အင္းစိန္ေစာ္ဘြားႀကီးကုန္း သဇင္လမ္းတြင္ မီးေလာင္မႈေၾကာင့္ အိမ္ေျခာက္လုံး မီးေလာင္ကြၽမ္းခဲ့


ရန္ကုန္ ေဖေဖာ္ဝါရီ ၁၄

အင္းစိန္ၿမိဳ႕နယ္ ေစာ္ဘြားႀကီးကုန္း၊ ထန္းပင္ကုန္းရပ္ကြက္ရွိ သဇင္လမ္း တြင္ ယေန႔ ည ၈ နာရီ ၄၃ မိနစ္က လွ်ပ္စစ္ဝါယာေရွာ့မွတစ္ဆင့္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ အိမ္ေျခာက္လုံး မီးေလာင္ကြၽမ္းခဲ့ေၾကာင္း သိရသည္။

အဆိုပါ သဇင္လမ္းရွိ ဦးထြန္း ထြန္းေက်ာ္၏ ေနအိမ္ရွိ သြယ္တန္း ထားေသာ ေဟာင္းႏြမ္းေနသည့္လွ်ပ္စစ္ ဝါယာႀကိဳးမ်ား အပူလြန္ကဲ၍ မီးေလာင္ရာမွ မီးႀကိဳးျပတ္က်ကာ ေအာက္တြင္ရွိေသာ ဒန္းေလာ့ေမြ႕ရာ ေပၚသို႔မီးကူးဆက္ ေလာင္ကြၽမ္းခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။

မီးေလာင္မႈေၾကာင့္ RC တိုက္တစ္ လုံး၊ သြပ္မိုးပ်ဥ္ကာပ်ဥ္ခင္း အိမ္ႏွစ္ လုံး၊ ဓနိမိုးထရံကာဝါးခင္း အိမ္ သံုးလုံးမီးေလာင္ ကြၽမ္းခဲ့သည္။

မီးေလာင္မႈျဖစ္ရာသို႔ ျမန္မာႏိုင္ငံ မီးသတ္ဌာနခ်ဳပ္မွ ၫႊန္ၾကားေရးမွဴး ဦးေက်ာ္သူရဦးစီးေသာ အုပ္ခ်ဳပ္မႈ ယာဥ္ေျခာက္စီး၊ မီးသတ္ယာဥ္ ၂၅ စီး၊ အေထာက္အကူျပဳယာဥ္ ကိုးစီး၊ မိတ္ဖက္ယာဥ္ ႏွစ္စီးႏွင့္အတူ သေႏၶမီးသတ္ ၁၉၆ ဦး၊ အရန္ မီးသတ္ ၈၇ ဦး၊ ၾကက္ေျခနီ ၅ဝ ႏွင့္ ရပ္ကြက္ျပည္သူအင္အားျဖင့္ ဝိုင္းဝန္း ၿငိႇမ္းသတ္ရာ ည ၉ နာရီတြင္ မီးၫြန္႔ က်ဳိးသြားၿပီး ၉ နာရီ ၁ဝမိနစ္တြင္ မီးၿငိမ္းသြားေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ ဦးထြန္း ထြန္းေက်ာ္အား အေရးယူေဆာင္ရြက္ ထားေၾကာင္းသိရသည္။

သတင္း -သန္းထိုက္(လႈိင္သာယာ)
ဓာတ္ပံု-ျမင့္ဦး(အင္းစိန္)
The Mirror Daily
https://www.facebook.com/TheMirrorDaily
...........


ရန်ကုန် ဖေဖော်ဝါရီ ၁၄

အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း၊ ထန်းပင်ကုန်းရပ်ကွက်ရှိ သဇင်လမ်း တွင် ယနေ့ ည ၈ နာရီ ၄၃ မိနစ်က လျှပ်စစ်ဝါယာရှော့မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ သဇင်လမ်းရှိ ဦးထွန်း ထွန်းကျော်၏ နေအိမ်ရှိ သွယ်တန်း ထားသော ဟောင်းနွမ်းနေသည့်လျှပ်စစ် ဝါယာကြိုးများ အပူလွန်ကဲ၍ မီးလောင်ရာမှ မီးကြိုးပြတ်ကျကာ အောက်တွင်ရှိသော ဒန်းလော့မွေ့ရာ ပေါ်သို့မီးကူးဆက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

မီးလောင်မှုကြောင့် RC တိုက်တစ် လုံး၊ သွပ်မိုးပျဉ်ကာပျဉ်ခင်း အိမ်နှစ် လုံး၊ ဓနိမိုးထရံကာဝါးခင်း အိမ် သုံးလုံးမီးလောင် ကျွမ်းခဲ့သည်။

မီးလောင်မှုဖြစ်ရာသို့ မြန်မာနိုင်ငံ မီးသတ်ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးကျော်သူရဦးစီးသော အုပ်ချုပ်မှု ယာဉ်ခြောက်စီး၊ မီးသတ်ယာဉ် ၂၅ စီး၊ အထောက်အကူပြုယာဉ် ကိုးစီး၊ မိတ်ဖက်ယာဉ် နှစ်စီးနှင့်အတူ သန္ဓေမီးသတ် ၁၉၆ ဦး၊ အရန် မီးသတ် ၈၇ ဦး၊ ကြက်ခြေနီ ၅ဝ နှင့် ရပ်ကွက်ပြည်သူအင်အားဖြင့် ဝိုင်းဝန်း ငြိှမ်းသတ်ရာ ည ၉ နာရီတွင် မီးညွန့် ကျိုးသွားပြီး ၉ နာရီ ၁ဝမိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဦးထွန်း ထွန်းကျော်အား အရေးယူဆောင်ရွက် ထားကြောင်းသိရသည်။

သတင်း -သန်းထိုက်(လှိုင်သာယာ)
ဓာတ်ပုံ-မြင့်ဦး(အင်းစိန်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)