ကေလးငယ္အား ႐ိုက္ႏွက္သည္ဟု တုိင္ၾကားခံရသည့္ ငပုေတာစခန္းမွ ရဲတပ္ဖြဲ႔၀င္မ်ားအတြက္ စခန္းမွဴးအား ေခၚယူသတိေပးမည္



ဧရာ၀တီတိုင္းေဒသႀကီး ၊ ငပုေတာၿမိဳ႕နယ္၊ ကမ္းပါးႀကီးေက်းရြာမွ အသက္ ၁၄ ႏွစ္အရြယ္ ကေလးတစ္ဦးအား ယာဥ္တိုက္မႈတစ္ခုတြင္ မ်က္ျမင္သက္ေသအျဖစ္ ေခၚယူစစ္ေဆး ႐ိုက္ႏွက္သည္ဟုဆိုကာ တုိင္ၾကားခံခဲ့ရသည့္ ငပုေတာၿမိဳ႕မ ရဲစခန္းမွ ရဲတပ္ဖြဲ႔၀င္မ်ား ကိစၥအတြက္ စခန္းမွဴးျဖစ္သူအား ေခၚယူ သတိေပးမည္ျဖစ္ေၾကာင္း ဧရာ၀တီတိုင္းေဒသႀကီး ရဲတပ္ဖြဲ႔မွဴ း ႐ုံးမွ သိရသည္။

ကမ္းပါးႀကီးေက်းရြာတြင္ ဇန္န၀ါရီ ၂၅ ရက္ေန႔က လူႏွစ္ဦး ေသဆံုးခဲ့သည့္ ယာဥ္တိုက္မႈ တစ္ခုျဖစ္ပြားခဲ့ၿပီး အဆိုပါ ယာဥ္တိုက္မႈႏွင့္ ပတ္သက္၍ မ်က္ျမင္ေတြ႔ရွိခဲ့သူ ကေလးငယ္အား လက္ထိတ္ခတ္လ်က္ ၾကားရဲကင္း တစ္ခုတြင္ ၀ါးတုတ္ျဖင့္ ႐ုိက္ႏွက္စစ္ေဆးခဲ့သည္ ဆိုကာ မိခင္ နန္႔မို႔ေအးက ေဖေဖာ္၀ါရီ ၈ ရက္ေန႔က တုိင္ၾကားခဲ့သည့္ အမႈကို ခံု႐ုံးဖြဲ႔စစ္ေဆးအၿပီး စခန္းမွဴးျဖစ္သူအား ေခၚယူ သတိေပးသြားမည္ ျဖစ္ေၾကာင္း ဧရာ၀တီတိုင္းေဒသႀကီး ရဲတပ္ဖဲြ႔မွ ဒုရဲမွဴးႀကီးေက်ာ္ေအး ကေျပာသည္။

“ ျဖစ္စဥ္ရဲ႕ အဓိကကေတာ့ တိုက္တဲ့ကားက ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ကားျဖစ္ေနေတာ့ သူတို႔အိမ္ ေရွ႕တည့္တည့္မွာ တိုက္တာကို မေျပာရဲဘူးျဖစ္ေနလို႔ အမႈေပၚေအာင္ ေခၚေမးတာပဲရွိပါတယ္။ ခံု႐ုံးဖြဲ႔ စစ္ေဆးတာမွာ အေဖျဖစ္သူ ကိုယ္တိုင္က သူ႔သားကို ႐ုိက္ႏွက္စစ္ေဆးျခင္း မရွိပါဘူးလို႔ ထြက္ဆိုထားပါတယ္။ ဒါေပမဲ့ စခန္းမွဴးျဖစ္သူကိုေတာ့ အမႈကို ညင္သာစြာ မကိုင္တြယ္လို႔ ေခၚယူသတိေပးသြားမွာပါ ” ဟု ဧရာ၀တီတိုင္းေဒသႀကီး ရဲတပ္ဖဲြ႔မွ ပထမတန္းဦးစီးမွဴး ဒုရဲမွဴးႀကီးေက်ာ္ေအးက ေျပာသည္။

ရဲတပ္ဖြဲ႔၀င္မ်ား လုပ္ကိုင္ခဲ့သည္မွာ ဥပေဒႏွင့္အညီျဖစ္ေၾကာင္း အမႈမွန္ေပၚရန္ စစ္ေဆးခဲ့ရသည့္အတြက္ ယခုအခါ လူႏွစ္ဦးအား အသက္ေသဆံုးေအာင္ တိုက္ခဲ့သည့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး၏ အုတ္၊ သဲ၊ ေက်ာက္ သယ္သည့္ ကားဒ႐ုိင္ဘာကိုလည္း ဖမ္းဆီးၿပီး ျဖစ္ေၾကာင္း ၎က ဆက္လက္ ေျပာဆိုသည္။

အသက္ ၁၈ ႏွစ္ မျပည့္ေသး သူမ်ားကို ကေလးသူငယ္ဟု သတ္မွတ္ေၾကာင္း၊ ကေလးသူငယ္ ဆိုင္ရာ အခြင့္အေရး ဥပေဒျပ႒ာန္းခ်က္မ်ားအရ လက္ထိတ္ခတ္ခြင့္ မရွိေၾကာင္း၊ ကေလးသူငယ္မ်ားအား ယခုကဲ့သို႔ ျပဳမူျခင္းမွာ ကေလးသူငယ္ဆိုင္ရာ အခြင့္အေရး ကာကြယ္ျခင္း ဥပေဒမ်ား၊ အျပည္ျပည္ ဆိုင္ရာ လူ႔အခြင့္အေရးပါ သေဘာတူညီခ်က္မ်ားကို ခ်ိဳးေဖာက္ျခင္းသာ ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔၀င္မ်ား အေနျဖင့္ ကေလးသူငယ္ဆိုင္ရာ အခြင့္အေရး ကာကြယ္ျခင္း ဥပေဒမ်ားကို သိရွိလိုက္နာရန္ လိုအပ္ေၾကာင္း၊ ဧရာ၀တီတိုင္းေဒသႀကီး ကေလးသူငယ္ဆိုင္ရာ အခြင့္အေရး (Child Rights) ေကာ္မတီ၀င္ ဦးျမင့္ေဌး ကေျပာသည္။

သားျဖစ္သူကို ေဖေဖာ္၀ါရီ ၄ ရက္ေန႔က ငပုေတာစခန္းမွ ရဲတပ္ဖဲြ႔၀င္မ်ားက ေနအိမ္မွ လာေရာက္ ေခၚေဆာင္သြားခဲ့ျခင္းျဖစ္ၿပီး ေဖေဖာ္၀ါရီ ၅ ရက္ေန႔တြင္ ေနအိမ္သို႔ ျပန္ပို႔ခ်ိန္၌ ကေလးငယ္၏ ရင္ဘတ္ႏွင့္ ေက်ာကုန္းတို႔တြင္ ဒဏ္ရာမ်ားေတြ႔ရေၾကာင္း မိခင္ျဖစ္သူ နန္႔မို႔ေအးက ေျပာသည္။

" ရဲတပ္ဖဲြ႔ကို ျပဳျပင္ေျပာင္းလဲဖို႔ဆိုၿပီး EU (ဥေရာပသမဂၢ) က သင္တန္းေတြ ေပးေနတာပဲ။ ကေလးေတြကို ဘယ္လိုဆက္ဆံ ရမယ္ဆိုတာ ရဲေတြလည္းသိေနၾကတာပဲ။ အဲဒါကိုေတာင္ အသက္မျပည့္ေသးတဲ့ ကေလးကို လက္ထိတ္ေနာက္ျပန္ခတ္ၿပီး ေျခေထာက္ေတြနဲ႔ကန္၊ တုတ္နဲ႔႐ိုက္တာေတြ လုပ္တယ္ဆိုေတာ့ က်ဴးလြန္တဲ့ ရဲေတြကို စံျပအေနနဲ႔ အေရးယူသင့္တယ္လို႔ ထင္တယ္ " ဟု ပုသိမ္ၿမိဳ႕မွ လူ႔အခြင့္အေရးလႈပ္ရွားသူ ဦးေမာင္ေမာင္ႀကီး ကေျပာသည္။

၂၀၁၃ ခုႏွစ္ကလည္း လူသတ္မႈသံသယျဖင့္ ဖမ္းဆီးခံထားရသူ အသက္ ၁၄ ႏွစ္အရြယ္ ကေလးငယ္ကို လူသတ္မႈ ၀န္ခံေစရန္အတြက္ ေျမာင္းျမၿမိဳ႕မ စခန္းမွ ရဲတပ္ဖြဲ႔၀င္မ်ားက မ်က္ခံုးေမႊးကုိ မီးရႈိ႕ျခင္း၊ ေရထဲသို႔ ေခါင္းႏွစ္ျခင္း၊ ေဆးလိပ္မီးျဖင့္တို႔ျခင္း၊ အစားအစာႏွင့္ေသာက္ေရတို႔ မေပးဘဲ ဒူးေခါင္းေအာက္တြင္ ေက်ာက္ခဲႏွစ္လံုး ထား၍ အခ်ိန္ၾကာျမင့္စြာ ဒူးေထာက္ခုိင္းထားသည့္ နည္းလမ္းမ်ား အသံုးျပဳ၍ ညွဥ္းပန္းႏွိပ္စက္သည့္ အတြက္ မိဘမ်ားက ဧရာ၀တီတိုင္းေဒသႀကီး ရဲတပ္ဖဲြ႔မွဴးထံ တုိင္ၾကားမႈမ်ား ျဖစ္ပြားခဲ့သည္။

သတင္း - MMK
The Ladies News
https://www.facebook.com/News.TheLadies
............


ဧရာဝတီတိုင်းဒေသကြီး ၊ ငပုတောမြို့နယ်၊ ကမ်းပါးကြီးကျေးရွာမှ အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးအား ယာဉ်တိုက်မှုတစ်ခုတွင် မျက်မြင်သက်သေအဖြစ် ခေါ်ယူစစ်ဆေး ရိုက်နှက်သည်ဟုဆိုကာ တိုင်ကြားခံခဲ့ရသည့် ငပုတောမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ကိစ္စအတွက် စခန်းမှူးဖြစ်သူအား ခေါ်ယူ သတိပေးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူ း ရုံးမှ သိရသည်။

ကမ်းပါးကြီးကျေးရွာတွင် ဇန်နဝါရီ ၂၅ ရက်နေ့က လူနှစ်ဦး သေဆုံးခဲ့သည့် ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ မျက်မြင်တွေ့ရှိခဲ့သူ ကလေးငယ်အား လက်ထိတ်ခတ်လျက် ကြားရဲကင်း တစ်ခုတွင် ၀ါးတုတ်ဖြင့် ရိုက်နှက်စစ်ဆေးခဲ့သည် ဆိုကာ မိခင် နန့်မို့အေးက ဖေဖော်ဝါရီ ၈ ရက်နေ့က တိုင်ကြားခဲ့သည့် အမှုကို ခုံရုံးဖွဲ့စစ်ဆေးအပြီး စခန်းမှူးဖြစ်သူအား ခေါ်ယူ သတိပေးသွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးကျော်အေး ကပြောသည်။

“ ဖြစ်စဉ်ရဲ့ အဓိကကတော့ တိုက်တဲ့ကားက ကျေးရွာအုပ်ချုပ်ရေးမှူး ကားဖြစ်နေတော့ သူတို့အိမ် ရှေ့တည့်တည့်မှာ တိုက်တာကို မပြောရဲဘူးဖြစ်နေလို့ အမှုပေါ်အောင် ခေါ်မေးတာပဲရှိပါတယ်။ ခုံရုံးဖွဲ့ စစ်ဆေးတာမှာ အဖေဖြစ်သူ ကိုယ်တိုင်က သူ့သားကို ရိုက်နှက်စစ်ဆေးခြင်း မရှိပါဘူးလို့ ထွက်ဆိုထားပါတယ်။ ဒါပေမဲ့ စခန်းမှူးဖြစ်သူကိုတော့ အမှုကို ညင်သာစွာ မကိုင်တွယ်လို့ ခေါ်ယူသတိပေးသွားမှာပါ ” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပထမတန်းဦးစီးမှူး ဒုရဲမှူးကြီးကျော်အေးက ပြောသည်။

ရဲတပ်ဖွဲ့ဝင်များ လုပ်ကိုင်ခဲ့သည်မှာ ဥပဒေနှင့်အညီဖြစ်ကြောင်း အမှုမှန်ပေါ်ရန် စစ်ဆေးခဲ့ရသည့်အတွက် ယခုအခါ လူနှစ်ဦးအား အသက်သေဆုံးအောင် တိုက်ခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ အုတ်၊ သဲ၊ ကျောက် သယ်သည့် ကားဒရိုင်ဘာကိုလည်း ဖမ်းဆီးပြီး ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

အသက် ၁၈ နှစ် မပြည့်သေး သူများကို ကလေးသူငယ်ဟု သတ်မှတ်ကြောင်း၊ ကလေးသူငယ် ဆိုင်ရာ အခွင့်အရေး ဥပဒေပြဋ္ဌာန်းချက်များအရ လက်ထိတ်ခတ်ခွင့် မရှိကြောင်း၊ ကလေးသူငယ်များအား ယခုကဲ့သို့ ပြုမူခြင်းမှာ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ကာကွယ်ခြင်း ဥပဒေများ၊ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးပါ သဘောတူညီချက်များကို ချိုးဖောက်ခြင်းသာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ကာကွယ်ခြင်း ဥပဒေများကို သိရှိလိုက်နာရန် လိုအပ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး (Child Rights) ကော်မတီဝင် ဦးမြင့်ဌေး ကပြောသည်။

သားဖြစ်သူကို ဖေဖော်ဝါရီ ၄ ရက်နေ့က ငပုတောစခန်းမှ ရဲတပ်ဖွဲ့ဝင်များက နေအိမ်မှ လာရောက် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့တွင် နေအိမ်သို့ ပြန်ပို့ချိန်၌ ကလေးငယ်၏ ရင်ဘတ်နှင့် ကျောကုန်းတို့တွင် ဒဏ်ရာများတွေ့ရကြောင်း မိခင်ဖြစ်သူ နန့်မို့အေးက ပြောသည်။

" ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲဖို့ဆိုပြီး EU (ဥရောပသမဂ္ဂ) က သင်တန်းတွေ ပေးနေတာပဲ။ ကလေးတွေကို ဘယ်လိုဆက်ဆံ ရမယ်ဆိုတာ ရဲတွေလည်းသိနေကြတာပဲ။ အဲဒါကိုတောင် အသက်မပြည့်သေးတဲ့ ကလေးကို လက်ထိတ်နောက်ပြန်ခတ်ပြီး ခြေထောက်တွေနဲ့ကန်၊ တုတ်နဲ့ရိုက်တာတွေ လုပ်တယ်ဆိုတော့ ကျူးလွန်တဲ့ ရဲတွေကို စံပြအနေနဲ့ အရေးယူသင့်တယ်လို့ ထင်တယ် " ဟု ပုသိမ်မြို့မှ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမောင်မောင်ကြီး ကပြောသည်။

၂၀၁၃ ခုနှစ်ကလည်း လူသတ်မှုသံသယဖြင့် ဖမ်းဆီးခံထားရသူ အသက် ၁၄ နှစ်အရွယ် ကလေးငယ်ကို လူသတ်မှု ၀န်ခံစေရန်အတွက် မြောင်းမြမြို့မ စခန်းမှ ရဲတပ်ဖွဲ့ဝင်များက မျက်ခုံးမွှေးကို မီးရှို့ခြင်း၊ ရေထဲသို့ ခေါင်းနှစ်ခြင်း၊ ဆေးလိပ်မီးဖြင့်တို့ခြင်း၊ အစားအစာနှင့်သောက်ရေတို့ မပေးဘဲ ဒူးခေါင်းအောက်တွင် ကျောက်ခဲနှစ်လုံး ထား၍ အချိန်ကြာမြင့်စွာ ဒူးထောက်ခိုင်းထားသည့် နည်းလမ်းများ အသုံးပြု၍ ညှဉ်းပန်းနှိပ်စက်သည့် အတွက် မိဘများက ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံ တိုင်ကြားမှုများ ဖြစ်ပွားခဲ့သည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)