ျပည္ေထာင္စု လႊတ္ေတာ္ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္ သံုးသပ္ေရးေကာ္မရွင္ အား သူရဦးေရႊမန္း ဦးေဆာင္မည္


ျပည္ေထာင္စု လႊတ္ေတာ္ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္ သံုးသပ္ေရးေကာ္မရွင္အား အဖြဲ႔ ဝင္ ၃၄ ဦးျဖင့္ ဖြဲ႔စည္းထားေၾကာင္း ျပည္ေထာင္စု လႊတ္ေတာ္ နာယက ဦးမန္းဝင္းခိုင္သန္းက ေျပာသည္။

“ျပည္ေထာင္စုလႊတ္ေတာ္ နာယကသည္ ျပည္ေထာင္စု လႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ ေကာ္မတီမ်ားက ေလ့လာေသာ ကိစၥရပ္မ်ားမွအပ က်န္ကိစၥရပ္မ်ားကို ေလ့လာရန္ႏွင့္ လႊတ္ေတာ္အသီးသီး၏ ေကာ္မတီဆိုင္ရာ လုပ္ငန္းမ်ားတြင္ ပူးေပါင္း ေဆာင္ရြက္ႏိုင္ရန္ လိုအပ္ခ်က္အရ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္ သံုးသပ္ေရးေကာ္မရွင္ကို ျပည္ေထာင္စု လႊတ္ေတာ္ ဥပေဒႏွင့္အညီ ဖြဲ႔စည္းလိုက္သည္” ဟု ျပည္ေထာင္စု လႊတ္ေတာ္ နာယက က ေျပာသည္။

ေကာ္မရွင္၏ တာဝန္ႏွင့္ လုပ္ပိုင္ခြင့္မ်ားတြင္ တည္ဆဲဥပေဒမ်ားအား ေလ့လာဆန္းစစ္ သံုးသပ္ၿပီး ျပင္ဆင္ေရး၊ ပယ္ဖ်က္ေရး၊ အသစ္ျပန္လည္ ျပ႒ာန္းေရးတို႔ကို ျပည္ေထာင္စု လႊတ္ေတာ္နာယက၊ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသား လႊတ္ေတာ္ ဥကၠ႒တို႔မွ တစ္ဆင့္ သက္ဆိုင္ရာ လႊတ္ေတာ္သို႔ တင္ျပခြင့္ရွိသည္။

ယင္းအျပင္ အထူးကိစၥရပ္မ်ား၊ နာယကႏွင့္ လႊတ္ေတာ္ ဥကၠ႒တို႔ သတ္မွတ္ေပးေသာ လုပ္ငန္းမ်ား၊ နာယကႏွင့္ ဥကၠ႒မ်ားက က႑အလိုက္ သီးျခားသတ္မွတ္ေပးေသာ အထူးကိစၥရပ္မ်ားအတြက္ ေကာ္မရွင္အတြင္း တာဝန္ခြဲ ေဝ ေဆာင္ရြက္ရမည္ ျဖစ္သည္။

“ေကာ္မရွင္ ဥကၠ႒ အျဖစ္ သူရဦးေရႊမန္း၊ ဒုတိယဥကၠ႒(၁) အျဖစ္ ရမည္းသင္း မဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးကိုကိုႏိုင္၊ ဒုတိယဥကၠ႒(၂) အျဖစ္ ပဲခူးတိုင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္(၂) အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာဝင္းျမတ္ေအးႏွင့္ အတြင္းေရးမွဴးအျဖစ္ ဦးခင္ေမာင္ထြန္း တြဲဖက္စစ္ေထာက္ခ်ဳပ္(ၿငိမ္း) တို႔ တာဝန္ယူ ေဆာင္ရြက္မွာ ျဖစ္ပါတယ္” ဟု ျပည္ေထာင္စု လႊတ္ေတာ္ နာယက ဦးမန္းဝင္းခိုင္သန္းက ေျပာသည္။

ေကာ္မရွင္၏ သက္တမ္းသည္ စတင္ဖြဲ႔စည္းသည့္ ေန႔မွစ၍ တစ္ႏွစ္ျဖစ္ၿပီး ယေန႔ဖြဲ႔စည္းေပးလိုက္သည့္ ေကာ္မရွင္တြင္ လႊတ္ေတာ္ ကိုယ္စားလွယ္ သံုးဦးႏွင့္ ႏိုင္ငံသား ၃၁ ဦး စုစုေပါင္း ၃၄ ျဖင့္ ဖြဲ႔စည္းလိုက္ေၾကာင္း ၄င္းက ဆိုသည္။

သတင္း - ကိုေပါက္
The Ladies News
https://www.facebook.com/News.TheLadies

............................................


ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အား အဖွဲ့ ဝင် ၃၄ ဦးဖြင့် ဖွဲ့စည်းထားကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ပြောသည်။

“ပြည်ထောင်စုလွှတ်တော် နာယကသည် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကော်မတီများက လေ့လာသော ကိစ္စရပ်များမှအပ ကျန်ကိစ္စရပ်များကို လေ့လာရန်နှင့် လွှတ်တော်အသီးသီး၏ ကော်မတီဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရန် လိုအပ်ချက်အရ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို ပြည်ထောင်စု လွှတ်တော် ဥပဒေနှင့်အညီ ဖွဲ့စည်းလိုက်သည်” ဟု ပြည်ထောင်စု လွှတ်တော် နာယက က ပြောသည်။

ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များတွင် တည်ဆဲဥပဒေများအား လေ့လာဆန်းစစ် သုံးသပ်ပြီး ပြင်ဆင်ရေး၊ ပယ်ဖျက်ရေး၊ အသစ်ပြန်လည် ပြဋ္ဌာန်းရေးတို့ကို ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌတို့မှ တစ်ဆင့် သက်ဆိုင်ရာ လွှတ်တော်သို့ တင်ပြခွင့်ရှိသည်။

ယင်းအပြင် အထူးကိစ္စရပ်များ၊ နာယကနှင့် လွှတ်တော် ဥက္ကဋ္ဌတို့ သတ်မှတ်ပေးသော လုပ်ငန်းများ၊ နာယကနှင့် ဥက္ကဋ္ဌများက ကဏ္ဍအလိုက် သီးခြားသတ်မှတ်ပေးသော အထူးကိစ္စရပ်များအတွက် ကော်မရှင်အတွင်း တာဝန်ခွဲ ဝေ ဆောင်ရွက်ရမည် ဖြစ်သည်။

“ကော်မရှင် ဥက္ကဋ္ဌ အဖြစ် သူရဦးရွှေမန်း၊ ဒုတိယဥက္ကဋ္ဌ(၁) အဖြစ် ရမည်းသင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်၊ ဒုတိယဥက္ကဋ္ဌ(၂) အဖြစ် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေးနှင့် အတွင်းရေးမှူးအဖြစ် ဦးခင်မောင်ထွန်း တွဲဖက်စစ်ထောက်ချုပ်(ငြိမ်း) တို့ တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ပြောသည်။

ကော်မရှင်၏ သက်တမ်းသည် စတင်ဖွဲ့စည်းသည့် နေ့မှစ၍ တစ်နှစ်ဖြစ်ပြီး ယနေ့ဖွဲ့စည်းပေးလိုက်သည့် ကော်မရှင်တွင် လွှတ်တော် ကိုယ်စားလှယ် သုံးဦးနှင့် နိုင်ငံသား ၃၁ ဦး စုစုပေါင်း ၃၄ ဖြင့် ဖွဲ့စည်းလိုက်ကြောင်း ၄င်းက ဆိုသည်။

သတင်း - ကိုပေါက်
The Ladies News
https://www.facebook.com/News.TheLadies
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)