မင္းတပ္ၿမိဳ႕၌ အိမ္(၂)လံုးမီးေလာင္မႈျဖစ္ပြား


မင္းတပ္ ေဖေဖာ္ဝါရီ ၁၂

မင္းတပ္ၿမိဳ႕ အေနာက္ရပ္ကြက္၊ ကြက္စိပ္(၅)၊ ဘုရင့္ေနာင္လမ္း၊ အမွတ္(၁)လူငယ္ သင္တန္းေက်ာင္းေရွ႕ (ခန္းမွန္း မပည FU-001633)တြင္ ေဖေဖာ္ဝါရီလ(၁၂)ရက္ေန႔ နံနက္(၇)နာရီအခ်ိန္၌ အိမ္(၂)လံုး မီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ ထမင္းခ်က္စဥ္ မီးဖိုမီးမွ ေနအိမ္အားစတင္ေလာင္ကၽြမ္းရာမွ ေဘးေနအိမ္သို႔ ကူးဆက္ သြားျခင္း ျဖစ္ၿပီး မီးသတ္တပ္ဖြဲ႔႔ဝင္မ်ား၊ ရဲတပ္ဖြဲ႔ဝင္မ်ား၊ ဌာနဆိုင္ရာမ်ားႏွင့္ ရပ္ကြက္ေနျပည္သူမ်ားေရာက္ရွိလာၿပီး ဝိုင္းဝန္း မီးၿငိမ္းသတ္ရာ (၇)နာရီ (၄၅) မိနစ္အခ်ိန္တြင္ မီးၿငိမ္းသတ္ နုိင္ခဲ့ေၾကာင္း သတင္းရရွိသည္။


အိမ္(၂)လံုးမီးေလာင္မႈေၾကာင့္ မိသားစု(၂)စု လူဦးေရ စုစုေပါင္း(၃)ဦး အိုးမဲ့ အိမ္မဲ့ျဖစ္ခဲ့ရၿပီး ၄င္းတို႔၏ ေဆြမ်ိဳးသားခ်င္းေနအိမ္မ်ား၌ ယာယီေနနုိင္ေရး စီစဥ္ ေဆာင္ရြက္ ထားၾကေၾကာင္းႏွင့္ မီးေလာင္မႈျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး မီးစတင္ ေလာင္ကၽြမ္းသည့္ ေနအိမ္ပိုင္ရွင္ ဦးမနားလိန္းအား မင္းတပ္ၿမိဳ႕ၿမိဳ႕မရဲစခန္း၏ (ပ)၁၉/၂၀၁၆ ျပစ္မႈပုဒ္မ (၂၈၅)ျဖင့္ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

..........................................................


မင်းတပ် ဖေဖော်ဝါရီ ၁၂

မင်းတပ်မြို့ အနောက်ရပ်ကွက်၊ ကွက်စိပ်(၅)၊ ဘုရင့်နောင်လမ်း၊ အမှတ်(၁)လူငယ် သင်တန်းကျောင်းရှေ့ (ခန်းမှန်း မပည FU-001633)တွင် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နံနက်(၇)နာရီအချိန်၌ အိမ်(၂)လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ထမင်းချက်စဉ် မီးဖိုမီးမှ နေအိမ်အားစတင်လောင်ကျွမ်းရာမှ ဘေးနေအိမ်သို့ ကူးဆက် သွားခြင်း ဖြစ်ပြီး မီးသတ်တပ်ဖွဲ့့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများရောက်ရှိလာပြီး ဝိုင်းဝန်း မီးငြိမ်းသတ်ရာ (၇)နာရီ (၄၅) မိနစ်အချိန်တွင် မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း သတင်းရရှိသည်။



အိမ်(၂)လုံးမီးလောင်မှုကြောင့် မိသားစု(၂)စု လူဦးရေ စုစုပေါင်း(၃)ဦး အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရပြီး ၄င်းတို့၏ ဆွေမျိုးသားချင်းနေအိမ်များ၌ ယာယီနေနိုင်ရေး စီစဉ် ဆောင်ရွက် ထားကြကြောင်းနှင့် မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး မီးစတင် လောင်ကျွမ်းသည့် နေအိမ်ပိုင်ရှင် ဦးမနားလိန်းအား မင်းတပ်မြို့မြို့မရဲစခန်း၏ (ပ)၁၉/၂၀၁၆ ပြစ်မှုပုဒ်မ (၂၈၅)ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)