ေျမစာသယ္ကားေတြကို ဖားကန္႔ေဒသခံေတြ လမ္းပိတ္ ဆႏၵျပ

ဖားကန္႔ေဒသမွာ ေျမစာသယ္ကားေတြကို ေဒသခံေတြက လမ္းပိတ္ဆို႔ဆႏၵျပေနစဥ္။ ဓါတ္ပံု- ေဇာ္မိုးထက္
ဖားကန္႔ေဒသမွာ ရာနဲ႔ခ်ီတဲ့ေဒသခံေတြက ေျမစာသယ္ကားေတြကို ရပ္ရြာအတြင္းက ျဖတ္သန္း မသြားဖုိ႔အတြက္ လမ္းပိတ္ဆို႔ဆႏၵျပေနပါတယ္။ ဒီလို ဆႏၵျပတာကေတာ့ေျမစာသယ္ကားေတြေၾကာင့္ ယာဥ္တိုက္မႈ မၾကာခဏျဖစ္တာနဲ႔ ေျမစာေတြကို စည္းကမ္းမဲ့စြန္႔ပစ္လု႔ိ ေခ်ာင္းေျမာင္းေတြ ပိတ္ဆုိ႔ၿပီး လာမယ့္ မိုးရာသီမွာ ေရလႊမ္းမုိးႏိုင္တာေၾကာင့္လို႔ ေျပာပါတယ္။

ဒီသတင္းကိုေတာ့ ဗီြအုိေအ ျမန္မာပိုင္းရဲ့ သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

ဟုတ္ကဲ့။ ဒီလ ၁၀ရက္ေန႔က ဖားကန္႔ေဒသရိွ ဘာသာေရး၊ လူမႈေရးဆုိင္ရာ အသင္းအဖဲြ႔ေတြနဲ႔ ေဒသခံျပည္သူ ၃၀၀ေလာက္ အစည္းအေ၀းက်င္းပၿပီး ရရိွလာတဲ့ ဆံုးျဖတ္ခ်က္အရ ဒီကေန႔မနက္မွာ ဖားကန္႔ၿမိဳ႔နယ္ ဆိုင္းေတာင္နဲ႔ လံုးခင္းေဒသဖက္မွာ လမ္းေတြကို ပိတ္ဆို႔ ဆႏၵုျပၾကတာျဖစ္ပါတယ္။
ေလာေလာဆည္ ဆႏၵျပေနတဲ့အေျခအေနကို ဆႏၵျပရာမွာ ပါ၀င္သူ ဆိုင္းေတာင္ေဒသခံ တဦးက အခုလုိ ေျပာပါတယ္။

”ေျမစာသယ္တဲ့ ကားလမ္းေၾကာကုိ ပိတ္တာပါ။ ႏွစ္ေနရာပိတ္တယ္။ ဆိုင္းေတာင္ရယ္ လံုးခင္းဘက္ရယ္။ ညွိႏွိုင္းဖို႕ သူတို႕ လာလိမ့္မယ္။ ကၽြန္ေတာ္တို႕က ဆက္ပိတ္ဆို႔သြားမွာပဲ။”

အျခား ဖားကန္႔ေဒသခံ တဦးကေတာ့ ဆိုင္းေတာင္မွာ လူ ၃၀၀ေလာက္ ဆႏၵျပရာမွာ ပါ၀င္သလုိ လံုးခင္းဖက္မွာလည္း လူ၂၀၀ေက်ာ္ေလာက္ ရိွေၾကာင္း ေျပာပါတယ္။
” မနက္ပိုင္းက လူေပါင္း ၃၀၀ေလာက္ရွိတယ္။ လံုးခင္းဘာက္မွာေကာ ဟုတ္တယ္။ လုပ္တယ္ လံုးခင္း ဘက္မွာေကာပဲ။ လံုးခင္းဘက္ကေတာ့ ခုန ဖုန္းဆက္လာတယ္။ ၂၀၀၊ ၃၀၀ေလာက္ရွိတယ္ ေျပာတာပဲ။ လံုးခင္းဘက္မွာ ႏွစ္ေနရာလုပ္တယ္ ေျပာတာပဲ။”

ေဒသခံ အာဏာပိုင္ေတြ လာေရာက္ေဆြးေႏြးရင္ အဓိက အခ်က္ ၃ခ်က္အေပၚ အေျခခံၿပီး ေဆြးေႏြးဖုိ႔ ျပင္ဆင္ထားေၾကာင္း ဆႏၵျပရာမွာ ဦးေဆာင္ပါ၀င္သူ တဦးက ေျပာပါတယ္။
”ေဆြးေႏြးဖို႕ အခ်က္သံုးခ်က္ရွိတယ္။ သံုးခ်က္ကေတာ့ ႏိုင္ငံေတာ္နဲ႕ အက်ိဳးတူ ၀င္လာၿပီး ေနာက္ပိုင္းမွာ ဒီဖားကန္႕ ေဒသမွာ ဘာေတြ နစ္နာ ဆံုးရွံဳး ထိခိုက္မႈ ျဖစ္သြားသလဲေပါ့။ ေနာက္တစ္ခ်က္က ျပည္သူေတြ သြားတဲ့ လမ္းေပၚမွာ ကားေတြက ဘာေၾကာင့္မို႕ ျဖတ္ၿပီးေတာ့ ဘာေၾကာင့္မို႕ အသက္အႏၱရာယ္ မလြတ္မလပ္ သြားေနရတဲ့ ကိစၥ။ ေနာက္ဆံုးအခ်က္ စြန္႕ပစ္ေျမစာပံုကို မိုးတြင္းမွာ ဆိုးဆိုး၀ါး၀ါး ခံစားရမွာက ဥရုေခ်ာင္းက တစ္ႏွစ္ကို သံုးေပ သံုးေပေလာက္ ျမင့္တက္ေနတဲ့ အခ်ိန္မွာ အခု ဒီေျမစာပံုနဲ႕ မဆင္မျခင္ အဲလို လုပ္တဲ့အတြက္ ကၽြန္ေတာ္တို႕ ဘယ္လိုေျဖရွင္းေပးမလဲ။ ျဖစ္လာရင္ ဘယ္သူ တာ၀န္ယူမလဲ။ ဘယ္လိုတာ၀န္ယူမလဲ ဒီကိစၥေတြကို ကၽြန္ေတာ္တို႕ ညွိႏွိုင္းမွာ။”

ဖားကန္႔ေဒသအတြင္း မိုင္းအသံုးျပဳၿပီး ေက်ာက္စိမ္းတူးေဖာ္တာေၾကာင့္ ေနအိမ္ေတြ ထိခိုက္ပ်က္ဆီးရတာကိုလည္း ထည့္သြင္းေဆြးေႏြးဖုိ႔ ရိွေၾကာင္းလည္း ေျပာပါတယ္။

လက္ရိွ ဆႏၵျပေနတဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီး ေမးျမန္းဖို႔ ဖားကန္႔ၿမိဳ႔နယ္ အုပ္ခ်ဳပ္ေရးမႈးကို ဆက္သြယ္ခဲ့ေပမဲ့ ဖုန္းေခၚဆုိလုိ႔ မရခဲ့ပါဘူး။

ဖားကန္႔ေဒသအတြင္းမွာ ဒီႏွစ္ပြင့္လင္းရာသီမွာ ယာဥ္ယႏၱရားၾကီးေတြကို အမ်ားအျပားသံုးၿပီး တူးေဖာ္ခဲ့တဲ့ေနာက္ေျမသယ္ကားေတြ ရြာလမ္းမေတြ ျဖတ္သန္းခ်ိန္မွာ ယာဥ္တုိက္မႈျဖစ္တာ၊ ေျမစာပံုၿပိဳက် တာေၾကာင့္ လူေသဆံုးတာေတြ မၾကာခနျဖစ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ႏို၀င္ဘာလအတြင္းက ဖားကန္႔ၿမိဳ႔နယ္ လံုးခင္းေက်းရြာအုပ္စုအတြင္းက စြန္႔ပစ္ေျမစာပံုၿပိဳ က်တာေၾကာင့္ ေရမေဆးေက်ာက္ရွာေဖြသူေတြ အေတာ္မ်ားမ်ား ေျမပိေသဆံုးခဲ့ပါတယ္။ ဒီလုိ ေသဆုံးသူေတြကို ျပန္လည္တူးေဖာ္ရွာေဖြရာမွာ အေလာင္း ၁၁၄ ေလာင္းတူးေဖာ္ရရိွခဲ့ေပမဲ့ ေဒသခံေတြ႕ ေတာ့ လူ ၂၀၀ေလာက္ ေသဆံုးႏိုင္ေကာင္း ခန္႔မွန္းခဲ့ပါတယ္။

အဲဒီေနာက္ ယႏၱရားၾကီးေတြ အသံုးျပဳၿပီး ေက်ာက္စိမ္းအလြန္ အကၽြံ တူးေဖာ္တာကို ေ၀ဖန္ ကန္႔ကြက္ခဲ့ၾကတဲ့ေနာက္ အစိုးရက လာေရာက္ စစ္ေဆးၾကပ္မတ္တာေတြ ရိွခဲ့ေပမဲ့ ဒီကေန႔ အထိေတာ့ ေက်ာက္စိမ္း အလြန္အကြ်ံတူးေဖာ္တာေတြဟာ ရပ္တန္႔ မသြားေသးပါဘူး။

ကိုမိုးေဇာ္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...........
 ဖားကန့်ဒေသမှာ မြေစာသယ်ကားတွေကို ဒေသခံတွေက လမ်းပိတ်ဆို့ဆန္ဒပြနေစဉ်။ ဓါတ်ပုံ- ဇော်မိုးထက်
ဖားကန့်ဒေသမှာ ရာနဲ့ချီတဲ့ဒေသခံတွေက မြေစာသယ်ကားတွေကို ရပ်ရွာအတွင်းက ဖြတ်သန်း မသွားဖို့အတွက် လမ်းပိတ်ဆို့ဆန္ဒပြနေပါတယ်။ ဒီလို ဆန္ဒပြတာကတော့မြေစာသယ်ကားတွေကြောင့် ယာဉ်တိုက်မှု မကြာခဏဖြစ်တာနဲ့ မြေစာတွေကို စည်းကမ်းမဲ့စွန့်ပစ်လို့ ချောင်းမြောင်းတွေ ပိတ်ဆို့ပြီး လာမယ့် မိုးရာသီမှာ ရေလွှမ်းမိုးနိုင်တာကြောင့်လို့ ပြောပါတယ်။

ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ ဒီလ ၁၀ရက်နေ့က ဖားကန့်ဒေသရှိ ဘာသာရေး၊ လူမှုရေးဆိုင်ရာ အသင်းအဖွဲ့တွေနဲ့ ဒေသခံပြည်သူ ၃၀၀လောက် အစည်းအဝေးကျင်းပပြီး ရရှိလာတဲ့ ဆုံးဖြတ်ချက်အရ ဒီကနေ့မနက်မှာ ဖားကန့်မြို့နယ် ဆိုင်းတောင်နဲ့ လုံးခင်းဒေသဖက်မှာ လမ်းတွေကို ပိတ်ဆို့ ဆန္ဒုပြကြတာဖြစ်ပါတယ်။
လောလောဆည် ဆန္ဒပြနေတဲ့အခြေအနေကို ဆန္ဒပြရာမှာ ပါ၀င်သူ ဆိုင်းတောင်ဒေသခံ တဦးက အခုလို ပြောပါတယ်။

”မြေစာသယ်တဲ့ ကားလမ်းကြောကို ပိတ်တာပါ။ နှစ်နေရာပိတ်တယ်။ ဆိုင်းတောင်ရယ် လုံးခင်းဘက်ရယ်။ ညှိနှိုင်းဖို့ သူတို့ လာလိမ့်မယ်။ ကျွန်တော်တို့က ဆက်ပိတ်ဆို့သွားမှာပဲ။”

အခြား ဖားကန့်ဒေသခံ တဦးကတော့ ဆိုင်းတောင်မှာ လူ ၃၀၀လောက် ဆန္ဒပြရာမှာ ပါ၀င်သလို လုံးခင်းဖက်မှာလည်း လူ၂၀၀ကျော်လောက် ရှိကြောင်း ပြောပါတယ်။
” မနက်ပိုင်းက လူပေါင်း ၃၀၀လောက်ရှိတယ်။ လုံးခင်းဘာက်မှာကော ဟုတ်တယ်။ လုပ်တယ် လုံးခင်း ဘက်မှာကောပဲ။ လုံးခင်းဘက်ကတော့ ခုန ဖုန်းဆက်လာတယ်။ ၂၀၀၊ ၃၀၀လောက်ရှိတယ် ပြောတာပဲ။ လုံးခင်းဘက်မှာ နှစ်နေရာလုပ်တယ် ပြောတာပဲ။”

ဒေသခံ အာဏာပိုင်တွေ လာရောက်ဆွေးနွေးရင် အဓိက အချက် ၃ချက်အပေါ် အခြေခံပြီး ဆွေးနွေးဖို့ ပြင်ဆင်ထားကြောင်း ဆန္ဒပြရာမှာ ဦးဆောင်ပါ၀င်သူ တဦးက ပြောပါတယ်။
”ဆွေးနွေးဖို့ အချက်သုံးချက်ရှိတယ်။ သုံးချက်ကတော့ နိုင်ငံတော်နဲ့ အကျိုးတူ ၀င်လာပြီး နောက်ပိုင်းမှာ ဒီဖားကန့် ဒေသမှာ ဘာတွေ နစ်နာ ဆုံးရှုံး ထိခိုက်မှု ဖြစ်သွားသလဲပေါ့။ နောက်တစ်ချက်က ပြည်သူတွေ သွားတဲ့ လမ်းပေါ်မှာ ကားတွေက ဘာကြောင့်မို့ ဖြတ်ပြီးတော့ ဘာကြောင့်မို့ အသက်အန္တရာယ် မလွတ်မလပ် သွားနေရတဲ့ ကိစ္စ။ နောက်ဆုံးအချက် စွန့်ပစ်မြေစာပုံကို မိုးတွင်းမှာ ဆိုးဆိုးဝါးဝါး ခံစားရမှာက ဥရုချောင်းက တစ်နှစ်ကို သုံးပေ သုံးပေလောက် မြင့်တက်နေတဲ့ အချိန်မှာ အခု ဒီမြေစာပုံနဲ့ မဆင်မခြင် အဲလို လုပ်တဲ့အတွက် ကျွန်တော်တို့ ဘယ်လိုဖြေရှင်းပေးမလဲ။ ဖြစ်လာရင် ဘယ်သူ တာဝန်ယူမလဲ။ ဘယ်လိုတာဝန်ယူမလဲ ဒီကိစ္စတွေကို ကျွန်တော်တို့ ညှိနှိုင်းမှာ။”

ဖားကန့်ဒေသအတွင်း မိုင်းအသုံးပြုပြီး ကျောက်စိမ်းတူးဖော်တာကြောင့် နေအိမ်တွေ ထိခိုက်ပျက်ဆီးရတာကိုလည်း ထည့်သွင်းဆွေးနွေးဖို့ ရှိကြောင်းလည်း ပြောပါတယ်။

လက်ရှိ ဆန္ဒပြနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှုးကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

ဖားကန့်ဒေသအတွင်းမှာ ဒီနှစ်ပွင့်လင်းရာသီမှာ ယာဉ်ယန္တရားကြီးတွေကို အများအပြားသုံးပြီး တူးဖော်ခဲ့တဲ့နောက်မြေသယ်ကားတွေ ရွာလမ်းမတွေ ဖြတ်သန်းချိန်မှာ ယာဉ်တိုက်မှုဖြစ်တာ၊ မြေစာပုံပြိုကျ တာကြောင့် လူသေဆုံးတာတွေ မကြာခနဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုအတွင်းက စွန့်ပစ်မြေစာပုံပြို ကျတာကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေ အတော်များများ မြေပိသေဆုံးခဲ့ပါတယ်။ ဒီလို သေဆုံးသူတွေကို ပြန်လည်တူးဖော်ရှာဖွေရာမှာ အလောင်း ၁၁၄ လောင်းတူးဖော်ရရှိခဲ့ပေမဲ့ ဒေသခံတွေ့ တော့ လူ ၂၀၀လောက် သေဆုံးနိုင်ကောင်း ခန့်မှန်းခဲ့ပါတယ်။

အဲဒီနောက် ယန္တရားကြီးတွေ အသုံးပြုပြီး ကျောက်စိမ်းအလွန် အကျွံ တူးဖော်တာကို ဝေဖန် ကန့်ကွက်ခဲ့ကြတဲ့နောက် အစိုးရက လာရောက် စစ်ဆေးကြပ်မတ်တာတွေ ရှိခဲ့ပေမဲ့ ဒီကနေ့ အထိတော့ ကျောက်စိမ်း အလွန်အကျွံတူးဖော်တာတွေဟာ ရပ်တန့် မသွားသေးပါဘူး။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)