လက္နက္ ျဖဳတ္သိမ္းဖုိ႔ ဆုိတာ မျဖစ္ႏုိင္ပါဘူး ဟု ရြက္ဆစ္က ေျပာၾကား


ရွမ္းျပည္တပ္မေတာ္ - ေတာင္ပုိင္း (SSA-S) ၏ ဌာနခ်ဳပ္ လိြဳင္ထုိင္းလန္တြင္ ၿပီးခဲ့သည့္ တနဂၤေႏြေန႔က ျပဳလုပ္ခဲ့သည့္ ရွမ္းျပည္နယ္ေန႔ အခမ္းအနားသုိ႔ ေထာင္ႏွင့္ခ်ီေသာ ရွမ္းလူမ်ဳိးမ်ား တက္ေရာက္ခဲ့ၾကၿပီး SSA-S ေခါင္းေဆာင္က မိန္႔ခြန္း ေျပာၾကားခဲ့သည္။ လိြဳင္ထုိင္းလန္သည္ ထုိင္း- ျမန္မာ နယ္စပ္မ်ဥ္းမွ မီတာရာဂဏန္း အနည္းအငယ္အကြာ ေတာင္ကုန္းတစ္ခုေပၚတြင္ တည္ရွိသည္။ SSA-S သည္ ၁၉၉၆ တြင္ ဘိန္းဘုရင္ ခြန္ဆာ၏ တပ္ဖြဲ႕မွ ခြဲထြက္ခဲ့သည့္ အဖြဲ႕ျဖစ္ၿပီး ရြက္ဆစ္က ဦးေဆာင္လ်က္ရွိသည္။ ခြန္ဆာသည္ စစ္အစုိးရႏွင့္ အပစ္အခတ္ရပ္စဲေရး သေဘာတူခဲ့သျဖင့္ ရြက္ဆစ္က ခြဲထြက္ခဲ့ျခင္း ျဖစ္သည္။

အင္အားေတာင့္တင္းသည့္ တုိင္းရင္းသား တပ္ဖြဲ႕တစ္ခုကုိ ဦးေဆာင္ေနသည့္ ရြက္ဆစ္က ယင္း၏ တပ္သား ၁၀၀၀ ခန္႔အား မိန္႔ခြန္း ေျပာၾကားရာတြင္ အျခားတုိင္းရင္းသား လက္နက္ကုိင္ တပ္ဖြဲ႕မ်ားကုိလည္း အစုိးရ၏ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ားတြင္ ပါ၀င္ရန္ႏွင့္ လူနည္းစု တုိင္းရင္းသားမ်ား စည္းလံုးမႈရွိရန္ ႏိႈးေဆာ္ခဲ့သည္။

“ပစ္တာ ခတ္တာေတြရပ္ၿပီး ေဆြးေႏြးပြဲ စားပြဲ၀ုိင္းဆီ လာၾကပါ။ ယံုၾကည္ႏုိင္ဖြယ္ ရွိရွိ၊မရွိရွိ ေဆြးေႏြးႏုိင္မယ့္ အခြင့္အေရးကုိ ရယူသင့္ပါတယ္” ဟု အင္အား ၆၀၀၀ ခန္႔ရွိ SSA-S အဖြဲ႕ ေခါင္းေဆာင္ က ေျပာၾကားခဲ့သည္။

သက္တမ္းကုန္ဆံုးေတာ့မည့္ သမၼတ ဦးသိန္းစိန္အစုိးရ အဖြဲ႕၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္တြင္ အေရးပါေသာ တစ္ႏုိင္ငံလံုး အပစ္အခတ္ ရပ္စဲေရးစာခ်ဳပ္ (NCA) တြင္ ရြက္ဆစ္က လက္မွတ္ေရးထုိးခဲ့ေသာ္လည္း ယခု ေဆာင္းရာသီအတြင္း ယင္း၏ တပ္ဖြဲ႕၀င္မ်ားသည္ ရွမ္းျပည္နယ္အတြင္းရွိ နယ္ေျမအခ်ဳိ႕အား ထိန္းခ်ဳပ္ႏုိင္ေရးအတြက္ အျခားေဒသခံ တုိင္းရင္းသား တပ္ဖြဲ႕မ်ားႏွင့္ တုိက္ပြဲမ်ား ျဖစ္ပြားခဲ့သည္။

ရြက္ဆစ္၏ တပ္ဖြဲ႕တစ္ဖြဲ႕သည္ တအာင္းအမ်ဳိးသား လြတ္ေျမာက္ေရး တပ္မေတာ္ (TNLA) ႏွင့္ တုိက္ခုိက္ရန္ ေျမာက္ပုိင္း တ႐ုတ္နယ္စပ္သုိ႔ မုိင္ ၂၀၀ နီးပါး ခရီးကုိ အတားအဆီးမရွိ သြားေရာက္ႏုိင္ခဲ့ျခင္းက ျမန္မာႏုိင္ငံ၌ ဒုတိယကမၻာစစ္ၿပီးကတည္းက ေပၚေပါက္ခဲ့သည့္ တုိင္းရင္းသား ပဋိပကၡမ်ားကုိ ႐ႈပ္ေထြးမႈႏွင့္ ဘက္ေျပာင္းမႈမ်ား ျဖစ္ေပၚေလ့ရွိပံုကုိ ထိုတုိက္ပြဲမ်ားက ေဖာ္ျပေနၿပီး ၿငိမ္းခ်မ္းေရးရရွိရန္ ခက္ခဲေစသည့္ အေၾကာင္းရင္းတစ္ခု ျဖစ္သည္။

ရြက္ဆစ္သည္ NCA လက္မွတ္ထုိးၿပီးေနာက္ ႏုိင္ငံတကာႏွင့္ ဆက္ဆံမႈမ်ား ျပဳလုပ္ကာ မၾကာမီက ဆြစ္ဇာလန္ႏုိင္ငံသုိ႔ ေလ့လာေရးခရီး သြားခဲ့သည္။ ရြက္ဆစ္သည္ ယင္း၏ တပ္ဖြဲ႕ကုိ လက္နက္ျဖဳတ္သိမ္းရန္ ဆႏၵမရွိသလုိ ေဒသတြင္းရွိ ေရႊႏွင့္ ေက်ာက္မ်က္တူးေဖာ္ေရး လုပ္ငန္းမ်ား၊ သစ္လုပ္ငန္းမ်ားအေပၚ လႊမ္းမုိးႏုိင္မႈကုိလည္း စြန္႔လႊတ္မည္ မဟုတ္ေပ။

“လက္နက္ ျဖဳတ္သိမ္းဖုိ႔ ဆုိတာ မျဖစ္ႏုိင္ပါဘူး” ဟု ရြက္ဆစ္က ေျပာၾကားခဲ့သည္။ လက္နက္ အျပည့္အစံု တပ္ဆင္ထားသည့္ ယင္း၏ ကုိယ္ရံေတာ္မ်ားအနက္ တစ္ဦးမွာ အေမရိကန္ အထူးတပ္ဖြဲ႕၀င္ေဟာင္း ျဖစ္သည္ဟု ဆုိသည္။

SSA-S အဖြဲ႕အား ကေလးစစ္သား အသံုးျပဳသည့္ တပ္ဖြဲ႕တစ္ခုအျဖစ္ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က စာရင္းသြင္းထားေသာ္လည္း တပ္ဖြဲ႕မွ အရာရွိမ်ားကမူ ေဒသတြင္း ၿမဳိ႕ရြာမ်ားတြင္ အတင္းအက်ပ္ လူသစ္စုေဆာင္းျခင္းကုိ လုပ္ေဆာင္ျခင္းမရွိေတာ့ဟု ေျပာၾကားသည္။ ထုိ႔အျပင္ SSA-S သည္ ထုိင္းႏွင့္ တ႐ုတ္နယ္စပ္ရွိ မူးယစ္ေမွာင္ခုိ လုပ္ငန္းမ်ားတြင္ ပါ၀င္ပတ္သက္မႈရွိသည္ဟု စြပ္စြဲခံထားရၿပီး အဖြဲ႕က ျငင္းဆိုသည္။ အဖြဲ႕အတြက္ ရန္ပံုေငြရရွိရန္ ယင္းတုိ႔ ထိန္းခ်ဳပ္ထားသည့္ ေဒသတြင္းရွိ သစ္လုပ္ငန္းႏွင့္ သတၱဳတြင္းမ်ား အပါအ၀င္ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ ကားမ်ားအား အခြန္ေကာက္ခံလ်က္ ရွိသည္။

KHTun
The Ladies News
https://www.facebook.com/News.TheLadies/
..........


ရှမ်းပြည်တပ်မတော် - တောင်ပိုင်း (SSA-S) ၏ ဌာနချုပ် လွိုင်ထိုင်းလန်တွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ထောင်နှင့်ချီသော ရှမ်းလူမျိုးများ တက်ရောက်ခဲ့ကြပြီး SSA-S ခေါင်းဆောင်က မိန့်ခွန်း ပြောကြားခဲ့သည်။ လွိုင်ထိုင်းလန်သည် ထိုင်း- မြန်မာ နယ်စပ်မျဉ်းမှ မီတာရာဂဏန်း အနည်းအငယ်အကွာ တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိသည်။ SSA-S သည် ၁၉၉၆ တွင် ဘိန်းဘုရင် ခွန်ဆာ၏ တပ်ဖွဲ့မှ ခွဲထွက်ခဲ့သည့် အဖွဲ့ဖြစ်ပြီး ရွက်ဆစ်က ဦးဆောင်လျက်ရှိသည်။ ခွန်ဆာသည် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့သဖြင့် ရွက်ဆစ်က ခွဲထွက်ခဲ့ခြင်း ဖြစ်သည်။

အင်အားတောင့်တင်းသည့် တိုင်းရင်းသား တပ်ဖွဲ့တစ်ခုကို ဦးဆောင်နေသည့် ရွက်ဆစ်က ယင်း၏ တပ်သား ၁၀၀၀ ခန့်အား မိန့်ခွန်း ပြောကြားရာတွင် အခြားတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကိုလည်း အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါ၀င်ရန်နှင့် လူနည်းစု တိုင်းရင်းသားများ စည်းလုံးမှုရှိရန် နှိုးဆော်ခဲ့သည်။

“ပစ်တာ ခတ်တာတွေရပ်ပြီး ဆွေးနွေးပွဲ စားပွဲဝိုင်းဆီ လာကြပါ။ ယုံကြည်နိုင်ဖွယ် ရှိရှိ၊မရှိရှိ ဆွေးနွေးနိုင်မယ့် အခွင့်အရေးကို ရယူသင့်ပါတယ်” ဟု အင်အား ၆၀၀၀ ခန့်ရှိ SSA-S အဖွဲ့ ခေါင်းဆောင် က ပြောကြားခဲ့သည်။

သက်တမ်းကုန်ဆုံးတော့မည့် သမ္မတ ဦးသိန်းစိန်အစိုးရ အဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အရေးပါသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) တွင် ရွက်ဆစ်က လက်မှတ်ရေးထိုးခဲ့သော်လည်း ယခု ဆောင်းရာသီအတွင်း ယင်း၏ တပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်အတွင်းရှိ နယ်မြေအချို့အား ထိန်းချုပ်နိုင်ရေးအတွက် အခြားဒေသခံ တိုင်းရင်းသား တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ရွက်ဆစ်၏ တပ်ဖွဲ့တစ်ဖွဲ့သည် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် တိုက်ခိုက်ရန် မြောက်ပိုင်း တရုတ်နယ်စပ်သို့ မိုင် ၂၀၀ နီးပါး ခရီးကို အတားအဆီးမရှိ သွားရောက်နိုင်ခဲ့ခြင်းက မြန်မာနိုင်ငံ၌ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ပေါ်ပေါက်ခဲ့သည့် တိုင်းရင်းသား ပဋိပက္ခများကို ရှုပ်ထွေးမှုနှင့် ဘက်ပြောင်းမှုများ ဖြစ်ပေါ်လေ့ရှိပုံကို ထိုတိုက်ပွဲများက ဖော်ပြနေပြီး ငြိမ်းချမ်းရေးရရှိရန် ခက်ခဲစေသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။

ရွက်ဆစ်သည် NCA လက်မှတ်ထိုးပြီးနောက် နိုင်ငံတကာနှင့် ဆက်ဆံမှုများ ပြုလုပ်ကာ မကြာမီက ဆွစ်ဇာလန်နိုင်ငံသို့ လေ့လာရေးခရီး သွားခဲ့သည်။ ရွက်ဆစ်သည် ယင်း၏ တပ်ဖွဲ့ကို လက်နက်ဖြုတ်သိမ်းရန် ဆန္ဒမရှိသလို ဒေသတွင်းရှိ ရွှေနှင့် ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများ၊ သစ်လုပ်ငန်းများအပေါ် လွှမ်းမိုးနိုင်မှုကိုလည်း စွန့်လွှတ်မည် မဟုတ်ပေ။

“လက်နက် ဖြုတ်သိမ်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ရွက်ဆစ်က ပြောကြားခဲ့သည်။ လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် ယင်း၏ ကိုယ်ရံတော်များအနက် တစ်ဦးမှာ အမေရိကန် အထူးတပ်ဖွဲ့ဝင်ဟောင်း ဖြစ်သည်ဟု ဆိုသည်။

SSA-S အဖွဲ့အား ကလေးစစ်သား အသုံးပြုသည့် တပ်ဖွဲ့တစ်ခုအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က စာရင်းသွင်းထားသော်လည်း တပ်ဖွဲ့မှ အရာရှိများကမူ ဒေသတွင်း မြို့ရွာများတွင် အတင်းအကျပ် လူသစ်စုဆောင်းခြင်းကို လုပ်ဆောင်ခြင်းမရှိတော့ဟု ပြောကြားသည်။ ထို့အပြင် SSA-S သည် ထိုင်းနှင့် တရုတ်နယ်စပ်ရှိ မူးယစ်မှောင်ခို လုပ်ငန်းများတွင် ပါ၀င်ပတ်သက်မှုရှိသည်ဟု စွပ်စွဲခံထားရပြီး အဖွဲ့က ငြင်းဆိုသည်။ အဖွဲ့အတွက် ရန်ပုံငွေရရှိရန် ယင်းတို့ ထိန်းချုပ်ထားသည့် ဒေသတွင်းရှိ သစ်လုပ်ငန်းနှင့် သတ္တုတွင်းများ အပါအဝင် စီးပွားရေးလုပ်ငန်းများနှင့် ကားများအား အခွန်ကောက်ခံလျက် ရှိသည်။

KHTun
The Ladies News
https://www.facebook.com/News.TheLadies/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)