က်ီးလန္႔စာစား မဟာရန္ကုန္လူထုဘ၀



လူဦးေရ ခုႏွစ္သန္းေက်ာ္ေနထိုင္သည့္ ၿမိဳ႕ေတာ္မဟာရန္ကုန္တြင္ ရာဇ၀တ္မႈမ်ား တျဖည္းျဖည္း မ်ားျပားလာၿပီး မႈခင္းက်ဆင္းမႈမရိွေၾကာင္း ျမန္မာနိုင္ငံရဲတပ္ဖဲြ႕မွ ထုတ္ျပန္ေသာ မႈခင္းျဖစ္ပြားမႈစာရင္းမ်ားက သက္ေသျပေနသည္။
မၾကာခင္ရက္ပိုင္းအတြင္း ျဖစ္ပြားခဲ့သည့္ ေတာင္ဒဂံုၿမိဳ႕နယ္၌ ညီအစ္ကိုႏွစ္ဦးအား ဓားျဖင့္ထိုးသတ္ ခဲ့သည့္အမႈမ်ဳိး မၾကာခဏျဖစ္ေနသည္။ ၿမိဳ႕ေနျပည္သူလူထု၏ လံုျခံဳေရးကို လုယက္မႈမ်ားက အၿမဲေျခာက္ လွန္႔ေန၏။ ညေမွာင္ခိ်န္တြင္သာမဟုတ္ ေန႔ခင္းေၾကာင္ေတာင္ပင္ ဓားေထာက္လုျခင္း၊ ဆိုင္ကယ္ျဖင့္ အုပ္စုဖဲြ႕လုယက္ျခင္းမ်ဳိး မၾကာခဏ ျဖစ္ပြားေနၿပီး တရားခံအမ်ားစုကို ဖမ္းဆီးရမိမႈမရိွျခင္းက ျမန္မာနိုင္ငံရဲတပ္ဖဲြ၏ စြမ္းေဆာင္ရည္အေပၚ ေမးခြန္းထုတ္စရာတခုျဖစ္လာသည္။

''အခုဆိုရင္ တကၠစီေမာင္းရတာ ညဘက္မလံုျခံဳေတာ့ဘူး။ အေဖာ္တေယာက္ေခၚျပီး ေမာင္းျပန္ေတာ့ ခရီး သည္ဘက္က တေယာက္တည္းဆို မစီးရဲဘူး။ သူအလုခံရမွာစိုးလို႔။ ယာဥ္ေမာင္းဘက္ကလည္း ငွားတဲ့ လူအုပ္စုလိုက္ဆို ျမိဳ႕ျပင္ဘက္မေျပာနဲ႔ ျမိဳ႕ထဲေတာင္မလိုက္ရဲဘူး။ တဖက္နဲ႔တဖက္ ယံုၾကည္မႈမရိွေတာ့ဘူး''ဟု တကၠစီယာဥ္ေမာင္း ကိုစိုးမင္းက ဆိုသည္။
၂၀၁၅ ခုနွစ္အတြင္း ရန္ကုန္တိုင္းေဒသႀကီး၌ မႈခင္းျဖစ္ပြားမႈနႈန္း ပိုမိုျမင့္တက္ခဲ့ၿပီး လူသတ္မႈ ၁၉၁ မႈ၊ လုယက္မႈ ၆၇ မႈရိွေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖဲြ႔မွ သတင္းထုတ္ျပန္ထားသည္။ ရာဇ၀တ္က်င့္ထံုး ဆိုင္ရာ ဥပေဒပုဒ္မ (၄၀၁) အရ ႏိုင္ငံေတာ္သမၼတ၏ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ ၂၀၁၅ ခုနွစ္တြင္ (ခိုး၊ ဆိုး၊နိႈက္၊ လူသတ္၊ လုယက္) သူမ်ား ၉၉၇ ေယာက္ကို လႊတ္ေပးခဲ့ေၾကာင္း သိရသည္။

''ျပည္သူလူထုေတြ စိုးရိမ္စိတ္မ်ားလာေတာ့ သက္ဆိုင္ရာ လံုျခံဳေရးတာ၀န္ယူတဲ့အဖဲြ႕ေတြက ဦးစားေပး ေျဖရွင္းေပးဖို႔လိုတယ္လို႔ျမင္ပါတယ္။ တဖက္က ျပန္ၾကည့္ရင္လည္း လံုျခံဳေရးအားနည္းတဲ့အျပင္ တဖက္ ကလည္း စီးပြားေရးက်ပ္တည္းလာတဲ့အပိုင္းကလည္း ပါတယ္။ ဘာျဖစ္လို႔လဲဆို လူေတြက အူမေတာင့္မွ သီလ ေစာင့္ဆိုတဲ့အတိုင္း လူေတြရဲ႕ စီးပြားေရးအားေကာင္းလာေအာင္လုပ္ဖို႔လိုတယ္။ အက်ပ္အတည္းေတြ ရင္ဆိုင္ ေနရေတာ့ အခုလို အကူးအေျပာင္းကာလမွာ မဟုတ္တာ လုပ္ခ်င္တဲ့၊ လုယက္ခ်င္တဲ့လူေတြအတြက္ ပိုျပီးလုယက္မႈေတြ ျဖစ္ေစပါတယ္။ ကြ်န္ေတာ္တို႔အမႈလည္း မမိေသးပါဘူးခင္ဗ်။ စခန္းကလည္း ဆက္သြယ္ တာမရိွပါဘူး။ ေလာေလာဆယ္ေတာ့ ဘာမွမထူးျခားေသးပါဘူး''ဟု ၂၀၁၅ ခုနွစ္အတြင္း လုယက္ခံရေသာ Farmer Money Changer ပိုင္ရွင္ ေဒါက္တာစိုးထြန္းက သူ၏အျမင္ကို News Watch Journal သို႔ ေျပာသည္။
လက္ရိွ အစိုးရသက္တမ္း ငါးနွစ္အတြင္း လူသတ္၊ လုယက္၊ မုဒိမ္းမႈအပါအ၀င္ အမႈႀကီး ၁၀ မ်ဳိး စုစုေပါင္း ၂၁၀၅ မႈျဖစ္ပြားခဲ့ၿပီး တရားခံမည္သူမည္၀ါမသိသည့္အတြက္ ဆိုင္းငံ့ပိတ္သိမ္းလိုက္ရေသာ အမႈႀကီး ၆၉ မႈ ရိွေၾကာင္း ရန္ကုန္တိုင္းေဒသၾကီး ရဲတပ္ဖြဲ႕မွသိရသည္။ လက္ရိွအခိ်န္တြင္ ျမန္မာနိုင္ငံရဲတပ္ဖဲြ႕၀င္အခ်ဳိးနွင့္ ျပည္သူအခ်ဳိးမွာ ရဲတပ္ဖဲြ႕၀င္ တဦးလွ်င္ ျပည္သူ ၁,၂၁၂ ဦးကို ေစာင့္ၾကည့္ေနရသည့္ အေျခအေနေၾကာင့္ လံုျခံဳေရးအင္အားနည္းပါးေနသည္ကို ျမင္ေတြ႕ေနရသည္။

''ကြ်န္ေတာ္ လမ္းေလွ်ာက္ရင္း ဖုန္းေျပာေနတာ ဆိုင္ကယ္နဲ႔ လူငယ္ႏွစ္ေယာက္ အနားကပ္ေမာင္းလာျပီး ဖုန္းလုသြားတယ္။ သြားလည္းမတိုင္ေတာ့ ျပန္မရေတာ့ဘူး''ဟု ဒလဘက္ကမ္းတြင္ေနထိုင္သူ ကိုအႀကီးေကာင္က ဆိုသည္။
လိႈင္သာယာျမိဳ႕နယ္ရိွ FMI CITY အိမ္ရာ၀င္းအတြင္းရိွ ေနအိမ္တအိမ္၌ ဇန္န၀ါရီလ ၁၂ ရက္ နံနက္ ၁၀ နာရီ က အိမ္အကူမိန္းကေလးကို ဓားေထာက္အႏုၾကမ္းစီးၿပီး အဓမၼျပဳက်င့္မႈျဖစ္ပြားခဲ့ၿပီး တရားခံကို ဖမ္းဆီး ရမိေၾကာင္း ျမန္မာနိုင္ငံရဲတပ္ဖဲြ႕မွ သတင္းထုတ္ျပန္ခဲ့သည္။
ျပည္သူလူထု၏ ကီ်းလန္႔စာစားေနရသည့္အေျခအေနကို တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္ (ေရွ႕ေနမ်ား ကြန္ရက္ ယာယီဥကၠ႒) က ဤသို႔ သံုးသပ္သည္။

''နံပါတ္ (၁) က တရားဥပေဒစိုးမိုးမႈ ေလ်ာ့နည္းလာတာကို ၀န္ခံရာ ေရာက္တယ္။ (၂) အခ်က္ကေတာ့ ျပည္သူလူထုရဲ႕အားနဲ႔ ျပည္သူလူထု အကူအညီလိုအပ္လာၿပီဆိုတာကို အသိအမွတ္ျပဳတာေပါ့။ တရားဥပေဒ စိုးမိုးေရးကို သူတို႔မထိန္းသိမ္းနိုင္ေတာ့ဘူး။ သူတို႔အရည္အခ်င္းေတြက် လာၿပီေပါ့။ အရည္အခ်င္းက်တဲ့ အေၾကာင္း ရင္း (၁) ကစစ္ဗိုလ္မွန္သမွ် ျပည္ထဲေရးေအာက္ကို ပိုျပီးေနရာယူထားတယ္။ အဲဒီလူေတြရဲ့ အရည္ အေသြးက ရာဇ၀တ္မႈကို ထိန္းသိမ္းႏိုင္ေလာက္တဲ့ အရည္အခ်င္းေတြ၊ အရည္အေသြးေတြ မရိွဘူး။ ရဲစစ္စစ္ ေတြ မဟုတ္ဘူးဆိုတာကို ညႊန္ျပတယ္။ ပိုျပီးေတာ့ ထိထိေရာက္ေရာက္ ၾကိဳတင္ကာကြယ္မႈေတြကို လက္ေတြ႕ ပိုလုပ္သင့္တယ္။ ဆိုင္းဘုတ္ေတြ ထူေနရံုနဲ႔မၿပီးဘူး။ ဒီအေရးႀကီးကာလမွာ ျပည္သူလူထုကေတာ့ နွစ္ (၆၀) လံုးလံုးထိန္းလာခဲ့ၿပီးၿပီ။ ဒီထက္ထိန္းရင္ ေသဖို႔ပဲရိွေတာ့တယ္။ အရည္အေသြးရိွတဲ့ ၀န္ထမ္းေတြ တိုးျမွင့္ခန္႔ထားတာလုပ္ဖို႔လိုတယ္။ ဆိုင္းဘုတ္ေတြ ကပ္ထားရံုနဲ႔ မလံုေလာက္ဘူး။ ဆိုင္းဘုတ္ထူတာ လူထုကို ပိုေတာင္ထိတ္လန္႔ေစတယ္''ဟု ေျပာသည္။

ရန္ကုန္ျမိဳ႕အတြင္း အငွားယာဥ္ျဖင့္ လုယက္မႈ က်ဴးလြန္မႈမ်ား ျမင့္တက္လာသျဖင့္ ၂၀၁၆ ဇန္န၀ါရီ ၂၀ ရက္၌ ယာဥ္ထိန္းရဲတပ္ဖဲြ႕၀င္ အင္အား ၃၁ ဖဲြ႕ျဖင့္ ျမိဳ႕နယ္အလိုက္ စီမံခ်က္ေရးဆဲြဖမ္းဆီးခဲ့ရာ တပတ္အတြင္း စည္းကမ္းမဲ့ယာဥ္ ၁၄၆ စီး ဖမ္းဆီးရမိေၾကာင္း ယာဥ္ထိန္းရဲတပ္ဖဲြ႕မွ သတင္းထုတ္ျပန္သည္။
''ရန္ကုန္တတိုင္းလံုးကို ရန္ကုန္တိုင္း ရဲတပ္ဖဲြ႕ရဲ႕ရိွတဲ့ ရဲအင္အားနဲ႔ အကုန္လံုးထုတ္ ႏုတ္ေဆာင္ရြက္ေနပါတယ္။ လိုအပ္ရင္ လိုအပ္သလို ညအခိ်န္မွာလည္း လွည့္ပတ္တာေတြ၊ ပိတ္ဆို႔တာေတြ၊ မီးတန္းယာဥ္ေတြနဲ႔ လွည့္တာေတြ၊ မီးတန္းယာဥ္ေတြမွာလည္း ဖုန္းနံပါတ္ေတြေရးထားတယ္။ တခုခုျဖစ္ရင္ On Call လွမ္းေခၚလို႔ ရတယ္။ တေနရာမွာ အနၱရာယ္တခုခုနဲ႔ၾကံဳရင္ အဲဒီ ဖုန္းနံပါတ္ေတြ လွမ္းေခၚရင္ အနီးစပ္ဆံုး လွည့္ကင္းအားနဲ႔ အကုန္လံုး ၀ိုင္းျပီးေတာ့ ကူညီေဆာင္ရြက္ေပးပါတယ္''ဟု ရန္ကုန္တိုင္းေဒသႀကီး လံုျခံဳေရးႏွင့္နယ္စပ္ေရးရာ၀န္ၾကီး ဗိုလ္မွဴးၾကီးတင္ေအာင္ထြန္းကေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီး၌ ၂၀၁၁ ခုနွစ္မွ ၂၀၁၅ ခုနွစ္ထိ ငါးနွစ္ တာကာလအတြင္း မႈခင္းျဖစ္ပြားမႈျဖစ္စဥ္ ၂,၀၀၀ နီးပါး ျဖစ္ပြားခဲ့ျပီး ၎အမႈမ်ားထဲတြင္ လူသတ္မႈနွင့္ မုဒိမ္းမႈျဖစ္စဥ္ ၁,၄၀၀ ေက်ာ္ ျဖစ္ပြားခဲ့ေၾကာင္း ရန္ကုန္ တိုင္းေဒသၾကီး ရဲတပ္ဖဲြ႕မွ သိရသည္။ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ၂၀၁၁ မွ ၂၀၁၅ ခုႏွစ္ထိ အမႈၾကီး ၁၀ မ်ဳိး၊ ၁,၈၈၅ မႈ ျဖစ္ပြားခဲ့ျပီး လူသတ္မႈ ၇၇၄ မႈနွင့္ မုဒိမ္းမႈ ၁,၄၃၀ မႈ ပါ၀င္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
''ျမန္မာတႏိုင္ငံလံုး အတိုင္းအတာနဲ႔ ရဲတပ္ဖဲြ႕အင္အားလိုအပ္ဆဲပဲ။ ျမန္မာနိုင္ငံရဲတပ္ဖဲြ႕အင္အားကို တိုးခဲ်႕ႏိုင္သေလာက္ တိုးခဲ်႕ဖို႔ ရိွတယ္။ ဒီအတြက္လည္း စုေဆာင္းဖို႔ရိွတယ္။ ဒီလိုအေျခအေနမ်ဳိးမွာ ျပည္သူေတြအေနနဲ႔ သိရင္သိတဲ့အတိုင္း၊ ျမင္ရင္ျမင္တဲ့အတိုင္း ျမန္မာနိုင္ငံ ရဲတပ္ဖဲြ႕ကို ေျပာျပမယ္ဆိုရင္ မႈခင္း ေဖာ္ထုတ္မႈေတြမွာ ပိုမိုျမန္ဆန္သြားမယ္''ဟု အေနာက္ပိုင္းခရိုင္ ရဲတပ္ဖဲြ႕မွဴး ဒုရဲမွဴးႀကီး၀င္းၾကည္က ေျပာသည္။

ျမန္မာနိုင္ငံရဲတပ္ဖဲြ႕အေနျဖင့္ ျပည္သူမ်ား၏ဘ၀ လံုျခံဳမႈပိုရိွလာေရးအတြက္ ယခုထက္ပို၍ ထိေရာက္စြာ ပိုမို လုပ္ေဆာင္ေနရန္လိုအပ္ၿပီး လာမည့္အစိုးရသစ္လက္ထက္တြင္ EU အဖဲြ႕အစည္း၏ အကူအညီျဖင့္ ျမန္မာနိုင္ငံ ရဲတပ္ဖဲြ႕လုပ္ငန္းစဥ္မ်ားအား အဆင့္ျမွင့္တင္နိုင္ပါက မႈခင္းမ်ားက်ဆင္းလာနိုင္ျပီး ျပည္သူလူထုဘက္မွလည္း မႈခင္းက်ဆင္းေရးအတြက္ ရဲတပ္ဖဲြ႕ႏွင့္ ပိုမိုပူးေပါင္းကူညီသင့္ေၾကာင္း ေရးသားလိုက္ရပါသည္။

ေအာင္သူရိန္၊ ေနမင္းခ
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
.............


လူဦးရေ ခုနှစ်သန်းကျော်နေထိုင်သည့် မြို့တော်မဟာရန်ကုန်တွင် ရာဇဝတ်မှုများ တဖြည်းဖြည်း များပြားလာပြီး မှုခင်းကျဆင်းမှုမရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သော မှုခင်းဖြစ်ပွားမှုစာရင်းများက သက်သေပြနေသည်။
မကြာခင်ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် တောင်ဒဂုံမြို့နယ်၌ ညီအစ်ကိုနှစ်ဦးအား ဓားဖြင့်ထိုးသတ် ခဲ့သည့်အမှုမျိုး မကြာခဏဖြစ်နေသည်။ မြို့နေပြည်သူလူထု၏ လုံခြုံရေးကို လုယက်မှုများက အမြဲခြောက် လှန့်နေ၏။ ညမှောင်ချိန်တွင်သာမဟုတ် နေ့ခင်းကြောင်တောင်ပင် ဓားထောက်လုခြင်း၊ ဆိုင်ကယ်ဖြင့် အုပ်စုဖွဲ့လုယက်ခြင်းမျိုး မကြာခဏ ဖြစ်ပွားနေပြီး တရားခံအများစုကို ဖမ်းဆီးရမိမှုမရှိခြင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ၏ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်စရာတခုဖြစ်လာသည်။

''အခုဆိုရင် တက္ကစီမောင်းရတာ ညဘက်မလုံခြံုတော့ဘူး။ အဖော်တယောက်ခေါ်ပြီး မောင်းပြန်တော့ ခရီး သည်ဘက်က တယောက်တည်းဆို မစီးရဲဘူး။ သူအလုခံရမှာစိုးလို့။ ယာဉ်မောင်းဘက်ကလည်း ငှားတဲ့ လူအုပ်စုလိုက်ဆို မြို့ပြင်ဘက်မပြောနဲ့ မြို့ထဲတောင်မလိုက်ရဲဘူး။ တဖက်နဲ့တဖက် ယုံကြည်မှုမရှိတော့ဘူး''ဟု တက္ကစီယာဉ်မောင်း ကိုစိုးမင်းက ဆိုသည်။
၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ မှုခင်းဖြစ်ပွားမှုနှုန်း ပိုမိုမြင့်တက်ခဲ့ပြီး လူသတ်မှု ၁၉၁ မှု၊ လုယက်မှု ၆၇ မှုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။ ရာဇဝတ်ကျင့်ထုံး ဆိုင်ရာ ဥပဒေပုဒ်မ (၄၀၁) အရ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၅ ခုနှစ်တွင် (ခိုး၊ ဆိုး၊နှိုက်၊ လူသတ်၊ လုယက်) သူများ ၉၉၇ ယောက်ကို လွှတ်ပေးခဲ့ကြောင်း သိရသည်။

''ပြည်သူလူထုတွေ စိုးရိမ်စိတ်များလာတော့ သက်ဆိုင်ရာ လုံခြံုရေးတာဝန်ယူတဲ့အဖွဲ့တွေက ဦးစားပေး ဖြေရှင်းပေးဖို့လိုတယ်လို့မြင်ပါတယ်။ တဖက်က ပြန်ကြည့်ရင်လည်း လုံခြံုရေးအားနည်းတဲ့အပြင် တဖက် ကလည်း စီးပွားရေးကျပ်တည်းလာတဲ့အပိုင်းကလည်း ပါတယ်။ ဘာဖြစ်လို့လဲဆို လူတွေက အူမတောင့်မှ သီလ စောင့်ဆိုတဲ့အတိုင်း လူတွေရဲ့ စီးပွားရေးအားကောင်းလာအောင်လုပ်ဖို့လိုတယ်။ အကျပ်အတည်းတွေ ရင်ဆိုင် နေရတော့ အခုလို အကူးအပြောင်းကာလမှာ မဟုတ်တာ လုပ်ချင်တဲ့၊ လုယက်ချင်တဲ့လူတွေအတွက် ပိုပြီးလုယက်မှုတွေ ဖြစ်စေပါတယ်။ ကျွန်တော်တို့အမှုလည်း မမိသေးပါဘူးခင်ဗျ။ စခန်းကလည်း ဆက်သွယ် တာမရှိပါဘူး။ လောလောဆယ်တော့ ဘာမှမထူးခြားသေးပါဘူး''ဟု ၂၀၁၅ ခုနှစ်အတွင်း လုယက်ခံရသော Farmer Money Changer ပိုင်ရှင် ဒေါက်တာစိုးထွန်းက သူ၏အမြင်ကို News Watch Journal သို့ ပြောသည်။
လက်ရှိ အစိုးရသက်တမ်း ငါးနှစ်အတွင်း လူသတ်၊ လုယက်၊ မုဒိမ်းမှုအပါအဝင် အမှုကြီး ၁၀ မျိုး စုစုပေါင်း ၂၁၀၅ မှုဖြစ်ပွားခဲ့ပြီး တရားခံမည်သူမည်ဝါမသိသည့်အတွက် ဆိုင်းငံ့ပိတ်သိမ်းလိုက်ရသော အမှုကြီး ၆၉ မှု ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှသိရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အချိုးနှင့် ပြည်သူအချိုးမှာ ရဲတပ်ဖွဲ့ဝင် တဦးလျှင် ပြည်သူ ၁,၂၁၂ ဦးကို စောင့်ကြည့်နေရသည့် အခြေအနေကြောင့် လုံခြံုရေးအင်အားနည်းပါးနေသည်ကို မြင်တွေ့နေရသည်။

''ကျွန်တော် လမ်းလျှောက်ရင်း ဖုန်းပြောနေတာ ဆိုင်ကယ်နဲ့ လူငယ်နှစ်ယောက် အနားကပ်မောင်းလာပြီး ဖုန်းလုသွားတယ်။ သွားလည်းမတိုင်တော့ ပြန်မရတော့ဘူး''ဟု ဒလဘက်ကမ်းတွင်နေထိုင်သူ ကိုအကြီးကောင်က ဆိုသည်။
လှိုင်သာယာမြို့နယ်ရှိ FMI CITY အိမ်ရာဝင်းအတွင်းရှိ နေအိမ်တအိမ်၌ ဇန်နဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီ က အိမ်အကူမိန်းကလေးကို ဓားထောက်အနုကြမ်းစီးပြီး အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပြီး တရားခံကို ဖမ်းဆီး ရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
ပြည်သူလူထု၏ ကျီးလန့်စာစားနေရသည့်အခြေအနေကို တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် (ရှေ့နေများ ကွန်ရက် ယာယီဥက္ကဋ္ဌ) က ဤသို့ သုံးသပ်သည်။

''နံပါတ် (၁) က တရားဥပဒေစိုးမိုးမှု လျော့နည်းလာတာကို ၀န်ခံရာ ရောက်တယ်။ (၂) အချက်ကတော့ ပြည်သူလူထုရဲ့အားနဲ့ ပြည်သူလူထု အကူအညီလိုအပ်လာပြီဆိုတာကို အသိအမှတ်ပြုတာပေါ့။ တရားဥပဒေ စိုးမိုးရေးကို သူတို့မထိန်းသိမ်းနိုင်တော့ဘူး။ သူတို့အရည်အချင်းတွေကျ လာပြီပေါ့။ အရည်အချင်းကျတဲ့ အကြောင်း ရင်း (၁) ကစစ်ဗိုလ်မှန်သမျှ ပြည်ထဲရေးအောက်ကို ပိုပြီးနေရာယူထားတယ်။ အဲဒီလူတွေရဲ့ အရည် အသွေးက ရာဇဝတ်မှုကို ထိန်းသိမ်းနိုင်လောက်တဲ့ အရည်အချင်းတွေ၊ အရည်အသွေးတွေ မရှိဘူး။ ရဲစစ်စစ် တွေ မဟုတ်ဘူးဆိုတာကို ညွှန်ပြတယ်။ ပိုပြီးတော့ ထိထိရောက်ရောက် ကြိုတင်ကာကွယ်မှုတွေကို လက်တွေ့ ပိုလုပ်သင့်တယ်။ ဆိုင်းဘုတ်တွေ ထူနေရုံနဲ့မပြီးဘူး။ ဒီအရေးကြီးကာလမှာ ပြည်သူလူထုကတော့ နှစ် (၆၀) လုံးလုံးထိန်းလာခဲ့ပြီးပြီ။ ဒီထက်ထိန်းရင် သေဖို့ပဲရှိတော့တယ်။ အရည်အသွေးရှိတဲ့ ၀န်ထမ်းတွေ တိုးမြှင့်ခန့်ထားတာလုပ်ဖို့လိုတယ်။ ဆိုင်းဘုတ်တွေ ကပ်ထားရုံနဲ့ မလုံလောက်ဘူး။ ဆိုင်းဘုတ်ထူတာ လူထုကို ပိုတောင်ထိတ်လန့်စေတယ်''ဟု ပြောသည်။

ရန်ကုန်မြို့အတွင်း အငှားယာဉ်ဖြင့် လုယက်မှု ကျူးလွန်မှုများ မြင့်တက်လာသဖြင့် ၂၀၁၆ ဇန်နဝါရီ ၂၀ ရက်၌ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အင်အား ၃၁ ဖွဲ့ဖြင့် မြို့နယ်အလိုက် စီမံချက်ရေးဆွဲဖမ်းဆီးခဲ့ရာ တပတ်အတွင်း စည်းကမ်းမဲ့ယာဉ် ၁၄၆ စီး ဖမ်းဆီးရမိကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
''ရန်ကုန်တတိုင်းလုံးကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရဲ့ရှိတဲ့ ရဲအင်အားနဲ့ အကုန်လုံးထုတ် နုတ်ဆောင်ရွက်နေပါတယ်။ လိုအပ်ရင် လိုအပ်သလို ညအချိန်မှာလည်း လှည့်ပတ်တာတွေ၊ ပိတ်ဆို့တာတွေ၊ မီးတန်းယာဉ်တွေနဲ့ လှည့်တာတွေ၊ မီးတန်းယာဉ်တွေမှာလည်း ဖုန်းနံပါတ်တွေရေးထားတယ်။ တခုခုဖြစ်ရင် On Call လှမ်းခေါ်လို့ ရတယ်။ တနေရာမှာ အန္တရာယ်တခုခုနဲ့ကြံုရင် အဲဒီ ဖုန်းနံပါတ်တွေ လှမ်းခေါ်ရင် အနီးစပ်ဆုံး လှည့်ကင်းအားနဲ့ အကုန်လုံး ၀ိုင်းပြီးတော့ ကူညီဆောင်ရွက်ပေးပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြံုရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ ငါးနှစ် တာကာလအတွင်း မှုခင်းဖြစ်ပွားမှုဖြစ်စဉ် ၂,၀၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး ၎င်းအမှုများထဲတွင် လူသတ်မှုနှင့် မုဒိမ်းမှုဖြစ်စဉ် ၁,၄၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၁ မှ ၂၀၁၅ ခုနှစ်ထိ အမှုကြီး ၁၀ မျိုး၊ ၁,၈၈၅ မှု ဖြစ်ပွားခဲ့ပြီး လူသတ်မှု ရ၇၄ မှုနှင့် မုဒိမ်းမှု ၁,၄၃၀ မှု ပါ၀င်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
''မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ ရဲတပ်ဖွဲ့အင်အားလိုအပ်ဆဲပဲ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အားကို တိုးချဲ့နိုင်သလောက် တိုးချဲ့ဖို့ ရှိတယ်။ ဒီအတွက်လည်း စုဆောင်းဖို့ရှိတယ်။ ဒီလိုအခြေအနေမျိုးမှာ ပြည်သူတွေအနေနဲ့ သိရင်သိတဲ့အတိုင်း၊ မြင်ရင်မြင်တဲ့အတိုင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပြောပြမယ်ဆိုရင် မှုခင်း ဖော်ထုတ်မှုတွေမှာ ပိုမိုမြန်ဆန်သွားမယ်''ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းကြည်က ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများ၏ဘဝ လုံခြံုမှုပိုရှိလာရေးအတွက် ယခုထက်ပို၍ ထိရောက်စွာ ပိုမို လုပ်ဆောင်နေရန်လိုအပ်ပြီး လာမည့်အစိုးရသစ်လက်ထက်တွင် EU အဖွဲ့အစည်း၏ အကူအညီဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့လုပ်ငန်းစဉ်များအား အဆင့်မြှင့်တင်နိုင်ပါက မှုခင်းများကျဆင်းလာနိုင်ပြီး ပြည်သူလူထုဘက်မှလည်း မှုခင်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့နှင့် ပိုမိုပူးပေါင်းကူညီသင့်ကြောင်း ရေးသားလိုက်ရပါသည်။

အောင်သူရိန်၊ နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)