ခရီးသည်တင်ယာဉ်အရှိန်ဖြင့် တိုက်သောကြောင့် အငှားကား ရေမြောင်း အတွင်းသို့ထိုးကျ


ရန်ကုန် ဖေဖော်ဝါရီ ၉




အခင်းဖြစ်ပွားရာသို့ မြို့နယ် မီးငြှိမ်းသတ်ယာဉ်တစ်စီးနှင့် သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူ များ ရောက်ရှိလာပြီး မြောင်းအတွင်း ပက်လက်လန်နေသော ကားအတွင်း မှ စမ်းချောင်းမြို့နယ်နေ ကိုမြင့်ဆန်း (ယာဉ်မောင်း)နှင့် မသင်ဇာဝင်း (ခရီးသည်)တို့မှာ ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိပြီး ခရီးသည်တင် ယာဉ်ပေါ်ပါခရီးသည်များ ဒဏ်ရာရ ရှိမှု မရှိကြောင်းနှင့် ယာဉ်မောင်း ပြုံးမောင်မောင် (စုံစမ်းဆဲ)အား ဘုရင့်နောင်နယ်မြေ ရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Myanmaalinn
.............


ရန်ကုန် ဖေဖော်ဝါရီ ၉

ဖေဖော်ဝါရီ ၈ ရက်ည ၉ နာရီ ခွဲက ရန်ကုန် အင်းစိန်လမ်းအတိုင်း မောင်းနှင်လာသော ရန်ကုန် အနောက်ပိုင်းခရိုင် မထသယာဉ်လိုင်း အမှတ်(၂၂ဝ)မှ နစ်ဆန်း အက်တလက်9G/---- ခရီးသည် တင်ယာဉ်သည် သမိုင်းလမ်းဆုံ မီးပွိုင့်အလွန် CNG ဂက်စ်ဆိုင်ရှေ့ အရောက် ရှေ့၌ရှိသော အငှား ယာဉ် BB/---- တိုယိုတာကရီနာ ယာဉ်ငယ်ကို အရှိန်ဖြင့် ဝင်တိုက်မိ သောကြောင့် CNG ဂက်စ်ဆိုင် ရှေ့ အနက် ၁ဝ ပေခန့်ရှိသော ရေမြောင်းအတွင်းသို့ ထိုးကျခဲ့သည်။


အခင်းဖြစ်ပွားရာသို့ မြို့နယ် မီးငြိှမ်းသတ်ယာဉ်တစ်စီးနှင့် သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူ များ ရောက်ရှိလာပြီး မြောင်းအတွင်း ပက်လက်လန်နေသော ကားအတွင်း မှ စမ်းချောင်းမြို့နယ်နေ ကိုမြင့်ဆန်း (ယာဉ်မောင်း)နှင့် မသင်ဇာဝင်း (ခရီးသည်)တို့မှာ ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိပြီး ခရီးသည်တင် ယာဉ်ပေါ်ပါခရီးသည်များ ဒဏ်ရာရ ရှိမှု မရှိကြောင်းနှင့် ယာဉ်မောင်း ပြုံးမောင်မောင် (စုံစမ်းဆဲ)အား ဘုရင့်နောင်နယ်မြေ ရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မျိုးမင်းသိန်း(မရမ်းကုန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)