ေရႊစက္ေတာ္ ဖြင္႔ပဲြေန႔တြင္ လူငယ္တစ္ဦး မန္းေခ်ာင္း ၀ဲအတြင္း ေရနစ္ေသဆံုး


 ေရႊစက္ေတာ္ ဘုရားပဲြေတာ္ ဖြင္႔ပဲြေန႔ျဖစ္သည့္ ေဖေဖာ္၀ါရီလ ၁၃ ရက္ေန႔တြင္ မေကြးၿမိဳ႕နယ္၊ ကံျပားေက်းရြာမွ လူငယ္တစ္ဦး မန္းေခ်ာင္းေရအတြင္း ေရနစ္ေသဆံုးမႈတစ္ရပ္ ျဖစ္ပြားခဲ႔ေၾကာင္း မင္းဘူးၿမိဳ႕နယ္၊ စကုနယ္ေျမ ရဲစခန္းမွ သိရွိရသည္။

ေရနစ္ေသဆံုးသူမွာ မေကြးၿမိဳ႕နယ္၊ ကံျပားေက်းရြာေနသူ အသက္ ၁၉ ႏွစ္အရြယ္ရိွ ရွမ္းေလး (ခ) လိႈင္ဘြားေအာင္ ျဖစ္ၿပီး ေရႊစက္ေတာ္ဖြင္႔ပဲြ က်င္းပအၿပီး နံနက္ ၁၁ နာရီအခ်ိန္ခန္႔တြင္ သူငယ္ခ်င္းမ်ား ျဖစ္သည္႔ သန္းေဆြဦး၊ အာကာစိုး၊ ေအာင္လင္း၊ ေအာင္ထက္လင္း တို႔ႏွင္႔အတူ မန္းေခ်ာင္းအတြင္း ေရဆင္းခ်ိဳးၾကရာမွ ဝဲအတြင္းေရာက္ရိွ၍ ေရနစ္ေသဆံုးခဲ႔ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ကေလးက အေသာက္အစား မရိွပါဘူး။ အဲဒီေန႔က အလုပ္သြားတာလို႔ပဲ အိမ္က သိၾကတာ။ ေရနစ္ ေသဆံုးတယ္လို႔ သတင္းၾကားရမွ ေရႊစက္ေတာ္ကို ေရာက္ေနတယ္ဆိုတာ သိၾကရတာ” ဟု ကံျပားေက်းရြာေန ဦးေဇာ္မိုးထြန္းက ေျပာသည္။

ေရႊစက္ေတာ္ဘုရား ေအာက္စက္ေတာ္ရာအား ရစ္ေခြစီးဆင္းေနသည္႔ မန္းေခ်ာင္းေရမွာ ေနရာ အေတာ္မ်ားမ်ားတြင္ ခါးလယ္ခန္႔အထိသာ ေရအနက္ရိွေသာ္လည္း အခ်ိဳ႕ေနရာမ်ားတြင္ ဝါးတစ္႐ိုက္ခန္႔အထိ နက္ၿပီး တ႐ုတ္ဝဲဟု အမည္တြင္သည္႔ ဝဲကေတာ႔တစ္ခုလည္း ရိွသျဖင္႔ ႏွစ္စဥ္လိုလို ေရနစ္ေသဆံုးမႈ ျဖစ္ပြားေလ႔ရိွေၾကာင္း မင္းဘူးၿမိဳ႕မွ ေဒသခံတစ္ဦးျဖစ္သူ ဦးတင္ေရႊထံမွ သိရသည္။

ရွမ္းေလး (ခ) လိႈင္ဘြားေအာင္အား တ႐ုတ္ဝဲအတြင္းမွ ျပင္ပဒဏ္ရာ တစ္စံုတစ္ရာမရိွဘဲ ေတြ႔ရိွရၿပီး ၎ေသဆံုးျခင္းမွာ ဓမၼတာအတိုင္း ေသဆံုးရျခင္းဟုတ္၊မဟုတ္ စစ္ေဆးႏိုင္ရန္ မင္းဘူးၿမိဳ႕နယ္၊ စကုနယ္ေျမ ရဲစခန္းမွ ၁၃-၂-၂၀၁၆ ရက္ ညေန ၅နာရီ အခ်ိန္ခန္႔တြင္ ေသမႈေသခင္းအမွတ္စဥ္ ၃/၂၀၁၆ ျဖင္႔ အမႈေရးဖြင့္ ေဆာင္ရြက္ထားေၾကာင္း ရဲစခန္းမွတ္တမ္းအရ သိရသည္။

သတင္း - MMK
The Ladies News
https://www.facebook.com/News.TheLadies
...............


 ရွှေစက်တော် ဘုရားပွဲတော် ဖွင့်ပွဲနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးမြို့နယ်၊ ကံပြားကျေးရွာမှ လူငယ်တစ်ဦး မန်းချောင်းရေအတွင်း ရေနစ်သေဆုံးမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း မင်းဘူးမြို့နယ်၊ စကုနယ်မြေ ရဲစခန်းမှ သိရှိရသည်။

ရေနစ်သေဆုံးသူမှာ မကွေးမြို့နယ်၊ ကံပြားကျေးရွာနေသူ အသက် ၁၉ နှစ်အရွယ်ရှိ ရှမ်းလေး (ခ) လှိုင်ဘွားအောင် ဖြစ်ပြီး ရွှေစက်တော်ဖွင့်ပွဲ ကျင်းပအပြီး နံနက် ၁၁ နာရီအချိန်ခန့်တွင် သူငယ်ချင်းများ ဖြစ်သည့် သန်းဆွေဦး၊ အာကာစိုး၊ အောင်လင်း၊ အောင်ထက်လင်း တို့နှင့်အတူ မန်းချောင်းအတွင်း ရေဆင်းချိုးကြရာမှ ဝဲအတွင်းရောက်ရှိ၍ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကလေးက အသောက်အစား မရှိပါဘူး။ အဲဒီနေ့က အလုပ်သွားတာလို့ပဲ အိမ်က သိကြတာ။ ရေနစ် သေဆုံးတယ်လို့ သတင်းကြားရမှ ရွှေစက်တော်ကို ရောက်နေတယ်ဆိုတာ သိကြရတာ” ဟု ကံပြားကျေးရွာနေ ဦးဇော်မိုးထွန်းက ပြောသည်။

ရွှေစက်တော်ဘုရား အောက်စက်တော်ရာအား ရစ်ခွေစီးဆင်းနေသည့် မန်းချောင်းရေမှာ နေရာ အတော်များများတွင် ခါးလယ်ခန့်အထိသာ ရေအနက်ရှိသော်လည်း အချို့နေရာများတွင် ဝါးတစ်ရိုက်ခန့်အထိ နက်ပြီး တရုတ်ဝဲဟု အမည်တွင်သည့် ဝဲကတော့တစ်ခုလည်း ရှိသဖြင့် နှစ်စဉ်လိုလို ရေနစ်သေဆုံးမှု ဖြစ်ပွားလေ့ရှိကြောင်း မင်းဘူးမြို့မှ ဒေသခံတစ်ဦးဖြစ်သူ ဦးတင်ရွှေထံမှ သိရသည်။

ရှမ်းလေး (ခ) လှိုင်ဘွားအောင်အား တရုတ်ဝဲအတွင်းမှ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ တွေ့ရှိရပြီး ၎င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးရခြင်းဟုတ်၊မဟုတ် စစ်ဆေးနိုင်ရန် မင်းဘူးမြို့နယ်၊ စကုနယ်မြေ ရဲစခန်းမှ ၁၃-၂-၂၀၁၆ ရက် ညနေ ၅နာရီ အချိန်ခန့်တွင် သေမှုသေခင်းအမှတ်စဉ် ၃/၂၀၁၆ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ထားကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)