ျမဴးနစ္ သေဘာတူမွု အေပၚ ဆီးရီးယား သူပုန္ အဖြဲ႕ေတြ သံသယ အႀကီးအက်ယ္ ထားရွိ

 အပစ္ရပ္မွု ျဖစ္ေပၚ ဖို႔ဆိုရင္ ဆီးရီးယား အစိုးရ ရဲ့ မဟာမိတ္ ျဖစ္တဲ့ ႐ုရွား ရဲ့ ေလေၾကာင္း တိုက္ခိုက္မွု ေတြ ရပ္မွ ျဖစ္မယ္။
ဆီးရီးယား အေရး နဲ႔ ပတ္သက္ၿပီး ျမဴးနစ္ သေဘာတူမွု ျဖစ္တဲ့ သီတင္းတစ္ပတ္ အတြင္း အပစ္ရပ္ ၾကဖို႔ ဆိုတဲ့ အေပၚ သူပုန္ အဖြဲ႕ေတြ ၾကား စိတ္အား ထက္သန္မွု နဲ႔ ယုံၾကည္မွု နည္းပါး ေနၾက ပါတယ္။

သူပုန္ အဖြဲ႕ ေတာ္ေတာ္ မ်ားမ်ား နဲ႔ ဘီဘီစီ က စကားေျပာခဲ့တာမွာ အပစ္ရပ္မွု ျဖစ္ေပၚ ဖို႔ဆိုရင္ ဆီးရီးယား အစိုးရ ရဲ့ မဟာမိတ္ ျဖစ္တဲ့ ႐ုရွား ရဲ့ ေလေၾကာင္း တိုက္ခိုက္မွု ေတြ ရပ္မွ ျဖစ္မယ္ လို႔ တညီတညြတ္တည္း ေျပာေနၾက ပါတယ္။

အေစာပိုင္းတုန္း ကလည္း ဆီးရီးယား တနိုင္ငံလုံးကို ျပန္လည္ ထိန္းခ်ဳပ္ နိုင္တဲ့ အထိ တိုက္ခိုက္ သြားဖို႔ ရည္ရြယ္ ထားတယ္ ဆိုၿပီး ဆီးရီးယား သမၼတ ဘရွား အယ္လ္ အာဆတ္ က ေျပာပါတယ္။

ျပင္သစ္ သတင္း ဌာန တစ္ခု ျဖစ္တဲ့ AFP နဲ႔ ေမးျမန္းခန္း မွာ သမၼတ အာဆတ္ က အခုလို ေျပာလာ တာ ျဖစ္ပါတယ္။

ဆီးရီးယား ၿငိမ္းခ်မ္းေရး အတြက္ ဆိုၿပီး စကားေျပာ ပြဲ ေတြ လုပ္ေဆာင္ ေနတယ္ ဆိုရင္ေတာင္ သူ႔ အေနနဲ႔ ေတာ့ အၾကမ္းဖက္ ဝါဒကို ဆက္လက္ တိုက္ခိုက္ ေနမွာ ျဖစ္တယ္ လို႔ မစၥတာ အာဆတ္ က ဆိုပါတယ္။

ဆီးရီးယား မွာ သီတင္း တစ္ပတ္ အတြင္း အပစ္ရပ္ ၾကဖို႔ ကမၻာ့ အင္အားႀကီး နိုင္ငံ ေတြ သေဘာတူ ခဲ့တဲ့ ျမဴးနစ္ၿမိဳ႕ ေဆြးေႏြးပြဲ မတိုင္ခင္ သမၼတ အာဆတ္ နဲ႔ AFP အင္တာဗ်ဳး လုပ္ထားတာ ျဖစ္ပါတယ္။

ဆီးရီးယား ပဋိပကၡ ကို စစ္ေရးနည္းနဲ႔ ေျဖရွင္း နိုင္မယ္လို႔ မစၥတာ အာဆတ္ ေတြး ေနတာ ဟာ မျဖစ္နိုင္တာ ကို အဟုတ္ထင္မွတ္ ေနတာ မ်ိဳး ျဖစ္တယ္ လို႔ အေမရိကန္ နိုင္ငံ ျခားေရး ဌာန က ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese

.......................................


 အပစ်ရပ်မှု ဖြစ်ပေါ် ဖို့ဆိုရင် ဆီးရီးယား အစိုးရ ရဲ့ မဟာမိတ် ဖြစ်တဲ့ ရုရှား ရဲ့ လေကြောင်း တိုက်ခိုက်မှု တွေ ရပ်မှ ဖြစ်မယ်။
ဆီးရီးယား အရေး နဲ့ ပတ်သက်ပြီး မြူးနစ် သဘောတူမှု ဖြစ်တဲ့ သီတင်းတစ်ပတ် အတွင်း အပစ်ရပ် ကြဖို့ ဆိုတဲ့ အပေါ် သူပုန် အဖွဲ့တွေ ကြား စိတ်အား ထက်သန်မှု နဲ့ ယုံကြည်မှု နည်းပါး နေကြ ပါတယ်။

သူပုန် အဖွဲ့ တော်တော် များများ နဲ့ ဘီဘီစီ က စကားပြောခဲ့တာမှာ အပစ်ရပ်မှု ဖြစ်ပေါ် ဖို့ဆိုရင် ဆီးရီးယား အစိုးရ ရဲ့ မဟာမိတ် ဖြစ်တဲ့ ရုရှား ရဲ့ လေကြောင်း တိုက်ခိုက်မှု တွေ ရပ်မှ ဖြစ်မယ် လို့ တညီတညွတ်တည်း ပြောနေကြ ပါတယ်။

အစောပိုင်းတုန်း ကလည်း ဆီးရီးယား တနိုင်ငံလုံးကို ပြန်လည် ထိန်းချုပ် နိုင်တဲ့ အထိ တိုက်ခိုက် သွားဖို့ ရည်ရွယ် ထားတယ် ဆိုပြီး ဆီးရီးယား သမ္မတ ဘရှား အယ်လ် အာဆတ် က ပြောပါတယ်။

ပြင်သစ် သတင်း ဌာန တစ်ခု ဖြစ်တဲ့ AFP နဲ့ မေးမြန်းခန်း မှာ သမ္မတ အာဆတ် က အခုလို ပြောလာ တာ ဖြစ်ပါတယ်။

ဆီးရီးယား ငြိမ်းချမ်းရေး အတွက် ဆိုပြီး စကားပြော ပွဲ တွေ လုပ်ဆောင် နေတယ် ဆိုရင်တောင် သူ့ အနေနဲ့ တော့ အကြမ်းဖက် ဝါဒကို ဆက်လက် တိုက်ခိုက် နေမှာ ဖြစ်တယ် လို့ မစ္စတာ အာဆတ် က ဆိုပါတယ်။

ဆီးရီးယား မှာ သီတင်း တစ်ပတ် အတွင်း အပစ်ရပ် ကြဖို့ ကမ္ဘာ့ အင်အားကြီး နိုင်ငံ တွေ သဘောတူ ခဲ့တဲ့ မြူးနစ်မြို့ ဆွေးနွေးပွဲ မတိုင်ခင် သမ္မတ အာဆတ် နဲ့ AFP အင်တာဗျုး လုပ်ထားတာ ဖြစ်ပါတယ်။

ဆီးရီးယား ပဋိပက္ခ ကို စစ်ရေးနည်းနဲ့ ဖြေရှင်း နိုင်မယ်လို့ မစ္စတာ အာဆတ် တွေး နေတာ ဟာ မဖြစ်နိုင်တာ ကို အဟုတ်ထင်မှတ် နေတာ မျိုး ဖြစ်တယ် လို့ အမေရိကန် နိုင်ငံ ခြားရေး ဌာန က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)