ရွမ္းေျမာက္တိုက္ပဲြ အေျခအေန အေမရိကန္ စိုးရိမ္


ရွမ္းျပည္နယ္ေျမာက္ပို္င္းမွာ တိုက္ပြဲေတြ ဆက္ျဖစ္ေနတာနဲ႔ ပတ္သက္ၿပီး အထူး စိုးရိမ္တဲ့ အေၾကာင္း ရန္ကုန္ၿမိဳ႕၊ အေမရိကန္သံ႐ံုး ကထုတ္ျပန္ပါတယ္။

“တအာင္းအမ်ဳိးသားလြတ္ေျမာက္ေရးတပ္မေတာ္၊ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီနဲ႔ ျမန္မာတပ္မေတာ္တုိ႔အၾကား ဆက္္ျဖစ္ေနတဲ့ ပဋိပကၡေတြနဲ႔ပတ္သက္ၿပီး အေမရိကန္သံ႐ုံးအေနနဲ႔ မ်ားစြာစုိးရိမ္ပူပန္မိပါတယ္။” လို႔ ရန္ကုန္ၿမိဳ႕ အေမရိကန္ သံ႐ံုးေျပာခြင့္ရတဦးက ဗီြအိုေအကို ေျပာသြားတာပါ။


အထူးသျဖင့္ ရွမ္းနဲ႔ပေလာင္ တုိင္းရင္းသား လူ႔အသုိက္အဝန္းေတြကို ဦးတည္ၿပီး လူ႔အခြင့္အေရး ခ်ဳိးေဖာက္ေနတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္ၿပီး စုိးရိမ္မိတဲ့ အေၾကာင္း၊ အရပ္သားေတြအေပၚ အကာအကြယ္ေပးေရးအပါအဝင္ ပဋိပကၡ ေဘးသင့္ ျပည္သူေတြဆီကို လူသားခ်င္းစာနာေထာက္ထားတဲ့ အဖြဲ႔အစည္းေတြ အတားအဆီးမရွိ သြားေရာက္ႏိုင္ေရးဟာ ႏိုင္ငံတကာရဲ႕ အေျခခံက် တဲ့မူ ျဖစ္တဲ့ အေၾကာင္း၊ တပ္မေတာ္ရဲ႕ ထုိးစစ္ဆင္မႈဟာ ေရရွည္တည္တံ့ခုိင္ျမဲတဲ့ ၿငိမ္းခ်မ္းေရးဖို႔ တည္ေဆာက္ေနတဲ့ ယုံၾကည္မႈကုိ ပ်က္ျပားေစတဲ့အေၾကာင္း သံ႐ံုးေျပာခြင့္ရ က ေျပာပါတယ္။

စကားဝုိင္းေဆြးေႏြးပြဲ ျပဳလုပ္ဖို႔အတြက္ စိတ္ရွည္ သည္းခံျခင္းတရားကုိ က်င့္သုံးၾကဖို႔ နဲ႔ ကတိကဝတ္ကုိ ျပန္လည္ေဖာ္ေဆာင္ၾကဖို႔လည္း သံ႐ံုးထုတ္ျပန္ခ်က္မွာ တုိက္တြန္း ထားပါတယ္။ သုိ႔မွသာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဆက္လက္ျဖစ္ထြန္းေန မွာျဖစ္ၿပီး ေနရပ္ ေရႊ႕ေျပာင္းဒုကၡသည္ေတြလည္း ေနရပ္ရင္း ျပန္ႏုိင္မွာျဖစ္ၿပီးေတာ့ သူတို႔ရဲ႕ဘဝေတြကုိ ျပန္လည္ ထူေထာင္ႏိုင္မွာျဖစ္တယ္လုိ႔ အေမရိကန္ သံ႐ံုးေျပာခြင့္ရက ေျပာပါတယ္။

ရွမ္းျပည္ေျမာက္ပုိင္းမွာ ျဖစ္ေနတဲ့တိုက္ပြဲေတြ ရပ္ဆိုင္းဖို႔ အေရးႀကီးအဆိုတရပ္ကို ဗုဒၶဟူးေန႔က ျပည္သူ႔လႊတ္ေတာ္မွာ တင္သြင္း အတည္ျပဳခဲ့ပါေသးတယ္။ ဒါေပမဲ့ လည္း တိုက္ပြဲေတြ ရပ္သြားၿပီ ဆိုတဲ့ တိက်ခုိင္မာတဲ့ သတင္းမ်ဳိးေတြကိုေတာ့ မရေသးပါဘူး။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...................


ရှမ်းပြည်နယ်မြောက်ပို်င်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာနဲ့ ပတ်သက်ပြီး အထူး စိုးရိမ်တဲ့ အကြောင်း ရန်ကုန်မြို့၊ အမေရိကန်သံရုံး ကထုတ်ပြန်ပါတယ်။

“တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီနဲ့ မြန်မာတပ်မတော်တို့အကြား ဆက််ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အမေရိကန်သံရုံးအနေနဲ့ များစွာစိုးရိမ်ပူပန်မိပါတယ်။” လို့ ရန်ကုန်မြို့ အမေရိကန် သံရုံးပြောခွင့်ရတဦးက ဗွီအိုအေကို ပြောသွားတာပါ။

အထူးသဖြင့် ရှမ်းနဲ့ပလောင် တိုင်းရင်းသား လူ့အသိုက်အဝန်းတွေကို ဦးတည်ပြီး လူ့အခွင့်အရေး ချိုးဖောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မိတဲ့ အကြောင်း၊ အရပ်သားတွေအပေါ် အကာအကွယ်ပေးရေးအပါအဝင် ပဋိပက္ခ ဘေးသင့် ပြည်သူတွေဆီကို လူသားချင်းစာနာထောက်ထားတဲ့ အဖွဲ့အစည်းတွေ အတားအဆီးမရှိ သွားရောက်နိုင်ရေးဟာ နိုင်ငံတကာရဲ့ အခြေခံကျ တဲ့မူ ဖြစ်တဲ့ အကြောင်း၊ တပ်မတော်ရဲ့ ထိုးစစ်ဆင်မှုဟာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖို့ တည်ဆောက်နေတဲ့ ယုံကြည်မှုကို ပျက်ပြားစေတဲ့အကြောင်း သံရုံးပြောခွင့်ရ က ပြောပါတယ်။

စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဖို့အတွက် စိတ်ရှည် သည်းခံခြင်းတရားကို ကျင့်သုံးကြဖို့ နဲ့ ကတိကဝတ်ကို ပြန်လည်ဖော်ဆောင်ကြဖို့လည်း သံရုံးထုတ်ပြန်ချက်မှာ တိုက်တွန်း ထားပါတယ်။ သို့မှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ဖြစ်ထွန်းနေ မှာဖြစ်ပြီး နေရပ် ရွှေ့ပြောင်းဒုက္ခသည်တွေလည်း နေရပ်ရင်း ပြန်နိုင်မှာဖြစ်ပြီးတော့ သူတို့ရဲ့ဘဝတွေကို ပြန်လည် ထူထောင်နိုင်မှာဖြစ်တယ်လို့ အမေရိကန် သံရုံးပြောခွင့်ရက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်နေတဲ့တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ အရေးကြီးအဆိုတရပ်ကို ဗုဒ္ဓဟူးနေ့က ပြည်သူ့လွှတ်တော်မှာ တင်သွင်း အတည်ပြုခဲ့ပါသေးတယ်။ ဒါပေမဲ့ လည်း တိုက်ပွဲတွေ ရပ်သွားပြီ ဆိုတဲ့ တိကျခိုင်မာတဲ့ သတင်းမျိုးတွေကိုတော့ မရသေးပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)