ေရခဲေသတၱာအပူလြန္ကဲရာမွ ေနအိမ္တစ္လံုးမီးေလာင္မႈျဖစ္ပြား ( ရေခဲသေတ္တာအပူလွန်ကဲရာမှ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား )



သထံု မတ္ ၁

မြန္ျပည္နယ္၊ သထံုၿမိဳ႕နယ္၊ ဝင္းပေက်းရြာ၊ ေရတြင္းျဖဴပိုင္း သိမ္ဆိပ္-ပိႏၷဲေတာ ကားလမ္း ေဘးတြင္ မတ္လ ၁ ရက္ေန႕ နံနက္ ၇ နာရီ ၃၀ မိနစ္ခန္႔က ေနအိမ္ရွိေရခဲေသတၱာအပူလြန္ကဲရာမွ ဝါယာႀကိဳးမွတဆင့္ မီးကူးကာ ေနအိမ္တစ္လံုးမီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္တြင္ ဦးညီညီေထြး ၃၈ ႏွစ္ ပိုင္ ေဆာက္လုပ္ဆဲ RC ႏွစ္ထပ္ သြပ္မိုး ကြန္ကရစ္ခင္း ေနအိမ္ တြင္ဖြင့္လွစ္ထားေသာ ကုန္စံုဆိုင္ရွိ ဆိုင္ခန္းနံရံေထာင္တြင္ထားရွိေသာ ေရခဲေသတၱာ အပူလြန္ကဲရာမွ ဝါယာႀကိဳးမွတဆင့္ေနအိမ္သို႔ မီးကူးစက္ေလာင္ကြ်မ္းသျဖင့္ သထံုခရိုင္မီးသတ္ တပ္ဖြဲ႕ဝင္မ်ား၊ အရန္ မီးသတ္တပ္ဖြဲ႕ဝင္မ်ား ေက်းရြာေနျပည္သူမ်ားမွ ဝိုင္းဝန္းၿငိမ္းသတ္ခဲ့သျဖင့္ နာရီဝက္အၾကာတြင္ မီးၿငိမ္သြားခဲ့ေၾကာင္း သိရသည္။

“ေရခဲေသတၱာကေန အပူလြန္ၿပီးမီးေလာင္တာပါ။ မီးသတ္က ယာဥ္ေတြနဲ႔ ရပ္ကြက္ရဲ႕ ကိုယ့္အားကိုယ္ကိုး အကူမီးသတ္ယာဥ္ေတြေၾကာင့္ အခ်ိန္မွီ ၿငိမ္းသတ္ႏိုင္ခဲ့လို႕ ဆံုးရံႈးမႈ နည္းသြားတာပါ။ ျပည္သူေတြအေနနဲ႔ မီးကို ပိုၿပီးဂရုတစိုက္အသံုးျပဳေစခ်င္ပါတယ္” ဟု သထံုခရိုင္ မီးသတ္တပ္ဖြဲ႕မွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေအာင္ၾကင္ထြန္းကေျပာသည္။


မီးေလာင္မႈေၾကာင့္ ဦးညီညီေထြး၏ ေနအိမ္တစ္လံုးသာမီးေလာင္က်ြမ္းခဲ့ၿပီး သြပ္မိုးမ်ား ထုတ္တန္းမ်ား မ်က္ႏွာက်က္မ်ား သစ္သားၾကမ္းခင္းမ်ားအား မီးေလာင္ခဲ့ေၾကာင္း မီးသတ္ဦးစီးဌာနမွ သိရသည္။

အဆိုပါ မီးေလာင္မႈျဖစ္စဥ္တြင္ ေရခဲေသတၱာအားေပါ့ဆစြာသံုးစြဲမႈေၾကာင့္ မီးေလာင္က်ြမ္းမႈျဖစ္ ေစသူ ဦးညီညီေထြးအား သိမ္ဆိပ္နယ္ေျမရဲစခန္းမွ ပ ၁၅ /၂၀၁၆ ျပစ္မႈပုဒ္မ ၂၈၅ အရ အမႈဖြင့္ အေရးယူေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

သက္ဦး(သထံု)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
.........


သထုံ မတ် ၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းပကျေးရွာ၊ ရေတွင်းဖြူပိုင်း သိမ်ဆိပ်-ပိန္နဲတော ကားလမ်း ဘေးတွင် မတ်လ ၁ ရက်နေ့ နံနက် ရ နာရီ ၃၀ မိနစ်ခန့်က နေအိမ်ရှိရေခဲသေတ္တာအပူလွန်ကဲရာမှ ဝါယာကြိုးမှတဆင့် မီးကူးကာ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဦးညီညီထွေး ၃၈ နှစ် ပိုင် ဆောက်လုပ်ဆဲ RC နှစ်ထပ် သွပ်မိုး ကွန်ကရစ်ခင်း နေအိမ် တွင်ဖွင့်လှစ်ထားသော ကုန်စုံဆိုင်ရှိ ဆိုင်ခန်းနံရံထောင်တွင်ထားရှိသော ရေခဲသေတ္တာ အပူလွန်ကဲရာမှ ဝါယာကြိုးမှတဆင့်နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းသဖြင့် သထုံခရိုင်မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ ကျေးရွာနေပြည်သူများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် နာရီဝက်အကြာတွင် မီးငြိမ်သွားခဲ့ကြောင်း သိရသည်။

“ရေခဲသေတ္တာကနေ အပူလွန်ပြီးမီးလောင်တာပါ။ မီးသတ်က ယာဉ်တွေနဲ့ ရပ်ကွက်ရဲ့ ကိုယ့်အားကိုယ်ကိုး အကူမီးသတ်ယာဉ်တွေကြောင့် အချိန်မှီ ငြိမ်းသတ်နိုင်ခဲ့လို့ ဆုံးရှုံးမှု နည်းသွားတာပါ။ ပြည်သူတွေအနေနဲ့ မီးကို ပိုပြီးဂရုတစိုက်အသုံးပြုစေချင်ပါတယ်” ဟု သထုံခရိုင် မီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြင်ထွန်းကပြောသည်။


မီးလောင်မှုကြောင့် ဦးညီညီထွေး၏ နေအိမ်တစ်လုံးသာမီးလောင်ကျွမ်းခဲ့ပြီး သွပ်မိုးများ ထုတ်တန်းများ မျက်နှာကျက်များ သစ်သားကြမ်းခင်းများအား မီးလောင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်တွင် ရေခဲသေတ္တာအားပေါ့ဆစွာသုံးစွဲမှုကြောင့် မီးလောင်ကျွမ်းမှုဖြစ် စေသူ ဦးညီညီထွေးအား သိမ်ဆိပ်နယ်မြေရဲစခန်းမှ ပ ၁၅ /၂၀၁၆ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

သက်ဦး(သထုံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)