စစ္ေရွာင္ျပည္သူမ်ားအား သြားေရာက္ႀကိဳဆုိသည့္ ယာဥ္တိမ္းေမွာက္၊ ဆရာေတာ္တစ္ပါးပ်ံလြန္ေတာ္မူၿပီးအမ်ိဳးသမီးႏွစ္ဦးကြယ္လြန္

ေက်ာက္မဲ၊ေဖေဖာ္၀ါရီ ၁၅ ။
ေဖေဖာ္၀ါရီလ ၁၅ ရက္ေန႕ ည ၉း၀၀ နာရီအခ်ိန္ခန္႕က စစ္ေရွာင္ျပည္သူမ်ားအား သြားေရာက္ႀကိဳဆုိသည့္ ယာဥ္တိမ္းေမွာက္၍ဆရာေတာ္တစ္ပါးပ်ံလြန္ေတာ္မူၿပီးအမ်ိဳးသမီးႏွစ္ဦးကြယ္လြန္သြားေၾကာင္း
ေက်ာက္မဲၿမိဳ႕ခံတစ္ဦးက ေဖေဖာ္၀ါရီလ ၁၅ ရက္ေန႕ည၉း၃၀တြင္ ကေမၻာဇတိုင္းသတင္းဂ်ာနယ္သုိ႔ဆက္သြယ္ေျပာၾကားသည္။
"ေက်ာက္မဲၿမိဳ႕အေနာက္ဘက္၊ ၂၃ မိုင္အကြာ၊ ေက်ာက္မဲ- မို္င္းလံုသြားကားလမ္းေပၚမွာ ရွိ တဲ့ ပန္လင္ ေက်းရြာနားမွာယဥ္တိမ္းေမွာက္မႈျဖစ္တာပါ။ဒီေန႕
(ေဖေဖာ္၀ါရီ ၁၅ )ည ၉း၀၀ နာရီေလာက္မွာ ယဥ္တိမ္းေမွာက္တယ္လုိ႕သိရပါတယ္။ ကားေပၚပါလာတဲ့ဆရာေတာ္တစ္ပါးေနရာမွာတင္ပ်ံလြန္ေတာ္မူခဲ့ၿပီး၊ ယဥ္ေပၚပါအမ်ိဳးသမီး ၂ ဦးလည္းေနရာမွာတင္ ကြယ္လြန္ခဲ့တယ္လုိ႔သိရပါတယ္။ ဒဏ္ရာရတဲ့သူေတြလည္းရွိတယ္လုိ႔သိရပါတယ္။ ယဥ္ေပၚမွာလူဘယ္ႏွေယာက္ပါတယ္ဆုိတာေတာ့အတိအက်မသိရေသးပါဘူး။ သူတုိ႔ကေက်ာက္မဲၿမိဳ႔ေပၚကလူေတြပါ။ ယဥ္ေမာင္းအပါအ၀င္ ယဥ္ေပၚပါတဲ့သူအမ်ားစုက ေစတနာ့၀န္ထမ္းေတြပါ။စစ္ေရွာင္ျပည္သူေတြကုိ သြားေရာက္ေခၚေဆာင္ရာက အခုလုိျဖစ္ရတာလုိ႕သိရပါတယ္ " ဟု၄င္းကေျပာသည္။
ယဥ္တိမ္းေမွာက္မႈျဖစ္ပြားသည္ဆုိျခင္းမွာမွန္ကန္ပါေၾကာင္း
ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္မင္းမင္းကကေမၻာဇတိုင္းသတင္းဂ်ာနယ္သုိ႕အတည္ျပဳေျပာသည္။
" ဟုတ္ပါတယ္ခင္ဗ်ား၊ ယဥ္တိမ္းေမွာက္မႈျဖစ္တယ္ဆုိတာမွန္ပါတယ္။ အပိုင္ကေတာ့ ကြ်န္ေတာ့္အပိုင္ေတာ့မဟုတ္ဘူးခင္ဗ်။ မိုင္းလံုရဲစခန္းအပိုင္းပါ။ ကြ်န္ေတာ္ၾကားတာကေတာ့ ေက်ာက္မဲ ကုိလာတဲ့ စစ္ေရွာင္ျပည္သူေတြကုိ သယ္လာတဲ့ကားေမွာက္တယ္လုိ႕ၾကားတာပါခင္ဗ်ား၊ ယဥ္တိမ္းေမွာက္တာေၾကာင့္ ဆရာေတာ္တစ္ပါးေနရာမွာတင္ပ်ံလြန္ေတာ္မူတယ္။ အမ်ိဳးသမီး ၂ ဦးလည္းေနရာမွာတင္ ကြယ္လြန္သြားတယ္လုိ႔သိရပါတယ္ဗ်။ ေက်ာက္မဲကုိေတာ့ မေ၇ာက္လာေသးဘူးခင္ဗ်။ ေရာက္ေတာ့ေရာက္လာေတာ့မယ္ထင္ပါတယ္။ ကြ်န္ေတာ္လည္းေစာင့္ေနတာပါခင္ဗ် .." ဟု၄င္းကေျပာသည္။
ယဥ္တိမ္းေမွာက္မႈေၾကာင့္ယဥ္ေပၚတြင္လုိက္ပါလာေသာ ကုိရင္ငယ္မ်ားႏွင့္ ကေလးသူငယ္မ်ားလည္းဒဏ္ရာရရွိသည္ဟုသိရေၾကာင္း၊ ေက်ာက္မဲၿမိဳ႕ေပၚရွိ ပရဟတိအဖြဲ႕မ်ားက ယာဥ္တိမ္းေမွာက္မႈျဖစ္ရာေနရာသုိ႕သြားေရာက္ကူညီေဆာင္ရြက္ေပးေန
ေၾကာင္းေက်ာက္မဲၿမိဳ႕ခံကုိေက်ာ္ေက်ာ္က ယေန႕ည ၁၀ နာရီတြင္ ကေမၻာဇတိုင္းသတင္းဂ်ာနယ္သုိ႕ေျပာသည္။
===
မဂၤလာထြန္း(ေက်ာက္မဲ) KanbawzaTai News
..........
စစ်ရှောင်ပြည်သူများအား သွားရောက်ကြိုဆိုသည့် ယာဉ်တိမ်းမှောက်၊ ဆရာတော်တစ်ပါးပျံလွန်တော်မူပြီးအမျိုးသမီးနှစ်ဦးကွယ်လွန်
==
ကျောက်မဲ၊ဖေဖော်ဝါရီ ၁၅ ။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၉းဝဝ နာရီအချိန်ခန့်က စစ်ရှောင်ပြည်သူများအား သွားရောက်ကြိုဆိုသည့် ယာဉ်တိမ်းမှောက်၍ဆရာတော်တစ်ပါးပျံလွန်တော်မူပြီးအမျိုးသမီးနှစ်ဦးကွယ်လွန်သွားကြောင်း
ကျောက်မဲမြို့ခံတစ်ဦးက ဖေဖော်ဝါရီလ ၁၅ ရက်နေ့ည၉း၃၀တွင် ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ဆက်သွယ်ပြောကြားသည်။
"ကျောက်မဲမြို့အနောက်ဘက်၊ ၂၃ မိုင်အကွာ၊ ကျောက်မဲ- မို်င်းလုံသွားကားလမ်းပေါ်မှာ ရှိ တဲ့ ပန်လင် ကျေးရွာနားမှာယဉ်တိမ်းမှောက်မှုဖြစ်တာပါ။ဒီနေ့
(ဖေဖော်ဝါရီ ၁၅ )ည ၉းဝဝ နာရီလောက်မှာ ယဉ်တိမ်းမှောက်တယ်လို့သိရပါတယ်။ ကားပေါ်ပါလာတဲ့ဆရာတော်တစ်ပါးနေရာမှာတင်ပျံလွန်တော်မူခဲ့ပြီး၊ ယဉ်ပေါ်ပါအမျိုးသမီး ၂ ဦးလည်းနေရာမှာတင် ကွယ်လွန်ခဲ့တယ်လို့သိရပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့သိရပါတယ်။ ယဉ်ပေါ်မှာလူဘယ်နှယောက်ပါတယ်ဆိုတာတော့အတိအကျမသိရသေးပါဘူး။ သူတို့ကကျောက်မဲမြို့ပေါ်ကလူတွေပါ။ ယဉ်မောင်းအပါအဝင် ယဉ်ပေါ်ပါတဲ့သူအများစုက စေတနာ့ဝန်ထမ်းတွေပါ။စစ်ရှောင်ပြည်သူတွေကို သွားရောက်ခေါ်ဆောင်ရာက အခုလိုဖြစ်ရတာလို့သိရပါတယ် " ဟု၄င်းကပြောသည်။
ယဉ်တိမ်းမှောက်မှုဖြစ်ပွားသည်ဆိုခြင်းမှာမှန်ကန်ပါကြောင်း
ကျောက်မဲမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်မင်းမင်းကကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့အတည်ပြုပြောသည်။
" ဟုတ်ပါတယ်ခင်ဗျား၊ ယဉ်တိမ်းမှောက်မှုဖြစ်တယ်ဆိုတာမှန်ပါတယ်။ အပိုင်ကတော့ ကျွန်တော့်အပိုင်တော့မဟုတ်ဘူးခင်ဗျ။ မိုင်းလုံရဲစခန်းအပိုင်းပါ။ ကျွန်တော်ကြားတာကတော့ ကျောက်မဲ ကိုလာတဲ့ စစ်ရှောင်ပြည်သူတွေကို သယ်လာတဲ့ကားမှောက်တယ်လို့ကြားတာပါခင်ဗျား၊ ယဉ်တိမ်းမှောက်တာကြောင့် ဆရာတော်တစ်ပါးနေရာမှာတင်ပျံလွန်တော်မူတယ်။ အမျိုးသမီး ၂ ဦးလည်းနေရာမှာတင် ကွယ်လွန်သွားတယ်လို့သိရပါတယ်ဗျ။ ကျောက်မဲကိုတော့ မရောက်လာသေးဘူးခင်ဗျ။ ရောက်တော့ရောက်လာတော့မယ်ထင်ပါတယ်။ ကျွန်တော်လည်းစောင့်နေတာပါခင်ဗျ .." ဟု၄င်းကပြောသည်။
ယဉ်တိမ်းမှောက်မှုကြောင့်ယဉ်ပေါ်တွင်လိုက်ပါလာသော ကိုရင်ငယ်များနှင့် ကလေးသူငယ်များလည်းဒဏ်ရာရရှိသည်ဟုသိရကြောင်း၊ ကျောက်မဲမြို့ပေါ်ရှိ ပရဟတိအဖွဲ့များက ယာဉ်တိမ်းမှောက်မှုဖြစ်ရာနေရာသို့သွားရောက်ကူညီဆောင်ရွက်ပေးနေ
ကြောင်းကျောက်မဲမြို့ခံကိုကျော်ကျော်က ယနေ့ည ၁၀ နာရီတွင် ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ပြောသည်။
===
မင်္ဂလာထွန်း(ကျောက်မဲ) KanbawzaTai News
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)