ဘိန္းစိုက္ေတာင္သူေတြၾကားက ကြယ္ဝွက္ေနတဲ့ ျပႆနာနဲ႕ အစိုးရသစ္ဆီက ေမွ်ာ္လင့္ခ်က္


ႏိုဝင္ဘာလရဲ႕ ေနာက္ဆုံးပတ္ေရာက္ၿပီမို႕ ေဆာင္းရဲ႕အေငြ႔သက္ေလးေတြဟာ ကယားျပည္နယ္နဲ႕ ရွမ္းျပည္နယ္စပ္ မွာတည္ရွိေနတဲ့ ပီကင္းေတာၿမိဳ႕ေလးကို လႊမ္းျခံဳထားပါတယ္။

ပီကင္းၿမိဳ႕ရဲ႕အေရွ႕ဖက္ ကယန္းလို လဲစြတ္(အနီေရာင္)ေတာင္တန္းႀကီးေတြရဲ႕ေအာက္မွာ အေရာင္ေတြစုံလင္လွတဲ့ ပန္းခင္းႀကီးေတြဟာ မ်က္စိတဆုံး ရွိေနၾကပါတယ္။့ မျမင္ေတြ႔ဖူးတဲ့ သူေတြအေနနဲ႕ရုတ္တရက္ၾကည့္လုိက္မိရင္ေတာ့ အလြန္လွပတဲ့ ပန္းခင္းေလးေတြလို႕မွတ္ခ်က္ေပးၾကမွာပါပဲ။ ဒါေပမယ့္ တကယ္တမ္းမွာေတာ့ ဒါက ပန္းခင္းေတြမဟုတ္ပဲ ငရဲပန္းႀကီးမ်ားလို႕ တင္စားေခၚေဝၚၾကတဲ့ ဘိန္းခင္းေတြသာျဖစ္ပါတယ္။

ေအးခ်မ္းလွတဲ့ ေဆာင္းမနက္ခင္း တစ္ခုမွာ ေဒၚဘဲလွ တစ္ေယာက္ ေခါင္းေပါင္းထူထူေလးတစ္ခုကိုေပါင္းရင္း က်ိဳးတို႕က်ဲတဲ အေရာင္ေတြစုံတဲ့ ဘိန္းပန္းေတြရဲ႕အၾကားမွာ စိမ္းျမျမ ဘိန္းသီးေတြကို သူတို႕ကိုယ္တိုင္ တီထြင္ ျပဳလုပ္ထားတဲ့ ဘိန္းျခစ္ သည့္တုတ္ေခ်ာင္းေလးကို ကိုင္ရင္း၊ ဘိန္းမ်ားကိုျခစ္ရင္းနဲ႔ အလုပ္ရႈပ္ေနခဲ့ပါတယ္။

ကယန္းလို လဲစြတ္(အနီေရာင္)ေတာင္တန္းေတြရဲ႕ အေပၚေအာက္ေတြမွာ ဘိန္းခင္းေတြဟာ မ်က္စိတစ္ဆုံး ရွိေနၾကၿပီး ဒီလိုေတာင္တန္းႀကီးရဲ႕ ကုန္းေစာင္းတစ္ခုမွာ ေဒၚဘဲလွရဲ႕ တႏိုင္တပိုင္ စိုက္ပ်ိဳးထားတဲ့ ဘိန္းခင္းတစ္ခုရွိေနတာပါ။ ႏိုဝင္ဘာလ ထဲမွာ ဘိန္းျခစ္တဲ့ အခ်ိန္ေရာက္ၿပီမို႕ ေဒၚဘဲလွက သူ႕ရဲ႕ ဘိန္းခင္းေလးထဲက ဘိန္းေတြကိုေစာေစာထၿပီး ျခစ္ယူေနတာပဲျဖစ္ပါတယ္။

ႀသဂုတ္လေလာက္မွာ ဒီလိုေတာင္တန္းႀကီးေတြရဲ႕ အေပၚေအာက္ေတြမွာ ဘိန္းေတြကိုစတင္ စိုက္ပ်ိဳးၾကတာျဖစ္ၿပီး သုံးလေလာက္ၾကာရင္ေတာ့ အသီးသီးလာတဲ့ ဘိန္းသီးေတြေပၚက ဘိန္းစီးေတြကို ျခစ္ယူၾကရတာျဖစ္လို႕ အခုလိုကာလမ်ိဳးဟာ ဘိန္းျခစ္တဲ့ရာသီျဖစ္တာေၾကာင့္ ေဒၚဘဲလွက သူဘိန္းခင္း ထဲကဘိန္းေတြကို ျခစ္ယူေနတာပါ။

ေဒၚဘဲလွ ဟာကေလး(၁၁)ေယာက္မိခင္တစ္ဦးျဖစ္ၿပီး သူတို႕မိသားစုရဲ႕ စားဝတ္ေနေရးေျပလည္ေစဖို႕ အတြက္ ဘိန္းစိုက္ပ်ိဳးေရးကို လုပ္ကိုင္လာတာဟာ (၁၀)ႏွစ္နီးပါးရွိေနၿပီျဖစ္ပါတယ္။ သူမရဲ႕ ခင္ပြန္းကေတာ့ လြန္ခဲ့တဲ့ တစ္လေလာက္က အသည္းေရာင္ေရာဂါ တစ္ခုနဲ႔ ကြယ္လြန္သြားခဲ့တာပါ။

ခင္ပြန္းသည္ မကြယ္လြန္မီ ေဆးကုသဖို႕အတြက္ ေက်းရြာရဲ႕ ေဆးေပးခန္းေတြမွာ ဆရာဝန္ ေတြမရွိတာေၾကာင့္ ၿမိဳ႕ေပၚသို႕ သြားေရာက္ ေဆးကုသရတဲ့ ကုန္က်စရိတ္ေတြဟာလည္း အလြန္မ်ားျပားခဲ့ၿပီး ဒီႏွစ္မွာေတာ့ ေဒၚဘဲလွတစ္ေယာက္ သိန္း(၃၀)ေလာက္ အေၾကြးတင္သြားခဲ့ပါတယ္။

ဒီေဒသမွာေတာ့ ဘိန္းစိမ္း တစ္ပိသာကို ေပါက္ေဈး (ယခင္ကဆို) ခုႏွစ္သိန္းခန္႕ရွိခဲ့ေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ကစလို႕ ဘိန္းတစ္ပိသာကို ေလးသိန္းဝန္းက်င္ခန္႕သာရွိေတာ့ပါတယ္။

ဘိန္းေစ်းအတက္အက်ကေတာ့ ပြဲစားေတြရဲ႕ လက္ထဲမွာပဲရွိေနၿပီး ဘိန္းအရည္အေသြးေပၚ မူတည္ေနတာမဟုတ္ပဲ လုိအပ္ခ်က္အေပၚမူတည္ၿပီး ေစ်းျမင့္၊ ေစ်းက်သြားတာမ်ိဳးပါ။ ဒီႏွစ္မွာေတာ့ ေဒၚဘဲလွက သူ႔ရဲ႕တႏိုင္တပိုင္စိုက္ပ်ိဳး ထားတဲ့ ဘိန္းခင္းထဲက ဘိန္းစိမ္း သုံးပိသာ၊ ေလးပိသာေလာက္ရဖို႕ ေမွ်ာ္မွန္းထားၿပီး မိသားစုစားဝတ္ေနေရး ေျဖရွင္းရမွာထက္ တင္ေနတဲ့ အေၾကြးေတြကို အျမန္ျပန္ဆပ္ႏိုင္ဖို႕သာ ႀကိဳးစားေနရပါတယ္။

“ကြၽန္မတို႕ တျခားသီးႏွံစိုက္ရင္ မိသားစုစားဝတ္ေနေရးအတြက္ မလုံေလာက္ဘူး။ ဘိန္းစိုက္တာေတာင္မွ အေၾကြးေတြကို ဘယ္လိုဆပ္ႏိုင္မလဲ ဆိုတာပဲ စဥ္းစားေနရတာ။သူမ်ားေတြက အထင္ႀကီးလြန္းေနတယ္ ဘိန္းစိုက္တာကို ” လို႕ ေဒၚဘဲလွ မနက္ေစာေစာထျခစ္ထားတဲ့ ဘိန္းဆီခဲေတြကို ဝါးခြက္ထဲ ထည့္ရင္း ေျပာျပေနပါတယ္။

ပီကင္းၿမိဳ႕ေလးဟာ ရွမ္းျပည္ေတာင္ပိုင္း ဖယ္ခုံၿမိဳ႕နယ္ထဲမွာ ရွိၿပီး မိုးၿဗဲၿမိဳ႕ကေန (၁၈)မိုင္ေလာက္ သြားရင္ ေရာက္ႏိုင္ပါတယ္။ ဒီေတာၿမိဳ႕ေလးအနီးတစ္ဝိုက္မွာေနထိုင္ၾကတဲ့ ေဒသခံအမ်ားစုကေတာ့ ႏွစ္ေပါင္းမ်ားစြာ ကတည္းက ဘိန္းစိုက္ပ်ိဳးေရးကို လုပ္ကိုင္လာၾကသူေတြပါ။

ဒီေဒသေလးဟာ လမ္းပန္းဆက္သြယ္ေရး ၊က်န္းမာေရး ၊ပညာေရး စတဲ့က႑ ေတြမွာ ျပည့္စုံမႈမရွိသလို လမ္းပန္းဆက္သြယ္ေရး မေကာင္းတဲ့အခ်က္ကလည္း အဓိက ျပသနာျဖစ္ေနတာေၾကာင့္ စားဝတ္ေနေရးအတြက္၊ စီးပြားေရး လုပ္ကိုင္ဖို႔အတြက္လည္း ေရြးခ်ယ္စရာေတြ မဲ့ေနတာျဖစ္ပါတယ္။

အခုလိုေဆာင္းရာသီမ်ိဳးမွာ ႏွင္းခါးေတြက်တတ္သလို ႏွင္းခါက်တဲ့အခ်ိန္ေတြမွာဆုိရင္ အျခားသီးႏွံစိုက္ပ်ိဳးမႈေတြအတြက္ အဆင္မေျပျဖစ္တတ္ပါတယ္။ တကယ္လုိ႔ ေအာင္ျမင္ေအာင္ စုိက္ႏုိင္ခဲ့တယ္ဆုိရင္လည္း ေရာင္းခ်ဖုိ႔ ေစ်းကြက္မရွိတဲ့ အေနအထားျဖစ္ေနတာေၾကာင့္ ေဒသခံအမ်ားစု အျခားသီးႏွံေတြ စုိက္ဖုိ႔ မစဥ္းစားၾကသေလာက္ပါပဲ။

“စပါးစိုက္စိုက္ ေျပာင္းစိုက္စိုက္ သြားေရာင္းဖို႕က ၿမိဳ႕ထိအေဝးႀကီးသြားရမယ္ လမ္းစရိတ္နဲ႕ တင္ဘာမွ လုပ္လို႕မရေတာ့ဘူး အဲ့ဒါေၾကာင့္ ဒါမစိုက္ရင္ ငတ္ကုန္မွာ ”လို႕ ေဒၚဘဲလွရဲ႕ ဘိန္းခင္းမွာ ေန႕စားဝင္လုပ္ေနတဲ့ ဦးေက်ာ္လွက ေျပာပါတယ္။

ေန႔စားအလုပ္ လုပ္ေနရတယ္ဆုိေပမယ့္ ဦးေက်ာ္လွက ဘိန္းစိုက္ပ်ိဳးမႈကို အႀကိမ္ႀကိမ္ႀကိဳးစားခဲ့တဲ့သူပါ။ ဒါေပမယ့္ သူစုိက္ပ်ိဳးတဲ့ ဘိန္းခင္းေတြ မေအာင္ျမင္တဲ့ေနာက္ ေန႔စားဘ၀ကုိ ေရြးခ်ယ္လုိက္ရပါတယ္။ ဘိန္းစိုက္ပ်ိဳးတဲ့ ေတာင္သူေတြအေနနဲ႔ကေတာ့ စိုက္ပ်ိဳးတိုင္း ေအာင္ျမင္တာမဟုတ္ဘဲ ဘိန္းစိုက္ခင္းမေကာင္းတဲ့ ႏွစ္ေရာက္ၿပီဆို အေၾကြးေတြ တင္ၾကၿပီး အေၾကြးသံသရာ လည္ၾကရေတာ့တာပါပဲ။

ဘိန္းစိုက္ပ်ိဳးဖုိ႔အတြက္ တစ္ဧကကို ပ်မ္းမွ်အားျဖင့္ အရင္းအႏွီး(၁၀)သိန္းေလာက္ကုန္ၿပီး ေျမၾသဇာခ ၊လုပ္အားခ ကုန္က်စရိတ္ေတြလည္းမ်ားပါတယ္။ မိုးရြာသြန္းတဲ့ အခ်ိန္ေတြဆုိရင္ေတာ့ ဘိန္းခင္းေတြ ပ်က္စီး တတ္ၿပီး စိုက္ပ်ိဳးတဲ့ေနရာမွာေတာ့ စက္ယႏၱယားႀကီးေတြနဲ႔ စိုက္ပ်ိဳးတာမဟုတ္ဘဲ လူနဲ႔သာ စိုက္ပ်ိဳးၾကတာျဖစ္ပါတယ္။

ေဒသခံေတြအေနနဲ႔ ဘိန္းစိုက္ပ်ိဳးေရးကို လုပ္ကိုင္ေနၾကေပမယ့္ ဘိန္းစိုက္ပ်ိဳးျခင္းကေနရရွိလာတဲ့ အက်ိဳးအျမတ္ေတြကုိေတာ့ ပြဲစားေတြကပဲ သိမ္းႀကဳံးရရွိသြားၾကပါတယ္။ ဘိန္းလာေရာက္ဝယ္ယူၾကတဲ့ ပြဲစားေတြက ရြာအထိလာေရာက္ဝယ္ယူၾကၿပီး ဘိန္းစိုက္ေတာင္သူမ်ား ဘိန္းစိုက္ပ်ိဳးႏိုင္ရန္အတြက္ ရင္းႏွီးေငြေတြကိုလည္း ထုတ္ေခ်းေပးေလ့ရွိပါတယ္။ ေတာင္သူေတြအေနနဲ႔ ဘိန္းျခစ္တဲ့အခ်ိန္မွာ ရလာတဲ့ ဘိန္းေတြကို ေခ်းေငြအေနနဲ႔ ျပန္လည္ေပးဆပ္ရတာျဖစ္ၿပီး ဘိန္းစိုက္ပ်ိဳးမႈ မေအာင္ျမင္တဲ့ ႏွစ္ေတြမွာေတာ့ သိန္းရာႏွင့္ခ်ီလုိ႔ အေၾကြးတင္ေနၾကရပါတယ္။

ဘိန္းစိုက္ေတာင္သူေတြအေနနဲ႔ ေဒသတြင္းမွာရွိတဲ့ အာဏာပိုင္အဖြဲ႕စည္းမ်ားျဖစ္တဲ့ ရဲတပ္ဖြဲ႕၊ျမန္မာအစိုးရစစ္တပ္ ၊ကယန္းျပည္သစ္တပ္မေတာ္ ႏွင့္ ျပည္သူ႕စစ္တပ္ဖြဲ႕ေတြဆီကိုလည္း ႏွစ္စဥ္ အခြန္ေငြေဆာင္ၾကရၿပီး စုိက္ပ်ိဳးတဲ့ ပမာဏ အနည္းအမ်ားေပၚ မူတည္ၿပီး ေပးေဆာင္ရတဲ့ အခြန္ပမာဏကလည္း ကြာျခားသြားပါတယ္။

ကယန္းျပည္သစ္ပါတီ အေနနဲ႔ကေတာ့ ပီကင္းေက်းရြာအုပ္စုအတြင္းမွာရွိတဲ့ ေက်းရြာမ်ားရဲ႕ ေဒသဖြံ႕ၿဖိဳးေရး ေဆာင္ရြက္ႏိုင္ဖုိ႔အတြက္ အလွဴေငြသေဘာမ်ိဳး အခြန္ေငြ ေကာက္ခံေလ့ရွိပါတယ္။ ဘိန္းစိုက္ပ်ိဳးတဲ့ အိမ္တိုင္းကို တစ္အိမ္ကို တစ္ႏွစ္စာ ေျခာက္ေသာင္း ခုႏွစ္ေသာင္းခန္႕ေကာက္ခံတယ္ လို႕ ကယန္းျပည္သစ္ပါတီ ပီကင္းဆက္ဆံေရးရုံးတာဝန္ခံ ဗိုလ္လြီး ကေျပာပါတယ္။

“နင္တို႕မစိုက္ၾကေတာ့နဲ႕ ေလ်ာ့ပါေလ်ာ့ပါ လို႕လည္းေျပာထားတယ္ ။စားဝတ္ေနေရးအတြက္က ဒါပဲရွိတယ္ေလ ။အလွဴေငြသေဘာမ်ိဳးနဲ႕ ကြၽန္ေတာ္တို႕အခြန္ေကာက္တာပါ ရတဲ့အခြန္ကို ေဒသဖြံ႔ၿဖိဳးေရးအတြက္ ျပန္သုံးတယ္ ”လို႕ေျပာပါတယ္။

အစိုးရအဖြဲ႕စည္းေတြျဖစ္တဲ့ ရဲတပ္ဖြဲ႕ ၊စစ္တပ္စတဲ့ အဖြဲ႕ေတြရဲ႕အခြန္ေကာက္ခံမႈမ်ားကိုေတာ့ ေမးျမန္းလို႕ မရခဲ့ေပမယ့္ အရင္ႏွစ္ေတြတုန္းကလုိ ဘိန္းခင္းေတြကုိ လာေရာက္ဖ်က္ဆီးတာမ်ိဳး မလုပ္ေတာ့တာ ႏွစ္ႏွစ္ေလာက္ရွိၿပီလို႕ ကယန္းျပည္သစ္ပါတီက ေျပာပါတယ္။

ဘိန္းစိုက္ေတာင္သူေတြအတြက္ ဘိန္းစိုက္ပ်ိဳးမႈ႕ေလ်ာ့က်ေစဖုိ႔ရည္ရြယ္ၿပီး အစိုးရကေန ၂၀၁၅ ခုႏွစ္အတြက္ အစားထိုး သီးႏွံအျဖစ္နဲ႔ စပါး နဲ႔ ေနၾကာ မ်ိဳးေစ့ေတြ ျဖန္႕ေဝၿပီး စမ္းသပ္စုိက္ပ်ိဳးေစခဲ့ပါတယ္။ စပါးမ်ိဳးေစ့က အထြက္ႏႈန္းေကာင္းခဲ့ၿပီး စိုက္ပ်ိဳးလို႕ အဆင္ေျပခဲ့ေပမယ့္လည္း ေရာင္းခ်ဖုိ႔ ေဈးကြက္မရွိတာေၾကာင့္ ဘိန္းစိုက္ပ်ိဳးမႈ ဖက္ကုိသာ ျပန္လွည့္ခဲ့ရတယ္လုိ႔ ဘိန္းစိုက္ေတာင္သူေတြက ဆိုပါတယ္။

ဦးဆီမိုးနယ္ ဟာလည္း အိမ္ေထာင္က်ၿပီးကတည္းက သားသမီးေလးေယာက္ ထြန္းကားခဲ့ၿပီး စားဝတ္ေနေရး ေျပလည္ေစဖို႕အတြက္ အနီေရာင္ ေတာင္တန္းႀကီးေတြရဲ႕ေအာက္မွာ ဘိန္းစိုက္ေနတာ ဆယ္ႏွစ္ေက်ာ္ပါၿပီ။တစ္ႏွစ္ ကို ဘိန္းႏွစ္ပိသာ သုံးပိသာ သာရတဲ့အတြက္ အလုပ္သမားလည္းမငွားႏိုင္သလို လင္မယား ႏွစ္ေယာက္ ကုိယ္တုိင္စုိက္ပ်ိဳး လုပ္ကိုင္ေနၾကရတာပါ။

“စားဝတ္ေနေရးအတြက္ ဒါစိုက္မွျဖစ္မယ္ေလ။ ဒါမစိုက္ရင္ အကုန္ခိုးၿပီး လုယက္တာတြ ျဖစ္လိမ့္မယ္။ ဘိန္းက လူကိုျပဳန္းတီးေစတယ္ဆိုတာ ကြၽန္ေတာ္တို႕သိပါတယ္။ ဒီမွာက ဘိန္းကလႊဲရင္ဘာမွ စိုက္ဖို႕မရွိဘူးေလ။ အျခားသီးႏွံစိုက္ဖို႕ကလည္း ေဈးကြက္ မရွိေတာ့ရႈံးမွာေပါ့ အေၾကြးေတြထူ ကုန္မွာေပါ့”လို႕ေျပာျပပါတယ္။

စားဝတ္ေနေရးအတြက္ ေျပလည္ေစရန္ မျဖစ္မေနဘိန္းစိုက္ပ်ိဳးေနရတာျဖစ္ေပမယ့္ ဦးဆီမိုးနယ္ကေတာ့ ဘိန္းစိုက္ပ်ိဳးရတာကို မေပ်ာ္ေမြ႔ေတာ့ပါဘူး။

ေရြးေကာက္ပြဲအတြင္းမွာလည္း မိမိတို႕စားဝတ္ေနေရးအတြက္ ေကာင္းမြန္သည့္ လမ္းကေနလုပ္ကိုင္စားေသာက္ႏိုင္ဖို႕ အခြင့္လမ္းေတြဖန္တီးေပးႏိုင္မယ္ ဆုိတဲ့ေမွ်ာ္လင့္ခ်က္နဲ႔ NLD ပါတီကိုမဲေပးခဲ့သလို တတ္လာမယ့္ အစိုးရသစ္ အေနနဲ႕ ဘိန္းစိုက္ပ်ိဳးမႈကို စြန္႕လႊတ္ၿပီး ေကာင္းမြန္တဲ့ စားဝတ္ေနေရးအတြက္ ေျဖရွင္းႏိုင္မည့္ နည္းလမ္းေတြကုိ ရွာေဖြ ေပးႏိုင္လိမ့္မယ္လို႕ ေမွ်ာ္လင့္ေနတာပါ။

“လူေတြကို ဒုကၡေပးေနတဲ့ ဒီအပင္ေတြကို ကြၽန္ေတာ္လုံးဝမစိုက္ခ်င္ပါဘူး။ ကြၽန္ေတာ္တို႕တက္လာမယ့္ အစိုးသစ္ကို ေမွ်ာ္လင့္ပါတယ္။ အစားထိုးသီးႏွံေတြနဲ႕ ေရာင္းလို႕ရမယ့္ အဝယ္ဒိုင္ေတြ ေဈးကြက္ေတြ ရွာေဖြေပးဖို႕ လုပ္ေပးေစခ်င္တယ္။ လမ္းပမ္းဆက္သြယ္ေရး၊ လွ်ပ္စစ္မီး၊ ပညာေရး ေကာင္းေအာင္ လုပ္ေပးႏိုင္ရင္ ကြၽန္ေတာ့္ မိသားစုစားဝတ္ေနေရးဖူလုံရင္ ဘိန္းလုံးဝမစိုက္ဖို႕ အာမခံရဲပါတယ္ စိုက္လည္းမစိုက္ခ်င္ေတာ့ဘူး”လို႕ ဦးဆီမိုးနယ္က သူ႕ရဲ႕လိုလားခ်က္ ခံစားခ်က္ေတြကုိ ေမွ်ာ္လင့္ခ်က္ႀကီးႀကီးနဲ႕ ေျပာျပပါတယ္။

လူေတြရဲ႕ အျမင္မွာေတာ့ အခုလိုဘိန္းစိုက္ေတာင္သူေတြ ဘိန္းစိုက္ပ်ိဳးတာဟာ ခ်မ္းသာႏုိင္တယ္လုိ႔ ထင္ၾကေပမယ့္ လက္ေတြ႔ဘဝမွာေတာ့လမ္းပမ္းဆက္သြယ္ေရး ၊ပညာေရး၊လူမႈေရး၊က်န္းမာေရး စတဲ့အခက္ခဲမ်ားစြာရဲ႕ၾကားမွာ ရုန္းကန္ေနၾကရတာပါ။

ဘိန္းစိုက္ပ်ိဳးမႈ ပေပ်ာက္ဖို႕ အတြက္ တက္လာမယ့္ အစိုးသစ္လက္ထက္မွာ ဘိန္းအစားထိုးသီးႏွံေတြစိုက္ဖုိ႔ ပညာရွင္ေတြနဲ႔ စနစ္တက်သင္တန္းေပး ျခင္း ၊စိုက္ပ်ိဳးေရး နည္းပညာမ်ား ေဖာ္ေဆာင္ေပးျခင္း၊ အစားထိုးသီးႏွံမ်ားေရာင္းခ်ႏိုင္ရန္ဖုိ႔ ေဈးကြက္မ်ား ၊သီးႏွံအဝယ္ဒိုင္မ်ား ေပၚေပါက္ေအာင္လုပ္ေဆာင္ ေပးဖို႕လိုအပ္တယ္လို႕ လူငယ္အဖြဲ႕စည္းေတြက ေထာက္ျပထားပါတယ္။

ကမာၻ႕ကုလသမဂၢမူးယစ္ေဆးဝါးႏွင့္ ရာဇဝတ္မႈတိုက္ဖ်က္ေရး (UNODC)ကထုတ္ျပန္ထားတဲ့ ၂၀၁၅ ခုႏွစ္ကမာၻ႕မူးယစ္ေဆးဝါး အစီရင္ခံစာအရ ျမန္မာႏိုင္ငံမွာ ဘိန္းစိုက္ပ်ိဳးမႈဧရိယာ ခန္႕မွန္း ဟက္တာေပါင္း ၅၇٫၆၀၀(၁၄၂٫၃၃၂ ဒသမ ၇ဧက)ထိရွိၿပီး ျမန္မာႏိုင္ငံနဲ႔ လာအိုႏိုင္ငံက မူးယစ္ေဆးဝါးနဲ႔ ဘိန္းျဖဴထုတ္လုပ္ရာ အဓိကဗဟိုျဖစ္ လာတယ္လို႕ေဖာ္ျပထားပါတယ္။

ရွမ္းျပည္ေတာင္ပိုင္း မိုးၿဗဲၿမိဳ႕ေလးကေန (၁၈)မိုင္ေဝးတဲ့ ပီကင္းဆိုတဲ့ ေတာၿမိဳ႕ေလးမွာေနသူေတြကေတာ့ ဒီထုတ္ျပန္ခ်က္ေတြကုိ ဘယ္တုန္းကမွ မသိခဲ့ၾကပါဘူး။

မညီမညာနဲ႔ အေရာင္ေတြစုံလင္လွတဲ့ လမ္းၾကမ္းကေလးေတြ ၊ေက်ာက္ခင္းလမ္း ၊ေျမနီလမ္း စတဲ့ လမ္းၾကမ္းေတြ ၾကားမွာ သူတုိ႔ရဲ႕အသက္ရွင္သန္မႈအတြက္ ဘိန္းစုိက္ပ်ိဳးမႈေတြကုိ ဆက္လက္လုပ္ေဆာင္ေနၾကတုန္းပါပဲ။

ဘိန္းစုိက္တာက မေကာင္းဘူးလုိ႔ ခံစားသိရွိေနၾကေပမယ့္လည္း ဘိန္းခင္းထဲမွာ ဆက္လက္ရွင္သန္ေနၾကတုန္းပါပဲ။ သူတုိ႔စိတ္ထဲမွာေတာ့ အစုိးရသစ္ဆီက ရလာမယ့္ အနာဂတ္၊ ဘိန္းအစားထုိး သီးႏွံေတြ၊ ပုိက္ဆံေတြနဲ႔ လူမႈဘ၀ေတြ ရွိေနၾကေလရဲ႕။

Written by ဆန္းၿဖိဳးထြန္း
Kantarawaddy Times
http://www.ktimes.org
..................................


နိုဝင်ဘာလရဲ့ နောက်ဆုံးပတ်ရောက်ပြီမို့ ဆောင်းရဲ့အငွေ့သက်လေးတွေဟာ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်စပ် မှာတည်ရှိနေတဲ့ ပီကင်းတောမြို့လေးကို လွှမ်းခြုံထားပါတယ်။

ပီကင်းမြို့ရဲ့အရှေ့ဖက် ကယန်းလို လဲစွတ်(အနီရောင်)တောင်တန်းကြီးတွေရဲ့အောက်မှာ အရောင်တွေစုံလင်လှတဲ့ ပန်းခင်းကြီးတွေဟာ မျက်စိတဆုံး ရှိနေကြပါတယ်။့ မမြင်တွေ့ဖူးတဲ့ သူတွေအနေနဲ့ရုတ်တရက်ကြည့်လိုက်မိရင်တော့ အလွန်လှပတဲ့ ပန်းခင်းလေးတွေလို့မှတ်ချက်ပေးကြမှာပါပဲ။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဒါက ပန်းခင်းတွေမဟုတ်ပဲ ငရဲပန်းကြီးများလို့ တင်စားခေါ်ဝေါ်ကြတဲ့ ဘိန်းခင်းတွေသာဖြစ်ပါတယ်။

အေးချမ်းလှတဲ့ ဆောင်းမနက်ခင်း တစ်ခုမှာ ဒေါ်ဘဲလှ တစ်ယောက် ခေါင်းပေါင်းထူထူလေးတစ်ခုကိုပေါင်းရင်း ကျိုးတို့ကျဲတဲ အရောင်တွေစုံတဲ့ ဘိန်းပန်းတွေရဲ့အကြားမှာ စိမ်းမြမြ ဘိန်းသီးတွေကို သူတို့ကိုယ်တိုင် တီထွင် ပြုလုပ်ထားတဲ့ ဘိန်းခြစ် သည့်တုတ်ချောင်းလေးကို ကိုင်ရင်း၊ ဘိန်းများကိုခြစ်ရင်းနဲ့ အလုပ်ရှုပ်နေခဲ့ပါတယ်။

ကယန်းလို လဲစွတ်(အနီရောင်)တောင်တန်းတွေရဲ့ အပေါ်အောက်တွေမှာ ဘိန်းခင်းတွေဟာ မျက်စိတစ်ဆုံး ရှိနေကြပြီး ဒီလိုတောင်တန်းကြီးရဲ့ ကုန်းစောင်းတစ်ခုမှာ ဒေါ်ဘဲလှရဲ့ တနိုင်တပိုင် စိုက်ပျိုးထားတဲ့ ဘိန်းခင်းတစ်ခုရှိနေတာပါ။ နိုဝင်ဘာလ ထဲမှာ ဘိန်းခြစ်တဲ့ အချိန်ရောက်ပြီမို့ ဒေါ်ဘဲလှက သူ့ရဲ့ ဘိန်းခင်းလေးထဲက ဘိန်းတွေကိုစောစောထပြီး ခြစ်ယူနေတာပဲဖြစ်ပါတယ်။

သြဂုတ်လလောက်မှာ ဒီလိုတောင်တန်းကြီးတွေရဲ့ အပေါ်အောက်တွေမှာ ဘိန်းတွေကိုစတင် စိုက်ပျိုးကြတာဖြစ်ပြီး သုံးလလောက်ကြာရင်တော့ အသီးသီးလာတဲ့ ဘိန်းသီးတွေပေါ်က ဘိန်းစီးတွေကို ခြစ်ယူကြရတာဖြစ်လို့ အခုလိုကာလမျိုးဟာ ဘိန်းခြစ်တဲ့ရာသီဖြစ်တာကြောင့် ဒေါ်ဘဲလှက သူဘိန်းခင်း ထဲကဘိန်းတွေကို ခြစ်ယူနေတာပါ။

ဒေါ်ဘဲလှ ဟာကလေး(၁၁)ယောက်မိခင်တစ်ဦးဖြစ်ပြီး သူတို့မိသားစုရဲ့ စားဝတ်နေရေးပြေလည်စေဖို့ အတွက် ဘိန်းစိုက်ပျိုးရေးကို လုပ်ကိုင်လာတာဟာ (၁၀)နှစ်နီးပါးရှိနေပြီဖြစ်ပါတယ်။ သူမရဲ့ ခင်ပွန်းကတော့ လွန်ခဲ့တဲ့ တစ်လလောက်က အသည်းရောင်ရောဂါ တစ်ခုနဲ့ ကွယ်လွန်သွားခဲ့တာပါ။

ခင်ပွန်းသည် မကွယ်လွန်မီ ဆေးကုသဖို့အတွက် ကျေးရွာရဲ့ ဆေးပေးခန်းတွေမှာ ဆရာဝန် တွေမရှိတာကြောင့် မြို့ပေါ်သို့ သွားရောက် ဆေးကုသရတဲ့ ကုန်ကျစရိတ်တွေဟာလည်း အလွန်များပြားခဲ့ပြီး ဒီနှစ်မှာတော့ ဒေါ်ဘဲလှတစ်ယောက် သိန်း(၃၀)လောက် အကြွေးတင်သွားခဲ့ပါတယ်။

ဒီဒေသမှာတော့ ဘိန်းစိမ်း တစ်ပိသာကို ပေါက်ဈေး (ယခင်ကဆို) ခုနှစ်သိန်းခန့်ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ကစလို့ ဘိန်းတစ်ပိသာကို လေးသိန်းဝန်းကျင်ခန့်သာရှိတော့ပါတယ်။

ဘိန်းစျေးအတက်အကျကတော့ ပွဲစားတွေရဲ့ လက်ထဲမှာပဲရှိနေပြီး ဘိန်းအရည်အသွေးပေါ် မူတည်နေတာမဟုတ်ပဲ လိုအပ်ချက်အပေါ်မူတည်ပြီး စျေးမြင့်၊ စျေးကျသွားတာမျိုးပါ။ ဒီနှစ်မှာတော့ ဒေါ်ဘဲလှက သူ့ရဲ့တနိုင်တပိုင်စိုက်ပျိုး ထားတဲ့ ဘိန်းခင်းထဲက ဘိန်းစိမ်း သုံးပိသာ၊ လေးပိသာလောက်ရဖို့ မျှော်မှန်းထားပြီး မိသားစုစားဝတ်နေရေး ဖြေရှင်းရမှာထက် တင်နေတဲ့ အကြွေးတွေကို အမြန်ပြန်ဆပ်နိုင်ဖို့သာ ကြိုးစားနေရပါတယ်။

“ကျွန်မတို့ တခြားသီးနှံစိုက်ရင် မိသားစုစားဝတ်နေရေးအတွက် မလုံလောက်ဘူး။ ဘိန်းစိုက်တာတောင်မှ အကြွေးတွေကို ဘယ်လိုဆပ်နိုင်မလဲ ဆိုတာပဲ စဉ်းစားနေရတာ။သူများတွေက အထင်ကြီးလွန်းနေတယ် ဘိန်းစိုက်တာကို ” လို့ ဒေါ်ဘဲလှ မနက်စောစောထခြစ်ထားတဲ့ ဘိန်းဆီခဲတွေကို ဝါးခွက်ထဲ ထည့်ရင်း ပြောပြနေပါတယ်။

ပီကင်းမြို့လေးဟာ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲမှာ ရှိပြီး မိုးဗြဲမြို့ကနေ (၁၈)မိုင်လောက် သွားရင် ရောက်နိုင်ပါတယ်။ ဒီတောမြို့လေးအနီးတစ်ဝိုက်မှာနေထိုင်ကြတဲ့ ဒေသခံအများစုကတော့ နှစ်ပေါင်းများစွာ ကတည်းက ဘိန်းစိုက်ပျိုးရေးကို လုပ်ကိုင်လာကြသူတွေပါ။

ဒီဒေသလေးဟာ လမ်းပန်းဆက်သွယ်ရေး ၊ကျန်းမာရေး ၊ပညာရေး စတဲ့ကဏ္ဍ တွေမှာ ပြည့်စုံမှုမရှိသလို လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့အချက်ကလည်း အဓိက ပြသနာဖြစ်နေတာကြောင့် စားဝတ်နေရေးအတွက်၊ စီးပွားရေး လုပ်ကိုင်ဖို့အတွက်လည်း ရွေးချယ်စရာတွေ မဲ့နေတာဖြစ်ပါတယ်။

အခုလိုဆောင်းရာသီမျိုးမှာ နှင်းခါးတွေကျတတ်သလို နှင်းခါကျတဲ့အချိန်တွေမှာဆိုရင် အခြားသီးနှံစိုက်ပျိုးမှုတွေအတွက် အဆင်မပြေဖြစ်တတ်ပါတယ်။ တကယ်လို့ အောင်မြင်အောင် စိုက်နိုင်ခဲ့တယ်ဆိုရင်လည်း ရောင်းချဖို့ စျေးကွက်မရှိတဲ့ အနေအထားဖြစ်နေတာကြောင့် ဒေသခံအများစု အခြားသီးနှံတွေ စိုက်ဖို့ မစဉ်းစားကြသလောက်ပါပဲ။

“စပါးစိုက်စိုက် ပြောင်းစိုက်စိုက် သွားရောင်းဖို့က မြို့ထိအဝေးကြီးသွားရမယ် လမ်းစရိတ်နဲ့ တင်ဘာမှ လုပ်လို့မရတော့ဘူး အဲ့ဒါကြောင့် ဒါမစိုက်ရင် ငတ်ကုန်မှာ ”လို့ ဒေါ်ဘဲလှရဲ့ ဘိန်းခင်းမှာ နေ့စားဝင်လုပ်နေတဲ့ ဦးကျော်လှက ပြောပါတယ်။

နေ့စားအလုပ် လုပ်နေရတယ်ဆိုပေမယ့် ဦးကျော်လှက ဘိန်းစိုက်ပျိုးမှုကို အကြိမ်ကြိမ်ကြိုးစားခဲ့တဲ့သူပါ။ ဒါပေမယ့် သူစိုက်ပျိုးတဲ့ ဘိန်းခင်းတွေ မအောင်မြင်တဲ့နောက် နေ့စားဘဝကို ရွေးချယ်လိုက်ရပါတယ်။ ဘိန်းစိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့ကတော့ စိုက်ပျိုးတိုင်း အောင်မြင်တာမဟုတ်ဘဲ ဘိန်းစိုက်ခင်းမကောင်းတဲ့ နှစ်ရောက်ပြီဆို အကြွေးတွေ တင်ကြပြီး အကြွေးသံသရာ လည်ကြရတော့တာပါပဲ။

ဘိန်းစိုက်ပျိုးဖို့အတွက် တစ်ဧကကို ပျမ်းမျှအားဖြင့် အရင်းအနှီး(၁၀)သိန်းလောက်ကုန်ပြီး မြေသြဇာခ ၊လုပ်အားခ ကုန်ကျစရိတ်တွေလည်းများပါတယ်။ မိုးရွာသွန်းတဲ့ အချိန်တွေဆိုရင်တော့ ဘိန်းခင်းတွေ ပျက်စီး တတ်ပြီး စိုက်ပျိုးတဲ့နေရာမှာတော့ စက်ယန္တယားကြီးတွေနဲ့ စိုက်ပျိုးတာမဟုတ်ဘဲ လူနဲ့သာ စိုက်ပျိုးကြတာဖြစ်ပါတယ်။

ဒေသခံတွေအနေနဲ့ ဘိန်းစိုက်ပျိုးရေးကို လုပ်ကိုင်နေကြပေမယ့် ဘိန်းစိုက်ပျိုးခြင်းကနေရရှိလာတဲ့ အကျိုးအမြတ်တွေကိုတော့ ပွဲစားတွေကပဲ သိမ်းကြုံးရရှိသွားကြပါတယ်။ ဘိန်းလာရောက်ဝယ်ယူကြတဲ့ ပွဲစားတွေက ရွာအထိလာရောက်ဝယ်ယူကြပြီး ဘိန်းစိုက်တောင်သူများ ဘိန်းစိုက်ပျိုးနိုင်ရန်အတွက် ရင်းနှီးငွေတွေကိုလည်း ထုတ်ချေးပေးလေ့ရှိပါတယ်။ တောင်သူတွေအနေနဲ့ ဘိန်းခြစ်တဲ့အချိန်မှာ ရလာတဲ့ ဘိန်းတွေကို ချေးငွေအနေနဲ့ ပြန်လည်ပေးဆပ်ရတာဖြစ်ပြီး ဘိန်းစိုက်ပျိုးမှု မအောင်မြင်တဲ့ နှစ်တွေမှာတော့ သိန်းရာနှင့်ချီလို့ အကြွေးတင်နေကြရပါတယ်။

ဘိန်းစိုက်တောင်သူတွေအနေနဲ့ ဒေသတွင်းမှာရှိတဲ့ အာဏာပိုင်အဖွဲ့စည်းများဖြစ်တဲ့ ရဲတပ်ဖွဲ့၊မြန်မာအစိုးရစစ်တပ် ၊ကယန်းပြည်သစ်တပ်မတော် နှင့် ပြည်သူ့စစ်တပ်ဖွဲ့တွေဆီကိုလည်း နှစ်စဉ် အခွန်ငွေဆောင်ကြရပြီး စိုက်ပျိုးတဲ့ ပမာဏ အနည်းအများပေါ် မူတည်ပြီး ပေးဆောင်ရတဲ့ အခွန်ပမာဏကလည်း ကွာခြားသွားပါတယ်။

ကယန်းပြည်သစ်ပါတီ အနေနဲ့ကတော့ ပီကင်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာများရဲ့ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်ဖို့အတွက် အလှူငွေသဘောမျိုး အခွန်ငွေ ကောက်ခံလေ့ရှိပါတယ်။ ဘိန်းစိုက်ပျိုးတဲ့ အိမ်တိုင်းကို တစ်အိမ်ကို တစ်နှစ်စာ ခြောက်သောင်း ခုနှစ်သောင်းခန့်ကောက်ခံတယ် လို့ ကယန်းပြည်သစ်ပါတီ ပီကင်းဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်လွီး ကပြောပါတယ်။

“နင်တို့မစိုက်ကြတော့နဲ့ လျော့ပါလျော့ပါ လို့လည်းပြောထားတယ် ။စားဝတ်နေရေးအတွက်က ဒါပဲရှိတယ်လေ ။အလှူငွေသဘောမျိုးနဲ့ ကျွန်တော်တို့အခွန်ကောက်တာပါ ရတဲ့အခွန်ကို ဒေသဖွံ့ဖြိုးရေးအတွက် ပြန်သုံးတယ် ”လို့ပြောပါတယ်။

အစိုးရအဖွဲ့စည်းတွေဖြစ်တဲ့ ရဲတပ်ဖွဲ့ ၊စစ်တပ်စတဲ့ အဖွဲ့တွေရဲ့အခွန်ကောက်ခံမှုများကိုတော့ မေးမြန်းလို့ မရခဲ့ပေမယ့် အရင်နှစ်တွေတုန်းကလို ဘိန်းခင်းတွေကို လာရောက်ဖျက်ဆီးတာမျိုး မလုပ်တော့တာ နှစ်နှစ်လောက်ရှိပြီလို့ ကယန်းပြည်သစ်ပါတီက ပြောပါတယ်။

ဘိန်းစိုက်တောင်သူတွေအတွက် ဘိန်းစိုက်ပျိုးမှု့လျော့ကျစေဖို့ရည်ရွယ်ပြီး အစိုးရကနေ ၂၀၁၅ ခုနှစ်အတွက် အစားထိုး သီးနှံအဖြစ်နဲ့ စပါး နဲ့ နေကြာ မျိုးစေ့တွေ ဖြန့်ဝေပြီး စမ်းသပ်စိုက်ပျိုးစေခဲ့ပါတယ်။ စပါးမျိုးစေ့က အထွက်နှုန်းကောင်းခဲ့ပြီး စိုက်ပျိုးလို့ အဆင်ပြေခဲ့ပေမယ့်လည်း ရောင်းချဖို့ ဈေးကွက်မရှိတာကြောင့် ဘိန်းစိုက်ပျိုးမှု ဖက်ကိုသာ ပြန်လှည့်ခဲ့ရတယ်လို့ ဘိန်းစိုက်တောင်သူတွေက ဆိုပါတယ်။

ဦးဆီမိုးနယ် ဟာလည်း အိမ်ထောင်ကျပြီးကတည်းက သားသမီးလေးယောက် ထွန်းကားခဲ့ပြီး စားဝတ်နေရေး ပြေလည်စေဖို့အတွက် အနီရောင် တောင်တန်းကြီးတွေရဲ့အောက်မှာ ဘိန်းစိုက်နေတာ ဆယ်နှစ်ကျော်ပါပြီ။တစ်နှစ် ကို ဘိန်းနှစ်ပိသာ သုံးပိသာ သာရတဲ့အတွက် အလုပ်သမားလည်းမငှားနိုင်သလို လင်မယား နှစ်ယောက် ကိုယ်တိုင်စိုက်ပျိုး လုပ်ကိုင်နေကြရတာပါ။

“စားဝတ်နေရေးအတွက် ဒါစိုက်မှဖြစ်မယ်လေ။ ဒါမစိုက်ရင် အကုန်ခိုးပြီး လုယက်တာတွ ဖြစ်လိမ့်မယ်။ ဘိန်းက လူကိုပြုန်းတီးစေတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒီမှာက ဘိန်းကလွှဲရင်ဘာမှ စိုက်ဖို့မရှိဘူးလေ။ အခြားသီးနှံစိုက်ဖို့ကလည်း ဈေးကွက် မရှိတော့ရှုံးမှာပေါ့ အကြွေးတွေထူ ကုန်မှာပေါ့”လို့ပြောပြပါတယ်။

စားဝတ်နေရေးအတွက် ပြေလည်စေရန် မဖြစ်မနေဘိန်းစိုက်ပျိုးနေရတာဖြစ်ပေမယ့် ဦးဆီမိုးနယ်ကတော့ ဘိန်းစိုက်ပျိုးရတာကို မပျော်မွေ့တော့ပါဘူး။

ရွေးကောက်ပွဲအတွင်းမှာလည်း မိမိတို့စားဝတ်နေရေးအတွက် ကောင်းမွန်သည့် လမ်းကနေလုပ်ကိုင်စားသောက်နိုင်ဖို့ အခွင့်လမ်းတွေဖန်တီးပေးနိုင်မယ် ဆိုတဲ့မျှော်လင့်ချက်နဲ့ NLD ပါတီကိုမဲပေးခဲ့သလို တတ်လာမယ့် အစိုးရသစ် အနေနဲ့ ဘိန်းစိုက်ပျိုးမှုကို စွန့်လွှတ်ပြီး ကောင်းမွန်တဲ့ စားဝတ်နေရေးအတွက် ဖြေရှင်းနိုင်မည့် နည်းလမ်းတွေကို ရှာဖွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေတာပါ။

“လူတွေကို ဒုက္ခပေးနေတဲ့ ဒီအပင်တွေကို ကျွန်တော်လုံးဝမစိုက်ချင်ပါဘူး။ ကျွန်တော်တို့တက်လာမယ့် အစိုးသစ်ကို မျှော်လင့်ပါတယ်။ အစားထိုးသီးနှံတွေနဲ့ ရောင်းလို့ရမယ့် အဝယ်ဒိုင်တွေ ဈေးကွက်တွေ ရှာဖွေပေးဖို့ လုပ်ပေးစေချင်တယ်။ လမ်းပမ်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ပညာရေး ကောင်းအောင် လုပ်ပေးနိုင်ရင် ကျွန်တော့် မိသားစုစားဝတ်နေရေးဖူလုံရင် ဘိန်းလုံးဝမစိုက်ဖို့ အာမခံရဲပါတယ် စိုက်လည်းမစိုက်ချင်တော့ဘူး”လို့ ဦးဆီမိုးနယ်က သူ့ရဲ့လိုလားချက် ခံစားချက်တွေကို မျှော်လင့်ချက်ကြီးကြီးနဲ့ ပြောပြပါတယ်။

လူတွေရဲ့ အမြင်မှာတော့ အခုလိုဘိန်းစိုက်တောင်သူတွေ ဘိန်းစိုက်ပျိုးတာဟာ ချမ်းသာနိုင်တယ်လို့ ထင်ကြပေမယ့် လက်တွေ့ဘဝမှာတော့လမ်းပမ်းဆက်သွယ်ရေး ၊ပညာရေး၊လူမှုရေး၊ကျန်းမာရေး စတဲ့အခက်ခဲများစွာရဲ့ကြားမှာ ရုန်းကန်နေကြရတာပါ။

ဘိန်းစိုက်ပျိုးမှု ပပျောက်ဖို့ အတွက် တက်လာမယ့် အစိုးသစ်လက်ထက်မှာ ဘိန်းအစားထိုးသီးနှံတွေစိုက်ဖို့ ပညာရှင်တွေနဲ့ စနစ်တကျသင်တန်းပေး ခြင်း ၊စိုက်ပျိုးရေး နည်းပညာများ ဖော်ဆောင်ပေးခြင်း၊ အစားထိုးသီးနှံများရောင်းချနိုင်ရန်ဖို့ ဈေးကွက်များ ၊သီးနှံအဝယ်ဒိုင်များ ပေါ်ပေါက်အောင်လုပ်ဆောင် ပေးဖို့လိုအပ်တယ်လို့ လူငယ်အဖွဲ့စည်းတွေက ထောက်ပြထားပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုတိုက်ဖျက်ရေး (UNODC)ကထုတ်ပြန်ထားတဲ့ ၂၀၁၅ ခုနှစ်ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဧရိယာ ခန့်မှန်း ဟက်တာပေါင်း ၅၇٫၆၀၀(၁၄၂٫၃၃၂ ဒသမ ရဧက)ထိရှိပြီး မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံက မူးယစ်ဆေးဝါးနဲ့ ဘိန်းဖြူထုတ်လုပ်ရာ အဓိကဗဟိုဖြစ် လာတယ်လို့ဖော်ပြထားပါတယ်။

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့လေးကနေ (၁၈)မိုင်ဝေးတဲ့ ပီကင်းဆိုတဲ့ တောမြို့လေးမှာနေသူတွေကတော့ ဒီထုတ်ပြန်ချက်တွေကို ဘယ်တုန်းကမှ မသိခဲ့ကြပါဘူး။

မညီမညာနဲ့ အရောင်တွေစုံလင်လှတဲ့ လမ်းကြမ်းကလေးတွေ ၊ကျောက်ခင်းလမ်း ၊မြေနီလမ်း စတဲ့ လမ်းကြမ်းတွေ ကြားမှာ သူတို့ရဲ့အသက်ရှင်သန်မှုအတွက် ဘိန်းစိုက်ပျိုးမှုတွေကို ဆက်လက်လုပ်ဆောင်နေကြတုန်းပါပဲ။

ဘိန်းစိုက်တာက မကောင်းဘူးလို့ ခံစားသိရှိနေကြပေမယ့်လည်း ဘိန်းခင်းထဲမှာ ဆက်လက်ရှင်သန်နေကြတုန်းပါပဲ။ သူတို့စိတ်ထဲမှာတော့ အစိုးရသစ်ဆီက ရလာမယ့် အနာဂတ်၊ ဘိန်းအစားထိုး သီးနှံတွေ၊ ပိုက်ဆံတွေနဲ့ လူမှုဘဝတွေ ရှိနေကြလေရဲ့။

Written by ဆန်းဖြိုးထွန်း
Kantarawaddy Times
http://www.ktimes.org
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)