မင်းတပ်မြို့ စံပြရပ်ကွက်ရှိ စည်ပင်သာယာဈေးမီးလောင်



မင်းတပ် ဖေဖော်ဝါရီ ၂၃

မင်းတပ်မြို့ စံပြရပ်ကွက်ရှိ စည်ပင်သာယာဈေးတွင် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စံပြရပ်ကွက် စည်ပင်ဈေးအတွင်းရှိ ဆိုင်ခန်း အမှတ်(၁၄)မှ ဆိုင်ခန်းပိုင်ရှင် ဦးအောင်လောဟာ၏သား မောင်လော ဟာမာန်(၂၁ နှစ်)သည် ဖခင်ဖြစ်သူ နှင့် စကားများရန်ဖြစ်ပြီး မကျေနပ် ရာမှ နေအိမ်ဆိုင်ခန်းအား မီးရှို့သဖြင့် စတင်လောင်ကျွမ်း ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မီးလောင်ရာသို့ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မင်းတပ်မြို့မှ ပြည်သူများ ဝိုင်းဝန်း ငြှိမ်းသတ်ရာ မွန်းလွဲ ၁ နာရီခွဲတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။



(ခရိုင် ပြန်/ဆက်)
Myanmaalinn
............


မင်းတပ် ဖေဖော်ဝါရီ ၂၃

မင်းတပ်မြို့ စံပြရပ်ကွက်ရှိ စည်ပင်သာယာစျေးတွင် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စံပြရပ်ကွက် စည်ပင်စျေးအတွင်းရှိ ဆိုင်ခန်း အမှတ်(၁၄)မှ ဆိုင်ခန်းပိုင်ရှင် ဦးအောင်လောဟာ၏သား မောင်လော ဟာမာန်(၂၁ နှစ်)သည် ဖခင်ဖြစ်သူ နှင့် စကားများရန်ဖြစ်ပြီး မကျေနပ် ရာမှ နေအိမ်ဆိုင်ခန်းအား မီးရှို့သဖြင့် စတင်လောင်ကျွမ်း ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မီးလောင်ရာသို့ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မင်းတပ်မြို့မှ ပြည်သူများ ဝိုင်းဝန်း ငြိှမ်းသတ်ရာ မွန်းလွဲ ၁ နာရီခွဲတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် စည်ပင် သာယာရေးဦးစီးဌာနပိုင် အဆောက် အအုံ ၃၈ လုံးနှင့် လူမှုဝန်ထမ်း ဌာနပိုင် အဆောက်အအုံတစ်လုံး တို့ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေးသင့် ပြည်သူများအား ယာယီပြောင်းရွှေ့ နေထိုင်နိုင်ရန်အတွက် စံပြရပ်ကွက် အထက(၁) ကျောင်းဆောင်၌ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပြီး ဌာန ဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်း များပူးပေါင်း၍ ကူညီဆောင်ရွက်ပေး ထားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှု ကျူးလွန်သူအား မင်းတပ်မြို့မ ရဲစခန်းမှ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

(ခရိုင် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)