ဧရာ၀တီျမစ္အတြင္း ေက်ာင္းသားေလးဦး ေရဆင္းခ်ိဳးရာမွ သံုးဦးေရနစ္ေသဆံုး


ေရနစ္ေပ်ာက္ဆုံးေနတဲ႔ ေနာက္ဆုံး ကေလး ထြန္းထြန္းဝင္း(ခ) ထြန္းထြန္းလင္းအား ညေန (6:12)မွာရွာေဖြေတြ႕ရွိသည့္ မွတ္တမ္း ဓါတ္ပုံျဖစ္ပါတယ္။ ဓါတ္ပုံ -  ျပည္႕သဲေမာင္(ျပည္) (facebook)
ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၁၂

ပဲခူးတိုင္းေဒသႀကီး ျပည္ခ႐ိုင္ ပန္းေတာင္းၿမိဳ႕နယ္ ေရႊဘုံသာ ေက်းရြာအနီး ဧရာဝတီျမစ္အတြင္း ေက်ာင္းသားသံုးဦး ေရနစ္ေပ်ာက္ ဆုံးသြားေၾကာင္း သတင္းအရ ေဖေဖာ္ ဝါရီ ၁၁ ရက္ မြန္းလြဲ ၂ နာရီ မိနစ္ ၄ဝ က ပန္းေတာင္းၿမိဳ႕နယ္ ရဲတပ္ ဖြဲ႕မွဴးႏွင့္ ျပည္ၿမိဳ႕မရဲစခန္းမွဴးတို႔ ဦးစီးသည့္ တပ္ဖြဲ႕ဝင္မ်ားက သက္ ေသမ်ားႏွင့္အတူ သြားေရာက္ စစ္ ေဆးခဲ့သည္။

စစ္ေဆးခ်က္အရ ယင္းေန႔ မြန္းလြဲ ၁ နာရီခြဲက ျပည္ၿမိဳ႕ အမွတ္ (၃) အေျခခံပညာ အထက္တန္း ေက်ာင္းမွ နဝမတန္းေက်ာင္းသား မ်ား ျဖစ္ၾကသည့္ ျပည္ၿမိဳ႕ ရြာဘဲ ရပ္ကြက္ ပြင့္လွသိမ္ကုန္းရပ္ေန ဇင္မင္းခန္႔ (၁၆ ႏွစ္)၊ တစ္ရပ္တည္း ေန ၿငိမ္းခ်မ္းေအာင္(၁၅ ႏွစ္)၊ ညီညီေဇာ္(၁၄ ႏွစ္)ႏွင့္ ထြန္းထြန္း လင္း (၁၄ ႏွစ္)တို႔ ေလးဦးသည္ ျပည္ၿမိဳ႕ ဆင္စုရပ္ကြက္ နဝေဒး တံတားအနီးရွိ ဧရာဝတီျမစ္သဲေသာင္ ျပင္၌ ေဘာလုံးကစားၿပီး မြန္းလြဲ ၂ နာရီတြင္ ပန္းေတာင္းၿမိဳ႕နယ္ ေရႊဘုံသာေက်းရြာအနီးရွိ ဧရာဝတီ ျမစ္အတြင္းသို႔ ေရဆင္းခ်ဳိးစဥ္ ဇင္မင္း ခန္႔ ေရနစ္ေပ်ာက္ဆုံးသြားသျဖင့္ ၿငိမ္းခ်မ္းေအာင္ႏွင့္ ထြန္းထြန္းလင္း တို႔က လိုက္လံဆယ္ယူရာ ၄င္းတို႔ ႏွစ္ဦးပါ ထပ္မံေရနစ္ေပ်ာက္ဆုံး သြားေၾကာင္းသိရ၍ အနီးဝန္းက်င္ရွိ ျပည္သူမ်ား၊ လူမႈကူညီေရးအသင္း အဖြဲ႕မ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ား ႏွင့္အတူ ဝိုင္းဝန္းရွာေဖြခဲ့ရာ ေရနစ္ ေသဆုံးေနသည့္ ၿငိမ္းခ်မ္းေအာင္၏ အေလာင္းကို ညေန ၄ နာရီခြဲတြင္ လည္းေကာင္း၊ ဇင္မင္းခန္႔၏ အေလာင္းကို ညေန ၄ နာရီ ၃၅ မိနစ္တြင္ လည္းေကာင္း၊ ထြန္းထြန္း လင္း၏ အေလာင္းကို ညေန ၆ နာရီ ၁၅ မိနစ္တြင္လည္းေကာင္း ဆယ္ ယူရရွိခဲ့သျဖင့္ ပန္းေတာင္းၿမိဳ႕မရဲ စခန္းက ေသမႈေသခင္းျဖင့္ စစ္ေဆး လ်က္ရွိေၾကာင္း သိရသည္။

ကိုရဲ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
............

ရေနစ်ပျောက်ဆုံးနေတဲ့ နောက်ဆုံး ကလေး ထွန်းထွန်းဝင်း(ခ) ထွန်းထွန်းလင်းအား ညနေ (6:12)မှာရှာဖွေတွေ့ရှိသည့် မှတ်တမ်း ဓါတ်ပုံဖြစ်ပါတယ်။ ဓါတ်ပုံ -  ပြည့်သဲမောင်(ပြည်) (facebook)
နေပြည်တော် ဖေဖော်ဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ရွှေဘုံသာ ကျေးရွာအနီး ဧရာဝတီမြစ်အတွင်း ကျောင်းသားသုံးဦး ရေနစ်ပျောက် ဆုံးသွားကြောင်း သတင်းအရ ဖေဖော် ဝါရီ ၁၁ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄ဝ က ပန်းတောင်းမြို့နယ် ရဲတပ် ဖွဲ့မှူးနှင့် ပြည်မြို့မရဲစခန်းမှူးတို့ ဦးစီးသည့် တပ်ဖွဲ့ဝင်များက သက် သေများနှင့်အတူ သွားရောက် စစ် ဆေးခဲ့သည်။

စစ်ဆေးချက်အရ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲက ပြည်မြို့ အမှတ် (၃) အခြေခံပညာ အထက်တန်း ကျောင်းမှ နဝမတန်းကျောင်းသား များ ဖြစ်ကြသည့် ပြည်မြို့ ရွာဘဲ ရပ်ကွက် ပွင့်လှသိမ်ကုန်းရပ်နေ ဇင်မင်းခန့် (၁၆ နှစ်)၊ တစ်ရပ်တည်း နေ ငြိမ်းချမ်းအောင်(၁၅ နှစ်)၊ ညီညီဇော်(၁၄ နှစ်)နှင့် ထွန်းထွန်း လင်း (၁၄ နှစ်)တို့ လေးဦးသည် ပြည်မြို့ ဆင်စုရပ်ကွက် နဝဒေး တံတားအနီးရှိ ဧရာဝတီမြစ်သဲသောင် ပြင်၌ ဘောလုံးကစားပြီး မွန်းလွဲ ၂ နာရီတွင် ပန်းတောင်းမြို့နယ် ရွှေဘုံသာကျေးရွာအနီးရှိ ဧရာဝတီ မြစ်အတွင်းသို့ ရေဆင်းချိုးစဉ် ဇင်မင်း ခန့် ရေနစ်ပျောက်ဆုံးသွားသဖြင့် ငြိမ်းချမ်းအောင်နှင့် ထွန်းထွန်းလင်း တို့က လိုက်လံဆယ်ယူရာ ၄င်းတို့ နှစ်ဦးပါ ထပ်မံရေနစ်ပျောက်ဆုံး သွားကြောင်းသိရ၍ အနီးဝန်းကျင်ရှိ ပြည်သူများ၊ လူမှုကူညီရေးအသင်း အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့်အတူ ဝိုင်းဝန်းရှာဖွေခဲ့ရာ ရေနစ် သေဆုံးနေသည့် ငြိမ်းချမ်းအောင်၏ အလောင်းကို ညနေ ၄ နာရီခွဲတွင် လည်းကောင်း၊ ဇင်မင်းခန့်၏ အလောင်းကို ညနေ ၄ နာရီ ၃၅ မိနစ်တွင် လည်းကောင်း၊ ထွန်းထွန်း လင်း၏ အလောင်းကို ညနေ ၆ နာရီ ၁၅ မိနစ်တွင်လည်းကောင်း ဆယ် ယူရရှိခဲ့သဖြင့် ပန်းတောင်းမြို့မရဲ စခန်းက သေမှုသေခင်းဖြင့် စစ်ဆေး လျက်ရှိကြောင်း သိရသည်။

ကိုရဲ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)