က်ိဳက္မေရာ လမုခိုေက်းရြာအုပ္စုအတြင္း က်ားကိုက္ခံရသည့္ဟု ယူဆရသည့္ ႏြားေသ ေပ်ာက္ဆံုးမႈရွိေန


ေဖေဖာ္၀ါရီ ၁၅ ရက္၊ ၂၀၁၆ ခုႏွစ္။ ေစာျမတ္ဦးသာ

မြန္ျပည္နယ္၊ က်ိဳက္မေရာၿမိဳ႕နယ္၊ လမုခိုေက်းရြာအုပ္စုအတြင္းရွိ ေက်းရြာမ်ားတြင္ ေဖေဖာ္၀ါရီလ ၂ရက္ ေန႔မွစတင္ကာ ဖားေပါင္ေတာင္ေျခရင္း ေတာင္၀ိုင္းကြင္းတြင္ က်ားကိုက္ခံထားရသည္ဟု ယူဆရေသာ ႏြားေသေတြ႔ရွိၿပီး ႏြားေပ်ာက္ဆံုးမႈမ်ားလည္း ရွိေနသည့္အတြက္ ေဒသခံမ်ား စိုးရိမ္မႈ ျဖစ္ေပၚေနသည္ဟု ေကအိုင္စီသုိ႕ ေျပာသည္။

ၿပီးခဲ့သည့္ ေဖေဖာ္၀ါရီလ ၇ ရက္ေန႔တြင္ မရင္းကုန္းရြာ အေနာက္ဘက္ ၂ မိုင္ခန္႔အကြာ ဖာေပါင္ေတာင္ေျခရင္း ေတာင္၀ိုင္းကြင္း၊ ငါးခုံးမေခ်ာင္းေဘးတြင္ ရြာသားမ်ား ငါးရွာစားရင္း ၆ လက္မရွိသည့္ က်ားေျခရာေတြ႕ရွိၿပီး ေနာက္ ေဒသခံရြာသားမ်ားအၾကား ယခုလိုစိုးရိမ္မႈမ်ားျဖစ္ေပၚလာျခင္း ျဖစ္သည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ မရင္းကုန္းေက်းရြာ၊ အုပ္ခ်ဳပ္ေရးမႈး ေစာေအာင္လွသိန္းက “ ျပန္ေတြ႔ရတဲ႔ ႏြားေတြက ဇက္ရိုးမွာကိုက္ထားတဲ႔ ဒဏ္ရာေတြ ေတြ႕တယ္။ ေသြးေတြလည္း မရွိေတာ႔ဘူး။ ၿပီးေတာ႔ ႏြားအၿမီးလည္း ကိုက္စားသြားတယ္။ ေပါင္မွာလည္း သုံးပိႆာေလာက္ ကိုက္စားသြားတယ္။ ဒီေန႔အထိေတာ့ က်ားကိုျမင္တဲ႔လူမေတြ႕မိဘူး။ မၾကားေသးဘူး” ဟု ေကအိုင္စီ သို႔ေျပာသည္။

ေဖေဖာ္၀ါရီလ ၂ ရက္ေန႔ႏွင့္ ၆ ရက္ေန႔မ်ားတြင္ ေဒသခံ မ်ားျဖစ္သည့္ လမုခို ေက်းရြာမွ ဦးထိန္နာ ႏြား ၂ ေကာင္၊ က်ဳိက္ေထာေက်းရြာမွ ဦးညြန္႔ညြန္႔ ႏြား ၁ ေကာင္၊ ၀ါပ်ံကုန္းေက်းရြာမွ ေဒသခံႏြား ၁ ေကာင္ ေပ်ာက္ဆံုးခဲ့ၿပီး က်ားကိုက္ခံရသည့္ဒဏ္ရာဟု ယူဆရသည့္ႏြားေသ ၂ ေကာင္သာ ေဒသခံမ်ားက ျပန္လည္ ေတြ႔ရွိရသလို က်န္ႏြားမ်ား ေပ်ာက္ဆုံးေနဆဲဟု ေဒသခံမ်ားက ဆိုသည္။

“ေတာင္၀ိုင္းကြင္း က်ေနာ္ တဲအနားမွာ ႏြာအုပ္ေတြကို သစ္ပင္ေတြနဲ႔ခ်ီထားၿပီး ရြာမွာျပန္လာအိပ္တယ္။ မနက္မုိးလင္းျပန္သြားေတာ႔ ႏြားႏွစ္ေကာင္ေသေနတယ္။ ပထမေတာ႔ တစ္ေယာက္ေယာက္က ေသနတ္နဲ႔လာပစ္သတ္သြားတယ္လို႔ ထင္တယ္၊ ေနာက္မွ အနီးအနားရြာက ေဒသခံႏြားေတြလည္း က်ားကိုက္ခံရတယ္ဆိုၿပီးျပန္ၾကားရတယ္” ဟု လမိုခိုရြာသား ဦးထိန္နာက ေျပာသည္။

ထိုသို႔ ႏြားေပ်ာက္ဆံုးမႈမ်ား ရွိေနသည့္အတြက္ ေဒသခံမ်ားအေနျဖင့္ ၎တို႔ႏြားမ်ားကို ေတာထဲတြင္ တစ္ေနကုန္လႊတ္ေက်ာင္းမႈမ်ား မျပဳလုပ္ရဲေတာ့သည့္အျပင္ အဆိုပါ သတင္း မ်ားႏွင့္ပတ္သက္ၿပီး စိုးရိမ္မႈမ်ားေၾကာင့္ ေတာင္ေျခရင္းသြားသည္႔ ေကာ႔၀က္လမ္းတြင္လည္း သြားလာမႈနည္းပါးသြားေၾကာင္း ေဒသခံ ရြာသားမ်ားက ေျပာဆိုသည္။

ယင္းျဖစ္စဥ္မ်ားျဖစ္ပြားၿပီးေနာက္ အနီးအနားတြင္ ေနထိုင္သည့္ ေဒသခံမ်ားကို သတိနဲ႔ေနထိုင္သြား လာရန္သက္ဆိုင္ရာ နယ္ေျမခံအာဏာပိုင္မ်ားထံသို ့အေၾကာင္းၾကားထား သည္ဟု မရင္းကုန္းေက်းရြာ အုပ္ခ်ဳပ္ေရးမႈး ေစာေအာင္လွသိန္းက ေကအုိင္စီသို ့ဆက္ေျပာသည္။

ဖာေပါင္ေတာင္ေျခ ေတာင္၀ိုင္းကြင္းတြင္း လယ္ဧက ၅၀ေက်ာ္ရွိၿပီး ဆယ္စုနွစ္အတြင္း ေဒသခံမ်ား လယ္လုပ္ငန္းမလုပ္ေတာ႔သျဖင္႔ ေတာမ်ားထူထပ္လာသလို အနီးအနားရြာမ်ားျဖစ္သည္႔ ၀ါပ်ံကုန္း၊ က်ိဳက္ေထာ၊ မရင္းကုန္း၊ ေအာင္ဗလ၊ ေညာင္ကုန္းေက်းရြာမွ ႏြားမ်ား လာေရာက္ေက်ာင္း ထားေလ့ ရွိေသာ္လည္း ယခုကဲ့သို႔ျဖစ္ပြားျခင္း မရွိခဲ့ဘူးေၾကာင္း ယင္းေဒသခံမ်ားထံမွ သိရသည္။

ေကအုိင္စီ - KIC
http://kicnews.org
............


ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၆ ခုနှစ်။ စောမြတ်ဦးသာ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ လမုခိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ဖေဖော်ဝါရီလ ၂ရက် နေ့မှစတင်ကာ ဖားပေါင်တောင်ခြေရင်း တောင်ဝိုင်းကွင်းတွင် ကျားကိုက်ခံထားရသည်ဟု ယူဆရသော နွားသေတွေ့ရှိပြီး နွားပျောက်ဆုံးမှုများလည်း ရှိနေသည့်အတွက် ဒေသခံများ စိုးရိမ်မှု ဖြစ်ပေါ်နေသည်ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ရ ရက်နေ့တွင် မရင်းကုန်းရွာ အနောက်ဘက် ၂ မိုင်ခန့်အကွာ ဖာပေါင်တောင်ခြေရင်း တောင်ဝိုင်းကွင်း၊ ငါးခုံးမချောင်းဘေးတွင် ရွာသားများ ငါးရှာစားရင်း ၆ လက်မရှိသည့် ကျားခြေရာတွေ့ရှိပြီး နောက် ဒေသခံရွာသားများအကြား ယခုလိုစိုးရိမ်မှုများဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မရင်းကုန်းကျေးရွာ၊ အုပ်ချုပ်ရေးမှုး စောအောင်လှသိန်းက “ ပြန်တွေ့ရတဲ့ နွားတွေက ဇက်ရိုးမှာကိုက်ထားတဲ့ ဒဏ်ရာတွေ တွေ့တယ်။ သွေးတွေလည်း မရှိတော့ဘူး။ ပြီးတော့ နွားအမြီးလည်း ကိုက်စားသွားတယ်။ ပေါင်မှာလည်း သုံးပိဿာလောက် ကိုက်စားသွားတယ်။ ဒီနေ့အထိတော့ ကျားကိုမြင်တဲ့လူမတွေ့မိဘူး။ မကြားသေးဘူး” ဟု ကေအိုင်စီ သို့ပြောသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့နှင့် ၆ ရက်နေ့များတွင် ဒေသခံ များဖြစ်သည့် လမုခို ကျေးရွာမှ ဦးထိန်နာ နွား ၂ ကောင်၊ ကျိုက်ထောကျေးရွာမှ ဦးညွန့်ညွန့် နွား ၁ ကောင်၊ ၀ါပျံကုန်းကျေးရွာမှ ဒေသခံနွား ၁ ကောင် ပျောက်ဆုံးခဲ့ပြီး ကျားကိုက်ခံရသည့်ဒဏ်ရာဟု ယူဆရသည့်နွားသေ ၂ ကောင်သာ ဒေသခံများက ပြန်လည် တွေ့ရှိရသလို ကျန်နွားများ ပျောက်ဆုံးနေဆဲဟု ဒေသခံများက ဆိုသည်။

“တောင်ဝိုင်းကွင်း ကျနော် တဲအနားမှာ နွာအုပ်တွေကို သစ်ပင်တွေနဲ့ချီထားပြီး ရွာမှာပြန်လာအိပ်တယ်။ မနက်မိုးလင်းပြန်သွားတော့ နွားနှစ်ကောင်သေနေတယ်။ ပထမတော့ တစ်ယောက်ယောက်က သေနတ်နဲ့လာပစ်သတ်သွားတယ်လို့ ထင်တယ်၊ နောက်မှ အနီးအနားရွာက ဒေသခံနွားတွေလည်း ကျားကိုက်ခံရတယ်ဆိုပြီးပြန်ကြားရတယ်” ဟု လမိုခိုရွာသား ဦးထိန်နာက ပြောသည်။

ထိုသို့ နွားပျောက်ဆုံးမှုများ ရှိနေသည့်အတွက် ဒေသခံများအနေဖြင့် ၎င်းတို့နွားများကို တောထဲတွင် တစ်နေကုန်လွှတ်ကျောင်းမှုများ မပြုလုပ်ရဲတော့သည့်အပြင် အဆိုပါ သတင်း များနှင့်ပတ်သက်ပြီး စိုးရိမ်မှုများကြောင့် တောင်ခြေရင်းသွားသည့် ကော့ဝက်လမ်းတွင်လည်း သွားလာမှုနည်းပါးသွားကြောင်း ဒေသခံ ရွာသားများက ပြောဆိုသည်။

ယင်းဖြစ်စဉ်များဖြစ်ပွားပြီးနောက် အနီးအနားတွင် နေထိုင်သည့် ဒေသခံများကို သတိနဲ့နေထိုင်သွား လာရန်သက်ဆိုင်ရာ နယ်မြေခံအာဏာပိုင်များထံသို ့အကြောင်းကြားထား သည်ဟု မရင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှုး စောအောင်လှသိန်းက ကေအိုင်စီသို ့ဆက်ပြောသည်။

ဖာပေါင်တောင်ခြေ တောင်ဝိုင်းကွင်းတွင်း လယ်ဧက ၅၀ကျော်ရှိပြီး ဆယ်စုနှစ်အတွင်း ဒေသခံများ လယ်လုပ်ငန်းမလုပ်တော့သဖြင့် တောများထူထပ်လာသလို အနီးအနားရွာများဖြစ်သည့် ၀ါပျံကုန်း၊ ကျိုက်ထော၊ မရင်းကုန်း၊ အောင်ဗလ၊ ညောင်ကုန်းကျေးရွာမှ နွားများ လာရောက်ကျောင်း ထားလေ့ ရှိသော်လည်း ယခုကဲ့သို့ဖြစ်ပွားခြင်း မရှိခဲ့ဘူးကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ကေအိုင်စီ - KIC
http://kicnews.org
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)