ေဒၚစုနဲ႔ ကာကြယ္ေရးဦးစီးခ်ဳပ္ ေတြ႔ဆံု

ေဒၚစုနဲ႔ ကာကြယ္ေရးဦးစီးခ်ဳပ္ ေတြ႔ဆံု (သတင္းဓါတ္ပံု-Senior General Min Aung Hlaing's facebook)
အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ တို႔ ေနျပည္ေတာ္က ေပါင္းေလာင္း ရိပ္သာမွာ ဒီကေန႔ ေတြ႔ဆံုၾကပါတယ္။

တရားဥပေဒစိုးမိုးေရးနဲ႔၊ ထာ၀ရၿငိမ္းခ်မ္းေရးရရွိဖို႔ ဆက္လက္ေဆာင္ရြက္ရမယ့္ ကိစၥေတြကို ေဆြးေႏြးခဲ့ၾကတယ္လုိ႔ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးက သတင္းထုတ္ျပန္ထားပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္ဖို႔ ပုဒ္မ ၅၉ (စ) ျပင္ဆင္ေရး တပ္မေတာ္နဲ႔ NLD ၾကား အႀကိတ္အနယ္ညိႇႏိႈင္း ေနၾကတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနခ်ိန္မွာ အခုလို ထပ္မံေတြ႔ဆံုၾကတာပါ။

ေဒၚေအာင္းဆန္းစုၾကည္နဲ႔ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္တို႔ရဲ႕ တတိယ အႀကိမ္ေျမာက္ ေတြ႔ဆံုမႈျဖစ္တဲ့ ဒီကေန႔ ေန႔လယ္ပို္င္းက ေဆြးေႏြးပြဲဟာ ၁ နာရီေက်ာ္ၾကာခဲ့ၿပီး NLD ပါတီဘက္က ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အတူ ေဒါက္တာေဇာ္ျမင့္ေမာင္၊ ေဒါက္တာတင္မ်ဳိး၀င္းတို႔ တက္ေရာက္ခဲ့ၾကသလုိ၊ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လိႈင္နဲ႔အတူ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး(ၾကည္း) က ဒုတိယဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရဲေအာင္တို႔ တက္ေရာက္ခဲ့ၾကပါတယ္။

ေရြးေကာက္ပြဲအၿပီး ၂၀၁၅ ခုနွစ္ ဒီဇင္ဘာ ၂ ရက္ေန႔က ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ ပထမအႀကိမ္ ေတြ႔ဆံုခဲ့ၾကတာျဖစ္ၿပီး ၿပီးခဲ့တဲ့ ဇန္န၀ါရီလ ၂၅ ရက္ေန႔က ဒုတိယအႀကိမ္ ေတြ႔ဆံုတာပါ။

အဲဒီေတြ႔ဆံုပြဲအတြင္းမွာေတာ့ ေရြးေကာက္ပြဲလြန္ကာလ အကူးအေျပာင္း ကာလတြင္း တည္ၿငိမ္ေအးခ်မ္းေရး ေနာက္ လႊတ္ေတာ္သစ္ေခၚယူေရး ေနာင္တက္ လာမယ့္ အစိုးရသစ္ ဖြဲ႔စည္းေရးအပါအဝင္ အစိုးရသစ္နဲ႔ ဆက္လက္ ေဆာင္ရြက္ ရမည့္ ကိစၥရပ္ေတြကို အဓိကထားေဆြးေႏြးခဲ့ၾကတယ္လို႔ ကာကြယ္ေရးဦးစီးခ်ဳပ္ ဘက္က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.........
 ဒေါ်စုနဲ့ ကာကွယ်ရေးဦးစီးချုပ် တွေ့ဆုံ (သတင်းဓါတ်ပုံ-Senior General Min Aung Hlaing's facebook)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ နေပြည်တော်က ပေါင်းလောင်း ရိပ်သာမှာ ဒီကနေ့ တွေ့ဆုံကြပါတယ်။

တရားဥပဒေစိုးမိုးရေးနဲ့၊ ထာဝရငြိမ်းချမ်းရေးရရှိဖို့ ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး တပ်မတော်နဲ့ NLD ကြား အကြိတ်အနယ်ညှိနှိုင်း နေကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ အခုလို ထပ်မံတွေ့ဆုံကြတာပါ။

ဒေါ်အောင်းဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ တတိယ အကြိမ်မြောက် တွေ့ဆုံမှုဖြစ်တဲ့ ဒီကနေ့ နေ့လယ်ပို်င်းက ဆွေးနွေးပွဲဟာ ၁ နာရီကျော်ကြာခဲ့ပြီး NLD ပါတီဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာတင်မျိုးဝင်းတို့ တက်ရောက်ခဲ့ကြသလို၊ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) က ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်တို့ တက်ရောက်ခဲ့ကြပါတယ်။

ရွေးကောက်ပွဲအပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမအကြိမ် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က ဒုတိယအကြိမ် တွေ့ဆုံတာပါ။

အဲဒီတွေ့ဆုံပွဲအတွင်းမှာတော့ ရွေးကောက်ပွဲလွန်ကာလ အကူးအပြောင်း ကာလတွင်း တည်ငြိမ်အေးချမ်းရေး နောက် လွှတ်တော်သစ်ခေါ်ယူရေး နောင်တက် လာမယ့် အစိုးရသစ် ဖွဲ့စည်းရေးအပါအဝင် အစိုးရသစ်နဲ့ ဆက်လက် ဆောင်ရွက် ရမည့် ကိစ္စရပ်တွေကို အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)