ဒဂံုၿမိဳ႕သစ္(ေတာင္ပိုင္း)မွာ ညီအစ္ကုိ (၂)ဦး ဓားျဖင့္ ရက္ရက္စက္စက္ ထိုးသတ္ခံရ

 ဒဂံုၿမိဳ႕သစ္(ေတာင္ပိုင္း) ၿမိဳ႕နယ္တြင္ျဖစ္ပြားေသာ လူသတ္မႈတရားခံအား နာရီပိုင္းအတြင္း ဖမ္းဆီးရမိ

ရန္ကုန္၊ ေဖေဖာ္၀ါရီ ၁၄

၁၃.၂.၂၀၁၆ ရက္ေန႔ ၁၉၃၀အခ်ိန္တြင္ ဦးျမင့္ေဌးသည္ ဒဂံုၿမိဳ႕သစ္ (ေတာင္ပိုင္း)ၿမိဳ႕နယ္၊ (၂၀)ရပ္ကြက္၊ ေမာင္းမကန္လမ္းရွိ လက္ဖက္ရည္ဆိုင္တြင္ရွိေနစဥ္ ၎၏သားႀကီးျဖစ္သူ ေက်ာ္ေက်ာ္ႏွင့္ သားငယ္ျဖစ္သူ ေအာင္ပိုင္ဦးတို႔အား ေနအိမ္တြင္ ဓားျဖင့္ထိုးခံရေၾကာင္း သိရွိရသျဖင့္ သြားေရာက္ၾကည့္ရႈရာ သားၾကီး က ေသဆုံးေနျပီး သားငယ္က ဒဏ္ရာရရိွေနတာကုိ ေတြ ့ရိွရသည္။

 သားႀကီးျဖစ္သူ ေက်ာ္ေက်ာ္တြင္ ယာဘက္လည္ပင္း ထိုးသြင္းဒဏ္ရာ၊ ၀ဲရင္အံုျပတ္ရွဒဏ္ရာ၊ ၀ဲရင္ညြန္႔ျပတ္ရွဒဏ္ရာႏွင့္ လည္ပင္ေအာက္  ထိုးသြင္းဒဏ္ရာမ်ား ရရွိကာ ေသဆံုးေနၿပီ ျဖစ္သည္။

 သားငယ္ျဖစ္သူ ေအာင္ပိုင္ဦးတြင္လည္း ယာလက္ေမာင္း၊ ယာရင္အံု၊ ယာလက္ျပင္ထိုးသြင္း ျပတ္ရွဒဏ္ရာမ်ား ရရွိခဲ့သျဖင့္ သဃၤန္းကၽြန္းစံျပ ေဆးရံုႀကီးသို႔ ပို ့ေဆာင္ကုသစဥ္ ေသဆံုးသြားခဲ့သည္။

၎တို႔(၂)ဦးအား ေသဆံုးေအာင္ျပဳလုပ္သူ လွမ်ိဳးႏိုင္ (၂၄)ႏွစ္အား အေရးယူေပးရန္ တိုင္တန္းခ်က္အရ ဒဂံုၿမိဳ႕သစ္ (ေတာင္ပိုင္း)ၿမိဳ႕မရဲစခန္း(ပ)၂၂၂/၂၀၁၆၊ ျပစ္မႈပုဒ္မ ၃၀၂ျဖင့္ အမႈဖြင့္ကာ ဖမ္းဆီးရမိေရး စံုစမ္းေဆာင္ရြက္ခဲ့ပါသည္။

အမႈမွျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိေရးအတြက္ ဒဂံုၿမိဳ႕သစ္(ေတာင္ပိုင္း) ၿမိဳ႕မရဲစခန္းမွ တပ္ဖဲြ႕၀င္မ်ားကစံုစမ္းေဆာင္ရြက္ခဲ့ရာ အမႈမွျပစ္မႈက်ဴးလြန္သူ လွမ်ိဳးႏိုင္အား ၂၂၄၅ အခ်ိန္တြင္ ဒဂံုၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ (၂၀)ရပ္ကြက္အတြင္းမွ ဖမ္းဆီးရမိခဲ့သျဖင့္ လွမ်ိဳးႏိုင္အား အမႈျဖင့္ အေရးယူေဆာင္ရြက္လ်က္
ရွိေၾကာင္း ရန္ကုန္တုိင္း ရဲတပ္ဖဲြ ့မွ သတင္းထုတ္ျပန္ထား ပါသည္။

by သစ္ထူးလြင္
......................

 ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင်ဖြစ်ပွားသော လူသတ်မှုတရားခံအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

၁၃.၂.၂၀၁၆ ရက်နေ့ ၁၉၃၀အချိန်တွင် ဦးမြင့်ဌေးသည် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်၊ မောင်းမကန်လမ်းရှိ လက်ဖက်ရည်ဆိုင်တွင်ရှိနေစဉ် ၎င်း၏သားကြီးဖြစ်သူ ကျော်ကျော်နှင့် သားငယ်ဖြစ်သူ အောင်ပိုင်ဦးတို့အား နေအိမ်တွင် ဓားဖြင့်ထိုးခံရကြောင်း သိရှိရသဖြင့် သွားရောက်ကြည့်ရှုရာ သားကြီး က သေဆုံးနေပြီး သားငယ်က ဒဏ်ရာရရှိနေတာကို တွေ ့ရှိရသည်။

 သားကြီးဖြစ်သူ ကျော်ကျော်တွင် ယာဘက်လည်ပင်း ထိုးသွင်းဒဏ်ရာ၊ ၀ဲရင်အုံပြတ်ရှဒဏ်ရာ၊ ၀ဲရင်ညွန့်ပြတ်ရှဒဏ်ရာနှင့် လည်ပင်အောက်  ထိုးသွင်းဒဏ်ရာများ ရရှိကာ သေဆုံးနေပြီ ဖြစ်သည်။

 သားငယ်ဖြစ်သူ အောင်ပိုင်ဦးတွင်လည်း ယာလက်မောင်း၊ ယာရင်အုံ၊ ယာလက်ပြင်ထိုးသွင်း ပြတ်ရှဒဏ်ရာများ ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးသို့ ပို ့ဆောင်ကုသစဉ် သေဆုံးသွားခဲ့သည်။

၎င်းတို့(၂)ဦးအား သေဆုံးအောင်ပြုလုပ်သူ လှမျိုးနိုင် (၂၄)နှစ်အား အရေးယူပေးရန် တိုင်တန်းချက်အရ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့မရဲစခန်း(ပ)၂၂၂/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များကစုံစမ်းဆောင်ရွက်ခဲ့ရာ အမှုမှပြစ်မှုကျူးလွန်သူ လှမျိုးနိုင်အား ၂၂၄၅ အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်အတွင်းမှ ဖမ်းဆီးရမိခဲ့သဖြင့် လှမျိုးနိုင်အား အမှုဖြင့် အရေးယူဆောင်ရွက်လျက်
ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ ့မှ သတင်းထုတ်ပြန်ထား ပါသည်။

by သစ်ထူးလွင်
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)