မကွေးတိုင်းဒေသကြီး၌ ကြိုတင်ပေါက်ကြားနေသည်ဆိုသော ၈ တန်း သိပ္ပံမေးခွန်း







.................



မေးခွန်းပေါက်သည်ဟု နာမည်ကြီးနေသည့် မကွေးတိုင်းဒေသကြီးတွင် မနက်ဖြန်ဖြေဆိုမည့်သိပ္ပံဘာသာမေးခွန်းလွှာများ ဖေဖော်ဝါရီ ၁၉ ယနေ ့နေ ့လည် ၃ နာရီခန် ့မှစတင်ပျံ ့နှံ ့နေပြီဖြစ်ကြောင်းနတ်မောက်မြို့နယ်မှ ကျောင်းဆရာဟောင်းတဦးဖြစ်သူ ဦးဌေးဝင်းက News Watch သို ့ပြောသည်။

ယခင်နေ့များက ကွက်တိမှန်ကန်ခဲ့သည့် မေးခွန်းကြိုပေါက်မှုအတွက် ယနေ့တွင်လည်း မေးခွန်းလိုက်သူများ အထူးများပြားနေကာ မြို့နယ်ကျေးရွာများပါမကျန် မိုဘိုင်းဖုန်းများဖြင့် ဆက်သွယ်ဖြန့်ဝေနေသည်ဟု ဆိုသည်။

သိပ္ပံမေးခွန်း မှန်ကန်ခြင်းရှိမရှိအား မနက်ဖြန်ဖြေဆိုရမည့်မေးခွန်း ထွက်ပေါ်လာသည့်အခြေအနေအား စောင့်ကြည့်ရမည်ဖြစ်သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)