မူးယစ္ေဆးဝါးမႈျဖင့္ အမႈရင္ဆိုင္ေနေသာ ခင္ပြန္းထံ စိတ္ၾကြေဆးျပား သယ္လာေပးသည့္ ဇနီးကို ဖမ္းဆီးမိ

WY ေဆးျပား (၃၉၇)ျပားႏွင့္ WYေဆးျပားအေၾကမႈန္႔ (၀.၂)ဂရမ္ေတြ႔႐ွိရသည့္ တရားခံ ေစာလိုက္ထြန္း(ခ)ခ်စ္ေဆြ။ ဓါတ္ပုံ - ဘားအံသတင္း 
ကရင္ျပည္နယ္ ဘားအံၿမိဳ႕တြင္ မူးယစ္ေဆးဝါးမႈျဖင့္ အမႈရင္ေနရသည့္ ေယာက်္ားကို စိတ္ၾကြေဆးျပား လာေပးသည့္ဇနီးအား မူးယစ္ေဆးဝါး သယ္ေဆာင္မႈျဖင့္ ရဲတပ္ဖြဲ႔က ဖမ္းဆီးလိုက္ေၾကာင္း ဘားအံၿမိဳ႕မရဲစခန္းမွ သိရွိရသည္။

မူးယစ္ေဆးဝါးမႈျဖင့္ အမႈရင္ေနရသူ ေစာလိုက္ထြန္း(ခ) ခ်စ္ေဆြကို ဇန္နဝါရီ ၁၅ ရက္က ဘားအံအက်ဥ္းေထာင္မွ ဘားအံခ႐ိုင္ တရား႐ံုးသို႔ ႐ံုးထုတ္စစ္ေဆးၿပီး ျပန္ပို႔ရာ ေထာင္ဝ၌ ရွာေဖြေရးျပဳလုပ္စဥ္ မူးယစ္ေဆးဝါးမ်ား ေတြ႔ရွိသျဖင့္ ၎ႏွင့္ မူးယစ္ေဆး သယ္ေဆာင္လာေပးသူ ဇနီးကို အမႈဖြင့္အေရးယူ လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆး သယ္ေဆာင္လာေပးသူ တရားခံ ေစာလိုက္ထြန္း(ခ)ခ်စ္ေဆြ ၏ ဇနီး ။ ဓါတ္ပုံ - ဘားအံသတင္း 
“ မေန႔က မူးယစ္ေဆးဝါး ရွာေဖြေတ႔ြရွိတာက တရား႐ံုးမွာ မဟုတ္ဘူးခင္ဗ်။ အက်ဥ္းေထာင္ေရာက္မွ ႀကီးၾကပ္ေရးမွဴးနဲ႔ အဖြဲ႔ ၿမိဳ႕မစခန္းက ရဲတပ္ဖြဲ႔နဲ႔ ရွာေဖြေတြ႔ရွိခဲ့ တာပါ ” ဟု ဘားအံ အက်ဥ္းဦးစီးဌာနမွ တာဝန္မွဴးက ေျပာသည္။

ယင္းေန႔က အခ်ဳပ္ေထာင္မွ ႐ံုးထုတ္လာသည့္ က်ား ၁၃ ဦး၊ မ တစ္ဦးတို႔တြင္ ေစာလိုက္ထြန္း(ခ)ခ်စ္ေဆြမွာ ေျခေထာက္မသန္ဘဲ ခ်ိဳင္းေထာက္ျဖင့္ သြားလာေနရသူျဖစ္ၿပီး ဒူးေခါင္းတြင္ ဒူးစြပ္ အၿမဲစြပ္ထားရေၾကာင္း၊ အဆိုပါ ဒူးစြပ္ကို မသကၤာသျဖင့္ စစ္ေဆးခဲ့ရာမွ ဒူးစြပ္ႏွစ္ထပ္ အၾကား အျပာေရာင္ ကပ္ခြာအိပ္ျဖင့္ ထည့္ယူလာသည့္ WY စိတ္ၾကြ႐ူးသြပ္ေဆးျပား ၃၉၇ ျပားကို ေတြ႔ရွိျခင္းျဖစ္ေၾကာင္း ဘားအံအက်ဥ္းဦးစီးဌာနမွ သိရသည္။

အဆိုပါအမႈႏွင္ ့ပတ္သက္ၿပီး ဘားအံၿမိဳ႕မ ရဲစခန္း၏ စစ္ေဆးေပၚေပါက္ခ်က္အရ ေစာလိုက္ထြန္း(ခ) ခ်စ္ေဆြမွာ ဘားအံၿမိဳ႕နယ္ ထံုးအိုင္ေက်းရြာ၊ အမွတ္ ၅ ရပ္ကြက္တြင္ ေနထိုင္သူျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ ဇန္နဝါရီ ၁ ရက္တြင္ မူးယစ္ေဆးဝါးမႈျဖင့္ ထံုးအိုင္နယ္ေျမရဲစခန္း မယ(ပ)၁/၂၀၁၆ မူး/စိတ္ ပုဒ္မ-၁၅/၁၉(က)/၂၁ အရ
အမႈရင္ဆိုင္ေနရသူ ျဖစ္ေၾကာင္း သိရသည္။

ဘားအံေထာင္အတြင္းသို႔ မူးယစ္ေဆးဝါး သြင္းရန္ႀကိဳးစားမႈႏွင့္ ပတ္သက္ၿပီး ဘားအံၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ ေအာင္ေက်ာ္ကိုက တရားလိုျပဳလုပ္ တိုင္ၾကားရာ ေစာလိုက္ထြန္း(ခ)ခ်စ္ေဆြအား ဘားအံၿမိဳ႕မရဲစခန္းက မယ (ပ)၁၁/၂၀၁၆မူး/စိတ္ ပုဒ္မ၁၅/၁၉ (က) /၂၁ ျဖင့္လည္းေကာင္း၊ ဇနီးျဖစ္သူ မစိုးစိုးအား ထံုးအိုင္နယ္ေျမ ရဲစခန္းက မယ(ပ)၆/၂၀၁၆ မူး/စိတ္ပုဒ္မ ၁၅/၁၆(ဂ) ျဖင့္လည္းေကာင္း အသီးသီးအမႈဖြင့္ အေရးယူထားေၾကာင္း ဘားအံၿမိဳ႕မရဲစခန္းမွ သိရသည္။

သတင္း - MMK
The Ladies News
https://www.facebook.com/News.TheLadies/
........
 WY ဆေးပြား (၃၉၇)ပြားနှင့် WYဆေးပြားအကြေမှုန့် (၀.၂)ဂရမ်တွေ့ရှိရသည့် တရားခံ စောလိုက်ထွန်း(ခ)ချစ်ဆွေ။ ဓါတ်ပုံ - ဘားအံသတင်း
ကရင်ပြည်နယ် ဘားအံမြို့တွင် မူးယစ်ဆေးဝါးမှုဖြင့် အမှုရင်နေရသည့် ယောကျ်ားကို စိတ်ကြွဆေးပြား လာပေးသည့်ဇနီးအား မူးယစ်ဆေးဝါး သယ်ဆောင်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဘားအံမြို့မရဲစခန်းမှ သိရှိရသည်။

မူးယစ်ဆေးဝါးမှုဖြင့် အမှုရင်နေရသူ စောလိုက်ထွန်း(ခ) ချစ်ဆွေကို ဇန်နဝါရီ ၁၅ ရက်က ဘားအံအကျဉ်းထောင်မှ ဘားအံခရိုင် တရားရုံးသို့ ရုံးထုတ်စစ်ဆေးပြီး ပြန်ပို့ရာ ထောင်ဝ၌ ရှာဖွေရေးပြုလုပ်စဉ် မူးယစ်ဆေးဝါးများ တွေ့ရှိသဖြင့် ၎င်းနှင့် မူးယစ်ဆေး သယ်ဆောင်လာပေးသူ ဇနီးကို အမှုဖွင့်အရေးယူ လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေး သယ်ဆောင်လာပေးသူ တရားခံ စောလိုက်ထွန်း(ခ)ချစ်ဆွေ ၏ ဇနီး ။ ဓါတ်ပုံ - ဘားအံသတင်း
“ မနေ့က မူးယစ်ဆေးဝါး ရှာဖွေတွေ့ရှိတာက တရားရုံးမှာ မဟုတ်ဘူးခင်ဗျ။ အကျဉ်းထောင်ရောက်မှ ကြီးကြပ်ရေးမှူးနဲ့ အဖွဲ့ မြို့မစခန်းက ရဲတပ်ဖွဲ့နဲ့ ရှာဖွေတွေ့ရှိခဲ့ တာပါ ” ဟု ဘားအံ အကျဉ်းဦးစီးဌာနမှ တာဝန်မှူးက ပြောသည်။

ယင်းနေ့က အချုပ်ထောင်မှ ရုံးထုတ်လာသည့် ကျား ၁၃ ဦး၊ မ တစ်ဦးတို့တွင် စောလိုက်ထွန်း(ခ)ချစ်ဆွေမှာ ခြေထောက်မသန်ဘဲ ချိုင်းထောက်ဖြင့် သွားလာနေရသူဖြစ်ပြီး ဒူးခေါင်းတွင် ဒူးစွပ် အမြဲစွပ်ထားရကြောင်း၊ အဆိုပါ ဒူးစွပ်ကို မသင်္ကာသဖြင့် စစ်ဆေးခဲ့ရာမှ ဒူးစွပ်နှစ်ထပ် အကြား အပြာရောင် ကပ်ခွာအိပ်ဖြင့် ထည့်ယူလာသည့် WY စိတ်ကြွရူးသွပ်ဆေးပြား ၃၉၇ ပြားကို တွေ့ရှိခြင်းဖြစ်ကြောင်း ဘားအံအကျဉ်းဦးစီးဌာနမှ သိရသည်။

အဆိုပါအမှုနှင် ့ပတ်သက်ပြီး ဘားအံမြို့မ ရဲစခန်း၏ စစ်ဆေးပေါ်ပေါက်ချက်အရ စောလိုက်ထွန်း(ခ) ချစ်ဆွေမှာ ဘားအံမြို့နယ် ထုံးအိုင်ကျေးရွာ၊ အမှတ် ၅ ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထုံးအိုင်နယ်မြေရဲစခန်း မယ(ပ)၁/၂၀၁၆ မူး/စိတ် ပုဒ်မ-၁၅/၁၉(က)/၂၁ အရ
အမှုရင်ဆိုင်နေရသူ ဖြစ်ကြောင်း သိရသည်။

ဘားအံထောင်အတွင်းသို့ မူးယစ်ဆေးဝါး သွင်းရန်ကြိုးစားမှုနှင့် ပတ်သက်ပြီး ဘားအံမြို့မရဲစခန်းမှ ဒုရဲအုပ် အောင်ကျော်ကိုက တရားလိုပြုလုပ် တိုင်ကြားရာ စောလိုက်ထွန်း(ခ)ချစ်ဆွေအား ဘားအံမြို့မရဲစခန်းက မယ (ပ)၁၁/၂၀၁၆မူး/စိတ် ပုဒ်မ၁၅/၁၉ (က) /၂၁ ဖြင့်လည်းကောင်း၊ ဇနီးဖြစ်သူ မစိုးစိုးအား ထုံးအိုင်နယ်မြေ ရဲစခန်းက မယ(ပ)၆/၂၀၁၆ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ) ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့် အရေးယူထားကြောင်း ဘားအံမြို့မရဲစခန်းမှ သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)