တစ္ေသာင္းတန္ေငြတုေဖာ္ထုတ္ရာမွ ေသနတ္တစ္လက္ပါသိမ္းဆည္းရမိ


ဘားအံ ေဖေဖာ္ဝါရီ ၂၂

ကရင္ျပည္နယ္ ဘားအံၿမိဳ႕နယ္ ေနာင္လုံအေနာက္ေက်းရြာမွ တာဝန္ သိျပည္သူတစ္ဦးက တစ္ေသာင္းတန္ ေငြစကၠဴအတုဟု သံသယရွိသျဖင့္ သက္ဆိုင္ရာ အိႏၵဳနယ္ေျမရဲစခန္းသို႔ ေဖေဖာ္ဝါရီ ၂ဝရက္ နံနက္ ၁ဝ နာရီ ခန္႔က အေၾကာင္းၾကားရာမွ က်ပ္တစ္ ေသာင္းတန္ ေငြစကၠဴအတုအရြက္ ၂ဝ အား အသုံးျပဳခဲ့သူမ်ား အပါအဝင္ ပစၥတိုေသနတ္တစ္လက္ပါ ေဖာ္ထုတ္ သိမ္းဆည္းႏုိင္ခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဘားအံၿမိဳ႕နယ္ ေနာင္လုံ အေနာက္ေက်းရြာတြင္ ေနထိုင္သူ နန္းၫြန္႔သိန္းသည္ ဘားအံၿမိဳ႕နယ္ အိႏၵဳစံျပေက်းရြာ ေအာင္မဂၤလာ ရပ္ကြက္တြင္ ေနထိုင္သည့္ ေအာင္မ်ိဳးထံမွ အေၾကြးရရန္ရွိသည့္ေငြက်ပ္ေလးသိန္းအား ဘားအံ ၿမိဳ႕နယ္ ေက်ာ့ရြာအုပ္စု ကုလားစု ေက်းရြာေန စေနေမာင္ေမာင္(ခ) ေဆးခဲဆိုသူက အေၾကြးလာဆပ္ရာ တြင္ အဆုိပါ ေငြေလးသိန္းအနက္ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴ အရြက္၂ဝ မွာ အတုမ်ားျဖစ္ႏိုင္သည္ ဟုသံသယရွိ၍ အိႏၵဳနယ္ေျမရဲစခန္းသို႔ေဖေဖာ္ဝါရီ ၂ဝ ရက္ နံနက္ ၁ဝ နာရီခန္႔က လာေရာက္အေၾကာင္း ၾကားသျဖင့္ စစ္ေဆးရာေငြတုမ်ား ျဖစ္ေၾကာင္း အတည္ျပဳႏိုင္ခဲ့သည္။

ဆက္လက္၍ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ ေအာင္မ်ဳိး၏ေနအိမ္အား ဝင္ေရာက္ရွာေဖြခဲ့ရာ ေအာင္မ်ိဳးႏွင့္ ဇနီးျဖစ္သူတို႔မွာ ေရွာင္တိမ္းသြားေသာေၾကာင့္ ေနအိမ္ အား ရွာေဖြရာ ေနအိမ္အိပ္ခန္း ဘီ႐ိုေအာက္မွ ၉ မမပစၥတိုေသနတ္ တစ္လက္ရွာေဖြ ေတြ႕ရွိသိမ္းဆည္း ရမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး တစ္ေသာင္း တန္ ေငြစကၠဴအတုမ်ား ကိုင္ေဆာင္ သုံးစြဲခဲ့သည့္ စေနေမာင္ေမာင္(ခ) ေဆးခဲ၊ ခ်စ္စမ္းေမာင္(ခ) ဗိုက္ရႊဲတို႔ ႏွစ္ဦးႏွင့္ ထြက္ေျပးတိမ္းေရွာင္သြားသူ ေအာင္မ်ဳိးႏွင့္ဇနီးျဖစ္သူ မသဲအိဇံ တို႔အား အိႏၵဳနယ္ေျမရဲစခန္းက အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။

ထြန္းထြန္းေထြး (ဘားအံ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
..............


ဘားအံ ဖေဖော်ဝါရီ ၂၂

ကရင်ပြည်နယ် ဘားအံမြို့နယ် နောင်လုံအနောက်ကျေးရွာမှ တာဝန် သိပြည်သူတစ်ဦးက တစ်သောင်းတန် ငွေစက္ကူအတုဟု သံသယရှိသဖြင့် သက်ဆိုင်ရာ အိန္ဒုနယ်မြေရဲစခန်းသို့ ဖေဖော်ဝါရီ ၂ဝရက် နံနက် ၁ဝ နာရီ ခန့်က အကြောင်းကြားရာမှ ကျပ်တစ် သောင်းတန် ငွေစက္ကူအတုအရွက် ၂ဝ အား အသုံးပြုခဲ့သူများ အပါအဝင် ပစ္စတိုသေနတ်တစ်လက်ပါ ဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဘားအံမြို့နယ် နောင်လုံ အနောက်ကျေးရွာတွင် နေထိုင်သူ နန်းညွန့်သိန်းသည် ဘားအံမြို့နယ် အိန္ဒုစံပြကျေးရွာ အောင်မင်္ဂလာ ရပ်ကွက်တွင် နေထိုင်သည့် အောင်မျိုးထံမှ အကြွေးရရန်ရှိသည့်ငွေကျပ်လေးသိန်းအား ဘားအံ မြို့နယ် ကျော့ရွာအုပ်စု ကုလားစု ကျေးရွာနေ စနေမောင်မောင်(ခ) ဆေးခဲဆိုသူက အကြွေးလာဆပ်ရာ တွင် အဆိုပါ ငွေလေးသိန်းအနက် ကျပ်တစ်သောင်းတန် ငွေစက္ကူ အရွက်၂ဝ မှာ အတုများဖြစ်နိုင်သည် ဟုသံသယရှိ၍ အိန္ဒုနယ်မြေရဲစခန်းသို့ဖေဖော်ဝါရီ ၂ဝ ရက် နံနက် ၁ဝ နာရီခန့်က လာရောက်အကြောင်း ကြားသဖြင့် စစ်ဆေးရာငွေတုများ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ အောင်မျိုး၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ အောင်မျိုးနှင့် ဇနီးဖြစ်သူတို့မှာ ရှောင်တိမ်းသွားသောကြောင့် နေအိမ် အား ရှာဖွေရာ နေအိမ်အိပ်ခန်း ဘီရိုအောက်မှ ၉ မမပစ္စတိုသေနတ် တစ်လက်ရှာဖွေ တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး တစ်သောင်း တန် ငွေစက္ကူအတုများ ကိုင်ဆောင် သုံးစွဲခဲ့သည့် စနေမောင်မောင်(ခ) ဆေးခဲ၊ ချစ်စမ်းမောင်(ခ) ဗိုက်ရွှဲတို့ နှစ်ဦးနှင့် ထွက်ပြေးတိမ်းရှောင်သွားသူ အောင်မျိုးနှင့်ဇနီးဖြစ်သူ မသဲအိဇံ တို့အား အိန္ဒုနယ်မြေရဲစခန်းက အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ထွန်းထွန်းထွေး (ဘားအံ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)