ ရပ်တန့်ပေးဖို့ တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့နဲ့ တအာင်းအမျိုးသမီးအဖွဲ့အစည်းတို့က ကြေညာချက်ထုတ် ထားတာဖြစ်ပါတယ်။

အဲဒီကြေညာချက်တွေကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲကော်မတီနဲ့ ရှမ်းလူမှုအဖွဲ့အစည်းတွေထံ ပေးပို့သွားမယ်လို့ သိရပါတယ်။

ဒီအတောအတွင်း ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို ့နယ် တော့ဆန်ကျေးရွာတဝိုက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ရ ရက်နေ့ကစပြီး RCSS/SSA နဲ့ TNLA တပ််တွေအကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထွက်ပြေးနေတဲ့ ဒေသခံ ၃ဝဝ ကျော်ဟာ မနေ့ညက ကျောက်မဲမြို့ကို ရောက်ရှိလာပါတယ်။

ဒုက္ခသည်တွေထဲမှာ တော့ဆန်ကျေးရွာက ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမ တစ်ရာဝန်းကျင်လောက် ပါဝင်တယ်လို့ သိရပါတယ်။ တော့ဆန် ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက RCSS နဲ ့TNLA တပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့သလို နမ့်ခမ်းမြို့နယ်အတွင်းမှာလည်း RCSS နဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့်  နမ့်ခမ်းမြို့နယ် လော့နော်ကျေးရွာက ဒေသခံ ၁၅ဝဝ ကျော်ဟာ မိုင်းဝီးကျေးရွာက တအာင်းစာပေနဲ့ ယဉ်ကျေးမှု ရုံးမှာ ခိုလှုံနေရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)